1 Timothy 5

အသင်းတော်မာ လူရို့ကို ချီရဖို့စာ တာဝန်ဝတ္တရား

1နင့်ထက် အသက်ကြီးစာ ဝါကြီးရို့ကို တစ်ခါလည်း ကကြမ်းတတမ်း စကား ပြောရို့ အပြစ် ဖေါ်မပြလီကေ့။ ယင်းထက်ပင် သူရို့ကို ကိုယ့်အဖပိုင် မှတ်ရို့ နုညံ့ခြင်းစကားန အားပီးကူညီလီ။ အရာ နင့်ထက် သျှေစာ လူပျိုရို့ကို ကိုယ့်ညီသျှေပိုင် မှတ်ရို့ အားပီးကူညီလီ။ 2နင့်ထက် အသက်ကြီးစာ ဝါကြီးမရို့ကို ကိုယ့်အမိပိုင် မှတ်ရို့ အားပီးကူညီလီ အရာ နင့်ထက် သျှေစာ အပျိုမရို့ကိုလည်း ကိုယ့်နမှသျှေပိုင် မှတ်ရို့ ဖြူစင်ခြင်းစိတ်န အားပီးကူညီလီ။

အသင်းတော်က အကူညီရဖို့စာ မဆမရို့

3တစ်ယောက်ကိုလည်း အားကိုးစရာ မဟိစာ မဆမရို့ကို ရိုသေလေးစားခြင်း ထားရို့ ကူညီလီ။ 4ယေကေလည်း အသူ့မာမဆို အမိ၊ မဟုတ်ကေ အဘောင်မစာ မဆမ ဖြစ်တေဆိုကေ သူစာ ပထမဆုံး ခရစ်ယာန်ဘာသာ တာဝန်ဝတ္တရားအဖြစ် ထိုမဆမကို ကြည့်ရှုစောင်မရဖို့။ ယင်းပိုင် လုပ်တေဆိုကေ သူစာ အမိအဖန အဖိုးသေ-အဘောင်မရို့ ချစ်ခြင်းမေတ္တာ အကျိုးကို ဆပ်ဖို့ ရလိမည်။ မဆမကို ကြည့်ရှုစောင်မရေဆိုကေ ထာဝရဘုရား နှစ်သက်တေ။ 5တစ်ယောက်ကိုလည်း အားကိုးစရာ မဟိစာ မဆမရို့စာ ထာဝရဘုရားကို မျှော်လင်းနီကတ်တေ အရာ သူရို့စာ ထာဝရဘုရားက အကူညီ ရဖို့အတွက် ညဉ့်ပါ-ရက်ပါ ဆုတောင်းနီကတ်တေ။ 6ယေကေလည်း ကိုယ့်စိတ်တစ်ချင် နီထိုင်ကတ်စာ မဆမရို့စာ အသက်အရှင် ဟိကေလည်း သူရို့မာ ဝိညာဉ်၏ အသက်စာ အသီ ဖြစ်တေ။ 7အသင်းတော် လူရို့ မဆမရို့ကို အပြစ်မတင်ရအောင် နင် ထိုပညှတ်ချက်တိကို သူရို့ အားကုံးသူကို ပြောပြလီ။ 8အားကုံးသူ ကိုယ့်အမျိုးအဆွီကို ကြည့်ရှုစောင်မကတ်ရဖို့၊ အရေးကြီးဆုံး ဖြစ်တေကား ကိုယ့်မိသားစုကို ကြည့်ရှုစောင်မကတ်ရဖို့။ ယင်းပိုင် မလုပ်ဆိုကေ သူရို့စာ ကိုယ်ရို့မာ ကျုံခြင်းတရားကို ငြင်းပယ်ကတ်တေ အရာ သူရို့စာ မကျုံသူရို့ထက်လည်း ပိုရို့ ဆိုးယုတ်သူရို့ ဖြစ်ကတ်တေ။

9မဆမ တစ်ယောက်ကို အသက်ခြောက်ဆယ် မပြည့်ဘိုင်းန အကူညီပီးဖို့အတွက် မဆမ စာရင်းမာ မသွင်းလီကေ့ အရာ သူစာ လင်တစ်ယောက်တည်း နစပ်ဖူးစာ မဆမ ဖြစ်ရဖို့။ 10ယင်းသျှင့်ကိုအပယ် ထိုမဆမစာ ကောင်းမြတ်စာ အလုပ်တိအတွက်န နာမည်ကောင်းသူ တစ်ယောက် ဖြစ်ရဖို့။ ထိုကောင်းမြတ်စာ အလုပ်တိ ဖြစ်တေကား၊ ကိုယ့်သားသမီးရို့ကို လူဖြစ်အောင် လုပ်ကျွေးခြင်း၊ အာဂန္တုကို ပြုဇုခြင်း၊ ကျုံသူရို့ကို နုညံ့ခြင်းစိတ်န ပြုဇုသုတ်သင်ခြင်း၊ ဒုက္ခ ကျသူရို့ကို ကူညီခြင်း အရာ အမျိုးမျိုး ကောင်းမြတ်စာ အလုပ်တိမာ ကြိုးစားအားထုတ်ရို့ လုပ်ခြင်း ဖြစ်တေ။

မအိုစာ မဆမရို့ အကြောင်း

11ယေကေလည်း မအိုစာ မဆမရို့ကို မဆမ စာရင်းမာ မသွင်းလီကေ့၊ အကြောင်းကား သူရို့စာ ကာမဂုဏ် ပျော်ပါးဖို့စိတ် ရောက်တေခါ အယင်ခါပိုင် ယေရှုခရစ်တော်ကို ရိုသေကြောက်လန့်ခြင်း မထားဘိုင်းန ပြန်ရို့ အိမ်ထောင် နီချင်ကတ်လိမည်။ 12ယင်းပိုင်ဆိုကေ သူရို့စာ အပြစ်ဒါဏ်ကို ခံရကတ်လိမည်၊ အကြောင်းကား သူရို့စာ အိမ်ထောင် မနီဗျာ ဟို့ ကိုယ်ရို့ အယင် ခံလီကတ်စာ ဂတိသစ္စာကို ဖျက်တေအတွက်န ဖြစ်တေ။ 13ယင်းသျှင့်ကိုအပယ် သူရို့စာ အိမ်တိုင်း အိမ်တိုင်း လည်ရို့ အချိန်ဖြုန်းဖို့စာကို သင်ယူကတ်တေ။ သူရို့စာ သက်သက် အချိန်ဖြုန်းဖို့စာ မဟုတ်သိ၊ မကောင်းစာ စကားပြောဖို့စာန အခြားလူရို့ အကြောင်းကို ယူရို့ စကားတင်း ပြောဖို့စာကို သင်ယူကတ်တေ အရာ သူရို့စာ မပြောသင့်စာ စကားတိကိုလည်း ပြောနီကတ်တေ။ 14ယင်းအတွက်န ငါလိုချင်စာကား၊ မအိုစာ မဆမရို့စာ ပြန်ရို့ အိမ်ထောင်နီကတ်၊ သားသမီး မွီးဖွားရို့ ကိုယ့်အိမ်ထောင်ကို ကြည့်ရှုစောင်မကတ်။ ယင်းပိုင်ဆိုကေ ငါရို့မာ ရန်သူရို့ အပြစ်တင်ဖို့စာ အခွင့်ရေးကို ရကတ်လိမည် မဟုတ်။ 15အကြောင်းကား ဒေဂုပင် ထိုမဆမရို့အထဲက လိုင်းကေယောက် လမ်းမှားရို့ မာရ်နတ် နောက်တို့ လိုက်လားခကတ်ပျာ။

16အားကိုးစရာ မဟိစာ မဆမရို့ကို ကြည့်ရှုစောင်မဖို့စာရာ အသင်းတော် တာဝန် ဖြစ်တေ။ ယင်းအတွက်န ခရစ်တော်ကို ကျုံစာ မိန်းမရို့ မိသားစုအထဲမာ မဆမ လိုင်းကေယောက် ဟိရေဆိုကေ သူရို့ ကိုယ်တိုင် ထိုမဆမရို့ကို ကြည့်ရှုစောင်မကတ်။ မဆမရို့ကို ကြည့်ရှုစောင်မဖို့စာ တာဝန်ကို အသင်းတော်မာ တင်ရို့ မအပ်သင့်။

အသင်းတော်ကို အုပ်ချုပ်သူရို့ အကြောင်း

17အသင်းတော်ကို အလှပပျင်ရို့ အုပ်ချုပ်စာ ဂေါင်းဆောင်အကြီးရို့စာ လုံလောက်စာ လုပ်ခန ထိုက်တန်စာ ရိုသေခြင်းကို ရသင့်ရေ။ အရေးကြီးဆုံး ဖြစ်တေကား တရားဟောပြောစာန သွန်သင်ပီးစာ အလုပ်မာ ကြိုးစားအားထုတ်ရို့ လုပ်သူရို့စာ ထို ရိုသေခြင်း နှစ်မျိုးကို ရသင့်ရေ။ 18အကြောင်းကား ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “တလင်းပတ်စာ နွားတွီးကို နသွီးချုပ် မတပ်ရ။” အရာတစ်ပြန် ရွီးရို့ ဟိရေ၊ “အလုပ်သမား တစ်ယောက်စာ ကိုယ့်လုပ်ခကို ရဖို့ထိုက်တန်ရေ။” 19အသူမဆို အသင်းတော် ဂေါင်းဆောင်အကြီးကို ဆန့်ကျင်ရို့ စစ်စွဲချင်ရေဆိုကေ အနည်းဆုံး သက်သီခံနှစ်ယောက် မဟုတ်ကေ သုံးယောက် ပါရဖို့။ ယင်းပိုင် မဟုတ်ဆိုကေ ထိုစစ်စွဲချက်ကို နင် လက်မခံလီကေ့။ 20ယေကေလည်း တစ်ချိုး အသင်းတော် ဂေါင်းဆောင်အကြီးရို့စာ တစ်ခါတစ်ရီ အပြစ် လုပ်ကတ်တေ။ နင် အသင်းတော်မာ ဟိသမျ လူရို့ရှိက သူရို့ အပြစ်တိကို ဖေါ်ပြလီ။ ယင်းပိုင်ဆိုကေ အခြား ဂေါင်းဆောင်ရို့လည်း ကြောက်ကတ်လိမည်။

21ထာဝရဘုရားန ယေရှုခရစ်တော် ရှိမာ အရာ ဂေါင်းခင်ဘုံမာ ကြီးမြတ်စာ အလုပ်တိကို လုပ်နီကတ်စာ ဂေါင်းခင်နတ်သားရို့ ရှိမာ ငါ နင့်ကို ဒေ ပညှတ်ချက် ပီးရေ။ နင် ထို ဟိသမျ အလုပ်ကို လုပ်တေခါ တစ်ယောက်ဖက်ကလည်း မလိုက်လီကေ့။ 22အသူ့ကိုမဆို အသင်းတော် ဂေါင်းဆောင်အကြီး အရာမာ မခန့်ထားခင်အယင်က အလှပ စစ်ဆေးစုံစမ်းရို့ ကြည့်လီ။ အခြားလူရို့ အပြစ်လုပ်တေခါ နင် သူရို့နအတူ ဝင်မပါလီကေ့။ နင် ကိုယ့်ကိုကိုယ် သသန့်ရှရှင်း ထားလီ။

23တိမောသေ၊ နင် မကြာမကြာ အဝမ်းမကောင်း ဖြစ်နီရေ။ ယင်းအတွက်န နင် သက်သက် ရီမသောက်ဘိုင်းန အစာကြီဆီးအဖြစ် စပျစ်ရည် တစ်ဖဲ့ တစ်ဖဲ့စီ သောက်လီ။

24တစ်ချိုးလူရို့မာ အပြစ်တိကို အရွယ်သျှေန မြင်ရရေ အရာ သူရို့မာ အပြစ်ဟိရေဆိုစာကို အားကုံးသူ သိကတ်တေ။ ယေကေလည်း အရာတစ်ချိုးလူရို့မာ အပြစ်တိကို နောက်က ကြာလာရေခါ မြင်ရရေ။ 25ယင်းပိုင်တထန် လူရို့မာ တစ်ချိုး ကောင်းမြတ်စာ အလုပ်တိကို အရွယ်သျှေန မြင်ရရေ အရာတစ်ချိုး ကောင်းမြတ်စာ အလုပ်တိကို အရွယ်သျှေန မမြင်ရကေလည်း နောက်က ကြာလာရေခါ မြင်ရရေ။
Copyright information for RmzSC