Acts 1

ထာဝရဘုရား၏ ဂတိတော်

1 2သို့၊ ဆရာ သော်ဖိလု။

အသျှင်ယေရှု ဂေါင်းခင်ဘုံတို့ မကြွခင်အယင်က သူလုပ်လီစာန သွန်သင်ပီးလီစာ ဟိသမျ အားကုံးကို အကျွန့် ပထမ ကျမ်းစာအုပ်မာ ရွီးလီပါရေ။ ယေရှု ရွီးကောက်ယူလီစာ တမန်တော်ရို့ကို သူ ဂေါင်းခင်ဘုံတို့ မကြွခင်အယင်က သန့်ရှင်းသောဝိညာဉ်တော်အားန အမျိုးမျိုးပိုင် မှာခလီပါရေ။
3ယေရှု အသီခံပြီးရေနောက် တမန်တော်ရို့ဘားမာ အမြင်ခံလီပါရေ အရာ သူအရှင် ဟိရေဆိုစာကို ကျုံလတ်အောင် အများကြီး သက်သီပြလီပါရေ။ ယေရှု ရက်ပေါင်း လေးဆယ်တိုင်အောင် တမန်တော်ရို့ဘားမာ အမြင်ခံရို့ ထာဝရဘုရား၏ နိုင်ငံတော် အကြောင်းကို ပြောပြလီပါရေ။ 4တစ်ရက်နိ ယင်းအချိန်ခါ ယေရှုစာ ကိုယ့်တမန်တော်ရို့နအတူ ဟိလီပါရေ။ ယင်းခါ တမန်တော်ရို့ကို ဒေပိုင် အာဏာပီးလီပါရေ၊ “ငါ့အဖ ပီးဖို့ ဂတိခံလီစာ ဆုကျေးဇူး စကားကို နင်ရို့ ငါ့က ကြားရကတ်ပျာ။ ယင်းအတွက်န နင်ရို့ ယေရုရှလင်မြို့က ထွက်ရို့ မလားဘိုင်းန ထိုဆုကျေးဇူးကို စောင့်နီလီကတ်။ 5ထာဝရဘုရား၏ ကျွန် ယောဟန်စာ သက်သက် ရီမာရာ ရီနှစ်မင်္ဂလာ ပီးလီရေ။ ယေကေလည်း နင်ရို့ လိုင်းကေရက်အထဲတွင်းမာ ထိုဂတိတော်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်န ရီနှစ်မင်္ဂလာ ခံရကတ်လိမည်။”

ယေရှု ဂေါင်းခင်ဘုံတို့ ကြွခြင်း

6ယင်းနောက် တမန်တော်ရို့စာ တစ်စုတည်းစုရို့ ယေရှုကို မီးကတ်လီရေ၊ “အသျှင်၊ ကိုယ်တော် ဒေ အချိန်မာ အကျွန်ရို့ ဣသရေလလူမျိုးရို့ နိုင်ငံကို ပြန်ရို့ အုပ်ချုပ်ဖို့ ပီးပါဖို့စာလော?”

7ယေရှုစာ တမန်တော်ရို့ကို ပြောလီရေ၊ “ဒေ နိုင်ငံ၏ အချိန်န ကာလကို ငါ့အဖ ကိုယ်တိုင် ပိုင်ဆိုင်ရို့ ထားရေ။ ယင်းသျှင့်ကို နင်ရို့ကို သိဖို့ မပီးသိ။ 8ယေကေလည်း နင်ရို့ဘားမာ သန့်ရှင်းသောဝိညာဉ်တော် ဆင်းလာရေခါ နင်ရို့ တန်ခိုးကို ရကတ်လိမည်။ အရာ ယေရုရှလင်မြို့ကပင်စရို့ ယုဒပြည်နယ်၊ ရှမာရိပြည်နယ် အရာ ကမ္ဘာအစွမ်းတိုင်အောင် နင်ရို့ ငါ့သက်သီခံ ဖြစ်ကတ်လိမည်။” 9ထိုစကားကို ပြောပြီးရေနောက် ယေရှုစာ တမန်တော်ရို့ ရှိက တင်ယူခြင်းကို ခံရလီရေ အရာ သူစာ မိုးရိပ်တစ်ခဲ ကွယ်ရို့ ကြွလားခလီရေ။ 10အသျှင်ယေရှု ဂေါင်းခင်ဘုံတို့ ကြွလီရေခါ တမန်တော်ရို့စာ ဂေါင်းခင်တို့ မော်ရို့ ကြည့်နီကတ်လီရေ။ ယင်းအချိန်ခါ အဝတ်ဖြူဝတ်ရို့ လူနှစ်ယောက် တမန်တော်ရို့အနားမာ ရပ်ရို့ ပြောလီရေ၊ 11“ဂါလိလဲပြည်နယ်သားရို့၊ နင်ရို့ ဇာဖို့ ဂေါင်းခင်တို့ မော်ကြည့်ရို့ ရပ်နီကတ်စာလည်း? ယေရှု နင်ရို့ ရှိက ဂေါင်းခင်ဘုံတို့ တင်ယူခြင်းကို ခံရလီစာပိုင် အရာ နင်ရို့ သူ့ကို ဂေါင်းခင်ဘုံတို့ ကြွလားခစာကို မြင်လိုက်စာပိုင် သူစာ ပြန်ရို့ ကြွလာဖို့။”

ယုဒရှကာရုတ်အရာမာ မောင်သဲကို ရွီးကောက်ခြင်း

12ယင်းနောက် တမန်တော်ရို့စာ သံလွင်တောင်ကနီရို့ ယေရုရှလင်မြို့တို့ ပြန်လာကတ်လီရေ။ ထိုသံလွင်တောင်စာ ယေရုရှလင်မြို့ကနီရို့ မိုင်ခွဲ အဝီး ဟိလီရေ။ 13တမန်တော်ရို့ မြို့ထဲတို့ ရောက်ကတ်တေခါ အယင် နီခကတ်စာ အိမ်မာ အထက်ဆင့်တို့ တက်ကတ်လီရေ။ ထိုတမန်တော်ရို့ နာမည်ကား၊ ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲသား ယာကုပ်၊ ကိုယ့်လူမျိုးကို ချစ်သူ ရှိမုန် အရာ ယာကုပ်မာသား ယုဒ ဖြစ်တေ။ 14တမန်တော်ရို့ အားကုံးသူ အမြဲတိုင်း တစ်စိတ်တည်းပျင်ရို့ ထာဝရဘုရားဘားမာ ဆုတောင်းရို့ နီလီကတ်တေ။ သူရို့နအတူ ယေရှုနောက်က လိုက်လာကတ်စာ တပည့်မရို့န ယေရှုအမိ မာရိ အရာ သူ့မာ ညီရို့လည်း ဟိကတ်လီရေ။

15တစ်ရက်နိ ယင်းအချိန်မာ ပေတရုစာ ခရစ်တော်ကို ကျုံသူ တစ်ရာ့နှစ်ဆယ်လှောက် ရှိက ရပ်ရို့ ပြောလီရေ၊ 16 17“ညီအစ်ကိုမောင်နမှရို့၊ သန့်ရှင်းသောဝိညာဉ်တော်စာ အယင်ကပင် ဒါဝိဒ်မင်းပစကနီရို့ ယုဒရှကာရုတ် အကြောင်းကို ပြောလီရေ။ ထိုအကြောင်းစာ ကျမ်းစာမာ ရွီးရို့ ဟိရေအတိုင်း မဖြစ်ဖြစ်အောင် ပြည့်စုံရဖို့။ ထိုယုဒရှကာရုတ်စာ ငါရို့နအတူ ဟိလီရေ အရာ ငါရို့နအတူ အလုပ်လုပ်ဖို့အတွက် သူ့ကို ရွီးကောက်ယူလီရေ၊ ယေကေလည်း ထိုယုဒရှကာရုတ်စာ ယေရှုကို ဖမ်းလီကတ်စာ လူရို့ကို လမ်းပြရို့ ယူလားခလီရေ။”

18ထိုယုဒရှကာရုတ်စာ မကောင်း အလုပ်ကို လုပ်ရို့ ရစာတန်းကားန လယ်တစ်ကွက် ဝယ်လီရေ၊ အရာ သူစာ ထိုလယ်မာ လဲရို့ အဝမ်းပေါက်ရို့ အသည်းအူ ထွက်လားခလီရေ။ 19ယေရုရှလင်မြို့သား အားကုံးသူ ထိုစကားကို ကြားရကတ်လီရေ။ ယင်းအတွက်န ထိုလယ်ကို သူရို့စကားန “အကေလဒမ” ဟို့ ခေါ်ရေ။ ဒေ စကား အဓိပ္ပါယ်ကား သွီးလယ်ပြင် ဟို့ ခေါ်ရေ။

20ယင်းနောက် ပေတရုစာ ပြောလီရေ၊ “ဆာလံကျမ်းမာ ရွီးရို့ ဟိရေ၊
‘သူနီစာအိမ်စာ လူမနီစာ အိမ် ဖြစ်စီ၊
ယင်းအိမ်မာ တစ်ယောက်လည်း မနီကေ့။’

အရာလည်း ရွီးရို့ ဟိရေ၊
‘သူ့မာ အကြီးအရာကို အခြားတစ်ယောက် ယူလားလီ။’

21 22“ယင်းအတွက်န ယေရှု သီရာက ပြန်ရှင်ထမြောင့်ခြင်းကို ငါရို့နအတူ သက်သီပီးဖို့အတွက် အခြားတစ်ယောက်ကို ငါရို့ တမန်တော်ရို့အဖွဲ့မာ ရွီးကောက်ယူရဖို့။ သူစာ ထာဝရဘုရား၏ ကျွန် ယောဟန် ရီနှစ်မင်္ဂလာ ပီးရေနိကပင်စရို့ အသျှင်ယေရှုကို ငါရို့က ဂေါင်းခင်ဘုံတို့ တင်ယူလားခစာအချိန်တိုင်အောင် ငါရို့နအတူ အလားအလာဟိသူတစ်ယောက် ဖြစ်ရဖို့။”

23ယင်းခါ တမန်တော်ရို့စာ လူနှစ်ယောက်မာ တစ်ယောက်ကို ရွီးကောက်ဖို့အတွက် ဆုံးဖြတ်ကတ်လီရေ။ ထိုသူရို့နှစ်ယောက်စာ ယောသပ်န မောင်သဲ ဖြစ်တေ။ ထိုယောသပ်ကို ဗာရှာဗန ယုတ္တု ဟို့ ခေါ်ကတ်တေ။ 24 25ယင်းနောက် ဆုတောင်းကတ်လီရေ၊ “အိုး အသျှင်၊ ကိုယ်တော်ကား အားကုံးသူ စိတ်နှလုံးကို သိပါရေ။ ယုဒရှကာရုတ်စာ ကိုယ့်နေရာတို့ လားဖို့ လိုရို့ တမန်တော်အရာကို ဖြုတ်ရို့ လားခပါဗျာ။ ယင်းအတွက်န ဒေဂု ဒေ နှစ်ယောက်မာ တစ်ယောက်ကို တမန်တော် တစ်ဆယ့်တစ်ယောက်အဖွဲ့မာ အလုပ်လုပ်ဖို့အတွက် ကိုယ်တော် ရွီးကောက်ထားသူကို အကျွန်ရို့ကို ပြပီးပါ။” 26သူရို့ မဲကောက်လီရေခါ မောင်သဲနာမည် ပေါ်လီရေ။ ယင်းအတွက်န မောင်သဲကို ယုဒရှကာရုတ်တက်စား ထိုတမန်တော် တစ်ဆယ့်တစ်ယောက်အဖွဲ့မာ သွင်းကတ်လီရေ​။
Copyright information for RmzSC