1 Corinthians 9

တမန်တော်ရို့ ပိုင်ဆိုင်ခွင့်

1ငါ လွတ်လပ်သူတစ်ယောက် မဟုတ်လော? ငါ တမန်တော် တစ်ယောက် မဟုတ်လော? ငါ အသျှင်ယေရှုကို မြင်ဖူးလီရေ မဟုတ်လော? အရာ ငါ့အလုပ်အကြောင်းန နင်ရို့ ထာဝရဘုရား၏ လူဖြစ်ကတ်ပျာ မဟုတ်လော? 2အခြားလူရို့ ငါ့ကို တမန်တော်အဖြစ် လက်မခံကတ်ကေလည်း နင်ရို့ ငါ့ကို တမန်တော်အဖြစ် လက်ခံယူဖို့ သင့်ကတ်တေ၊ အကြောင်းကား ငါ တမန်တော် တစ်ယောက် ဖြစ်တေဆိုစာကို အသျှင်ကို ကျုံခြင်းကနီရို့ နင်ရို့ သက်သီပြကတ်တေ။

3တစ်ချိုးလူရို့စာ ငါ တမန်တော် ဖြစ်တေဆိုစာ အကြောင်းကို ယူရို့ စစ်ဆေးချင်ကတ်တေ။ ယင်းအတွက်န ငါ သူရို့ကို ဒေပိုင် အဖြေပီးလိုက်မည်၊ 4ငါရို့ လုပ်ကတ်စာ အလုပ်အတွက် နင်ရို့က ယူရို့ စားသောက်ဖို့ ငါရို့မာ ပိုင်ဆိုင်ခွင့် ဟိရေ မဟုတ်လော? 5ဟိသမျ အခြားတမန်တော်ရို့၊ အသျှင်၏ ညီရို့ အရာ ပေတရု ကိုယ့်မယားကို ယူရို့ တရားဟောဖို့ ထွက်ကတ်တေ။ ယင်းပိုင်တထန် ခရစ်တော်ကို ကျုံသူအနေန ကိုယ့်မယားကို ယူရို့ တရားဟောဖို့ ထွက်ဖို့စာ ပိုင်ဆိုင်ခွင့် ငါရို့မာလည်း ဟိရေ မဟုတ်လော? 6မဟုတ်ကေ ငါန ဗာနဗစာ သက်သက် ဝတ်ရေးစားရေးအတွက် အလုပ် လုပ်ရဖို့လော?

7တစ်ယောက်လည်း ကိုယ့်ဇရစ်န စစ်သား တာဝန်ကို မထန်းဆောင်။ စပျစ်ဥယျာဉ်က စပျစ်သီး မစားဘိုင်းန တစ်ယောက်လည်း မစိုက်မပျိုး။ အရာ သိုးဆိတ်ကျောင်းသားလည်း သိုးဆိတ်အရွီအထဲက နို့ မသောက်ဘိုင်းန သိုးဆိတ်တိကို မကျောင်း။ 8ငါ ရိုးရိုး ညာဏ်န ဒေ စကားတိကို ပြောနီစာလော? မောရှေ၏ ပညှတ်တရားလည်း ဒေပိုင် စကားကို ပြောရေ၊ 9“တလင်းပတ်စာ နွားတွီးကို နသွီးချုပ် မတပ်ရ။” ထာဝရဘုရား သက်သက် နွားတွီးအတွက် စဉ်းစားစာလော? 10ယင်းထက်ပင် ထာဝရဘုရားစာ ငါရို့အတွက် စဉ်းစားရို့ ထိုစကားကို ပြောလီစာ မဟုတ်လော? ဟုတ်တေ၊ ထိုစကားတော်စာ ငါရို့အတွက် ရွီးထားခလီစာ ဖြစ်တေ၊ အကြောင်းကား လယ်ထွန်သူန စပါးနင်းသူစာ ကိုယ်ရို့ ရစုသင့်ရာကို ရဖို့အတွက် မျှော်လင်းရို့ အလုပ် လုပ်ကတ်ရဖို့။ 11ငါရို့စာ နင်ရို့ဘားမာ ဝိညာဉ်၏ မျိုးစိကို ကြဲလီကတ်တေ။ ယင်းအတွက်န ငါရို့ ကိုယ်ရို့ လိုအပ်စာတိကို နင်ရို့က ယူကတ်တေ။ ယင်းသျှင့်တိကို နင်ရို့က တောင်းယူဖို့ ငါရို့မာ ပိုင်ဆိုင်ခွင့် ဟိရေ။ 12အခြားလူရို့ နင်ရို့က ဒေပိုင် ရဖို့စာ ပိုင်ဆိုင်ခွင့် ဟိရေဆိုကေ ငါရို့မာ အရာလည်း ပိုရို့ နင်ရို့က ရဖို့စာ ပိုင်ဆိုင်ခွင့် ဟိရေ မဟုတ်လော? ယေကေလည်း ငါရို့ ထိုပိုင်ဆိုင်ခွင့်ကို အသုံးမပြုလီကတ်။ ယင်းထက်ပင် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောစာတိမာ အဆီးအတား မဟိလတ်အောင် ငါရို့ ဟိသမျ အားကုံးကို သည်းခံရို့ နီကတ်တေ။

13 ဝိပဿနာကျောင်းမာ အလုပ်လုပ်သူရို့စာ ဝိပဿနာကျောင်းက အစားရိက္ခာ ရကတ်တေဆိုစာကို နင်ရို့ မသိကတ်လော? အရာ ယဇ်ပလ္လင်မာ အလုပ်လုပ်သူရို့စာ ယဇ်ပလ္လင်မာ တင်ရို့ ပူဇော်စာတိကို အဝီ ရကတ်တေဆိုစာကိုလည်း နင်ရို့ မသိကတ်လော? 14ယင်းပိုင်တထန် သတင်းကောင်းကို ဟောပြောသူရို့စာ ကိုယ်ရို့ ဝတ်ရေးစားရေးကို ဟောပြောစာ အလုပ်က ယူဖို့ သင့်ရေ ဟို့ အသျှင် ပညှတ်ချက် ပီးခလီရေ။

15ယေကေလည်း ထိုပိုင်ဆိုင်ခွင့်ကို ငါ အသုံးမပြုလီ။ ငါ့အတွက် နင်ရို့ ဒေပိုင် စီစဉ်ရို့ ထားကတ်ပတ်စီအတွက် ငါ ဒေ စကားတိကို ရွီးလိုက်စာ မဟုတ်။ ငါ အခမဲ့ တရားဟောပြောစာ အကြောင်းကို ယူရို့ ငါ ဘော်ကြော့ကြင်းဖို့ မရစာထက်ပင် ငါ သီလားကေပင် ပိုရို့ ကောင်းဖို့သိ။ 16ငါ သတင်းကောင်းကို ဟောပြောကေလည်း ငါ့မာ ချီမွမ်းခြင်းရစရာ တစ်ခုလည်း မဟိ၊ အကြောင်းကား ဒေ အလုပ်စာ ငါ လုပ်ရဖို့စာ တာဝန် ဖြစ်တေ။ ငါ ဒေ သတင်းကောင်းကို မဟောပြောဆိုကေ ငါ့ဘားမာ ကျိန်ဆဲကျပါစီ! 17ငါ ကိုယ့် စိတ်သဖေါတူန သတင်းကောင်းကို ဟောပြောရေဆိုကေ ငါစာ ဆုကို ရဖို့ထိုက်တန်ရေ။ ယေကေလည်း ဒေ သတင်းကောင်းကို ဟောပြောဖို့ တာဝန်စာ ငါ ရွီးကောက်ယူလီစာ မဟုတ်။ ယင်းထက်ပင် ထာဝရဘုရား ငါ့ကို ဒေ တာဝန် ပီးလီစာ ဖြစ်တေ။ 18ယင်းပိုင်ဆိုကေ ငါ ရဖို့စာဆု ဇာလည်း? ငါ ရဖို့စာဆု ဖြစ်တေကား အခမဲ့ သတင်းကောင်းကို ဟောပြောခြင်း ဖြစ်တေ။

19ငါ တစ်ယောက်ဘားမာလည်း ကျွန် မခံ၊ ယေကေလည်း လူအများကြီးကို ခရစ်တော်၏ လမ်းတို့ ယူလာဖို့ ရလတ်အောင်အတွက် ငါ အားကုံးသူဘားမာ ကျွန် ခံဗျာ။ 20ငါ ယုဒလူရို့ကို ကယ်တင်ခြင်းလမ်းတို့ ယူခဖို့အတွက် ယုဒလူရို့အထဲမာ ယုဒလူရို့ပိုင် နီထိုင်ရို့ လာဗျာ။ ငါစာ မောရှေ၏ ပညှတ်တရားအောက်မာ မဟိကေလည်း မောရှေ၏ ပညှတ်တရားအောက်မာ ဟိသူရို့ကို ကယ်တင်ခြင်းလမ်းတို့ ယူခဖို့အတွက် ငါလည်း သူရို့ပိုင် ပညှတ်တရားအောက်မာ နီထိုင်ရို့ လာဗျာ။ 21အရာ ပညှတ်တရားအောက်မာ မဟိသူရို့ကို ကယ်တင်ခြင်းလမ်းတို့ ယူခဖို့အတွက် ငါ သူရို့ပိုင် နီထိုင်ရို့ လာဗျာ။ ယေကေလည်း ထာဝရဘုရား၏ ပညှတ်တရားပြင်က ငါ နီထိုင်စာ မဟုတ်။ ငါကား ခရစ်တော်၏ ပညှတ်တော်အောက်မာ နီထိုင်ရေ။ 22ငါ ကျုံခြင်းတရား အားနည်းသူရို့နအတူ ဟိလီရေခါ သူရို့ပိုင် အားနည်းရို့ ဟိလီရေ၊ အကြောင်းကား ငါစာ သူရို့ကို အပြည့်အစုံ ခရစ်တော်၏ ကယ်တင်ခြင်းလမ်းတို့ ယူလာချင်ရေ။ အဓိကစကား ဖြစ်တေကား၊ ငါစာ အားကုံးသူဘားမာ ဟိသမျ အားကုံးပိုင် ဖြစ်ရို့ နီထိုင်ဖို့စာကို ကြိုးစားရေ။ အကြောင်းကား ဇာ နည်းလမ်းနပင်မဆို ငါစာ လူရို့ကို ကယ်တင်ခြင်းလမ်းတို့ ယူလာချင်ရေ။ 23သတင်းကောင်းကို ဖြန့်ချယ်ဖို့အတွက် အရာ သတင်းကောင်း၏ ပဿိကို ခံရဖို့အတွက် ငါ ဟိသမျ အားကုံးကို ခံယူလီရေ။

24လူအများကြီး အဗြီးပြိုင်ပွဲမာ ဝင်ရို့ ဗြီးကတ်ကေလည်း အောင်သူတစ်ယောက်တည်းရာ အောင်ဆုကို ရရေဆိုစာကို နင်ရို့ သိကတ်တေ။ ယင်းအတွက်န နင်ရို့လည်း အောင်ဆုကို ရနိုင်လတ်အောင် ဗြီးကတ်။ 25အဗြီးပြိုင်ပွဲမာ ဝင်ရို့ ဗြီးသူရို့စာ အယင်ကပင် ကောင်းကောင်း အများကြီး လေ့ကျင့်ရကတ်တေ။ သူရို့မာ အောင်ဆုသရဖူစာ ပျက်စီးလားဖို့၊ ယေကေလည်း ငါရို့မာ အောင်ဆုသရဖူစာ တစ်ခါလည်း ပျက်စီးဖို့ မဟုတ်။ 26ယင်းအတွက်န ရွယ်မှတ်ချက် မထားဘိုင်း ငါ တစ်ခုလည်း မလုပ်။ ငါစာ ဂေါင်းခင်ကို ကြည့်ရို့ လက်သီးထိုးသူပိုင် မဟုတ်။ 27ယေကေလည်း အခြားလူရို့ဘားမာ သတင်းကောင်းကို ဟောပြောရို့ ပြီးရေခါ ငါ ကိုယ်တိုင် အောင်ဆုကို ရဖို့ မထိုက်တန်သူ မဖြစ်လတ်အောင် ငါ ကိုယ့်ခန္ဓာကို ထိန်းသိမ်းရို့ ထားရေ။
Copyright information for RmzSC