2 Corinthians 5

ငါရို့မာ ကိုယ်ခန္ဓာ အသစ်

1ဒေ ကမ္ဘာမာ တဲအိမ်အဖြစ် ငါရို့ နီထိုင်ကတ်စာ ငါရို့မာ အားနည်းစာ ကိုယ်ခန္ဓာစာ ပျက်စီးလားဖို့ဆိုစာကို ငါရို့ သိရေ။ ယေကေလည်း ငါရို့အတွက် ထာဝရဘုရား ဆောက်ထားစာ အိမ်တစ်ဆောင် ဟိရေ။ ယင်းအဓိပ္ပါယ်ကား ကိုယ်ခန္ဓာတစ်ခု ဟိရေ။ ထိုအိမ်စာ လူအလက်န ဆောက်စာအိမ် မဟုတ်၊ ယေကေလည်း ထာဝရပတ်လုံး ဂေါင်းခင်ဘုံမာ တည်မြဲနီစာအိမ် ဖြစ်တေ။ 2ငါရို့ ဒေ ခန္ဓာမာ နီထိုင်သရိကို စိတ်အားညောနီရေအတွက်န အသက်ကြီးချရို့ နီကတ်တေ အရာ ငါရို့ ခန္ဓာကို ဂေါင်းခင်ဘုံမာဟိစာ ခန္ဓာအသစ်န ဖုံးဖို့အတွက် ငါရို့ ကောင်းကောင်း တောင်းတနီကတ်တေ။ 3အကြောင်းကား ငါရို့ ထိုခန္ဓာအသစ်ကို ရကတ်တေဆိုကေ ငါရို့စာ ကိုယ်ခန္ဓာ မဟိစာ ဝိညာဉ် ဖြစ်ဖို့ မဟုတ်ပျာဆိုစာကို ငါရို့ ကျုံရေ။ 4အမှန် ငါရို့စာ ဒေ အားနည်းစာ ကိုယ်ခန္ဓာမာ နီထိုင်သရိကို ဝန်လီးရွက်ရို့ အသက်ကြီးချနီကတ်တေ။ ငါရို့ ဒေဂု ခန္ဓာကို စွန့်ချင်ကတ်စာ မဟုတ်၊ ယေကေလည်း ငါရို့စာ ကိုယ်ရို့မာ သင်္ခါရ ခန္ဓာကို ထိုခန္ဓာအသစ်န ဖုံးချင်ကတ်တေ၊ အကြောင်းကား ငါရို့မာ သင်္ခါရ ခန္ဓာစာ ထာဝရပတ်လုံး တည်မြဲစာ ခန္ဓာ ဖြစ်လားလီဖို့ဗျာ။ 5ကိုယ်ခန္ဓာ အသစ်ကို ရဖို့အတွက် ထာဝရဘုရားစာ ငါရို့ကို အဆင်သင့် လုပ်လီရေ အရာ သူစာ အာမခံချက် တံဆိပ်အဖြစ် သန့်ရှင်းသောဝိညာဉ်တော်ကို ငါရို့ စိတ်နှလုံးမာ သွင်းပီးလီရေ။

6ငါရို့ ဒေ ခန္ဓာ-တဲအိမ်မာ နီထိုင်သရိကာလပတ်လုံး အသျှင်ထာဝရဘုရားန အဝီး နီရကတ်ဖို့ဆိုစာကို ငါရို့ သိရေ၊ ယေကေလည်း ငါရို့မာ အမြဲတိုင်း ရဲဝံ့သတ္တိ ဟိရေ။ 7အကြောင်းကား ငါရို့စာ ကျုံခြင်းတရားကနီရို့ နီထိုင်ကတ်တေ၊ ယေကေလည်း မျက်စိန မြင်ရစာတိကနီရို့ နီထိုင်ကတ်စာ မဟုတ်။ 8ယင်းအတွက်န ငါရို့မာ ရဲဝံ့သတ္တိ ဟိရေ အရာ ငါရို့စာ ကိုယ်ရို့မာ ခန္ဓာ-တဲအိမ်ကို စွန့်ရို့ အသျှင်နအတူ နီထိုင်စာ ကောင်းဖို့ ဟို့ ထင်ကတ်တေ။ 9ယင်းအတွက်န ငါရို့စာ ခန္ဓာ-တဲအိမ်မာ နီထိုင်ရေ ဖြစ်စီ၊ မနီထိုင် ဖြစ်စီ၊ အသျှင်ကို နှစ်သက်အောင် လုပ်ဖို့စာရာ ငါရို့မာ ရွယ်မှတ်ချက် ဖြစ်တေ။ 10အကြောင်းကား ငါရို့ အားကုံးသူ ခရစ်တော်၏ တရားပလ္လင်တော် ရှိက ရပ်ကတ်ရဖို့။ တရားစစ်ဆေးရေနိမာ ငါရို့ ဒေ ကိုယ်ခန္ဓာမာ နီထိုင်ရေခါ အကောင်း-အဆိုး လုပ်လီကတ်စာ ဟိသမျ အလုပ်န ထိုက်တန်စာ အကျိုးကို ခံရကတ်ဖို့။

ထာဝရဘုရားန ပြန်ပေါင်းခြင်း

11အသျှင်ကို ကြောက်လန့်ခြင်း ဇာလည်းဆိုစာကို ငါရို့ သိရေ။ ယင်းအတွက်န လူရို့ မှန်ကန်ခြင်းတရားကို ကျုံလတ်အောင် ငါရို့စာ ကြိုးစားအားထုတ်ရို့ နီကတ်တေ။ ငါရို့ ဇာပိုင်ဇတ် လူလည်းဆိုစာကို ထာဝရဘုရား သိရေ။ အရာ နင်ရို့လည်း စိတ်နှလုံးထဲကပင် ငါရို့ကို ပပွင့်လလင်း သိကတ်မည် ဟို့ ငါရို့ ထင်ရေ။ 12ထိုစကားတိကို ပြောရို့ ငါရို့ အရာတစ်ပြန် ကိုယ်ရို့ကို ချီမွမ်းကတ်စာ မဟုတ်၊ ယေကေလည်း ငါရို့ အကြောင်းနပတ်သပ်ရို့ နင်ရို့ ဘော်ကြော့ကြင်းဖို့စာ အကြောင်းကို ပြပီးစာ ဖြစ်တေ။ ယင်းပိုင်ဆိုကေ လူရို့ အကျင့်သီလကို မကြည့်ဘိုင်းန မျက်နှာကို ကြည့်ရို့ ဘော်ကြော့ကြင်းနီသူရို့ကို နင်ရို့ အဖြေပီးဖို့ နိုင်ကတ်လိမည်။ 13ငါရို့ ပြောစာစကားစာ အရူးစကားနတူရေဆိုကေ ထာဝရဘုရားဘားမာ ပြောစာ ဟို့ မှတ်ကတ် အရာ ငါရို့ ပြောစာစကားကို နင်ရို့ နားလည်ရေဆိုကေ နင်ရို့ဘားမာ ပြောစာ ဟို့ မှတ်ပြီးကေ နင်ရို့ လက်ခံကတ်။ 14ခရစ်တော်၏ ချစ်ခြင်းမေတ္တာစာ ငါရို့ကို ထိန်းသိမ်းရို့ ထားရေ၊ အကြောင်းကား အားကုံးသူအတွက် တစ်ယောက် အသီခံလီရေဆိုစာကို ငါရို့ ကျုံရေ။ ယင်းအတွက်န သူနအတူ အားကုံးသူ အသီခံကတ်လီရေ။ 15ခရစ်တော်စာ အားကုံးသူအတွက် အသီခံလီရေ။ ယင်းအတွက်န အသက်အရှင် ဟိသူရို့စာ ကိုယ်ရို့အတွက် အသက်ရှင်ဖို့ မသင့်ကတ်ပျာ။ ယင်းထက်ပင် ကိုယ်ရို့အတွက် အသီခံရို့ ပြန်ရှင်ထမြောင့်လီစာ အသျှင်အတွက် အသက်ရှင်ဖို့ သင့်ကတ်တေ။

16ယင်းအတွက်န ဒေဂုကပင် ငါရို့ လူမျက်နှာကို ကြည့်ရို့ တရားမစစ်ဆေးကတ်ပျာ။ ငါရို့ အယင်ခါ ခရစ်တော်ကို ယင်းပိုင် တရားစစ်ဆေးလီကတ်တေ၊ ယေကေလည်း ငါရို့ ဒေဂု ယင်းပိုင် တရားမစစ်ဆေးကတ်ပျာ။ 17အသူမဆို ခရစ်တော်န တစ်ကိုယ်တည်း ဖြစ်တေဆိုကေ သူစာ အသစ် ဖန်ဆင်းခြင်းကို ခံရရေ။ သူ့မာ ဟိသမျ ဟောင်းနွမ်းစာတိ ကွယ်ပျောက်လားခရို့ ဟိသမျ အားကုံးစာ အသစ် ဖြစ်လာရေ။ 18ထို ဟိသမျ အားကုံး ထာဝရဘုရားကရာ လာရေ။ ထာဝရဘုရားစာ ငါရို့ကို ခရစ်တော်ကနီရို့ ကိုယ်န ပေါင်းပီးလီရေ အရာ သူစာ အခြားလူရို့ကို ကိုယ်န ပေါင်းပီးဖို့အတွက် ငါရို့ကို တာဝန် ပီးလီရေ။ 19ယင်းအဓိပ္ပါယ်ကား၊ ထာဝရဘုရားစာ လူရို့အပြစ်ကို မှတ်ရို့ မထားဘိုင်း ခရစ်တော်ကနီရို့ လူရို့ကို ကိုယ်န ပြန်ပေါင်းလီရေ အရာ ထိုပေါင်းပီးခြင်း သတင်းကို ဟောပြောဖို့အတွက် သူစာ ငါရို့ကို တာဝန် ပီးလီရေ။

20ယင်းအတွက်န ငါရို့စာ ခရစ်တော်၏ အမတ်အဖြစ် သူ့တက်စား စကား ပြောနီကတ်တေ။ အရာ ထာဝရဘုရား ကိုယ်တိုင် ငါရို့ကနီရို့ လူရို့ကို တောင်းပန်နီရေ။ ယင်းအတွက်န ငါရို့စာ ခရစ်တော်တက်စား နင်ရို့ကို မေတ္တာရပ်ခံရေ၊ “နင်ရို့ ထာဝရဘုရားန ပြန်ပေါင်းကတ်။” 21ယေရှုခရစ်တော်မာ အပြစ်တစ်ခုလည်း မဟိလီ။ ယေကေလည်း ထာဝရဘုရားစာ ငါရို့မာ ဟိသမျ အပြစ်ကို ခရစ်တော်ဘားမာ တင်ပီးလီရေ၊ အကြောင်းကား ခရစ်တော်န တစ်ကိုယ်တည်း ဖြစ်ခြင်းကနီရို့ ထာဝရဘုရားစာ ငါရို့ကို ကိုယ့်ပိုင်တထန် သူတော်ကောင်း ဖြစ်စီချင်ရေ။
Copyright information for RmzSC