Acts 28

မေလိတေကျွန်းတို့ ရောက်ခြင်း

1အကျွန်ရို့ အားကုံးသူ ဖီးဒုက္ခက ရွတ်ရို့ တောင်ပြင်တို့ တက်ရို့ ရောက်ကတ်လီရေခါ ထိုကျွန်းကို မေလိတေကျွန်း ဖြစ်တေ ဟို့ သိရကတ်လီရေ။ 2မေလိတေကျွန်းသားရို့စာ အကျွန်ရို့ကို မေတ္တာစိတ်န ရိုးရိုးသားသား ဆက်ဆံကတ်လီရေ။ ယင်းခါ မိုးကျရို့ ကောင်းကောင်း ချမ်းရေအတွက်န သူရို့စာ မီးဖေါ်ရို့ အကျွန်ရို့ အားကုံးသူကို မီးနှူဖို့ ခေါ်ကတ်လီရေ။ 3ပေါလုစာ ထင်းတစ်စည်းကို လုန်းယူခရို့ မီးမာ ထည့်လီရေ။ ယင်းခါ မီးအဟိတ်န ထိုထင်းစည်းအထဲက အဆိပ်ဟိစာ မြိန်တစ်ကောင် ထွက်ရို့ ပေါလုအလက်ကို ကိုက်ရို့ တွဲနီလီရေ။ 4ယင်းသျှင့်ကို မြင်ရို့ ကျွန်းသားရို့စာ ကိုယ်ရို့အချင်းချင်း ပြောကတ်လီရေ၊ “ဒေလူ အမှန် လူသတ်သမား တစ်ယောက် ဖြစ်နိုင်ရေ။ သူစာ ပင်လယ်မာ ဖီးဒုက္ခက ရွတ်ကေလည်း နတ်ကောင်းနတ်မြတ် သူ့ကို အရှင်နီဖို့ မပီးလီ။” 5ယေကေလည်း ပေါလုစာ မြိန်ကို မီးဖေါ်ထဲတို့ ခါချလိုက်လီရေ။ သူစာ တစ်ခုလည်း ဘေးအန္တရာယ် မဖြစ်လီ။ 6ပေါလု ခန္ဓာတစ်ကိုယ်လုံး ရန်းလားလိမည်၊ မဟုတ်ကေ ချက်ချင်း လဲရို့ သီလားလိမည် ဟို့ လူရို့ ထင်ကတ်လီရေ။ ယေကေလည်း လူရို့စာ တအောင့် စောင့်နီကတ်လီရေ။ ယင်းနောက် တစ်ခုလည်း မဖြစ်စာကို မြင်ရို့ သူရို့စာ စိတ်ပြောင်းလှဲပြီးကေ ပြောကတ်လီရေ၊ “ဒေသူကား လူမဟုတ် နတ်ရာ။”

7ယင်းနေရာအနားက ပုဗလိနာမည်န ကျွန်းသူကြီး သူဌေးတစ်ယောက် ဟိလီရေ။ ထိုသူဌေးစာ အကျွန်ရို့ကို ကိုယ့်အိမ်တို့ ခေါ်ယူလားရို့ သုံးရက်တိုင်အောင် ကျွေးမွေးပြုဇုလီရေ။ 8ယင်းအချိန်မာ ပုဗလိအဖစာ ဖျားပြီးကေ ဝမ်းကိုက်ရောဂါ ဖြစ်ရို့ အိမ်ခန့်မာ အိပ်ရို့ ဟိလီရေ။ ပေါလုစာ ထိုအခန့်ထဲတို့ ဝင်ရို့ ပုဗလိအဖ ခန္ဓာမာ အလက်တင်ရို့ ဆုတောင်းပြီးကေ အကောင်းလုပ်လီရေ။ 9ထိုကျွန်းမာ အခြားရောဂါသေရို့စာ ထိုသတင်းကို ကြားရို့ ပေါလုတို့ လာကတ်လီရေ။ ပေါလုစာ ထိုရောဂါသေရို့ကိုလည်း အကောင်းလုပ်လီရေ။

ရောမမြို့တို့ ရောက်ခြင်း

10 11အကျွန်ရို့ ထိုကျွန်းမာ သုံးလ နီလီရေခါ ကျွန်းသားရို့စာ အကျွန်ရို့ကို ရိုသေလေးစားရို့ အမျိုးမျိုး လက်ဆောင်တိကို ပီးကတ်လီရေ။ ယင်းနောက် အကျွန်ရို့ ထိုကျွန်းက ထွက်လားဖို့ခါလည်း အကျွန်ရို့မာ လိုအပ်စာ ဝန်တိကို သင်္ဘောတို့တရောက် ပို့ကတ်လီရေ။ အရာ အကျွန်ရို့ အာလေဇန္ဒြူယမြို့က လာစာ သင်္ဘောတစ်စင်းမာ တက်ရို့ လားကတ်လီရေ။ ထိုသင်္ဘောစာ မေလိတေကျွန်းမာ ဆောင်းရာသီတပွဲ ချိုင်းရို့ ဟိလီရေ။ ထိုသင်္ဘောဦးမာ အမြွှာဗူး နတ်ညီအစ်ကိုအရုပ် ထွင်းရို့ ဟိလီရေ။ 12အကျွန်ရို့စာ သုရကုတ်မြို့ သင်္ဘောဆိပ်မာ သင်္ဘောကို ချိုင်းရို့ ထိုမြို့မာ သုံးရက် နီခကတ်လီရေ။ 13အကျွန်ရို့ ထိုမြို့က ထွက်လားရို့ ရီဂျုံမြို့တို့ ရောက်ကတ်လီရေ။ အရာ နောက်တစ်ရက်နိ လားရေလမ်းမာ တောင်လီအသင့်ကျရေအတွက်န နှစ်ရက်နိမာ ပေါတယောလိမြို့တို့ ရောက်ကတ်လီရေ။ 14အကျွန်ရို့စာ ပေါတယောလိမြို့မာ ကျုံသူ လိုင်းကေယောက်န တွိကတ်လီရေ။ သူရို့စာ အကျွန်ရို့ကို ကိုယ်ရို့နအတူ ခုနစ်ရက် နီခဖို့အတွက် တောင်းပန်ကတ်လီရေ။ သူရို့ တောင်းပန်ရေအတိုင်း အကျွန်ရို့ ခုနစ်ရက် နီပြီးရေနောက် ရောမမြို့တို့ လားကတ်လီရေ။ 15ရောမမြို့က ကျုံသူညီအစ်ကိုရို့စာ အကျွန်ရို့ လာရေဆိုစာကို ကြားရို့ အကျွန်ရို့ကို ကြိုဆိုဖို့အတွက် တစ်ချိုးလူရို့စာ အပ္ပိဈီးတို့ တိုင်အောင် လာကတ်လီရေ။ အရာ တစ်ချိုးလူရို့စာ ဇရပ်သုံးဆောင်ရွာတို့ တိုင်အောင် လာကတ်လီရေ။ ယင်းခါ ပေါလုစာ ထိုကျုံသူရို့ကို မြင်ရို့ ထာဝရဘုရားကို ကျေးဇူးတင်လီရေ အရာ သူစာ ရဲဝံ့ပြည့်လီရေ။

ရောမမြို့မာ တရားဟောခြင်း

16အကျွန်ရို့ ရောမမြို့မာ ရောက်ကတ်တေခါ ပေါလု နူးချင်းတည်း နီဖို့အတွက် အစိုးရက အခွင့်ရလီရေ။ ယေကေလည်း စစ်သားတစ်ယောက် ပေါလုကို အမြဲတိုင်း စောင့်ရို့ နီလီရေ။

17ရောမမြို့မာ ရောက်ရို့ သုံးရက် နီရို့ပြီးရေခါ ပေါလုစာ ထိုမြို့မာဟိစာ ယုဒဂေါင်းဆောင်ရို့န တိုင်ဘင်ဖို့အတွက် ဖိတ်ခေါ်လီရေ။ ထိုဂေါင်းဆောင်ရို့ လာရို့ စုကတ်တေခါ ပေါလုစာ ပြောလီရေ၊ “ညီအစ်ကိုရို့၊ အကျွန် ကိုယ့်လူမျိုးရို့ကို ဆန့်ကျင်ရို့ တစ်ခုလည်း လုပ်လီစာ မဟိပါ။ အရာ အဖိုးအဖီးအစိုင်လာရို့ ကျင့်ရို့လာစာ ထုံးစဉ်တိကို ဆန့်ကျင်ရို့ တစ်ခုလည်း မတရားလုပ်လီစာ မဟိပါ။ ယေကေလည်း ယေရုရှလင်မြို့မာ ယုဒလူရို့စာ အကျွန့်ကို ဖမ်းရို့ ရောမလူရို့အလက်မာ အပ်လီကတ်ပါရေ။ 18ရောမလူရို့စာ အကျွန့်ကို စစ်ဆေးရို့ ကြည့်ကတ်တေခါ သီဒါဏ်ပီးဖို့အတွက် အပြစ် တစ်ခုလည်း မရကတ်လီပါ။ ယင်းအတွက်န သူရို့စာ အကျွန့်ကို ရွှတ်ဖို့ ကြည့်ကတ်လီပါရေ။ 19ယေကေလည်း ယုဒလူရို့ တားဆီးရေအတွက်န အကျွန်စာ မဖယ်သာရို့ ရောမဧကရာဇ်မင်းဘားမာ တရားအစစ်ခံဖို့စာကို သျှောက်အပ်လီပါရေ။ အကျွန် ကိုယ့်လူမျိုးရို့ကို အပြစ်တင်ရို့ စကားပြောဖို့အတွက် ဒေမာလာစာ မဟုတ်ပါ။ 20အကျွန် ကိုယ်ဘင်ရို့န အတွိခံရို့ စကားပြောဖို့အတွက် ကိုယ်ဘင်ရို့ကို ဖိတ်ခေါ်လီစာ ဖြစ်ပါရေ။ ဣသရေလလူမျိုးရို့ပိုင် အကျွန် မျှော်လင်းနီရေအတွက်န ဒေ သံကျိုက်ကြိုးန အချိုင်ခံနီရပါရေ။”

21ယင်းခါ ယုဒဂေါင်းဆောင်ရို့စာ ပေါလုကို ပြောကတ်လီရေ၊ “ယုဒပြည်နယ်က ကိုယ်ဘင် အကြောင်းကို ယူရို့ စာတစ်ရွက်လည်း အကျွန်ရို့ မရပါသိ။ ထိုပြည်နယ်က လာကတ်စာ ညီအစ်ကိုရို့လည်း အကျွန်ရို့ဘားမာ ကိုယ်ဘင် အကြောင်းကို ယူရို့ တစ်ခုလည်း မကောင်းပြောစာ မဟိပါသိ။ 22နေရာတိုင်းမာ လူရို့စာ ထိုဘာသာရေး အဖွဲ့ကို ဆန့်ကျင်ရို့ စကားပြောနီကတ်တေဆိုစာကို အကျွန်ရို့ သိပါရေ။ ယေကေလည်း ကိုယ်ဘင် စိတ်မာ ဇာ ဟိရေလည်းဆိုစာကို အကျွန်ရို့ နားထောင်ချင်ပါရေ။”

23ယုဒဂေါင်းဆောင်ရို့စာ ပေါလုန တိုင်ဘင်ဖို့အတွက် ရက်တစ်ရက် ချိန်းထားကတ်လီရေ။ ယင်းနိမာ ဂေါင်းဆောင်ရို့နအတူ အခြားလူရို့လည်း အများကြီး ပေါလု နီစာအိမ်တို့ လာကတ်လီရေ။ ပေါလုစာ မိုးသောက်ကပင် နီတဝင် ထာဝရဘုရား၏ နိုင်ငံတော် အကြောင်းကို ဟောပြောရို့ နီလီရေ။ အရာ မောရှေ၏ ပညှတ်တရားန ဘုရားသတင်းပို့သူရို့ ကျမ်းတိက ယူရို့ အသျှင်ယေရှု အကြောင်းကို နားလည်လတ်အောင် ကြိုးစားအားထုတ်ရို့ ရှင်းပြလီရေ။ 24ပေါလု ဟောပြောစာ စကားတိကို ကြားရို့ တစ်ချိုးလူရို့စာ နားလည်ရို့ ကျုံကတ်လီရေ၊ အရာ တစ်ချိုးလူရို့စာ မကျုံကတ်လီ။ 25ယင်းအတွက်န ယုဒလူရို့စာ ကိုယ်ရို့အထဲမာ တစ်ယောက်န တစ်ယောက် စိတ်ကွဲရို့ အငြင်းအခုံ ဖြစ်ပြီးကေ ထွက်လားဖို့ ကြည့်ကတ်လီရေ။ ယင်းခါ ပေါလုစာ ပြောလီရေ၊ “သန့်ရှင်းသောဝိညာဉ်တော်စာ ဘုရားသတင်းပို့သူ ဟေရှာယကနီရို့ ကိုယ်ဘင်ရို့ အဖိုးအဖီးအစိုင်လာရို့ကို မှန်ကန်စာ စကား ပြောလီရေ။ ထိုစကားတိ ဖြစ်တေကား ဒေပိုင်၊
26‘ထိုလူရို့တို့ လားရို့ ပြောခီ၊
“နင်ရို့ နားထောင်ကတ်လိမည်၊
ယေကေလည်း နားလည်ကတ်လိမည် မဟုတ်။
အရာ ကြည့်ကတ်လိမည်၊
ယေကေလည်း သိရကတ်လိမည် မဟုတ်။”

27အကြောင်းကား ဒေ လူရို့မာ စိတ်နှလုံး ထိုင်းလားခဗျာ။
သူရို့မာ နား မကြားရ၊
အရာ မျက်စိလည်း မမြင်ရ။
ဒေပိုင် မဖြစ်ဆိုကေ သူရို့စာ မျက်စိန မြင်ရကတ်ဖို့၊
နားက ကြားရကတ်ဖို့၊ သူရို့ စိတ်နှလုံးစာ သိရို့ နားလည်လာကတ်ဖို့၊
သူရို့စာ စိတ်ပြောင်းလှဲရို့ လာကတ်ဖို့။
အရာ သူရို့မာ ရောဂါကောင်းဖို့အတွက် ငါ့တို့ လာကတ်ဖို့။’

28“ယင်းအတွက်န ကိုယ်ဘင်ရို့ မှတ်ထားကတ်ပါ၊ ထာဝရဘုရား၏ ကယ်တင်ခြင်းတရားကို ယုဒမဟုတ်သူရို့ဘားမာ ဟောပြောပါဗျာ။ သူရို့ရာ ထိုအကြောင်းကို နားထောင်ကတ်ပါဖို့။” 29
ပထမဆုံး ရွီးလီစာ ဂရိဘာသာ ကျမ်းစာအဟောင်းတိမာ ဒေ အခန့်ငယ် ၂၉-မာ စကားတိ ရွီးရို့ မဟိပါ။
ပေါလု ယင်းပိုင် ပြောပြီးရေခါ ယုဒလူရို့စာ တစ်ယောက်န တစ်ယောက် အငြင်းအခုံ ဖြစ်ရို့ ထွက်လားခကတ်လီရေ။

30ပေါလုစာ နှစ်နှစ်ပတ်လုံး ကိုယ်ငှါးစာအိမ်မာ နီလီရေ အရာ သူန အတွိခံဖို့ လာစာ လူရို့ အားကုံးသူကို အမြဲတိုင်း ကြိုဆိုလက်ခံလီရေ။ 31ပေါလုစာ ကိုယ့်တို့ လာကတ်စာ လူရို့ဘားမာ ထာဝရဘုရား၏ နိုင်ငံတော် အကြောင်းကို အဆီးအတားမဟိဘိုင်း သတ္တိအပြည့်န ဟောပြောရို့ နီလီရေ အရာ အသျှင်ယေရှုခရစ်တော် အကြောင်းကိုလည်း သွန်သင်ပီးရို့ နီလီရေ။
Copyright information for RmzSC