1 Corinthians 6

ကျုံသူညီအစ်ကိုချင်း တရားစစ်စွဲခြင်း

1နင်ရို့အထဲမာ ကျုံသူညီအစ်ကိုချင်း ရန်တွိကတ်တေဆိုကေ သူစာ ကျုံသူရို့တို့ မလားဘိုင်းန ထာဝရဘုရားကို မသိစာ တရားသူကြီးရို့တို့ လားရို့ တရားစွဲရေ။ ယေကေလည်း သူ့မာ ဒေပိုင် လုပ်ဖို့စာ ရဲဝံ့သတ္တိ ဇာက ရရေလည်း? 2ထာဝရဘုရား၏ လူရို့ ဒေ လောကသားရို့ကို တရားစစ်ဆေးကတ်ဖို့ဆိုစာကို နင်ရို့ မသိကတ်လော? နင်ရို့ ဒေ လောကသားရို့ကို တရားစစ်ဆေးဖို့သူ ဖြစ်ကတ်တေဆိုကေ ထိုအကြောင်းအရာသျှေ တစ်ဖဲ့ကို ယူရို့ နင်ရို့ တရားစစ်ဆေးဖို့ မနိုင်ကတ်လော? 3အရာ ငါရို့စာ ဂေါင်းခင်နတ်သားရို့ကိုလည်း တရားစစ်ဆေးဖို့ဆိုစာကို နင်ရို့ မသိကတ်လော? ယင်းပိုင်ဆိုကေ ဒေ လောက၏ အကြောင်းကို ဖြေရှင်းဖို့စာ နင်ရို့အတွက် အရွေကာသား ဖြစ်ဖို့ သင့်ရေ။ 4ယင်းအတွက်န နင်ရို့အထဲမာ ယင်းပိုင် ရန်တွိရေဆိုကေ နင်ရို့ ကိုယ်ရို့ကို တရားစစ်ဆေးဖို့အတွက် အသင်းတော်မာ မပါဝင်သူရို့ကို တရားသူကြီးအဖြစ် ခန့်ထားဖို့စာလော? 5နင်ရို့ကို အရှက်ချဖို့အတွက် ငါ ဒေ စကားတိကို ပြောစာ ဖြစ်တေ။ နင်ရို့အထဲမာ ညီအစ်ကိုချင်း ရန်တွိစာ အကြောင်းကို ယူရို့ ဖြေရှင်းဖို့နိုင်စာ ညာဏ်ပညာသျှင် တစ်ယောက်လည်း မဟိလော? 6ယေကေလည်း ညီအစ်ကိုချင်း တစ်ယောက်ကို တစ်ယောက် ဆန့်ကျင်ရို့ တရားစွဲဖို့အတွက် မကျုံသူရို့တို့ လားကတ်တေ! 7အသင်းတော်အထဲမာ တစ်ယောက်ကို တစ်ယောက် ဆန့်ကျင်ရို့ တရားစွဲကတ်တေဆိုကေ နင်ရို့ ကျုံသူအနေန ရှုံးလားခကတ်ပျာဆိုစာကို မသိကတ်လော? ယင်းထက်ပင် နင်ရို့ မတရားလုပ်ခြင်းကို ခံလီကေ မကောင်းလော အရာ အလိမ်ခံလီကေ မကောင်းလော? 8ယေကေလည်း နင်ရို့ ကိုယ်တိုင်ရာ ကိုယ်ရို့မာ ကျုံသူညီအစ်ကိုရို့ကို ဆန့်ကျင်ရို့ မတရားလုပ်နီကတ်တေ အရာ လိမ်လှည့်နီကတ်တေ!

9မတရားလုပ်သူရို့စာ ထာဝရဘုရား၏ နိုင်ငံတော်တို့ မဝင်ရဆိုစာကို နင်ရို့ သိကတ်တေ မဟုတ်လော? နင်ရို့ အလိမ်မခံကတ်ကေ့။ သဘာဝန မကိုက်ညီစာ ဆိုးယုတ်စာ ကာမဂုဏ်ကို လိုက်စားသူရို့၊ ရုပ်တုကို ကိုးကွယ်သူရို့၊ ကာမဂုဏ်ကို လိုက်စားသူရို့၊ ယောက်ျားချင်း ပြစ်မှားသူရို့၊ 10သူခိုးရို့၊ လောဖကြီးသူရို့၊ ယစ်မုန်းငါးပါးကို သုံးသူရို့၊ လူကို ကျိန်ဆဲထည့်သူရို့ အရာ လိမ်စားသူရို့စာ ထာဝရဘုရား၏ နိုင်ငံတော်တို့ ဝင်ရကတ်လိမည် မဟုတ်။ 11တစ်ချိန်ခါ နင်ရို့အထဲမာ တစ်ယောက်တစ်ရီ ယင်းပိုင် ဟိကတ်လီရေ၊ ယေကေလည်း ဒေဂု အသျှင်ယေရှုခရစ်တော်န ငါရို့မာ ထာဝရဘုရား၏ ဝိညာဉ်တော်စာ နင်ရို့ကို ဆီးပြီးဗျာ၊ သန့်ရှင်းသူအဖြစ် အခြားခွဲထားဗျာ အရာ သူတော်ကောင်းအဖြစ် လက်ခံဗျာ။

ကိုယ့်ခန္ဓာကို ထာဝရဘုရားအတွက် အသုံးပြုခြင်း

12တစ်ချိုးလူရို့ ပြောနီကတ်တေ၊ “ဟိသမျ အားကုံးကို ငါ့မာ လုပ်ပိုင်ခွင့် ဟိရေ။” ဟုတ်တေ၊ ယေကေလည်း ဟိသမျ အားကုံးစာ လူကို အကျိုးမပီး။ ဟိသမျ အားကုံးကို ငါ့မာ လုပ်ပိုင်ခွင့် ဟိကေလည်းသောက် တစ်ခုဘားမာလည်း ငါ ကျွန် မခံ။ 13အရာ တစ်ချိုးလူရို့ ပြောနီကတ်တေ၊ “အစားအစာစာ အဝမ်းအတွက် ဖြစ်တေ အရာ အဝမ်းစာ အစားအစာအတွက် ဖြစ်တေ။” ကောင်းရေ၊ ယေကေလည်း ယင်းနှစ်ခုစုံလုံးကို ထာဝရဘုရား တစ်ရက်နိ ပယ်ဘိုက်လိမည်။ ခန္ဓာစာ ကာမဂုဏ် လိုက်စားဖို့အတွက် မဟုတ်။ ယင်းထက်ပင် ခန္ဓာစာ အသျှင်ကို ဝတ်ပြုဖို့အတွက် ဖြစ်တေ အရာ အသျှင်စာ ခန္ဓာကို ကြည့်ရှုစောင့်သျှောက်တေ။ 14ထာဝရဘုရားစာ ကိုယ့်တန်ခိုးန အသျှင်ယေရှုကို သီရာက ပြန်ရှင်ထမြောင့်စီလီရေ အရာ သူစာ ငါရို့ကိုလည်း သီရာက ပြန်ရှင်ထမြောင့်စီဖို့။ 15နင်ရို့မာ ခန္ဓာစာ ခရစ်တော်၏ အင်္ဂါတစ်ခု ဖြစ်တေဆိုစာကို နင်ရို့ မသိကတ်လော? ယင်းပိုင်ဆိုကေ ခရစ်တော်၏ အင်္ဂါကို ယူရို့ ငါ ပြည်တန်းဆာမန ပေါင်းဖေါ်ဖို့စာလော? တစ်ခါလည်း မဖြစ်နိုင်! 16ပြည်တန်းဆာမန ပေါင်းဖေါ်သူစာ သူနတစ်ကိုယ်တည်း ဖြစ်တေဆိုစာကို နင်ရို့ မသိကတ်လော? အကြောင်းကား၊ “သူရို့ နှစ်ယောက် တစ်ကိုယ်တည်း ဖြစ်ကတ်လိမည်” ဟို့ ကျမ်းစာမာ ရွီးရို့ ဟိရေ။ 17ယေကေလည်း အသျှင်န ပေါင်းဖေါ်ဆက်ဆံသူစာ သူန တစ်ဝိညာဉ်တည်း ဖြစ်တေ။

18ဟိသမျ ကာမဂုဏ်အပြစ်ကို ရှောင်ကတ်။ အခြား ဟိသမျ အပြစ်ကို လုပ်သူစာ ကိုယ့်ခန္ဓာကို ဆန့်ကျင်ရို့ မပြစ်မှား၊ ယေကေလည်း ကာမဂုဏ်အပြစ်ကို လုပ်သူစာ ကိုယ့်ခန္ဓာကို ဆန့်ကျင်ရို့ ပြစ်မှားရေ။ 19နင်ရို့မာ ခန္ဓာစာ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်စာ ကျောင်းတော် ဖြစ်တေဆိုစာကို နင်ရို့ မသိကတ်လော? အရာ နင်ရို့ စိတ်နှလုံးမာ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်နီရေဆိုစာကိုလည်း နင်ရို့ မသိကတ်လော? နင်ရို့ ယင်းသန့်ရှင်းသောဝိညာဉ်တော်ကို ထာဝရဘုရားက ရလီကတ်တေ။ နင်ရို့ ကိုယ်ရို့ ခန္ဓာကို မပိုင်ကတ်၊ 20အကြောင်းကား ထာဝရဘုရားစာ နင်ရို့ကို အခအများ ပီးရို့ ဝယ်ယူလီရေ။ ယင်းအတွက်န နင်ရို့ ခန္ဓာကို ထာဝရဘုရား၏ ချီမွမ်းခြင်းအတွက် အသုံးပြုကတ်။
Copyright information for RmzSC