1 Timothy 2

ဟိသမျ လူရို့အတွက် ဆုတောင်းခြင်း

1ယင်းအတွက်န ငါ နင်ရို့ကို အရေးတကြီး ပြောချင်စာကား၊ နင်ရို့စာ ဟိသမျ လူရို့အတွက် ထာဝရဘုရားဘားမာ ဆုတောင်းကတ်။ သူရို့မာ မလုံမလောက်စာတိကို ဖြည့်ပီးဖို့အတွက် ထာဝရဘုရားဘားမာ မေတ္တာရပ်ခံကတ်။ လူရို့ ကူညီမစားခြင်းကို ရကတ်ပတ်စီအတွက် ထာဝရဘုရားဘားမာ တောင်းဆိုကတ်။ အရာ ဟိသမျ လူရို့အတွက် ထာဝရဘုရားကို ကျေးဇူးတင်ကတ်။ 2ငါရို့ အားကုံးသူ ငြိမ်းချမ်းသာယာခြင်းမာ တိန်းရို့ နီထိုင်ဖို့ရလတ်အောင် မင်းရို့န အာဏာပိုင်သူရို့အတွက် ထာဝရဘုရားဘားမာ ဆုတောင်းပီးကတ်။ ယင်းပိုင်ဆိုကေ ငါရို့စာ ထာဝရဘုရားကို ရိုသေကြောက်လန့်ခြင်းန နီထိုင်ဖို့ ရကတ်ဖို့ အရာ အခြားလူရို့န အလှပ ပေါင်းဖေါ်ဖို့ ရကတ်ဖို့။ 3ထိုဆုတောင်းခြင်းတိစာ ကောင်းမြတ်စာ အလုပ် ဖြစ်တေ အရာ ငါရို့မာ ကယ်တင်သျှင် ထာဝရဘုရားစာ နှစ်သက်တေ။ 4ထာဝရဘုရားစာ ဟိသမျ လူရို့ကို ကယ်တင်ခြင်းကို ရစီချင်ရေ အရာ သူစာ လူရို့ကို ခရစ်တော်၏ မှန်ကန်ခြင်း အကြောင်းကိုလည်း သိစီချင်ရေ။ 5ထိုမှန်ကန်ခြင်း ဖြစ်တေကား ဒေပိုင်၊ ထာဝရဘုရား တစ်ပါးတည်းရာ ဟိရေ။ ထာဝရဘုရားန လူရို့ကြားမာ ငြိမ်းချမ်းအောင် လုပ်ပီးဖို့အတွက် တစ်ပါးတည်းရာ ဟိရေ။ သူစာ ယေရှုခရစ်တော် ဖြစ်တေ။ သူကိုယ်တိုင် လူ့သားတစ်ယောက် ဟိလီရေ။ 6သူစာ ဟိသမျ လူရို့ကို ကယ်တင်ဖို့အတွက် ကိုယ့်အသက်ကို စွန့်လီရေ။ ထာဝရဘုရားစာ ဟိသမျ လူရို့ကို ကယ်တင်ချင်ရေဆိုစာကို အချိန်တိုင်ရေခါ ယေရှုကနီရို့ ဖေါ်ပြလီရေ။ 7ယင်းအတွက်န ယုဒမဟုတ်သူရို့ဘားမာ သတင်းကောင်းကို ဟောပြောဖို့အတွက်န မှန်ကန်ခြင်း အကြောင်းကို သွန်သင်ပီးဖို့အတွက် ထာဝရဘုရား ငါ့ကို တမန်တော်အဖြစ် ရွီးကောက်ယူလီရေ။ ငါ နင်ရို့ကို မုတ်သား စကားပြောစာ မဟုတ်၊ အမှန် စကားပြောစာ ဖြစ်တေ။

8ယင်းအတွက်န ဟိသမျ နေရာမာ ဟိကတ်စာ ယောက်ျားရို့ ဆုတောင်းကတ်တေခါ မန်တက်ခြင်းန ငြင်းခုံခြင်းစိတ်ကို မထားကတ်ကေ့။ ယင်းထက်ပင် သူရို့ ဆုတောင်းရေအချိန်မာ သန့်ရှင်းခြင်း စိတ်နှလုံးန လက်အုပ်ချီရို့ ဆုတောင်းကတ်။

မိန်းမရို့ကို ဩဝါဒပီးခြင်း

9ယင်းပိုင်တထန် မိန်းမရို့လည်း ယဉ်ကျေးမှုန တင့်တယ်စာ အဝတ်ကို ဝတ်ရို့ ကိုယ့်ကို ဆင်ကတ်။ သူရို့စာ ဆံပင်ကို အမျိုးမျိုးပိုင် ထုံးရို့ ရွှေန ကျောက်စိမ်းအမျက်ကို ဝတ်ရို့၊ အရာ တန်ဖိုးဟိစာ အဝတ်အစားတိကို ဝတ်ရို့ ကိုယ့်ကို မဆင်ကတ်ကေ့။ 10ယင်းထက်ပင် သူရို့စာ ကောင်းမြတ်စာ အလုပ်တိကို လုပ်ရို့ ကိုယ်ရို့ကို ဆင်ကတ်။ ထိုအလုပ်တိစာ ကိုယ်ရို့ကို သူတော်ကောင်းမ ဟို့ မှတ်ကတ်စာ မိန်းမရို့န ထိုက်တန်ရေ။ 11သူရို့စာ သတင်းဝင်ရေခါ တိန်းရို့ နီပြီးကေ နုညံ့ခြင်းစိတ်န သင်ယူကတ်။ 12ယောက်ျားရို့ကို သွန်သင်ပီးဖို့စာန အုပ်ချုပ်ဖို့စာ အခွင့်အာဏာကို ငါ မိန်းမ တစ်ယောက်ကိုလည်း မပီးလီသိ။ ယင်းထက်ပင် မိန်းမရို့စာ တိန်းရို့ နီဖို့သင့်ကတ်တေ၊ 13အကြောင်းကား ထာဝရဘုရားစာ ပထမဆုံး အာဒံကို ဖန်ဆင်းလီရေ။ ယင်းနောက် ဧဝကို ဖန်ဆင်းလီရေ။ 14အာဒံစာ မာရ်နတ်အလက်မာ အလိမ် မခံလီ၊ ယေကေလည်း ဧဝစာ မာရ်နတ်အလက်မာ အလိမ်ခံလီရေ အရာ ထာဝရဘုရား၏ ပညှတ်တရားကို ဖျက်လီရေ။ 15ယေကေလည်း မိန်းမရို့စာ ကျုံခြင်းတရား၊ ချစ်ခြင်းမေတ္တာ၊ သန့်ရှင်းခြင်းန ယဉ်ကျေးမှုကို ထားရေဆိုကေ သူရို့စာ သားသမီး မွီးဖွားခြင်းကနီရို့ ကယ်တင်ခြင်းကို ရကတ်လိမည်။
Copyright information for RmzSC