Acts 22

1“ညီအစ်ကိုရို့န အဖရို့၊ ကိုယ်ဘင်ရို့ နားထောင်ကတ်ပါ။ ဒေဂု အကျွန် ကိုယ့်မာ အပြစ်မဟိဆိုစာ အကြောင်းကို ကိုယ်ဘင်ရို့ဘားမာ ပြောပြပါမည်။”

2ပေါလု ဟေဗြဲဘာသာစကားန ပြောစာကို ကြားရေခါ လူရို့စာ အယင်ထက် တိန်းရို့ နီကတ်လီရေ။ ယင်းခါ ပေါလုစာ လူရို့ကို အရာလည်း ပြောလီရေ၊ 3“အကျွန် ကိလိကိပြည်နယ်မာဟိစာ တာရှုမြို့မာ မွီးဖွားလီစာ ယုဒလူမျိုး တစ်ယောက် ဖြစ်ပါရေ။ အရာ အကျွန် ဒေ ယေရုရှလင်မြို့မာ ကြီးပြင်းလီပါရေ။ အကျွန် ယေရုရှလင်မြို့မာဟိစာ ကျမ်းဆရာ ဂါမလျေလက အဖိုးအဖီးအစိုင်လာရို့ လိုက်နာရို့ လာကတ်စာ ပညှတ်တရားကို အပြည့်အစုံ သင်ယူလီပါရေ။ ဒေဂု ကိုယ်ဘင်ရို့ ထာဝရဘုရား၏ အလုပ်ကို လုပ်ဖို့ ဝါသနာပါကတ်စာပိုင် အကျွန်လည်း ဝါသနာပါလီပါရေ။ 4အကျွန်စာ ယေရှု၏ လမ်းမာ လားသူရို့ကို ကောင်းကောင်း ညှဉ်းဆဲးလီပါရေ။ ယင်းထက်မက အကျွန် သူရို့ကို အသီလည်း သတ်ဘိုက်လီပါရေ။ အရာ မိန်းမ-ယောက်ျား အားကုံးသူကို ဖမ်းရို့ ထောင်မာ ထည့်လီပါရေ။ 5အကျွန် ပြောစာစကား မှန်ရေဆိုစာကို မဟာယဇ်ပုရောဟိတ်န မဟာတိုင်ဘင်အဖွဲ့သား အားကုံးသူ သက်သီခံ ဖြစ်ကတ်ပါရေ။ ယင်းထက်မက ဒမာသက်မြို့မာဟိစာ ဘာသာရေး ဂေါင်းဆောင်ရို့ကို ပီးဖို့အတွက် သူရို့ အကျွန့်ကို စာရွီးရို့ ပီးလီကတ်ပါရေ။ အရာ ယေရှု၏ လမ်းမာ လားသူရို့ကို ဖမ်းရို့ ယေရုရှလင်မြို့တို့ ယူခရို့ ဒါဏ်ပီးဖို့အတွက် အကျွန် ဒမာသက်မြို့တို့ လားလီပါရေ။

6“အကျွန် မွန်းတည့်လှောက်မာ ဒမာသက်မြို့အနားတို့ ရောက်လီပါရေ။ ယင်းအချိန်ခါ ဂေါင်းခင်က ဗြုန်းခနိုင်းပျင်ရို့ တောက်ပြောင်စာ အလင်းရောင်တစ်ခု အကျွန့် လေးဖက်လက်စိမာ ချုပ်ကျလီပါရေ။ 7ယင်းခါ အကျွန် မြေပြင်မာ လဲကျလီပါရေ။ အရာ အကျွန့်ကို အသူလည်း မသိတစ်ယောက်၊ ‘ရှောလု၊ ရှောလု၊ နင် ငါ့ကို ဇာဖို့ ညှဉ်းဆဲစာလည်း?’ ဟို့ ပြောစာအသံကို ကြားရလီပါရေ။

8“ယင်းခါ အကျွန် မီးလီပါရေ၊ ‘အသျှင်၊ ကိုယ်တော် အသူပါလည်း?’

“သူစာ ပြောလီပါရေ၊ ‘ငါ နင့် ညှဉ်းဆဲခြင်းကို ခံရနီသူ ယေရှု ဖြစ်တေ။’

9“အကျွန်နအတူ လိုက်သူရို့စာ ထိုအလင်းရောင်ကို မြင်လိုက်ကတ်လီပါရေ၊ ယေကေလည်း အကျွန့်ကို ပြောစာ အသျှင်၏ စကားအသံကို သူရို့ နားမလည်လီကတ်ပါ။

10“ယင်းခါ အကျွန် မီးလီပါရေ၊ ‘အသျှင်၊ ယင်းပိုင်ဆိုကေ အကျွန် ဒေဂု ဇာလုပ်ရပါဖို့လည်း?’

“အသျှင်စာ ပြောလီပါရေ၊ ‘ထ၊ ဒမာသက်မြို့တို့ လားလီ။ နင့်အတွက် စီစဉ်ရို့ထားစာ အလုပ်တိကို ထိုမြို့မာ ရောက်တေခါ နင့်ကို ပြောပြလိမည်။’
11အလင်းရောင်ကျရို့ အကျွန့် မျက်စိ ကန်းလားခလီရေအတွက်န အကျွန်နအတူ လိုက်သူရို့စာ အကျွန့်အလက်ကို ကိုင်ရို့ ဒမာသက်မြို့တို့ ယူလားခကတ်လီပါရေ။

12“ဒမာသက်မြို့တို့ ရောက်တေခါ အာနနိနာမည်န လူတစ်ယောက် အကျွန့်တို့ လာလီပါရေ။ သူစာ ထာဝရဘုရားကို ရိုသေကြောက်လန့်သူ ဖြစ်ပါရေ။ သူစာ မောရှေ၏ ပညှတ်တရားကို လိုက်နာရို့ နီပါရေ။ အရာ ဒမာသက်မြို့မာ ဟိသမျ ယုဒလူရို့စာ သူ့ကို ကောင်းကောင်း ရိုသေလီကတ်ပါရေ။ 13အာနာနိစာ အကျွန့်အနားမာ ရပ်ရို့ ပြောလီပါရေ၊ ‘အစ်ကို ရှောလု၊ နင့် မျက်စိ ပြန်ရို့ မြင်ရစီ။’ ယင်းခါ အကျွန်စာ ချက်ချင်း အာနာနိကို မြင်ရလီပါရေ။

14“ယင်းခါ အာနာနိစာ ပြောလီပါရေ၊ ‘နင် ငါရို့ အဖိုးအဖီးအစိုင်လာရို့ ကိုးကွယ်စာ ထာဝရဘုရား၏ အလိုတော်န ရိုးသားသူ ယေရှုခရစ်တော်ကို သိရ-မြင်ရပတ်စီအတွက် အရာ အသျှင်၏ နှုတ်တော်က စကားအသံကို ကြားရပတ်စီအတွက် ထာဝရဘုရား နင့်ကို ရွီးကောက်ယူဗျာ။ 15နင်စာ အသျှင်၏ သက်သီခံတစ်ယောက် ဖြစ်တေအတွက်န နင် မြင်ရစာန ကြားရစာတိကို လူရို့ဘားမာ ဟောပြောရဖို့။ 16ဒေဂု နင် အကြာမနီဘိုင်းန လားရို့ ရီနှစ်မင်္ဂလာ ခံယူခီ။ အပြစ် ခွင့်ရွှတ်ခြင်းကို ရဖို့အတွက် နင် အသျှင်ယေရှုဘားမာ ဆုတောင်းခီ အရာ နင့်မာ ဟိသမျ အပြစ်ကို အသျှင်ယေရှု စင်အောင် ဆီးလိမည်။’

17“ယင်းနောက် အကျွန် ယေရုရှလင်မြို့တို့ ပြန်လာလီပါရေ အရာ အကျွန် ဝိပဿနာကျောင်းမာ လားရို့ ဆုတောင်းရို့ ငိုက်နီရေခါ ကိုယ်ထင် မြင်လီပါရေ။ 18ထိုကိုယ်ထင်မာ အသျှင် အကျွန့်ကို ပြောလီပါရေ၊ ‘နင် ငါ့အကြောင်းကို သက်သီပီးစာကို ဒေ ယေရုရှလင်မြို့သားရို့ လက်ခံကတ်ဖို့ မဟုတ်။ ထ၊ နင် အကြာမနီဘိုင်းန ယေရုရှလင်မြို့က ထွက်လားလီ။’

19“ယင်းခါ အကျွန် ပြောလီပါရေ၊ ‘အသျှင်၊ ကိုယ်တော်ကို ကျုံသူရို့ကို ဖမ်းပြီးကေ ဘုတ်ရို့ ထောင်မာ ထည့်ဖို့အတွက် ဘာသာရေး အကျွန် တရားဇရပ်တစ်ခုကနီရို့ အခြားတစ်ခုတို့ လားလီပါရေ။ ထိုအကြောင်းကို ဒေ မြို့သားရို့ အားကုံးသူ သိကတ်ပါရေ။ 20အသျှင်၏ သက်သီခံ သတေဖန်ကို လူရို့ အသီသတ်လီကတ်တေခါ အကျွန် သူရို့အနားမာ ရပ်ရို့ အားပီးလီပါရေ။ အရာ သူရို့ အဝတ်တိကိုလည်း အကျွန် စောင့်ရို့ နီလီပါရေ။’

21“ယင်းခါ အသျှင်စာ အကျွန့်ကို ပြောလီပါရေ၊ ‘လားလီ၊ ငါ နင့်ကို အဝီးမာဟိစာ ယုဒမဟုတ်သူရို့တို့ ရွှတ်ဖို့။’”

22လူရို့စာ ဒေလှောက်တိုင်အောင် နားထောင်ရို့ ဟိလီကတ်တေ၊ ယေကေလည်း ပေါလု ယုဒမဟုတ်သူရို့ စကားကို ယူရို့ ပြောလီရေခါ လူရို့စာ အားန အော်ရို့ ပြောကတ်လီရေ၊ “ဒေသူ လောကမာ အရှင်နီဖို့ မထိုက်တန်ဗျာ၊ ဒေသူကို အသီသတ်ဘိုက်လိုက်ကတ်။”

23လူရို့စာ မန်တက်ပြီးကေ အားန အော်ရို့ ကိုယ်ရို့မာ အဝတ်ကို ဆုတ်ကတ်လီရေ အရာ မြေမှုန့်ကို ယူရို့ ဂေါင်းခင်တို့ မြှောင့်ကတ်လီရေ။ 24ယင်းခါ စစ်ဗိုလ်ကြီးစာ ပေါလုကို စစ်တပ်ထဲတို့ သွင်းယူလားဖို့အတွက် အာဏာချလီရေ။ အရာ လူရို့ ပေါလုကို ဆန့်ကျင်ရို့ ဇာဖို့ အော်နီကတ်စာလည်းဆိုစာကို စစ်ဗိုလ်ကြီးစာ သိချင်ရို့ သူ့ကို စက်ကျာကြိုးန ဘုတ်ရို့ စစ်ဆေးဖို့အတွက် စစ်သားရို့ကို အာဏာချလီရေ။ 25ပေါလုကို စက်ကျာကြိုးန သတ်ဖို့ ချိုင်ကတ်တေခါ စစ်သရွဲတစ်ရာကိုပိုင်စာ စစ်ဗိုလ်တစ်ယောက်စာ ယင်းအနားမာ ရပ်ရို့ ဟိလီရေ။ ပေါလုစာ သူ့ကို ပြောလီရေ၊ “ရောမနိုင်ငံသား တစ်ယောက်ကို ကိုယ်ဘင်ရို့ တရားမစစ်ဆေးဘိုင်း စက်ကျာကြိုးန သတ်ဖို့စာ တရားဥပဒေန ကိုက်ညီပါရေလော?”

26စစ်သရွဲတစ်ရာကိုပိုင်စာ စစ်ဗိုလ်စာ ပေါလု စကားကို ကြားရို့ စစ်ဗိုလ်ကြီးတို့ လားရို့ ပြောလီရေ၊ “ဆရာ၊ ကိုယ်ဘင် ဇာ လုပ်ဖို့ ကြံနီပါစာလည်း? ဒေလူကား ရောမနိုင်ငံသား တစ်ယောက် ဖြစ်ပါရေ။”

27ယင်းခါ စစ်ဗိုလ်ကြီးစာ ပေါလုတို့ လာရို့ မီးလီရေ၊ “ပြောကြည့်န၊ နင် အမှန် ရောမနိုင်ငံသားလော?”

ပေါလုစာ အဖြေပီးလီရေ၊ “ဟုတ်ပါရေ၊ အကျွန် ရောမနိုင်ငံသား တစ်ယောက် ဖြစ်ပါရေ။”

28ယင်းခါ စစ်ဗိုလ်ကြီးစာ ပြောလီရေ၊ “ငါ ရောမနိုင်ငံသား တစ်ယောက် ဖြစ်ဖို့အတွက် တန်းကား အများကြီး ပီးရို့ ဝယ်လီရရေ။”

ပေါလုစာ ပြောလီရေ၊ “ယေကေလည်း အကျွန်ကား ရောမနိုင်ငံသား တစ်ယောက်အဖြစ် မွီးဖွားလာစာ ဖြစ်ပါရေ။”

29ထိုစကားကို ကြားရို့ စစ်သားရို့စာ ပေါလုကို စစ်ဆေးဖို့ ပျင်နီစာ ချက်ချင်း လားခကတ်လီရေ။ ရောမနိုင်ငံသား တစ်ယောက်ကို ချိုင်လီရေဆိုစာကို စစ်ဗိုလ်ကြီးစာ သိရေခါ ကောင်းကောင်း ကြောက်လီရေ။

မဟာတိုင်ဘင်အဖွဲ့သားရို့ ပေါလုကို စစ်ဆေးခြင်း

30ပေါလုကို ယုဒလူမျိုးရို့ ဇာဖို့ အပြစ်တင်လီရေလည်းဆိုစာကို စစ်ဗိုလ်ကြီးစာ သိချင်ရို့ နောက်တစ်ရက်နိမာ ယဇ်ပုရောဟိတ်အကြီးရို့န မဟာတိုင်ဘင်အဖွဲ့သားရို့ကို တစ်စုတည်းစုဖို့အတွက် အာဏာချလီရေ။ ယင်းနောက် စစ်ဗိုလ်ကြီးစာ ပေါလုကို ဖြီယူခရို့ မဟာတိုင်ဘင်အဖွဲ့သားရို့ရှိက ရပ်စီလီရေ။
Copyright information for RmzSC