1 Corinthians 3

ထာဝရဘုရား၏ သာသနာပြုသူ

1ငါ့ ညီအစ်ကိုမောင်နမှရို့၊ ဝိညာဉ်နဆိုင်သူရို့ဘားမာ ဟောပြောစာပိုင် ငါ နင်ရို့ဘားမာ ဟောပြောဖို့ မရလီ၊ အကြောင်းကား နင်ရို့ ခရစ်တော်ကို ကျုံသူအနေန အသျှေရို့ပိုင် ဖြစ်ကတ်တေ။ ယင်းအတွက်န လောကသားရို့ဘားမာ ဟောပြောစာပိုင် ငါ နင်ရို့ဘားမာ ဟောပြောဖို့ ကျလီရေ။ 2ကျန်းစာ အစားအစာကို မပီးဘိုင်းန ငါ နင်ရို့ကို နို့သောက်ဖို့ ပီးလီရေ၊ အကြောင်းကား နင်ရို့စာ ယင်းခါ ကျန်းစာ အစားအစာကို စားသောက်ဖို့ မနိုင်လီကတ်သိ။ အရာ ဒေဂုလည်း နင်ရို့ ကျန်းစာ အစားအစာကို စားဖို့ မနိုင်ကတ်သိ၊ 3အကြောင်းကား နင်ရို့ ဒေဂုလည်း အပြစ်အောက်မာ ကျရို့ ဟိကတ်သိရေ။ အရာ နင်ရို့ တစ်ယောက်ကို တစ်ယောက် မနာလိုဘိုင်းန ရန်ဖြစ်နီကတ်တေဆိုကေ နင်ရို့ အပြစ်အောက်မာ ကျရို့ ဟိကတ်သိရေ မဟုတ်လော? အရာ နင်ရို့မာ နီထိုင်ခြင်းတိစာ လောကသားရို့ နီထိုင်ခြင်းနတူကတ်တေ မဟုတ်လော? 4နင်ရို့အထဲမာ တစ်ယောက် ပေါလု တပည့် အရာ အခြားတစ်ယောက် အာပေါလု တပည့် ဟို့ ပြောနီရေဆိုကေ နင်ရို့ လောကသားရို့နတူကတ်တေ မဟုတ်လော?

5ကောင်းရေ၊ အာပေါလု အသူလည်း? အရာ ပေါလု အသူလည်း? ငါရို့ကား သက်သက် နင်ရို့ကို ကျုံခြင်းတရားလမ်းတို့ လာဖို့အတွက် အကူညီပီးစာ ပြုဇုသူရာ ဖြစ်ကတ်တေ။ အသျှင်စာ ငါရို့ အားကုံးသူကို ကိုယ့်တန်ရာန ကိုယ့်တာဝန်ကို ပီးလီရေ။ 6ငါစာ မျိုးစိ စိုက်လီရေ အရာ အာပေါလုစာ ရီသွန်ရို့ ပီးလီရေ၊ ယေကေလည်း ထာဝရဘုရားရာ ပျိုးပင်သျှေတိကို ကြီးပွါးအောင် လုပ်လီရေ။ 7ယင်းအတွက်န မျိုးစိ စိုက်သူန ရီသွန်ပီးသူစာ တစ်ခုလည်း မဟုတ်၊ ယေကေလည်း ကြီးပွါးအောင် လုပ်စာ ထာဝရဘုရားရာ အဓိက ဖြစ်တေ။ 8အရာ မျိုးစိ စိုက်သူန ရီသွန်ပီးသူမာ ရွယ်မှတ်ချက် တစ်ခုတည်း ဖြစ်တေ၊ ယေကေလည်း အားကုံးသူ ကိုယ်လုပ်စာ အလုပ်နထိုက်တန်စာ ဆုကို ရကတ်ဖို့။ 9အကြောင်းကား ငါရို့ နှစ်ယောက်စုံ ထာဝရဘုရား၏ အလုပ်ကို လုပ်နီကတ်တေ။ နင်ရို့စာ ထာဝရဘုရား၏ ဥယျာဉ်န ထာဝရဘုရား၏ ကျောင်းတော် ဖြစ်ကတ်တေ။

ထာဝရဘုရား၏ ကျိန်းဝပ်စာ ကျောင်းတော်

10ထာဝရဘုရားက ရလီစာ သနားကြင်နာခြင်းန ငါ ကျွမ်းကျင်စာ လက်သမားပိုင် အုပ်မြစ်ကို တည်လီရေ။ အခြားလူရို့စာ ထိုအုပ်မြစ်ထက်မာ အိမ်ဆောက်နီကတ်တေ။ ယေကေလည်း ထိုအုပ်မြစ်ထက်မာ အိမ်ဆောက်သူရို့ သတိထားကတ်။ 11အကြောင်းကား အယင်ကပင် တည်လီစာ အုပ်မြစ်ကို ပယ်ရို့ အခြားတစ်ခု အုပ်မြစ်လည်း တည်ဖို့ မနိုင်ဗျာ။ ထိုအုပ်မြစ်စာ ယေရှုခရစ်တော် ဖြစ်တေ။ 12 13ထိုအုပ်မြစ်ထက်မာ ရွှေ၊ ငွေ၊ တန်ဖိုးဟိစာကျောက်၊ သစ်သား၊ မြက် အရာ ကောက်ရိုးန ဆောက်ကတ်တေဆိုကေ အသူ ဇာပုံဇံ ဆောက်တေလည်းဆိုစာကို ကကြင်းလလင်း မြင်ရလိမည်။ တရားစစ်ဆေးရေနိမာ လူတိုင်းအလုပ် ပေါ်ထွန်းလိမည်၊ အကြောင်းကား မီးစာ ယင်းနိခါ လူတိုင်းအလုပ်ကို ပေါ်ထွန်းစီလိမည်။ အသူ့အလုပ် ကောင်းရေလည်းဆိုစာကို မီးစာ စစ်ဆေးရို့ ကြည့်လိမည်။ 14ထိုအုပ်မြစ်ထက်မာ တည်ဆောက်စာ အိမ်စာ တည်မြဲရေဆိုကေ အိမ်ဆောက်သူစာ ဆုကို ရလိမည်။ 15ယေကေလည်း ထိုအိမ်စာ မီးလောင်လားခရေဆိုကေ သူစာ ဆုံးရှုံးခြင်းကို ခံရလိမည်။ အရာ သူစာ မီးဖေါ်ထဲက ထွက်လာစာ လူတစ်ယောက်နတူလိမည်၊ ယေကေလည်း သူကိုယ်တိုင် ကယ်တင်ခြင်းကို ရလိမည်။

16နင်ရို့စာ ထာဝရဘုရား၏ ကျိန်းဝပ်စာ ကျောင်းတော် ဖြစ်ကတ်တေ အရာ ထာဝရဘုရား၏ ဝိညာဉ်တော် နင်ရို့ စိတ်နှလုံးမာ ကျိန်းဝပ်နီရေဆိုစာကို နင်ရို့ မသိကတ်လော? 17အသူမဆို ထာဝရဘုရား၏ ကျောင်းတော်ကို ဖျက်စီးရေဆိုကေ ထာဝရဘုရားလည်း သူ့ကို ဖျက်စီးလိမည်၊ အကြောင်းကား ထာဝရဘုရား၏ ကျောင်းတော်စာ သန့်ရှင်းစာ ကျောင်းတော် ဖြစ်တေ အရာ နင်ရို့စာ ထိုကျောင်းတော် ဖြစ်ကတ်တေ။

18နင်ရို့ တစ်ယောက်လည်း ကိုယ့်ကိုကိုယ် မလိမ်ကတ်ကေ့။ နင်ရို့အထဲက အသူမဆို ကိုယ့်ကိုကိုယ် ဒေခိုက်မာ ပညာသျှင် ဖြစ်တေ ဟို့ မှတ်တေဆိုကေ သူစာ ပညာတုံး ဖြစ်လီစီ။ ယင်းပိုင်ဆိုကေ သူစာ အမှန် ပညာသျှင်တစ်ယောက် ဖြစ်နိုင်လိမည်၊ 19အကြောင်းကား ဒေ လောက၏ ညာဏ်ပညာစာ ထာဝရဘုရား၏ မျက်စိမာ တစ်ခုလည်း တန်ဖိုး မဟိ။ ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “ထာဝရဘုရားစာ ပညာသျှင်ရို့ကို သူရို့ ပရိယာယ်ဆင်ခြင်းကနီရို့ ဖမ်းရေ။” 20ကျမ်းစာမာ အရာလည်း ရွီးရို့ ဟိရေ၊
“ပညာသျှင်ရို့မာ ဟိသမျ ရွယ်မှတ်ချက်တိ
အောင်မြင်ခြင်း မဟိဆိုစာကို အသျှင် သိရေ။”

21ယင်းအတွက်န နင်ရို့ လူအကြောင်းကို ယူရို့ ဘော်ကြော့မကြင်းကတ်ကေ့၊ အကြောင်းကား ဟိသမျ အားကုံးကို နင်ရို့ ပိုင်ဆိုင်ကတ်တေ။ 22ပေါလု၊ အာပေါလု၊ ပေတရု၊ ဒေ လောက၊ အသက်၊ သီခြင်း၊ ဒေကာလ အရာ နောက်အနာဂါတ်မာ ဟိသမျ အားကုံးကို နင်ရို့ ပိုင်ဆိုင်ကတ်တေ။ 23အရာ နင်ရို့ကို ခရစ်တော် ပိုင်ဆိုင်ရေ အရာ ခရစ်တော်ကို ထာဝရဘုရား ပိုင်ဆိုင်ရေ။
Copyright information for RmzSC