1 Peter 5

အသင်းတော် ဂေါင်းဆောင်အကြီးရို့ကို တောင်းဆိုခြင်း

1ယေရှုခရစ်တော် ဒုက္ခ-ဝေဒနာ ခံရလီစာကို ငါ ကိုယ်တိုင် မြင်ဖူးလီရေ။ အရာ ငါစာ နောက်အနာဂါတ်မာ ပေါ်ထွန်းလာဖို့စာ ခရစ်တော်၏ ဘုန်းတန်ခိုးကို အဝီငဖို့သူတစ်ယောက် ဖြစ်တေ။ ယင်းအတွက်န နင်ရို့အထဲမာ ငါ့ပိုင် အသင်းတော် ဂေါင်းဆောင်အကြီး ဖြစ်သူရို့ကို ငါ တောင်းပန်ရေ၊ 2အသင်းတော် ဂေါင်းဆောင်အကြီးရို့၊ နင်ရို့အထဲမာ ဟိကတ်စာ ထာဝရဘုရား၏ သိုးဆိတ်တိကို နင်ရို့ ကြည့်ရှုစောင့်သျှောက်ကတ်။ ယေကေလည်း ထိုအလုပ်ကို တာဝန်ဝတ္တရားအဖြစ် မလုပ်ကတ်ကေ့ အရာ လစာ ရဖို့အတွက် မလုပ်ကတ်ကေ့။ ယင်းထက်ပင် နင်ရို့ ကိုယ့်စိတ်သဖေါန စေတနာဖြူစင်ရို့ လုပ်ကတ်၊ အကြောင်းကား ယင်းပိုင် လုပ်စာကို ထာဝရဘုရား နှစ်သက်တေ။ 3နင်ရို့ လက်အောက်က ဟိသူရို့ကို ကျွန်ရို့ကိုပိုင် အာဏာ မချကတ်ကေ့၊ ယေကေလည်း သူရို့စာ နင်ရို့က ကောင်းမြတ်စာ သွန်သင်ချက်ကို ရကတ်ပတ်စီအတွက် နင်ရို့ အလှပ နီထိုင်ကတ်။ 4ယင်းပိုင်ဆိုကေ သိုးဆိတ်ကျောင်းသား အကြီးဆုံး ကြွလာရေနိမာ နင်ရို့ အမှန် ဘုန်းတန်ခိုးန ပြည့်စုံစာ သရဖူကို ရကတ်လိမည်။ ထိုသရဖူစာ တစ်ခါလည်း အရောင် ပျက်လိမည် မဟုတ်။ 5ဒေဂု လူပျိုရို့အတွက် ငါ့မာ ပညှတ်ချက် ဟိရေ။ နင်ရို့ ကိုယ်ရို့မာ အသင်းတော် ဂေါင်းဆောင်အကြီးရို့ အုပ်ချုပ်ခြင်းကို ခံယူကတ်။

အားကုံးသူအတွက် နောက်ဆုံး ပညှတ်ချက်

နင်ရို့ တစ်ယောက်ကို တစ်ယောက် နုညံ့ခြင်းစိတ်န ပြုဇုကတ်၊ အကြောင်းကား ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “ထာဝရဘုရားစာ ဘဝင်မြင့်သူရို့ကို ဆန့်ကျင်ဖက် လုပ်တေ၊ ယေကေလည်း နုညံ့ခြင်းစိတ် ထားသူရို့ကို သနားရေ။”
6ယင်းအတွက်န နင်ရို့စာ ထာဝရဘုရား၏ တန်ခိုး ရှိက ကိုယ်ရို့ကို နှိမ့်ချကတ်။ ယင်းပိုင်ဆိုကေ အချိန်တိုင်ရေခါ သူစာ နင်ရို့ကို မြှင့်တင်လိမည်။ 7နင်ရို့မာ ဟိသမျ စဉ်းစားချက်ကို ထာဝရဘုရားဘားမာ တင်အပ်လိုက်ကတ်၊ အကြောင်းကား သူစာ နင်ရို့ကို ကြည့်ရှုစောင့်သျှောက်ရို့နီရေ။

8နင်ရို့မာ ရန်သူ မာရ်နတ်စာ ရန်ကြူးစာ ခြင်္သေ့ပိုင် နင်ရို့ကို စားဖို့အတွက် ပတ်ရို့ ရှာနီရေ။ ယင်းအတွက်န နင်ရို့ မျက်စိချထားကတ် အရာ သတိန နီကတ်။ 9ကျုံခြင်းတရားကို ကျကျန်း ထားရို့ မာရ်နတ်ကို ရင်ဆိုင်ကတ်၊ အကြောင်းကား ကမ္ဘာတစ်လုံးမာ ဟိကတ်စာ ကျုံသူညီအစ်ကိုမောင်နမှရို့လည်း နင်ရို့ပိုင် ဒုက္ခ-ဝေဒနာကို ခံရနီကတ်တေဆိုစာကို နင်ရို့ သိကတ်တေ။

10ဟုတ်တေ၊ နင်ရို့ တစ်နားသျှေအတွက် ဒုက္ခ-ဝေဒနာကို ခံရနီကတ်တေ။ ယေကေလည်း နောက်ဆုံးပြီးမာ ထာဝရဘုရား ကိုယ်တိုင် နင်ရို့ကို အယင်ပိုင် အကောင်း လုပ်လိမည်၊ နင်ရို့ကို တည်မြဲအောင် လုပ်လိမည် အရာ အားခွန်န ပြည့်စုံအောင် လုပ်လိမည်၊ အကြောင်းကား ဟိသမျ ကျေးဇူးတော်စာ ထာဝရဘုရားက လာရေ။ ထာဝရဘုရား၏ ဘုန်းတန်ခိုးစာ ယေရှုခရစ်တော်ဘားမာ ဟိရေ။ ထိုဘုန်းတန်ခိုးစာ ထာဝရပတ်လုံး တည်မြဲရေ။ ထိုဘုန်းတန်ခိုးကို ပီးဖို့အတွက် သူစာ နင်ရို့ကို ခေါ်လီရေ။ 11ကမ္ဘာအဆက်ဆက် ထာဝရဘုရား၏ တန်ခိုး ဟိပါစီ။ အာမန်။

အဆုံးခေါက် နှုတ်ဆက်ခြင်း

12ငါ ဒေ စာစောင်သျှေကို သိလကို ရွီးစီရို့ နင်ရို့တို့ ပို့လိုက်တေ။ သူစာ သစ္စာဟိသူ ညီအစ်ကို တစ်ယောက် ဖြစ်တေဆိုစာကို ငါ သိရေ။ နင်ရို့ ဒေဂု ဒုက္ခကို ခံရနီစာလည်းသောက် အမှန် ထာဝရဘုရား၏ ကျေးဇူးတော် ဖြစ်တေဆိုစာကို ရှင်းပြဖို့အတွက် အရာ နင်ရို့ကို အားပီးချက်စကား ပြောဖို့အတွက် ငါ ဒေ စာစောင်ကို ရွီးလိုက်စာ ဖြစ်တေ။ နင်ရို့ ထိုကျေးဇူးတော်မာ တတိုင်းမမြိုင်း နီကတ်။

13ဗာဗုလုန်မြို့မာဟိစာ အသင်းတော် လူရို့ နင်ရို့ကို နှုတ်ဆက်ကတ်တေ။ သူရို့စာ နင်ရို့ပိုင် ထာဝရဘုရား၏ ရွီးကောက်ခြင်းကို ခံရသူရို့ ဖြစ်ကတ်တေ။ အရာ ငါ သားကိုပိုင် ချစ်သူ မာကုလည်း နင်ရို့ကို နှုတ်ဆက်တေ။ 14ခရစ်တော်၏ ချစ်ခြင်းမေတ္တာစိတ်န နင်ရို့ တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်လီကတ်။

နင်ရို့ ခရစ်တော်၏ လူရို့ အားကုံးသူဘားမာ ငြိမ်းချမ်းခြင်း ကျရောက်ပါစီ။
Copyright information for RmzSC