2 Corinthians 1

နှုတ်ဆက်ခြင်း

သို့၊ ကောရိန္သုမြို့ အသင်းတော်။

1ငါ ပေါလု၊ ငါစာ ခရစ်တော်ယေရှု၏ တမန်တော် တစ်ယောက် ဖြစ်တေ။ ထာဝရဘုရား ငါ့ကို တမန်တော်အရာမာ ခန့်ထားလီရေ။ ငါန ငါရို့မာ ညီဖြစ်သူ တိမောသေစာ ကောရိန္သုမြို့မာဟိစာ ထာဝရဘုရား၏ အသင်းတော်န အာခါယပြည်နယ်မာ ထာဝရဘုရား၏ ဟိသမျ လူရို့တို့ ဒေ စာစောင်ကို ပို့လိုက်တေ။

2ငါရို့မာ အဖထာဝရဘုရားန အသျှင်ယေရှုခရစ်တော်စာ နင်ရို့ကို ကျေးဇူးတော်န ငြိမ်းချမ်းခြင်း ပီးပါစီ။

ဟိသမျ ငြိမ်းသက်ခြင်း၏ ထာဝရဘုရား

3ထာဝရဘုရား၏ ဘုန်းကြီးပါစီ! သူစာ ငါရို့မာ အသျှင်ယေရှုခရစ်တော်၏ အဖထာဝရဘုရား ဖြစ်တေ။ သူစာ ကရုဏာနပြည့်စုံစာ အဖလည်း ဖြစ်တေ အရာ ဟိသမျ ငြိမ်းသက်ခြင်း၏ ထာဝရဘုရားလည်း ဖြစ်တေ။ 4ငါရို့ ဟိသမျ ဒုက္ခ-ဝေဒနာကို ခံရကတ်တေခါ ထာဝရဘုရားစာ ငါရို့ကို ငြိမ်းသက်ခြင်း ပီးရေ၊ အကြောင်းကား သူ့က ရလိုက်စာ ငြိမ်းသက်ခြင်းကို အခြားလူရို့ ဒုက္ခ-ဝေဒနာကို ခံရကတ်တေခါလည်း ငါရို့ သူရို့ကို ငြိမ်းသက်ခြင်း ပီးဖို့ ရလတ်အောင် ဖြစ်တေ။ 5ငါရို့စာ ခရစ်တော်ပိုင် ဒုက္ခ-ဝေဒနာ အများကြီး ခံရနီကတ်တေ။ ယင်းပိုင်တထန် ငါရို့စာ ခရစ်တော်ကနီရို့ အများကြီး ငြိမ်းသက်ခြင်းကိုလည်း ရနီကတ်တေ။ 6ငါရို့ ဒုက္ခ-ဝေဒနာကို ခံရကတ်တေဆိုကေ နင်ရို့ ငြိမ်းသက်ခြင်းန ကယ်တင်ခြင်းအတွက် ခံရကတ်စာ ဖြစ်တေ။ အရာ ငါရို့စာ ငြိမ်းသက်ခြင်းကို ရကတ်တေဆိုကေ နင်ရို့လည်း ငြိမ်းသက်ခြင်းကို ရကတ်လိမည်။ နင်ရို့ ငါရို့ပိုင်တထန် ဒုက္ခ-ဝေဒနာကို ခံရကတ်တေခါ စိတ်ရှည်သည်းခံခြင်းန နီဖို့အတွက် ထိုငြိမ်းသက်ခြင်းစာ နင်ရို့ကို အကူညီ ပီးလိမည်။ 7နင်ရို့ အကြောင်းနပတ်သပ်ရို့ ငါရို့ ကျုံရို့ စိတ်ချကတ်တေ၊ အကြောင်းကား နင်ရို့ ငါရို့ပိုင်တထန် ဒုက္ခ-ဝေဒနာကို ခံရကတ်တေဆိုကေ ငါရို့ပိုင် ငြိမ်းသက်ခြင်းကိုလည်း ရကတ်လိမည်။

8ငါ့ ညီအစ်ကိုမောင်နမှရို့၊ အာရှိပြည်နယ်မာ ငါရို့ ခံရလီကတ်စာ ဒုက္ခ-ဝေဒနာ အကြောင်းကို ငါရို့ နင်ရို့ကို သိစီချင်ရေ။ ငါရို့ ထိုပြည်နယ်မာ မခံနိုင်လတ်အောင် ကြောက်လန့်စရာ ဖီးဒုက္ခမာ ကျလီကတ်တေ။ ယင်းအတွက်န ငါရို့စာ အသက်အရှင်နီရဖို့ မဟုတ်ပျာ ဟို့ မှတ်ကတ်လီရေ။ 9ဒေ ချိန်းခေါက် ငါရို့ အမှန် သီရကတ်ဖို့ဗျာ ဟို့ မှတ်ကတ်လီရေ။ ယေကေလည်း ငါရို့စာ ကိုယ်ရို့ကို အားမကိုးဘိုင်းန သီသူရို့ကို ပြန်ရှင်ထမြောင့်စီနိုင်စာ ထာဝရဘုရားကို အားကိုးပတ်စီအတွက် ငါရို့ ထိုဖီးဒုက္ခမာ ကျလီကတ်စာ ဖြစ်တေ။ 10ထာဝရဘုရားစာ ငါရို့ကို သီရဖို့စာ ဖီးဒုက္ခက ကယ်ဆယ်လီရေ။ သူစာ အရာတစ်ပြန် ငါရို့ကို ကယ်ဆယ်ဖို့သိ။ ထာဝရဘုရား ငါရို့ကို အမြဲတိုင်း ကယ်ဆယ်နီမည် ဟို့ ငါရို့ သူ့ကို မျှော်လင်းနီကတ်တေ။ 11နင်ရို့လည်း ငါရို့အတွက် ဆုတောင်းပီးရို့ ငါရို့ကို ကူညီကတ်။ ယင်းပိုင်ဆိုကေ လူအများကြီး ဆုတောင်းရေအတွက်န ထာဝရဘုရားစာ ငါရို့ကို ပဿိ ပီးလိမည်။ အရာ ငါရို့ ပဿိကို ရကတ်တေအတွက်န လူအများကြီး ထာဝရဘုရားကို ကျေးဇူးတင်ကတ်လိမည်။

ပေါလု၏ ရွယ်မှတ်ချက် ပြောင်းလှဲခြင်း

12ငါရို့မာ ဘော်ကြော့ကြင်းစရာ အကြောင်းတစ်ခု ဟိရေ။ ယင်းအကြောင်းစာ ဒေပိုင်၊ ထာဝရဘုရားက ရကတ်စာ ဖြူစင်ခြင်းစိတ်န နုညံ့စာစိတ်ကို ထားရို့ ငါရို့ လောကသားရို့နအတူ နီထိုင်လီကတ်တေ၊ အရေးကြီးဆုံး ဖြစ်တေကား နင်ရို့နအတူ နီထိုင်လီကတ်တေ။ ငါရို့စာ လောက၏ ညာဏ်ပညာန နီထိုင်လီကတ်စာ မဟုတ်။ ယင်းထက်ပင် ထာဝရဘုရား၏ ကျေးဇူးတော်အောက်မာ နီထိုင်လီကတ်စာ ဖြစ်တေ။ ထိုအကြောင်းကို ငါရို့မာ အသိညာဏ်လည်း သက်သီပီးရေ။ 13 14နင်ရို့ ဖတ်ရို့ နားလည်နိုင်ဖို့စာ အကြောင်းတိကိုရာ ငါရို့ နင်ရို့တို့ ရွီးရို့ ပို့လိုက်တေ။ ငါရို့ သွန်သင်ချက်ကို နင်ရို့ တစ်ဖဲ့သျှေ နားလည်စာပိုင် အသျှင်ယေရှု ပြန်ရို့ ကြွလာဖို့စာနိမာ အားကုံးစာကို အပြည့်အစုံ နားလည်ကတ်လိမည်။ ယင်းခါ နင်ရို့ ငါရို့အတွက် ဘော်ကြော့ကြင်းစရာ ဖြစ်ကတ်စာပိုင် ငါရို့လည်း နင်ရို့အတွက် ဘော်ကြော့ကြင်းစရာ ဖြစ်ကတ်ဖို့ဆိုစာကို ငါရို့ မျှော်လင်းနီကတ်တေ။

15ငါ စိတ်ချရို့ရစာကား၊ ငါရို့ ရွယ်မှတ်ချက်ကို နင်ရို့ နားလည်ကတ်ဖို့။ ယင်းအတွက်န နင်ရို့ ပဿိ နှစ်ခေါက် ရကတ်ပတ်စီအတွက် ငါ နင်ရို့တို့ အရာတစ်ပြန် လားဖို့ ဆိုပြီးကေ ဆုံးဖြတ်လီရေ။ 16ငါ ဆုံးဖြတ်လီစာကား၊ ငါ မာကေဒေါနိပြည်နယ်တို့ လားရေခါ လမ်းတစ်ပိုင်းမာ နင်ရို့န အတွိခံဖို့ အရာ မာကေဒေါနိပြည်နယ်က ပြန်လာရေခါလည်း နင်ရို့တို့ ဝင်ခဖို့၊ အကြောင်းကား ငါ ယုဒပြည်နယ်တို့ ပြန်လားဖို့အတွက် ငါ နင်ရို့က အကူညီတောင်းချင်ရေ။ 17ငါ လောကသားရို့ပိုင် အလှပ မစဉ်းစားဘိုင်း စီစဉ်လီရေ ဟို့ နင်ရို့ ထင်ကတ်စာလော? သူရို့ အစီစဉ်ချရေခါ တစ်ချိန်တည်းမာ “ဟုတ်တေ” အရာ “မဟုတ်” ဟို့ ပြောကတ်တေ။ ငါလည်း ယင်းပိုင် စီစဉ်ရေလော?

18ထာဝရဘုရား သစ္စာနပြည့်စုံစာပိုင် နင်ရို့ဘားမာ ငါရို့ ဟောပြောလီစာ စကားလည်း တစ်ချိန်တည်းမာ “ဟုတ်တေ” အရာ “မဟုတ်” မဖြစ်။ 19အကြောင်းကား သိလန တိမောသေ ငါနအတူ နင်ရို့ဘားမာ ဟောပြောလီကတ်စာ ထာဝရဘုရား၏ သားတော် ယေရှုခရစ်တော်စာ တစ်ချိန်တည်းမာ “ဟုတ်တေ” အရာ “မဟုတ်” မဖြစ်။ သူစာ အမြဲတိုင်း “ဟုတ်တေ။” 20ထာဝရဘုရား၏ ဟိသမျ ဂတိတော်စာ ယေရှုခရစ်တော်ကနီရို့ “ဟုတ်တေ” ဟို့ ဖြည့်ပီးရေ။ ယင်းအတွက်န ထာဝရဘုရား ဘုန်းတန်ခိုးကို ခံရဖို့အတွက် ငါရို့စာ ယေရှုခရစ်တော်ကနီရို့ “အာမန်” ဟို့ ပြောကတ်တေ။ 21ထာဝရဘုရားရာ ငါရို့န နင်ရို့ကို ခရစ်တော်န တစ်ကိုယ်တည်း ဖြစ်စီရို့ တည်မြဲအောင် လုပ်နီရေ။ သူစာ ငါရို့ကို သန့်ရှင်းသူအဖြစ် ရွီးကောက်ရို့ အခြားခွဲထားဗျာ၊ 22ယင်းအဓိပ္ပါယ်ကား သူစာ ကိုယ့်လူအဖြစ် ငါရို့ကို တံဆိပ်ရိုက်ရို့ ထားဗျာ။ အရာ သူစာ ငါရို့ဘားမာ ခံထားစာ ဟိသမျ ဂတိတော်၏ အာမခံအဖြစ် သန့်ရှင်းသောဝိညာဉ်တော်ကို ငါရို့ စိတ်နှလုံးမာ သွင်းထားဗျာ။

23ငါ အမှန် ထာဝရဘုရား၏ ရှိက အကျိန်သစ္စာ ကိုင်ရို့ ပြောရေ၊ ငါ နင်ရို့ကို အပြစ်ဒါဏ်က ရွတ်စီချင်ရေအတွက်န ငါ ကောရိန္သုမြို့တို့ ပြန်ရို့ မလားလီစာ ဖြစ်တေ။ 24နင်ရို့ ဇာကို ကျုံရဖို့လည်းဆိုစာ အကြောင်းနပတ်သပ်ရို့ ငါရို့စာ နင်ရို့ကို ထိန်းချုပ်ရို့ မထားချင်။ ယင်းထက်ပင် နင်ရို့ စိတ်ပျော်ကတ်ပတ်စီအတွက် ငါရို့စာ နင်ရို့နအတူ အလုပ် လုပ်နီချင်ရေ၊ အကြောင်းကား နင်ရို့မာ ကျုံခြင်းတရားစာ ခိုင်မာခြင်း ဟိရေ။
Copyright information for RmzSC