Acts 15

ယေရုရှလင်မြို့မာ တိုင်ဘင်ခြင်း

1 ယုဒပြည်နယ်က လူလိုင်းကေယောက် ရှုရိပြည်နယ်မာဟိစာ အန္တိအုတ်မြို့တို့ လာကတ်လီရေ။ အရာ သူရို့စာ ယုဒမဟုတ်စာ ကျုံသူရို့ကို ဒေပိုင် ပြောရို့ သွန်သင်ပီးလီရေ၊ “မောရှေ၏ ပညှတ်တရားအတိုင်း နင်ရို့ အရီဖျားလှီးမင်္ဂလာကို ခံယူကတ်ရဖို့။ ယင်းပိုင် မဟုတ်ဆိုကေ နင်ရို့ တစ်ခါလည်း ကယ်တင်ခြင်းကို ရကတ်လိမည် မဟုတ်။” 2ယင်းအတွက်န ပေါလုန ဗာနဗစာ သူရို့န ကောင်းကောင်း အငြင်းအခုံ ဖြစ်ကတ်လီရေ။ ယင်းနောက် ပေါလုန ဗာနဗစာ အန္တိအုတ်မြို့က ကျုံသူ လိုင်းကေယောက်ကို ယူလားရို့ ယေရုရှလင်မြို့မာ ဟိသမျ တမန်တော်ရို့ အရာ အသင်းတော် ဂေါင်းဆောင်အကြီးရို့နအတူ ထိုအကြောင်းကို တိုင်ဘင်ဖို့အတွက် ဆုံးဖြတ်ကတ်လီရေ။ 3သူရို့ လားဖို့အတွက် အန္တိအုတ်မြို့မာဟိစာ အသင်းတော်လူရို့စာ စီစဉ်ရို့ ပီးကတ်လီရေ။

ယေရုရှလင်မြို့တို့ လားသူရို့စာ ဖိနိတ်ပြည်နယ်န ရှမာရိပြည်နယ်အထဲက ဝင်ရို့ လားကတ်လီရေ။ ယင်းအချိန်ခါ ပေါလုန ဗာနဗစာ ထိုပြည်နယ်တိမာဟိစာ အသင်းတော် လူရို့ဘားမာ ယုဒမဟုတ်သူရို့ ထာဝရဘုရားကို ကျုံလာကတ်စာ အကြောင်းကို ပြောပြကတ်လီရေ။ ကျုံသူညီအစ်ကိုမောင်နမှရို့ အားကုံးသူ ထိုသတင်းကို ကြားရို့ ကောင်းကောင်း ပျော်ကတ်လီရေ။
4ပေါလုန ဗာနဗ ယေရုရှလင်မြို့တို့ ရောက်ကတ်တေခါ အသင်းတော် လူရို့၊ တမန်တော်ရို့ အရာ အသင်းတော် ဂေါင်းဆောင်အကြီးရို့စာ သူရို့ကို ကြိုဆိုလက်ခံကတ်လီရေ။ ယင်းနောက် ပေါလုန ဗာနဗစာ ကိုယ်ရို့ကနီရို့ ထာဝရဘုရား လုပ်လီစာ အလုပ်အကြောင်းတိကို အသင်းတော် လူရို့ဘားမာ ပြောပြကတ်လီရေ။

5ယင်းနေရာမာ ဖာရိရှဲအဖွဲ့သားရို့အထဲက ကျုံသူလိုင်းကေယောက် ဟိကတ်လီရေ။ ထိုကျုံသူရို့စာ ထရို့ ပြောကတ်လီရေ၊ “ယုဒမဟုတ်သူရို့စာ အရီဖျားလှီးမင်္ဂလာကို ခံယူကတ်ရဖို့ အရာ မောရှေ၏ ပညှတ်တရားကို လိုက်နာဖို့အတွက် သူရို့ကို အာဏာပီးကတ်ရဖို့။”

6ယင်းခါ တမန်တော်ရို့န အသင်းတော် ဂေါင်းဆောင်အကြီးရို့စာ ထိုအကြောင်းတိကို တိုင်ဘင်ဖို့အတွက် တစ်နေရာမာ စုကတ်လီရေ။ 7ထိုအကြောင်းကို တအောင့် တိုင်ဘင်ရို့ ပြီးရေခါ ပေတရုစာ ထရို့ ပြောလီရေ၊ “ညီအစ်ကိုရို့၊ နှစ်ပေါင်းများစွာ အယင်ကပင် ထာဝရဘုရား အကျွန့်ကို ကိုယ်ဘင်ရို့အထဲက ရွီးကောက်ယူပြီးကေ ယုဒမဟုတ်သူရို့ဘားမာ သတင်းကောင်းကို ဟောပြောဖို့ ခိုင်းလီပါရေ။ အရာ အကျွန် ဟောပြောစာ သတင်းကောင်းကို ယုဒမဟုတ်သူရို့ ကြားရို့ ကျုံလီကတ်တေဆိုစာကို ကိုယ်ဘင်ရို့ အားကုံးသူ သိကတ်ပါရေ။ 8ထာဝရဘုရားစာ ဟိသမျ လူရို့ စိတ်နှလုံးကို သိပါရေ။ ထာဝရဘုရား အကျွန်ရို့ကို သန့်ရှင်းသောဝိညာဉ်တော် ပီးလီစာပိုင် ယုဒမဟုတ်သူရို့ကိုလည်း သန့်ရှင်းသောဝိညာဉ်တော်ကို ပီးလီပါရေ။ အရာ သန့်ရှင်းသောဝိညာဉ်တော်စာ ယုဒမဟုတ်သူရို့လည်း ကယ်တင်ခြင်းကို ရကတ်ပျာ ဟို့ သက်သီ ပီးလီပါရေ။ 9ထာဝရဘုရားစာ အကျွန်ရို့န ယုဒမဟုတ်သူရို့ကို အခြားခွဲရို့ မထားပါ။ သူရို့ ကျုံရေအတွက်န ထာဝရဘုရား သူရို့ စိတ်နှလုံးကို စင်ကြယ်အောင် လုပ်လီပါရေ။ 10ယင်းပိုင်ဆိုကေ အကျွန်ရို့ အဖိုးအဖီးအစိုင်လာရို့၊ မဟုတ်ကေ အကျွန်ရို့ ကိုယ်တိုင် မရွက်နိုင်စာ အလီးကို ယုဒမဟုတ်သူ တပည့်ရို့ကို ရွက်ဖို့ ပီးရို့ ကိုယ်ဘင်ရို့ ဇာဖို့ ထာဝရဘုရားကို စုံစမ်းကတ်ပါစာလည်း? 11အသျှင်ယေရှု၏ ကျေးဇူးတော် အကြောင်းန ယုဒမဟုတ်သူရို့ ကယ်တင်ခြင်းကို ရကတ်စာပိုင် အကျွန်ရို့လည်း ကယ်တင်ခြင်းကို ရကတ်လီရေဆိုစာကို အကျွန်ရို့ ကျုံပါရေ။”

12ပေါလုန ဗာနဗစာ ကိုယ်ရို့ကနီရို့ ယုဒမဟုတ်သူရို့ဘားမာ ထာဝရဘုရား လုပ်လီစာ အံ့ဩဖွယ်-နိမိတ်လက္ခဏာ အလုပ်အကြောင်းတိကို ပြောပြကတ်လီရေ။ ယင်းခါ တိုင်ဘင်နီကတ်စာ လူရို့ အားကုံးသူ တိန်းရို့ နားထောင်ရို့ နီကတ်လီရေ။ 13သူရို့ နှစ်ယောက် ပြောရို့ ပြီးရေနောက် ယာကုပ်စာ ထရို့ ပြောလီရေ၊ “ညီအစ်ကိုရို့၊ အကျွန့်စကားကို နားထောင်ကတ်ပါ။ 14ကိုယ့်လူဖြစ်ဖို့အတွက် ထာဝရဘုရားစာ ယုဒမဟုတ်သူရို့အထဲက လူလိုင်းကေယောက်ကို ရွီးကောက်ယူလီပါရေ။ အရာ ယုဒမဟုတ်သူရို့အတွက်လည်း ထာဝရဘုရား စဉ်းစားရေဆိုစာကို ရှိမုန်-ပေတရု အကျွန်ရို့ဘားမာ ပြောပြလီပါရေ။ 15ပေတရု စကားစာ ဘုရားသတင်းပို့သူရို့ ရွီးထားခစာ စကားနတူပါရေ။ ကျမ်းစာမာ ရွီးရို့ ဟိပါရေ၊
16‘ယင်းနောက် ငါ လာရို့ ပြိုကျလားခစာ ဒါဝိဒ်မင်း၏ နိုင်ငံကို ပြန်ရို့ဆောက်ဖို့၊
အရာ ပြိုပျက်လားခစာတိကိုလည်း ငါ ပြန်ရို့ အသစ်လုပ်ဖို့။

17ယင်းခါ အခြားလူမျိုးရို့စာ ထာဝရဘုရားကို ရှာကတ်လိမည်၊
ယင်းအဓိပ္ပါယ်ကား ယုဒမဟုတ်သူရို့စာ ငါ့ လူဖြစ်ကတ်လိမည်။’

“ထို ဟိသမျ အားကုံးကို လုပ်လီစာ အသျှင်စာ ဒေ စကားကို ပြောလီပါရေ။
18ထိုအကြောင်းတိကို နှစ်ပေါင်းများစွာ အယင်ကပင် ထာဝရဘုရား သိထားလီပါရေ။”

19ယာကုပ်စာ အရာလည်း ပြောလီရေ၊ “ယင်းအတွက်န ထာဝရဘုရားတို့ လာကတ်စာ ယုဒမဟုတ်သူရို့ကို အကျွန်ရို့ ဒုက္ခပီးစာ မသင့်ပါ။ 20ယင်းထက်ပင် သူရို့တို့ ဒေပိုင် စာတစ်ရွက် ရွီးရို့ ပီးကေ ကောင်းပါဖို့၊ ရုပ်တုဘားမာ ပူဇော်စာ မသန့်စင်စာ အစားအစာတိကို မစားရ၊ လိုင်လိမ်ရို့ သတ်စာ အသားကို မစားရ၊ သွီးမစင်စာ အသားကို မစားရ အရာ ဟိသမျ ကာမဂုဏ်ကို မလိုက်စားရ။ 21အကြောင်းကား မောရှေ ပီးခစာ ဒေ ပညှတ်ချက်တိကို နှစ်ပေါင်းများစွာ အယင်ကပင် မြို့တိုင်းမာ ဟောပြောရို့ လာကတ်ပါဗျာ။ ယင်းသျှင့်ကိုအပယ် အဂုလည်း ဒေ ပညှတ်ချက်တိကို သတင်းနိတိုင်ကေ ဘာသာရေး တရားဇရပ်တိမာ ဖတ်ရို့နီကတ်ပါရေ။”

ယုဒမဟုတ်သူရို့တို့ စာရွီးခြင်း

22ယင်းခါ တမန်တော်ရို့၊ အသင်းတော် ဂေါင်းဆောင်အကြီးရို့ အရာ ဟိသမျ အသင်းတော် လူရို့စာ ကိုယ်ရို့အထဲက လိုင်းကေယောက်ကို ရွီးကောက်လီရေ။ ထိုလိုင်းကေယောက်ကို ပေါလုရို့နအတူ အန္တိအုတ်မြို့တို့ ရွှတ်လိုက်ဖို့အတွက် ဆုံးဖြတ်ကတ်လီရေ။ သူရို့စာ ဗာရှာဗ ဟို့ ခေါ်စာ ယုဒန သိလကို ရွီးကောက်ကတ်လီရေ။ သူရို့နှစ်ယောက်စာ ကျုံသူရို့အထဲမာ ဂေါင်းဆောင် ဖြစ်ကတ်တေ။ 23အသင်းတော် ဂေါင်းဆောင်အကြီးရို့စာ စာတစ်ရွက် ရွီးရို့ ပေါလုန ဗာနဗအလက်မာ ပို့လိုက်ကတ်လီရေ။

ထိုစာမာ ဒေပိုင် ရွီးရို့ ဟိလီရေ၊ “ကိုယ်ဘင်ရို့မာ ညီအစ်ကို ဖြစ်ကတ်စာ တမန်တော်ရို့န အသင်းတော် ဂေါင်းဆောင်အကြီးရို့က အန္တိအုတ်မြို့၊ ရှုရိပြည်နယ် အရာ ကိလိကိပြည်နယ်မာဟိစာ ယုဒမဟုတ်စာ ကျုံသူညီအစ်ကိုမောင်နမှရို့တို့ ရိုသေလေးစားရို့ စာတစ်ရွက် ရွီးလိုက်ပါရေ။

24“အကျွန်ရို့အထဲက လူလိုင်းကေယောက် အကျွန်ရို့ မရွှတ်ဘိုင်းန ကိုယ်ဘင်ရို့တို့ လားရို့ အမျိုးမျိုး အနှောက်သျှက် စကားပြောရို့ ကိုယ်ဘင်ရို့ကို စိတ်ဒုက္ခ ပီးကတ်တေဆိုစာကို အကျွန်ရို့ ကြားရကတ်ပါရေ။ 25ယင်းအတွက်န အကျွန်ရို့ အားကုံးသူ စိတ်သဖေါတူန လူလိုင်းကေယောက်ကို ရွီးကောက်ရို့ အကျွန်ရို့မာ ရင်းနီးစာမိတ်ဆွေ ဗာနဗရို့နအတူ ကိုယ်ဘင်ရို့တို့ ရွှတ်လိုက်ပါရေ။ 26ဗာနဗန ပေါလုစာ အကျွန်ရို့ အသျှင်ယေရှုခရစ်တော်အတွက် ကိုယ်ရို့အသက်ကို စွန့်ရို့ အလုပ်လုပ်သူရို့ ဖြစ်ကတ်ပါရေ။ 27အကျွန်ရို့ ယုဒန သိလကို စာတစ်ရွက် ရွီးရို့ ကိုယ်ဘင်ရို့တို့ ရွှတ်လိုက်ပါရေ။ သူရို့ ဒေ စာစောင်မာ ရွီးရို့ ဟိစာပိုင် သူရို့ပစကလည်း ကိုယ်ဘင်ရို့ဘားမာ ပြောပြကတ်လိမည်။ 28သန့်ရှင်းသောဝိညာဉ်တော်န အကျွန်ရို့ စိတ်မာ မှတ်ကတ်စာကား၊ ဒေ အရေးကြီးစာ အကြောင်းအရာတိကို ပယ်ရို့ ကိုယ်ဘင်ရို့တို့ အခြားတစ်ခု အကြောင်းအရာကိုလည်း ပီးဖို့ မသင့်ပါ။ 29ထိုအရေးကြီးစာ အကြောင်းအရာ ဖြစ်တေကား၊ ရုပ်တုဘားမာ ပူဇော်စာ အစားအစာတိကို မစားရ၊ လိုင်လိမ်ရို့ သတ်စာ အသားကို မစားရ၊ သွီးမစင်စာ အသားကို မစားရ အရာ ဟိသမျ ကာမဂုဏ်ကို မလိုက်စားရ။ ဒေ ဟိသမျ အားကုံးကို မလုပ်ဘိုင်းန နီကတ်တေဆိုကေ ကိုယ်ဘင်ရို့အတွက် အကျိုး ဟိပါဖို့။ ကိုယ်ဘင်ရို့ အားကုံးသူ ကျန်းမာပါစီ။”

30ပေါလု၊ ဗာနဗ၊ ယုဒ အရာ သိလကို ယေရုရှလင်မြို့က ရွှတ်လိုက်ပြီးရေနောက် သူရို့စာ အန္တိအုတ်မြို့တို့ လားခကတ်လီရေ။ သူရို့စာ ထိုမြို့မာ ရောက်ကတ်တေခါ အသင်းတော် လူရို့ကို တစ်စုတည်းခေါ်ရို့ ထိုစာစောင်ကို ပီးကတ်လီရေ။ 31ထိုစာစောင်မာ အားပီးချက်စကား ရွီးရို့ ဟိလီရေ။ ယင်းအတွက်န အသင်းတော်လူရို့စာ ထိုစာစောင်ကို ဖတ်ရို့ ကောင်းကောင်း ပျော်ကတ်လီရေ။ 32ယုဒန သိလစာ ဘုရားသတင်းပို့သူ ဖြစ်ကတ်တေအတွက်န သူရို့နှစ်ယောက်စာ အန္တိအုတ်မြို့မာ ကျုံသူညီအစ်ကိုမောင်နမှရို့ကို ကျုံခြင်းတရား ခိုင်မာလတ်အောင် အများကြီး အားပီးချက်စကား ပြောကတ်လီရေ။ 33သိလန ယုဒစာ ယင်းနေရာမာ လိုင်းကေရက် နီကတ်လီရေ။ ယင်းနောက် အန္တိအုတ်မြို့မာဟိစာ ကျုံသူညီအစ်ကိုမောင်နမှရို့စာ သူရို့နှစ်ယောက်ကို စိတ်အီးချမ်းသာန တမန်တော်ရို့တို့ ပြန်ရွှတ်လိုက်ကတ်လီရေ။ 34
ပထမဆုံး ရွီးလီစာ ဂရိဘာသာ ကျမ်းစာအဟောင်းတိမာ ဒေ အခန့်ငယ် ၃၄-မာ စကားတိ ရွီးရို့ မဟိပါ။
ယေကေလည်း သိလစာ အန္တိအုတ်မြို့မာ နီလိုက်ဖို့ ဆိုပြီးကေ ဆုံးဖြတ်လီရေ။
35ပေါလုန ဗာနဗလည်း ပြန်မလားဘိုင်းန အန္တိအုတ်မြို့မာ နီလိုက်ကတ်လီရေ။ အရာ သူရို့စာ ထိုမြို့မာ အခြားလူရို့ဘားမာ အသျှင်၏ စကားတော်န သတင်းကောင်းကို ဟောပြောရို့ နီကတ်လီရေ။

ပေါလုန ဗာနဗ စိတ်ကွဲခြင်း

36လိုင်းကေရက် ကြာရေခါ ပေါလုစာ ဗာနဗကို ပြောလီရေ၊ “အယင် ငါရို့ အသျှင်၏ စကားတော် ဟောပြောခစာ နေရာတိမာ ဟိကတ်စာ ကျုံသူညီအစ်ကိုမောင်နမှရို့ ဇာပိုင် နီထိုင်ကတ်တေလည်းဆိုစာကို ငါရို့ ဒေဂု ကြည့်ဖို့ လားကတ်မည်။” 37ယင်းခါ ဗာနဗစာ မာကု ဟို့ ခေါ်စာ ယောဟန်ကို ကိုယ်ရို့နအတူ ခေါ်ယူလားဖို့ ကြည့်လီရေ။ 38ယေကေလည်း ယောဟန်စာ သူရို့နအတူ ဟိလီရေခါ အလုပ်ဆုံးအောင် မလုပ်ခဘိုင်းန သူရို့ကို ဘိုက်ရို့ ပံဖုလိပြည်နယ်က ထွက်လားခလီရေ။ ယင်းအတွက်န ပေါလုစာ ယောဟန်ကို ခေါ်ယူလားဖို့ မလိုလီ။ 39ယင်းခါ ပေါလုန ဗာနဗစာ ကိုယ်ရို့အချင်းချင်း စကားများရို့ တစ်ယောက်တစ်လမ်း ကွဲလားခကတ်လီရေ။ ဗာနဗစာ မာကုကို ခေါ်ရို့ သင်္ဘောမာ တက်ပြီးကေ ကုပရုကျွန်းတို့ လားခလီရေ။ အရာ ပေါလုစာ သိလကို ကိုယ်နအတူ ယူလားဖို့အတွက် ရွီးကောက်လီရေ။ 40ယင်းခါ အန္တိအုတ်မြို့မာ ကျုံသူညီအစ်ကိုမောင်နမှရို့စာ ပေါလုန သိလကို ထာဝရဘုရားဘားမာ တင်အပ်ရို့ ရွှတ်လိုက်ကတ်လီရေ။ 41ပေါလုန သိလစာ ရှုရိပြည်နယ်န ကိလိကိပြည်နယ်အထဲက ဝင်လားရို့ ဟိသမျ အသင်းတော်မာ လူရို့ကို ကျုံခြင်းတရား ခိုင်မာလတ်အောင် အားပီးကတ်လီရေ။
Copyright information for RmzSC