1 Corinthians 7

အိမ်ထောင်နီဖို့စာ အကြောင်း

1နင်ရို့ ငါ့တို့ ရွီးလိုက်ကတ်စာ မီးခွန်းတိကို ငါ ဒေဂု အဖြေပီးမည်။ ဟုတ်တေ၊ အသူမဆို အိမ်ထောင်မပြုဘိုင်းန နီရေဆိုကေ သူ့အတွက် ကောင်းရေ။ 2ယေကေလည်း လေးဖက်လက်စိမာ ကာမဂုဏ်အပြစ် များနီရေအတွက်န ယောက်ျားတိုင်းမာ ကိုယ့်မယား ဟိရေဆိုကေ ကောင်းရေ အရာ မိန်းမတိုင်းမာလည်း ကိုယ့်လင် ဟိရေဆိုကေ ကောင်းရေ။ 3ယောက်ျားစာ ကိုယ့်မယား ရသင့်စာ ဟိသမျ ကိလေသာဝတ်ကို ချီရဖို့။ အရာ မိန်းမလည်း ကိုယ့်လင် ရသင့်စာ ဟိသမျ ကိလေသာဝတ်ကို ချီရဖို့။ 4မိန်းမစာ ကိုယ့်ခန္ဓာကို မပိုင်၊ ယေကေလည်း လင်ရာ ပိုင်ရေ။ ယင်းပိုင်တထန် ယောက်ျားလည်း ကိုယ့်ခန္ဓာကို မပိုင်၊ ယေကေလည်း မယားရာ ပိုင်ရေ။ 5နင်ရို့ အချင်းချင်း တစ်ယောက်န တစ်ယောက် ပေါင်းဖေါ်ဖို့စာကို မငြင်းကတ်ကေ့၊ ယေကေလည်း စိတ်ဝင်စားရို့ ဆုတောင်းဖို့ ရလတ်အောင် တစ်ခါတစ်ရီ လင်မယားနှစ်ယောက်စုံ စိတ်သဖေါတူ ဆုံးဖြတ်ရို့ မပေါင်းဖေါ်ဘိုင်းန တစ်နားသျှေ နီကတ်။ ယင်းနောက် အရာတစ်ပြန် လင်မယား တစ်ယောက်န တစ်ယောက် ပေါင်းဖေါ်ကတ်။ ယင်းပိုင်ဆိုကေ နင်ရို့ ကိုယ့်ကိုကိုယ် မထိန်းနိုင်ရေအတွက်န မာရ်နတ် နင်ရို့ကို အပြစ်လမ်းတို့ ဆောင်ယူလားဖို့ ရလိမည် မဟုတ်။ 6ငါ ဒေ စကားတိကို အာဏာပီးရို့ ပြောစာ မဟုတ်။ ယင်းထက်ပင် နင်ရို့ကို အခွင့်ပီးရို့ ပြောစာ ဖြစ်တေ။ 7ငါ အားကုံးသူကို ငါ့ပိုင် အိမ်ထောင်မပြုဘိုင်းန နီစီချင်ရေ၊ ယေကေလည်း အားကုံးသူ ထာဝရဘုရားက တစ်ယောက်တစ်မျိုးစီ ဆုကျေးဇူးကို ရကတ်တေ။ တစ်ယောက် ရစာဆုကျေးဇူးန အခြားတစ်ယောက် ရစာဆုကျေးဇူး မတူ။

8ငါ ဒေဂု အိမ်ထောင်မပြုသူန မဆမရို့ကို ပြောရေ၊ နင်ရို့ ငါ့ပိုင် အိမ်ထောင်မပြုဘိုင်းန နီနိုင်ကတ်တေဆိုကေ နင်ရို့အတွက် ကောင်းရေ။ 9ယေကေလည်း နင်ရို့ ကိုယ့်ကိုကိုယ် မထိန်းနိုင်ဆိုကေ အိမ်ထောင်ပြုကတ်၊ အကြောင်းကား ကိလေသာအကြောင်းန စိတ်ပူပင်စာထက် အိမ်ထောင်ပြုစာ နင်ရို့အတွက် ပိုရို့ ကောင်းရေ။ 10ငါ ဒေဂု မင်းကျိုင်-မင်းကျိုင်မရို့ကို ပညှတ်ချက် ပီးရေ။ ယေကေလည်း ငါ့ ပညှတ်ချက် မဟုတ်၊ အသျှင်၏ ပညှတ်ချက် ဖြစ်တေ။ မိန်းမစာ ကိုယ့်လင်ကို ခွါရို့ မလားရ။ 11ယေကေလည်း သူစာ ကိုယ့်လင်ကို ခွါရို့ လားခရေဆိုကေ အခြားယောက်ျားန အိမ်ထောင်မပြုရ။ ယင်းထက်ပင် သူစာ ကိုယ့်လင်န ပြန်ပေါင်းရဖို့။ ယင်းပိုင်တထန် ယောက်ျားလည်း ကိုယ့်မယားကို မခွါရ။

12အခြား အားကုံးသူကို အသျှင် ပညှတ်ချက် မပီး၊ ယေကေလည်း ငါ သူရို့ကို ပြောချင်ရေ၊ ကျုံသူညီအစ်ကို တစ်ယောက်မာ ခရစ်တော်ကို မကျုံစာ မယား ဟိရေဆိုကေ အရာ ထိုမယားစာ သူနအတူ နီချင်ရေဆိုကေ သူစာ ကိုယ့်မယားကို မခွါရ။ 13အရာ ကျုံသူ မိန်းမတစ်ယောက်မာ ခရစ်တော်ကို မကျုံစာ လင် ဟိရေဆိုကေ အရာ ထိုလင်စာ သူနအတူ နီချင်ရေဆိုကေ သူလည်း ကိုယ့်လင်ကို မခွါရ။ 14အကြောင်းကား မကျုံစာ လင်စာ ကျုံစာ မယားကနီရို့ သန့်ရှင်းခြင်းကို ခံရရေ အရာ မကျုံစာ မယားလည်း ကျုံစာ လင်ကနီရို့ သန့်ရှင်းခြင်းကို ခံရရေ။ ယင်းပိုင် မဟုတ်ဆိုကေ နင်ရို့မာ သားသမီးရို့စာ သန့်ရှင်းလီကတ်ဖို့ မဟုတ်၊ ယေကေလည်း ဒေဂု သူရို့စာ သန့်ရှင်းခြင်းကို ခံရကတ်ပျာ။ 15ယေကေလည်း ထိုမကျုံစာ လင် မဟုတ်ကေ မယားစာ ခွါရို့ လားချင်ရေဆိုကေ လားလီပတ်စီ။ ယင်းပိုင်ဆိုကေ ကျုံသူညီအစ်ကိုမောင်နမှရို့အထဲမာ တစ်ယောက်န တစ်ယောက် ချိုင်နှောင်တားဆီးခြင်း မဟိဗျာ၊ အကြောင်းကား ငငြိမ်းချချမ်း နီထိုင်ဖို့အတွက် ထာဝရဘုရား ငါရို့ကို ခေါ်လီရေ။ 16အိုး မိန်းမ၊ နင့်အကြောင်းန နင့်လင် ကယ်တင်ခြင်းကို ရနိုင်ရေဆိုစာကို နင် မသိလော? အရာ အိုး ယောက်ျား၊ နင့်အကြောင်းန နင့်မယား ကယ်တင်ခြင်းကို ရနိုင်ရေဆိုစာကို နင် မသိလော? နောက်အနာဂါတ်မာ ဇာ ဖြစ်လာဖို့လည်းဆိုစာကို နင်ရို့ မသိကတ်။

ထာဝရဘုရား၏ ခေါ်ခြင်းကို ခံရရေအတိုင်း နီထိုင်ခြင်း

17ယင်းအတွက်န ထာဝရဘုရား အသူ့ကို ဇာပိုင် တာဝန် ပီးရေလည်း သူစာ ယင်းပိုင် ထန်းဆောင်၊ အရာ အသူ့ကို ဇာပိုင် ခေါ်ရေလည်း သူစာ ယင်းပိုင် နီထိုင်။ ဟိသမျ အသင်းတော်မာ ငါ ဒေ ပညှတ်ချက်ကို ပီးနီရေ။ 18အရာ အရီဖျားလှီးမင်္ဂလာကို ခံရပြီးသား ထာဝရဘုရား၏ ခေါ်ခြင်းကို ခံရသူ ဟိရေဆိုကေ သူစာ အရီဖျားလှီးမင်္ဂလာ၏ အမှတ်တရကို မဖျောက်ကေ့။ အရာ အရီဖျားလှီးမင်္ဂလာကို မခံရဘိုင်း ထာဝရဘုရား၏ ခေါ်ခြင်းကို ခံရသူ ဟိရေဆိုကေ သူစာ အရီဖျားလှီးမင်္ဂလာကို မခံယူကေ့။ 19အရီဖျားလှီးမင်္ဂလာကို ခံရကေလည်း အရေးမကြီး၊ မခံရကေလည်း အရေးမကြီး။ ယေကေလည်း ထာဝရဘုရား၏ ပညှတ်ချက်ကို လိုက်နာဖို့စာရာ အရေးကြီးရေ။

20ထာဝရဘုရား အသူ့ကို ဇာပိုင် ခေါ်ရေလည်း သူစာ ယင်းပိုင် နီထိုင်။ 21ထာဝရဘုရား၏ ခေါ်ခြင်းကို ခံရလီရေခါ နင် ကျွန်အဖြစ် ဟိလီရေလော? ယင်းအတွက်န နင် စိတ်မဆိုးကေ့၊ ယေကေလည်း နင် လွတ်မြောင့်ဖို့စာအခွင့်ကို ရရေဆိုကေ ခံယူ။ 22ကျွန်ဖြစ်နီရေအတိုင်း အသျှင်၏ ခေါ်ခြင်းကို ခံရသူစာ အသျှင်၏ အကြောင်းန လွတ်မြောင့်ခြင်းကို ခံရဗျာ။ ယင်းပိုင်တထန် လွတ်မြောင့်ခြင်းကို ခံနီရရေအတိုင်း ခေါ်ခြင်းကို ခံရသူစာ ခရစ်တော်၏ ကျွန်ဖြစ်ပျာ။ 23အသျှင်စာ နင်ရို့ကို အခအများ ပီးရို့ ဝယ်ယူလီရေ။ ယင်းအတွက်န နင်ရို့ လူရို့ဘားမာ ကျွန် မခံကတ်ကေ့ဖိ။ 24ငါ့ ညီအစ်ကိုမောင်နမှရို့၊ ထာဝရဘုရား၏ ခေါ်ခြင်းကို ခံရကတ်တေခါ နင်ရို့ ဇာပိုင် ဟိလီကတ်တေလည်း ဒေဂု ယင်းပိုင် ထာဝရဘုရားန ဆက်ဆံရို့နီကတ်။

အိမ်ထောင်မပြုသူရို့န မဆမရို့ အကြောင်း

25အပျိုမရို့အတွက် အသျှင်က ငါ ပညှတ်ချက် တစ်ခုလည်း မရသိ။ ယေကေလည်း ထာဝရဘုရား၏ သနားကြင်နာခြင်းကို ခံရရေအတွက်န သစ္စာဟိသူအဖြစ် ငါ ကိုယ့်ထင်မှတ်ချက်ကို ဖေါ်ပြစာ ဖြစ်တေ။ 26ဒေဂု ခိုက်ကာလ ဆိုးလာရေအတွက်န နင်ရို့ အိမ်ထောင်မပြုဘိုင်း နီကတ်တေဆိုကေ နင်ရို့အတွက် ကောင်းဖို့ ဟို့ ငါ ထင်ရေ။ 27နင့်မာ မယား ဟိရေဆိုကေ နင့် မယားကို ခွါဖို့ မကြိုးစားကေ့ အရာ နင့်မာ မယား မဟိဆိုကေ အိမ်ထောင်ပြုဖို့ မကြိုးစားကေ့။ 28ယေကေလည်း နင် အိမ်ထောင်ပြုရေဆိုကေ အပြစ်မသင့် အရာ အပျိုမလည်း အိမ်ထောင်ပြုရေဆိုကေ အပြစ်မသင့်။ ယေကေလည်း အိမ်ထောင်ပြုသူရို့စာ အိမ်ထောင်ရေးနပတ်သပ်ရို့ ဒုက္ခ-ဝေဒနာကို ခံရကတ်လိမည်။ ထိုဒုက္ခ-ဝေဒနာတိက ငါ နင်ရို့ကို ရွတ်စီချင်ရေ။

29ငါ့ ညီအစ်ကိုမောင်နမှရို့၊ ငါ ပြောချင်စာကား၊ ခိုက်ကာလ ကုန်ဆုံးဖို့စာအချိန် ရောက်နီဗျာ။ ယင်းအတွက်န မယား ဟိသူရို့စာ ဒေဂုကပင် မယား မဟိသူရို့ပိုင် နီကတ်ရဖို့၊ 30ဒုက္ခ-ဝေဒနာကို ခံရနီသူရို့စာ ဒုက္ခ-ဝေဒနာကို မခံရစာပိုင် နီကတ်ရဖို့၊ ပျော်သူရို့စာ မပျော်စာပိုင် နီကတ်ရဖို့၊ အရောင်းအဝယ် လုပ်သူရို့စာ ဝန်ဆန်တိကို မပိုင်ဆိုင်စာပိုင် နီကတ်ရဖို့၊ 31အရာ လောက၏ ဥစ္စာဘဏ္ဍာကို သုံးဆောင်သူရို့စာ မသုံးဆောင်စာပိုင် နီကတ်ရဖို့၊ အကြောင်းကား လောက၏ ပုံသဏ္ဍာန် ပြောင်းလှဲနီဗျာ။

32အိမ်းထောင်ရေးကို ယူရို့ ငါ နင်ရို့ကို စိတ်မပူစီချင်။ အိမ်ထောင်မပြုသူစာ အသျှင်ကို ဇာပိုင်ပျင်ရို့ နှစ်သက်အောင် လုပ်ဖို့လည်း ဆိုပြီးကေ အသျှင်၏ အကြောင်းကို ယူရို့ စဉ်းစားနီရေ။ 33ယေကေလည်း မင်းကျိုင်စာ ကိုယ့်မယားကို ဇာပိုင်ပျင်ရို့ နှစ်သက်အောင် လုပ်ဖို့လည်း ဆိုပြီးကေ အိမ်ထောင်ရေးကို ယူရို့ စဉ်းစားနီရေ။ 34ယင်းပိုင် သူ့ကို နှစ်ဖက်စုံတို့ ဆွဲငင်နီရေ။ ယင်းပိုင်တထန် လင်မဟိစာ မိန်းမ၊ မဟုတ်ကေ အပျိုမစာ သူ့ခန္ဓာန စိတ်နှလုံး သန့်ရှင်းလတ်အောင် အသျှင်၏ အကြောင်းကို ယူရို့ စဉ်းစားနီရေ၊ ယေကေလည်း မင်းကျိုင်မစာ ကိုယ့်လင်ကို ဇာပိုင်ပျင်ရို့ နှစ်သက်အောင် လုပ်ဖို့လည်း ဆိုပြီးကေ အိမ်ထောင်ရေးကို ယူရို့ စဉ်းစားနီရေ။ 35နင်ရို့ ကောင်းကျိုးရေးအတွက် ငါ ဒေ စကားတိကို ပြောစာ ဖြစ်တေ။ ငါ နင်ရို့ကို ချိုင်နှောင်ထားဖို့ ကြိုးစားစာ မဟုတ်။ ယေကေလည်း ငါ နင်ရို့ကို မှန်ကန်စာန ကောင်းမြတ်စာလမ်းမာ နီထိုင်စီချင်ရေ အရာ နင်ရို့ အပြည့်အစုံ စိတ်ထည့်ရို့ နင်ရို့မာ ကိုယ်ခန္ဓာကို အသျှင်ဘားမာ တင်အပ်စီချင်ရေ။

36လူပျိုန အပျိုမ နဇပ်ဖို့ စကားထားပြီးရေနောက် နှစ်ယောက်စုံ စိတ်သဖေါတူ ဒေဂု မနဇပ်သိ ဟို့ ဆုံးဖြတ်ရို့ နီကတ်တေ။ ယင်းခါ လူပျိုစာ ထိုအပျိုမန ပေါင်းဖေါ်ချင်ကေလည်း ပေါင်းဖေါ်ဖို့ မသင့်ဆိုစာကို သိရေ။ ယင်းအတွက်န သူစာ ကိုယ့်ကို ထိန်းထားဖို့ မနိုင်ရေအတွက်န သူရို့ နှစ်ယောက် နဇပ်ကတ်တေ။ ယင်းပိုင်ဆိုကေ သူရို့မာ တစ်ခုလည်း အပြစ်မသင့်။ 37ယေကေလည်း အသူမဆိုတစ်ယောက်မာ စိတ်နှလုံး တည်မြဲရေဆိုကေ၊ ကိုယ့်အလိုဆန္ဒကို ထိန်းနိုင်ရေဆိုကေ အရာ ကိုယ်နဇပ်ဖို့ စကားထားစာ အပျိုမကို မနဇပ်ဘိုင်းန ထားဖို့နိုင်ရေဆိုကေ သူစာ ကောင်းမြတ်စာ အလုပ်ကို လုပ်တေ။ 38ယင်းပိုင်ဆိုကေ မြင်ရစာကား၊ အပျိုမကို နဇပ်သူစာ ကောင်းမြတ်စာ အလုပ်ကို လုပ်တေ အရာ အပျိုမကို မနဇပ်သူစာ အရာလည်း ပိုရို့ ကောင်းမြတ်စာ အလုပ်ကို လုပ်တေ။

39မိန်းမစာ ကိုယ့်လင် မသီသကြား ကာလပတ်လုံး တစ်ယောက်န တစ်ယောက် ချိုင်နှောင်ခြင်းမာ နီရရေ။ ယေကေလည်း လင် သီလားခရေဆိုကေ သူစာ လွတ်မြောင့်ခြင်းကို ရရေ အရာ ကိုယ်လိုစာ ယောက်ျားကို နစပ်ဖို့ ရရေ။ ယေကေလည်း ထိုယောက်ျားစာ အသျှင်ကို ကျုံသူ ဖြစ်ရဖို့။ 40ယေကေလည်း ငါ ထင်စာကား၊ ထိုမိန်းမစာ အိမ်ထောင်မပြုဘိုင်းန နီကေပင် သူ့အတွက် ပိုရို့ ကောင်းဖို့သိ။ ဒေသျှင့်စာ ငါ့ အကြံညာဏ် ဖြစ်တေ။ ငါ ထင်စာကား၊ ငါ့ဘားမာ ထာဝရဘုရား၏ ဝိညာဉ်တော် ဟိရေ။
Copyright information for RmzSC