Acts 20

မာကေဒေါနိပြည်နယ်န အာခါယပြည်နယ်တို့ ခရီးထွက်ခြင်း

1ထိုရောင်းရင်းသပ်စာ တန့်လားခပြီးရေနောက် ပေါလုစာ ကျုံသူရို့ကို ကိုယ့်တို့ ခေါ်ရို့ ကျုံခြင်းတရား ခိုင်မာလတ်အောင် အားပီးလီရေ။ ယင်းနောက် ပေါလုစာ ထိုကျုံသူရို့က ပြန်ခွင့်တောင်းရို့ မာကေဒေါနိပြည်နယ်တို့ လားခလီရေ။ 2 3သူစာ မာကေဒေါနိပြည်နယ်ထဲကနီရို့ လားရေခါ ကျုံသူရို့ကို ကျုံခြင်းတရား ခိုင်မာလတ်အောင် အားပီးလီရေ။ ယင်းနောက် သူစာ မာကေဒေါနိပြည်နယ်ထဲကနီရို့ ဂရိနိုင်ငံဆိုစာ အာခါယပြည်နယ်တို့ လားခလီရေ။ ပေါလုစာ ထိုပြည်နယ်မာ သုံးလတိုင်အောင် နီလီရေ။ ယင်းနောက် သူစာ သင်္ဘောမာ တက်ရို့ ရှုရိပြည်နယ်တို့ လားဖို့ ကြည့်လီရေ။ ရှုရိပြည်နယ်တို့ မလားခင်အယင်က အာခါယပြည်နယ်မာ ယုဒလူရို့ ကိုယ့်ကို သတ်ဖို့ ကြံနီကတ်စာကို သူစာ သိလီရေ။ ယင်းခါ သူစာ သင်္ဘောမာ တက်ရို့ မလားဘိုင်းန မာကေဒေါနိပြည်နယ်ထဲကနီရို့ ရှုရိပြည်နယ်တို့ လားခလီရေ။ 4ပေါလုနအတူ ပါလီကတ်စာကား၊ ဗေရိမြို့က ပုရုမာသား သောပတရု၊ သက်သာလောနိတ်မြို့က အာရိတ္တာခုန သေကုန္ဒု၊ ဒေရဗေမြို့က ဂါယု၊ လုတ္တရမြို့က တိမောသေ အရာ အာရှိပြည်နယ်က တုခိတ်န တရောဖိတ် ဖြစ်ကတ်တေ။ 5ထိုလူခုနစ်ယောက်စာ တရောမြို့တို့ အယင်လားရို့ အကျွန်ရို့အတွက် စောင့်နီကတ်လီရေ။ 6တဆီးမထည့်စာမုန့်ပွဲ ဆုံးရေခါ အကျွန်ရို့စာ ဖိလိပ္ပိမြို့ကနီရို့ သင်္ဘောမာ တက်ရို့ တရောမြို့တို့ လားခကတ်လီရေ။ အကျွန်ရို့ လားရေလမ်းမာ ငါးရက် ကြာလီရေ။ ယင်းနောက် တရောမြို့မာ စောင့်နီကတ်စာ လူခုနစ်ယောက်န တွိလီရေ။ အကျွန်ရို့ ထိုမြို့မာ ခုနစ်ရက် နီခကတ်လီရေ။

တရောမြို့မာ ဥတုခု ပြန်ရှင်ခြင်း

7အခါလည် ပထမနိ အသျှင်၏ ပွဲတော်မင်္ဂလာ စားပွဲမာ အကျွန်ရို့ အားကုံးသူ စုကတ်လီရေ။ ယင်းခါ ပေါလုစာ လူရို့ဘားမာ တရားဟောပြောဖို့ စလီရေ။ သူစာ နောက်တစ်ရက်နိ ထွက်လားဖို့ စီစဉ်ရို့ ဟိလီရေ။ ယင်းအတွက်န သူစာ ညဉ့်သိုင်ခေါင် တိုင်အောင် လူရို့ဘားမာ တရားဟောပြောရို့ နီလီရေ။ 8အကျွန်ရို့ စုလီကတ်စာ အိမ်အထက်ဆင့်မာ ဆီမီးခွက် အများကြီး ထွန်းရို့ ဟိလီရေ။ 9ယင်းခါ ဥတုခုနာမည်န လူပျိုသျှေ တစ်ယောက်စာ ထိုအိမ်ခန့် လက်တပေါက်မာ ထိုင်ရို့ ဟိလီရေ။ ပေါလု တရားအများကြီး ဟောပြောလီရေအတွက်န ထိုလူပျိုသျှေစာ ငိုက်ရို့ ဟိလီရေ။ သူစာ ကောင်းကောင်း အိပ်မောကျရေခါ သုံးဆင့်ထက်က လူးကျလားခလီရေ။ လူရို့စာ သူ့ကို ကိုင်ရို့ ကြည့်ကတ်တေခါ သီရို့ဟိစာကို မြင်ကတ်လီရေ။ 10ယင်းခါ ပေါလုစာ အိမ်ထက်က ဆင်းလာရို့ ဥတုခု ရင်ဖက်ထက်မာ အပြားဝပ်ရို့ ကိုယ့်ရင်တွင်းတို့ သိန်းယူပြီးကေ လူရို့ကို ပြောလီရေ၊ “မကြောင်းကြကေ့၊ ဒေသူ မသီသိ။” 11ပေါလုစာ ယင်းပိုင် ပြောပြီးရေနောက် ပြန်ရို့ အိမ်ထက်တို့ တက်ပြီးကေ သူ့အဖက်သားရို့နအတူ အသျှင်၏ ပွဲတော်မင်္ဂလာကို စားလီရေ။ အရာ ပေါလုစာ မိုးသောက်ထတိုင်အောင် သူရို့န တားဟောပြောရို့ ပြီးရေခါ ထွက်လားခလီရေ။ 12ထိုလူပျိုသျှေကို အသက်အရှင်ရရို့ လူရို့စာ ကောင်းကောင်း စိတ်အီးချမ်းသာ ကျကတ်လီရေ။ ယင်းနောက် သူရို့စာ သူ့အိမ်တို့ ရွက်ယူလားခကတ်လီရေ။

တရောမြို့ကနီရို့ မိလက်မြို့တို့ လားခြင်း

13ပေါလုကို အဿုမြို့သင်္ဘောဆိပ်က ယူလားဖို့ စကား ဟိလီရေ။ ယင်းအတွက်န အကျွန်ရို့စာ ပေါလုထက်အယင် သင်္ဘောမာ တက်ရို့ အဿုမြို့သင်္ဘောဆိပ်တို့ လားကတ်လီရေ။ ပေါလုလည်း တောင်လမ်းအနှူး ထိုသင်္ဘောဆိပ်တို့ လာလီရေ။ 14အကျွန်ရို့စာ ပေါလုကို အဿုမြို့သင်္ဘောဆိပ်မာ တွိရေခါ သူ့ကို သင်္ဘောမာ တင်ရို့ မိတုလင်မြို့တို့ လာကတ်လီရေ။ 15နောက်တစ်ရက်နိ အကျွန်ရို့စာ မိတုလင်မြို့ကနီရို့ ခိအုကျွန်းအနားတို့ ရောက်ကတ်လီရေ။ အရာ နောက်တစ်ရက်နိ အကျွန်ရို့စာ ပင်လယ်ကိုကူးရို့ သာမုကျွန်းတို့ လားခကတ်လီရေ။ နောက်တစ်ရက်နိ အကျွန်ရို့စာ မိလက်မြို့သင်္ဘောဆိပ်တို့ ရောက်ကတ်လီရေ။ 16ပေါလုစာ အကြာမနီဘိုင်းန အာရှိပြည်နယ်မာဟိစာ ဧဖက်မြို့အနားက သန်းရို့ လားဖို့ ဆုံးဖြတ်လီရေ။ ဖြစ်နိုင်ရေဆိုကေ ယေရုရှလင်မြို့မာ ရက်ပေါင်းငါးဆယ်ပွဲကို ကျင့်ပဖို့ရလတ်အောင် သူစာ အပြင်းလားခလီရေ။

17ပေါလုစာ ဧဖက်မြို့က အသင်းတော် ဂေါင်းဆောင်အကြီးရို့ကို မိလက်မြို့တို့ လာဖို့အတွက် ခေါ်ဖို့ လူရွှတ်လိုက်လီရေ။ 18ထိုဂေါင်းဆောင်ရို့ မိလက်မြို့တို့ ရောက်ကတ်တေခါ ပေါလုစာ သူရို့ကို ပြောလီရေ၊ “အာရှိပြည်နယ်တို့ ရောက်တေလှောက်ကပင် အကျွန် ကိုယ်ဘင်ရို့နအတူ လုပ်ကိုင်ရို့ နီလီစာတိကို ကိုယ်ဘင်ရို့ အားကုံးသူ သိကတ်ပါရေ။ 19ယုဒလူမျိုးရို့ အကျွန့်ကို ဆန့်ကျင်ရို့ အမျိုးမျိုး မကောင်းကြံစာမာ အကျွန် ကောင်းကောင်း စိတ်ဒုက္ခ ရလီပါရေ။ ယေကေလည်း အကျွန် မျက်ရည်ကျရို့ နုညံ့ခြင်းစိတ်န အသျှင်ယေရှု၏ ကျွန်အဖြစ် သူ့အလုပ်ကို ထန်းဆောင်လီပါရေ။ 20ကိုယ်ဘင်ရို့ အားကုံးသူ အကူညီ ရလတ်အောင် အကျွန် ကိုယ်ဘင်ရို့ဘားမာ တစ်ခုလည်း မပြောဘိုင်းန တိန်းရို့ မနီလီပါ။ ယင်းထက်ပင် ပြင်မာ အကျွန် ကိုယ်ဘင်ရို့ကို ပပွင့်လလင်း ဟောပြောလီပါရေ အရာ အိမ်တိုင်း အိမ်တိုင်း လည်ရို့ သွန်သင်ပီးလီပါရေ။ 21အကျွန် ယုဒလူမျိုးရို့န ဂရိလူမျိုးရို့ အပြစ်က စိတ်လှည့်ရို့ ထာဝရဘုရားတို့ လာကတ်ပတ်စီအတွက် အရာ အသျှင်ယေရှုကို ကျုံကတ်ပတ်စီအတွက် အရေးတကြီး ဟောပြောလီစာ ဖြစ်ပါရေ။

22“ဒေဂု အကျွန် သန့်ရှင်းသောဝိညာဉ်တော်၏ စကားအတိုင်း ယေရုရှလင်မြို့တို့ လားရပါဖို့။ ထိုမြို့မာ အကျွန် ဇာဖြစ်ဖို့လည်းဆိုစာကို အကျွန် ကိုယ်တိုင် တစ်ခုလည်း မသိပါ။ 23ယေကေလည်း မြို့တိုင်းမာ နီလီရေခါ ဖီးဒုက္ခန ထောင်ကျခံရဖို့ ဟို့ သန့်ရှင်းသောဝိညာဉ်တော် ပြောလီစာကို အကျွန် သိပါရေ။ 24ယေကေလည်း အကျွန့်မာ အသက်စာ အကျွန့်အတွက် တစ်ခုလည်း တန်ဖိုး မဟိပါ။ အကျွန့်မာ လိုအပ်ချက်တစ်ခု ဖြစ်တေကား၊ အကျွန် အစကပင် အဆုံးတိုင်အောင် ထာဝရဘုရား၏ အလုပ်ကို လုပ်ရပါစီ။ ယင်းအဓိပ္ပါယ်ကား အသျှင်ယေရှု အကျွန့်ကို လုပ်ဖို့ပီးစာ အလုပ်ကို အကျွန် ကျီအောင် လုပ်ရပါစီ။ ထိုအလုပ်စာ ထာဝရဘုရား၏ ကျေးဇူးတော် သတင်းကောင်းကို လူရို့ဘားမာ ဟောပြောဖို့စာ အလုပ် ဖြစ်ပါရေ။

25“အကျွန် ထာဝရဘုရား၏ နိုင်ငံတော် အကြောင်းကို ကိုယ်ဘင်ရို့ဘားမာ ဟောပြောရို့ နီလီပါရေ။ ယေကေလည်း ကိုယ်ဘင်ရို့ အကျွန့်ကို အရာတစ်ခါလည်း မြင်ရကတ်ဖို့ မဟုတ်ပျာဆိုစာကို အကျွန် သိပါရေ။ 26 27အကျွန် ထာဝရဘုရား၏ လိုအပ်ချက် အားကုံးကို ကိုယ်ဘင်ရို့ဘားမာ ပြောပြရို့ ပြီးပါဗျာ။ ယင်းအတွက်န အကျွန် ဒေနိခါ ကိုယ်ဘင်ရို့ အားကုံးသူကို ရှရှင်းလလင်း ပြောပါရေ၊ ကိုယ်ဘင်ရို့အထဲက မှားယွင်းစာလမ်းတို့ လားသူရို့ အပြစ်အတွက် အကျွန့်မာ တာဝန် မဟိပါဗျာ။ 28ကိုယ်ဘင်ရို့ ကိုယ့်ကိုကိုယ် သတိထားကတ်ပါ၊ ကျုံသူရို့ကို စောင့်သျှောက်ဖို့ သန့်ရှင်းသောဝိညာဉ်တော် တာဝန် ပီးလီစာ ဂေါင်းဆောင်ရို့ကိုလည်း သတိထားကတ်ပါ။ သိုးဆိတ်ကျောင်းသားရို့ သိုးဆိတ်အရွီတိကို စောင့်သျှောက်စာပိုင် ကိုယ်ဘင်ရို့လည်း အသင်းတော် ဂေါင်းဆောင်အကြီးအဖြစ် ထာဝရဘုရား၏ အသင်းတော်ကို စောင့်သျှောက်လီကတ်ပါ။ ထိုအသင်းတော်ကို ထာဝရဘုရား၏ သားတော် ယေရှု၏ သွီးန ဝယ်ထားစာ ဖြစ်ပါရေ။ 29အကျွန် သိပါရေ၊ အကျွန် ကိုယ်ဘင်ရို့က ထွက်လားပြီးရေနောက် လူရို့စာ ကိုယ်ဘင်ရို့တို့ ရန်ကြူးစာ တောခွီးပိုင် လာရို့ သိုးဆိတ်အရွီတိကို ဖျက်စီးကတ်ပါဖို့။ ယင်းအဓိပ္ပါယ်ကား သူရို့စာ အသင်းတော်တိကို ဖျက်စီးကတ်ပါဖို့။ 30ယင်းထက်မက ကိုယ်ဘင်ရို့အထဲက တစ်ချိုးလူရို့စာ ထာဝရဘုရား၏ မှန်ကန်ခြင်းတရားကို အမှားပြောရို့ ကျုံသူရို့ကို သူရို့ဖက်တို့ ဆွယ်ယူလားကတ်ပါဖို့။ 31ယင်းအတွက်န ကိုယ်ဘင်ရို့ အားကုံးသူ သတိန နီလီကတ်ပါ။ အကျွန် တစ်ခါလည်း တိန်းရို့ မနီဘိုင်းန ကိုယ်ဘင်ရို့ အားကုံးသူ သတိရဖို့အတွက် သုံးနှစ်ပတ်လုံး ညဉ့်ပါ-ရက်ပါ မျက်ရည်ကျရို့ သွန်သင်ပီးလီစာကို ကိုယ်ဘင်ရို့ မှတ်ထားကတ်ပါ။

32“အကျွန် ဒေဂု ထာဝရဘုရားန ထာဝရဘုရား၏ စကားတော်အလက်မာ ကိုယ်ဘင်ရို့ကို တင်အပ်ပါရေ။ ထိုစကားတော်မာ ထာဝရဘုရား၏ ကျေးဇူးတော် အကြောင်းကို ပြောထားပါရေ အရာ ဒေ ကျမ်းစာစာ ကိုယ်ဘင်ရို့ကို ခိုင်မာအောင် လုပ်ပါလိမည်။ ယင်းသျှင့်ကိုအပယ် ထာဝရဘုရားစာ ကိုယ့်လူရို့အတွက် ပီးဖို့ခံထားစာ ပဿိကို ကိုယ်ဘင်ရို့ကို ပီးပါလိမည်။ 33အကျွန် အခြားလူရို့မာဟိစာ ရွှေ-ငွေ၊ အဝတ်အစားကို လောဖမတတ်လီပါ။ 34အကျွန် ကိုယ့်အတွက်န ကိုယ့်အဖက်သားရို့မာ မလုံမလောက်စာတိကို ဖြည့်ပီးဖို့အတွက် အကျွန် ဒေ အလက်နှစ်ဖက်န အလုပ်လုပ်လီရေဆိုစာကို ကိုယ်ဘင်ရို့ ကိုယ်တိုင် သိကတ်ပါရေ။ 35ကိုယ်ဘင်ရို့လည်း အကျွန့်ပိုင် ဟိသမျ အလုပ်မာ ကြိုးစားအားထုတ်ရို့ လုပ်ပြီးကေ ဆင်းရဲသူရို့ကို အကူညီပီး သင့်ပါရေ။ ‘လူရို့က ယူစာထက် လူရို့ကို ပီးလှူစာ ပိုရို့ အမြတ်ဟိရေ’ ဟို့ အသျှင်ယေရှု ပြောခစာ စကားကို အကျွန်ရို့မာ မှတ်ထားဖို့ သင့်ပါရေ။”

36ပေါလုစာ ထိုစကားတိကို ပြောပြီးရေနောက် အသင်းတော် ဂေါင်းဆောင်အကြီးရို့နအတူ ဒူးထောက်ရို့ ဆုတောင်းလီရေ။ 37ယင်းနောက် သူရို့ အားကုံးသူ ပေါလုကို ဖက်ရို့ ငိုကတ်လီရေ။ 38သူ့ကို အရာတစ်ခါလည်း မြင်ရကတ်ဖို့ မဟုတ်ပျာ ဟို့ ပေါလု ပြောလီရေအတွက်န သူရို့စာ ကောင်းကောင်း ဝမ်းနည်းကတ်လီရေ။ ယင်းနောက် ပေါလုကို သင်္ဘောတို့ တရောက် လိုက်ရို့ ပို့ကတ်လီရေ။
Copyright information for RmzSC