Acts 7

သတေဖန်ကို စစ်ဆေးခြင်း

1ယင်းခါ မဟာယဇ်ပုရောဟိတ်စာ သတေဖန်ကို မီးလီရေ၊ “ဒေ စကား အားကုံး အမှန်လော?” 2သတေဖန်စာ အဖြေပီးလီရေ၊ “အိုး အကျွန့်မာ အဖရို့န ညီအစ်ကိုရို့၊ အကျွန့်စကားကို နားထောင်ကတ်ပါ။ အကျွန်ရို့မာ အဖိုးအဖီးအစိုင်လာ အာဗြဟံ ခါရန်မြို့တို့ မလားခင်အယင်က မေသောပေါတာမိပြည်မာ ဟိလီရေ။ ယင်းခါ ဘုန်းကြီးစာ ထာဝရဘုရားစာ သူ့ဘားမာ အမြင်ခံရို့ ပြောလီရေ၊ 3‘နင်၊ နင်နီစာ ပြည်န နင့်အမျိုးအဆွီရို့ကို စွန့်ရို့ ငါ ပြစာပြည်တို့ လားလီ။’

4“ယင်းအတွက်န အာဗြဟံစာ ခါလဒဲလူမျိုးပြည်ကို စွန့်ရို့ ခါရန်မြို့မာ လားရို့ နီထိုင်လီပါရေ။ သူ့မာ အဖ သီလားခပြီးရေနောက် ထာဝရဘုရားစာ သူ့ကို ဂတိခံထားစာ ပြည်တို့ ရွှတ်လိုက်လီပါရေ။ ဒေဂု ယင်းပြည်စာ ကိုယ်ဘင်ရို့ နီထိုင်ကတ်စာ ပြည် ဖြစ်ပါရေ။ 5ထာဝရဘုရားစာ အမွီအဖြစ် အာဗြဟံကို ယင်းပြည်မာ တစ်ခုပင် မပီးလီပါ၊ ယင်းထက်မက သူ့အခြီချဖို့အတွက် မြေသျှေပင်တစ်ကွက် မပီးလီပါ။ ယေကေလည်း အာဗြဟံဘားမာ ထာဝရဘုရား ဂတိခံထားလီပါစာကား၊ သူစာ အာဗြဟံန သူ့အမျိုးအနွယ်သားရို့ ပိုင်ဆိုင်ဖို့အတွက် ယင်းပြည်ကို ပီးဖို့။ ယင်းအချိန်ခါ အာဗြဟံမာ သားသမီး တစ်ယောက်လည်း မဟိလီပါသိ။ 6အရာ ထာဝရဘုရားစာ အာဗြဟံကို ပြောလီပါရေ၊ ‘နင့် အမျိုးအနွယ်သားရို့ အခြားပြည်မာ လားရို့ နီထိုင်ကတ်လိမည်။ လူရို့စာ သူရို့ကို နှစ်ပေါင်း လေးရာတိုင်အောင် ကျွန်ထည့်ရို့ ညှဉ်းဆဲထားလိမည်။’ 7ထာဝရဘုရားစာ အရာလည်း ပြောလီပါရေ၊ ‘သူရို့ကို ကျွန်ထည့်စာ လူမျိုးကို ငါ ဒါဏ်ပီးဖို့။ ယင်းနောက် သူရို့ ထိုပြည်က ထွက်လာရို့ ဒေနေရာမာ ငါ့ကို ရွယ်မှတ်ရို့ ကိုးကွယ်ကတ်လိမည်။’ 8ယင်းအတွက်န ထာဝရဘုရားစာ ကိုယ် ခံထားလီစာ ဂတိသစ္စာ အမှတ်တရအဖြစ် အရီဖျားလှီးမင်္ဂလာ ထုံးစဉ်ကို ပီးလီပါရေ။ ယင်းနောက် အာဗြဟံမာ သားဣဇာက်ကို မွီးဖွားလီပါရေ၊ အရာ မွီးဖွားရို့ ရှစ်ရက်နိမာ အာဗြဟံစာ ထိုသားကို အရီဖျားလှီးမင်္ဂလာ လုပ်လီပါရေ။ ယင်းနောက် ဣဇာက်မာသား ယာကုပ်ကို အရီဖျားလှီးမင်္ဂလာ လုပ်လီပါရေ အရာ ယာကုပ်လည်း သူ့မာ သားတစ်ဆယ့်နှစ်ယောက်ကို အရီဖျားလှီးမင်္ဂလာ လုပ်လီပါရေ။ ထိုသားတစ်ဆယ့်နှစ်ယောက်စာ အကျွန်ရို့ ဣသရေလလူမျိုး တစ်ဆယ့်နှစ်စိုင်မာ အဖ တစ်ဆယ့်နှစ်ယောက် ဖြစ်ကတ်ပါရေ။

9 10“ထိုအဖရို့စာ မနာလိုစိတ် ရောက်ရို့ ညီယောသပ်ကို အီဂျစ်ပြည်တို့ ကျွန်အဖြစ် ရောင်းလီပါရေ။ ယေကေလည်း ထာဝရဘုရားစာ ယောသပ်နအတူ ဟိလီပါရေ။ ယင်းအတွက်န သူ့ကို ဟိသမျ ဖီးဒုက္ခက ကယ်ဆယ်လီပါရေ။ ယင်းသျှင့်ကိုအပယ် ထာဝရဘုရားစာ သူ့ကို ညာဏ်ပညာ ပီးလီပါရေ အရာ သူ့ကို အီဂျစ်ပြည်မာ ဖာရောမင်း ရှိက မျက်နှာသာလမ်းပွင့်အောင် လုပ်လီပါရေ။ ယင်းအတွက်န ဖာရောမင်းစာ သူ့ကို ယင်းပြည်မာ အုပ်ချုပ်သူန ကိုယ့်အိမ်ကို ထိန်းသူအဖြစ် တာဝန်ပီးလီပါရေ။

11“ယင်းနောက် အီဂျစ်ပြည်န ခါနန်ပြည်မာ ဟိသမျ နေရာမာ ငတ်မွတ်ခေါင်းပါးခြင်း ကျရောက်လီပါရေ။ ယင်းအတွက်န လူရို့ ကောင်းကောင်း ဆင်းရဲ-ဒုက္ခမာ ကျလီကတ်ပါရေ။ ယင်းအချိန်ခါ ခါနန်ပြည်မာဟိစာ အကျွန်ရို့ အဖိုးအဖီးအစိုင်လာရို့မာ အစားခေါင်းပါးလီပါရေ။ 12ယင်းခါ ယာကုပ်စာ အီဂျစ်ပြည်မာ အစားဆန်ရီ ဟိရေဆိုစာကို ကြားလီပါရေ။ ယင်းအတွက်န သူစာ ကိုယ့်သားရို့ကို ပထမခေါက် အီဂျစ်ပြည်တို့ အစားဆန်ရီ ဝယ်ဖို့ ရွှတ်လိုက်လီပါရေ။ 13ဒုတိယခေါက်မာ ယောသပ်စာ ကိုယ့်ညီအစ်ကိုရို့ကို ပြောလီပါရေ၊ ‘ငါ အမှန် ယောသပ် ဖြစ်တေ။’ ယင်းခါ ဖာရောမင်းစာ သူရို့ အိမ်သား အကြောင်းကို သိလီပါရေ။ 14ယင်းနောက် ယောသပ်စာ ကိုယ့်အဖ ယာကုပ်န သူ့အိမ်သား အားကုံးသူကို ခေါ်ယူခဖို့အတွက် ရွှတ်လိုက်လီပါရေ။ ယင်းအတွက်န ယာကုပ်န သူ့အိမ်သား အားကုံးသူ အီဂျစ်ပြည်တို့ လာကတ်လီပါရေ။ သူရို့ အိမ်သား လူပေါင်း ခုနစ်ဆယ်ငါးယောက် ဟိလီပါရေ။ 15ယင်းနောက် ယာကုပ်စာ အီဂျစ်ပြည်မာ သီလီပါရေ အရာ အကျွန်ရို့မာ အဖိုးအဖီးအစိုင်လာရို့လည်း ယင်းပြည်မာ သီလားခကတ်လီပါရေ။ 16သူရို့ အကောင်ကို ဒေ ခါနန်ပြည်မာ ရှေခင်မြို့တို့ ယူခရို့ သင်္ဂြိုဟ်လီပါရေ။ ထိုသင်္ချိုင်းမြေကို အယင်ကပင် ရှေခင်မြို့သား ဟာမော်သားရို့က ငွေတန်းကား ပီးရို့ အာဗြဟံ ဝယ်ရို့ ထားလီပါရေ။

17“အာဗြဟံဘားမာ ထာဝရဘုရား ခံထားစာဂတိ ပြည့်စုံဖို့ အချိန်ပါးလာလီရေခါ အကျွန်ရို့ လူရို့စာ အီဂျစ်ပြည်မာ အများကြီး ပွါးလာလီကတ်ပါရေ။ 18ယင်းနောက် အီဂျစ်ပြည်မာ မင်း အသစ်တစ်ပါး တက်လီပါရေ။ ထိုမင်းစာ ယောသပ် အကြောင်းကို တစ်ခုလည်း မသိလီပါ။ 19ထိုမင်းစာ အကျွန်ရို့ လူရို့ကို လိမ်လှည့်ရို့ ထားလီပါရေ အရာ ကောင်းကောင်း နှိပ်စက်ရို့ ထားလီပါရေ။ ယင်းထက်မက အကျွန်ရို့ အဖိုးအဖီးအစိုင်လာရို့မာ အသျှေ မွီးဖွားရေခါလည်း ထိုအသျှေရို့ကို သီလတ်အောင် ပြင်မာ ဘိုက်ထားဖို့ အာဏာချလီပါရေ။

20“ယင်းအချိန်ခါ မောရှေ မွီးဖွားလီပါရေ။ သူစာ မွီးသစ်သျှေခါ ကောင်းကောင်း အလှပ ဟိလီပါရေ။ သူ့ကို သုံးလတိုင်အောင် ကိုယ့်အမိအဖ အိမ်တွင်းမာ မွီးစပ်ရို့ ထားလီပါရေ။ 21မောရှေကို ပြင်မာ ဘိုက်ထားလီရေခါ ဖာရောမင်း သမီးစာ မောရှေကို ကောက်ယူခရို့ ကိုယ့်သား​ကိုပိုင် မွီးစပ်ရို့ ထားလီပါရေ။ 22မောရှေစာ အီဂျစ်လူမျိုးရို့က ဟိသမျ အတတ်ပညာကို ရလီပါရေ အရာ သူစာ အလုပ်အကိုင်န စကားပြောစာတိမာ အားခွန်န ပြည့်စုံသူတစ်ယောက် ဟိလီပါရေ။

23“မောရှေစာ အသက်လေးဆယ်ပြည့်ရေခါ ကိုယ့် ဣသရေလလူမျိုးရို့န အတွိခံဖို့ ကြည့်လီပါရေ။ 24တစ်ရက်နိ ဣသရေလလူမျိုး တစ်ယောက်ကို အီဂျစ်လူမျိုး တစ်ယောက် အနိုင်ကျင့်စာကို မောရှေစာ မြင်လီပါရေ။ ယင်းခါ သူစာ ကိုယ့် ဣသရေလလူမျိုး ဖက်က ဝင်ရို့ ကူညီပြီးကေ အီဂျစ်လူမျိုးကို အသီသတ်ရို့ လက်စားဆတ်လီပါရေ။ 25မောရှေစာ ဣသရေလလူမျိုးရို့ကို ကယ်တင်ဖို့အတွက် ကိုယ့်ကို ထာဝရဘုရားက ရွှတ်လိုက်စာ အကြောင်းကို သူရို့ သိဖို့ ဟို့ ထင်လီပါရေ၊ ယေကေလည်း သူရို့စာ မသိလီကတ်ပါ။

26“နောက်တစ်ရက်ခါ မောရှေစာ ဣသရေလလူမျိုးနှစ်ယောက် ဘုတ်နီကတ်စာကို မြင်လီပါရေ။ ယင်းခါ မောရှေစာ သူရို့နှစ်ယောက်ကို ပေါင်းပီးဖို့အတွက် ပြောလီပါရေ၊ ‘အဝေး၊ နင်ရို့ကား ညီအစ်ကို ဖြစ်ကတ်တေ၊ နင်ရို့ ဇာဖို့ တစ်ယောက်န တစ်ယောက် ဒေပိုင် ရန်တွိနီကတ်စာလည်း?’ 27ယေကေလည်း မကောင်းဆက်ဆံသူစာ မောရှေကို တိုးချရို့ ပြောလီပါရေ၊ ‘ငါရို့ကို အုပ်ချုပ်ဖို့စာန တရားစစ်ဖို့စာ အခွင့်အာဏာ နင့်ကို အသူ ပီးစာလည်း? 28ညကခါ အီဂျစ်လူမျိုး တစ်ယောက်ကို သတ်ဘိုက်လီစာပိုင် ငါ့ကိုလည်း သတ်ဘိုက်ဖို့ ကြည့်စာလော?’ 29မောရှေ သူ့စကားကို ကြားရေခါ အီဂျစ်ပြည်က ထွက်ဗြီးလားခရို့ မိဒျန်ပြည်မာ နီထိုင်လီပါရေ။ သူစာ မိဒျန်ပြည်မာ အိမ်ထောင်ကျရို့ သားနှစ်ယောက် ရလီပါရေ။

30“ယင်းနောက် မောရှေစာ မိဒျန်ပြည်မာ နှစ်ပေါင်းလေးဆယ် တိုင်အောင် နီလီပါရေ။ တစ်ရက်နိ သိနာတောင်အနားက သဲကန္တာရတောပြင်မာ မီးတောက်နီစာ အုပ်ခြုံအထဲက ဂေါင်းခင်နတ်သားတစ်ပါးစာ သူ့ဘားမာ အမြင်ခံလီပါရေ။ 31သူစာ ယင်းသျှင့်ကို မြင်ရို့ အံ့ဩပြီးကေ အလှပ ကြည့်ဖို့လိုရို့ မီးခြုံအနားတို့ လားလီပါရေ။ ယင်းခါ သူစာ အသျှင်၏ စကားအသံကို ကြားရလီပါရေ၊ 32‘ငါစာ နင့် အဖိုးအဖီးအစိုင်လာရို့မာ ဘုရား ဖြစ်တေ။ အာဗြဟံ၊ ဣဇာက် အရာ ယာကုပ်မာ ဘုရား ဖြစ်တေ။’ ယင်းခါ မောရှေစာ ထိုစကားကို ကြားရေခါ ကြောက်ရို့ တုန်ပြီးကေ ယင်းတို့ ကြည့်ဖို့ပင် မဝံ့လီပါ။

33“ယင်းခါ အသျှင်စာ မောရှေကို ပြောလီပါရေ၊ ‘နင့်အခြီက ဖနပ်ကို ချွတ်ဘိုက်လိုက်၊ အကြောင်းကား နင် ရပ်ရို့ ဟိစာနေရာစာ သန့်ရှင်းစာနေရာ ဖြစ်တေ။ 34အီဂျစ်ပြည်သားရို့ ငါ့ ဣသရေလလူမျိုးရို့ကို ညှဉ်းဆဲနီစာကို ငါ မြင်ရေ။ အရာ သူရို့ ဝမ်းနည်းရို့ ငိုကတ်စာ အသံကိုလည်း ငါ ကြားရေ။ ယင်းအတွက်န ငါ သူရို့ကို ကယ်တင်ဖို့ ဆင်းလာစာ ဖြစ်တေ။ လားလီ၊ ငါ နင့်ကို ဒေဂု အီဂျစ်ပြည်တို့ ပြန်ရွှတ်တေ။’

35“ထိုမောရှေစာ ဣသရေလလူမျိုးရို့ဘားမာ ငြင်းပယ်ခံသူ တစ်ယောက် ဖြစ်ပါရေ။ အရာ သူရို့စာ မောရှေကို ဒေပိုင် ပြောရို့ ပြန်ရွှတ်လိုက်လီပါရေ၊ ‘ငါရို့ကို အုပ်ချုပ်ဖို့စာန တရားစစ်ဖို့စာ အခွင့်အာဏာ နင့်ကို အသူ ပီးစာလည်း?’ မောရှေစာ မီးတောက်နီစာ အုပ်ခြုံအထဲမာ ဂေါင်းခင်နတ်သား တစ်ပါးကို ကိုယ်ထင် မြင်လီပါရေ။ ထာဝရဘုရား ကိုယ်တိုင် ထိုဂေါင်းခင်နတ်သားကနီရို့ ဣသရေလလူမျိုးရို့ကို ကယ်တင်ဖို့အတွက်န အုပ်ချုပ်ဖို့အတွက် မောရှေကို အီဂျစ်ပြည်တို့ ပြန်ရွှတ်လိုက်လီပါရေ။ 36ထိုမောရှေစာ ဣသရေလလူမျိုးရို့ကို အီဂျစ်ပြည်က ထုတ်ယူခလီပါရေ။ ယင်းခါ သူစာ အီဂျစ်ပြည်မာ၊ ဧဒုံပင်လယ်မာ အရာ သဲကန္တာရတောပြင်မာ နှစ်ပေါင်းလေးဆယ်ပတ်လုံး အများကြီး အံ့ဩဖွယ်-နိမိတ်လက္ခဏာ အလုပ်တိကို လုပ်ရို့ ပြလီပါရေ။ 37သူစာ ဣသရေလလူမျိုးရို့ကို ပြောလီပါရေ၊ ‘နင်ရို့မာ ထာဝရဘုရားစာ နင်ရို့ ဣသရေလလူမျိုးအထဲက နင်ရို့အတွက် ငါ့ပိုင် ဘုရားသတင်းပို့သူတစ်ပါး ရွှတ်လိုက်လိမည်။’ 38ထိုမောရှေစာ သဲကန္တာရတောပြင်မာ ဣသရေလလူမျိုးအထဲမာ ဟိလီပါရေ။ သူစာ သိနာတောင်အထက်မာ စကားပြောလီစာ ဂေါင်းခင်နတ်သားနအတူလည်း ဟိလီပါရေ။ သူစာ ထိုတောင်ထက်မာ အကျွန်ရို့ကို ပီးဖို့အတွက် အသက်သျှင် ပညှတ်တော်ကို ထာဝရဘုရားက ရလီပါရေ။

39“ယေကေလည်း အကျွန်ရို့ အဖိုးအဖီးအစိုင်လာရို့စာ မောရှေ စကားကို နားမထောင်ဘိုင်းန သူ့ကို ငြင်းပယ်ရို့ အီဂျစ်ပြည်တို့ ပြန်လားဖို့ ကြည့်ကတ်လီပါရေ။ 40ယင်းအတွက်န သူရို့စာ အာရုန်ကို ပြောကတ်လီပါရေ၊ ‘အကျွန်ရို့ကို အီဂျစ်ပြည်က ထုတ်ယူခသူ မောရှေ ဇာဖြစ်နီဗျာလည်းဆိုစာကို အကျွန်ရို့ မသိပါ။ အကျွန်ရို့ကို လမ်းပြရို့ ယူလားဖို့အတွက် ဘုရားရုပ်တု လုပ်ရို့ ပီးပါ။’ 41ယင်းအချိန်ခါ သူရို့စာ နွားသျှေပိုင် ရုပ်တုတစ်တု လုပ်ကတ်လီပါရေ။ ယင်းနောက် သူရို့စာ ထိုနွားသျှေရုပ်တု ရှိက တိရစ္ဆာန်တိကို ယဇ်ပူဇော်ကတ်လီပါရေ အရာ သူရို့စာ ကိုယ်ရို့အလက်န လုပ်ကတ်စာ ဝန်ကို ယူရို့ ကောင်းကောင်း ပျော်ကတ်လီပါရေ။ 42ယင်းအတွက်န ထာဝရဘုရားစာ သူရို့က မျက်နှာလှည့်ရို့ ဂေါင်းခင်မာဟိစာ နီ၊ လ၊ ကြယ်တိကို ပူဇော်ပတ်စီ ဟို့ ဘိုက်ထားလီပါရေ။ ဘုရားသတင်းပို့သူရို့ ကျမ်းစာမာ ဒေပိုင် ရွီးရို့ ဟိပါရေ၊
‘အိုး ဣသရေလလူမျိုးရို့၊ သဲကန္တာရတောပြင်မာ နင်ရို့ နှစ်ပေါင်းလေးဆယ်ပတ်လုံး ဟိလီကတ်တေ၊
ယင်းခါ နင်ရို့ ငါ့ဘားမာ တိရစ္ဆာန်တိန အခြားဝန်တိကို ယဇ်မပူဇော်လီကတ်။

43ယင်းထက်ပင် နင်ရို့ ကိုးကွယ်ဖို့အတွက် ရုပ်တုကို ရွက်ယူလားခကတ်လီရေ၊
ထိုရုပ်တုစာ မောလုနတ်စင်န နင်ရို့မာ ရင်ဖန်ကြယ် ဖြစ်တေ။
ယင်းအတွက်န နင်ရို့ကို ငါ ဗာဗုလုန်ပြည်ကမ်းတစ်ဖက်တို့ ပို့လိုက်ဖို့။’

44“အကျွန်ရို့မာ အဖိုးအဖီးအစိုင်လာရို့စာ သန့်ရှင်းစာ-တဲခုတ်ကို သဲကန္တာရတောပြင်တို့ ရွက်ယူလားခကတ်လီပါရေ။ ထိုတဲခုတ်ကို ထာဝရဘုရား မောရှေကို ပြလီစာပုံဇံပိုင် ဆောက်လီပါရေ။ 45အကျွန်ရို့မာ အဖိုးအဖီးအစိုင်လာရို့စာ ထိုတဲခုတ်ကို ရရို့ သူရို့မာ ဂေါင်းဆောင် ယောရှုနအတူ ဒေ ပြည်တို့ ယူခကတ်လီပါရေ။ ယင်းအချိန်ခါ ထာဝရဘုရားစာ အခြားလူမျိုးရို့ကို ဒေ ပြည်က နှင်ထုတ်လီပါရေ အရာ သူရို့စာ ဒေ ပြည်ကို အပိုင်သိမ်းလီကတ်ပါရေ။ ထိုတဲခုတ်စာ ဒါဝိဒ်မင်း လက်ထက်တိုင်အောင် ဒေ ပြည်မာ ဟိလီပါရေ။ 46ဒါဝိဒ်မင်းစာ ထာဝရဘုရား၏ ကျေးဇူးတော်ကို ခံရလီပါရေ။ ယင်းအတွက်န သူစာ ယာကုပ်၏ ထာဝရဘုရား ကျိန်းဝပ်ဖို့စာ ဝိပဿနာကျောင်းကို ဆောက်ဖို့အတွက် အခွင့်တောင်းလီပါရေ။ 47ယေကေလည်း ဒါဝိဒ်မင်းတက်စား ရှောလမုန်မင်းရာ ထိုဝိပဿနာကျောင်းကို ဆောက်ဖို့အခွင့် ရလီပါရေ။

48 49“မြင့်မြတ်စာ ထာဝရဘုရား လူရို့အလက်န ဆောက်စာ ကျောင်းမာ မကျိန်းဝပ်ပါ။ ဘုရားသတင်းပို့သူစာ အသျှင်၏ စကားတော်ကို ပြောလီပါရေ၊ ‘ဂေါင်းခင်ဘုံစာ ငါ့ ပလ္လင် ဖြစ်တေ အရာ ကမ္ဘာမြေစာ ငါ အခြီချစာ နေရာ ဖြစ်တေ။ ငါ့အတွက် ဝိပဿနာကျောင်း နင် ဇာပုံဇံ ဆောက်ဖို့စာလည်း? ငါ အနားယူဖို့စာနေရာ ဇာမာလည်း? 50ဒေ ဟိသမျ ဝန်တိကို ငါကိုယ်တိုင် လုပ်လီစာ မဟုတ်လော?’

51“အိုး တဖက်ခွတ် လူမျိုး၊ ထာဝရဘုရားဘားမာ ဂတိသစ္စာ မတည်သူရို့ပိုင် ဇာဖို့ ထာဝရဘုရား၏ စကားတော်ကို ကိုယ်ဘင်ရို့ နားထောင်ရို့ စိတ်နှလုံးမာ မဝင်စားကတ်ပါစာလည်း? အရာ အမှန် ကိုယ်ဘင်ရို့လည်း ကိုယ်ဘင်ရို့မာ အဖိုးအဖီးအစိုင်လာရို့ပိုင် သန့်ရှင်းသောဝိညာဉ်တော်ကို အမြဲတိုင်း ဆန့်ကျင်ဖက် လုပ်နီကတ်ပါရေ။ 52ကိုယ်ဘင်ရို့မာ အဖိုးအဖီးအစိုင်လာရို့စာ ဟိသမျ ဘုရားသတင်းပို့သူရို့ကို ကောင်းကောင်း ညှဉ်းဆဲကတ်လီပါရေ။ ယင်းထက်မက ရိုးသားစာ ခရစ်တော် ကြွလာဖို့စာ အကြောင်းကို အယင်ကပင် ဟောပြောနီသူရို့ကိုလည်း သူရို့ အသီသတ်ဘိုက်လီကတ်ပါရေ။ ဒေဂု ကိုယ်ဘင်ရို့ ယေရှုကို ရန်သူရို့အလက်မာ ဖမ်းပီးရို့ အသီသတ်ဖို့ ခိုင်းလီကတ်ပါရေ။ 53ကိုယ်ဘင်ရို့စာ ဂေါင်းခင်နတ်သားရို့ကနီရို့ ပညှတ်တရားကို ရလီကတ်ပါရေ၊ ယေကေလည်း ကိုယ်ဘင်ရို့ ထိုပညှတ်တရားကို မလိုက်နာကတ်ပါ။”

သတေဖန်ကို ကျောက်ခဲန ဘိုက်ရို့သတ်ခြင်း

54မဟာတိုင်ဘင်အဖွဲ့သားရို့စာ သတေဖန် စကားကို ကြားရို့ မန်တက်ပြီးကေ သတေဖန်ကို ကြည့်ရို့ သွားချင်းသွား ကြိတ်ကတ်လီရေ။ 55ယင်းခါ သတေဖန်စာ သန့်ရှင်းသောဝိညာဉ်တော်န ပြည့်စုံရို့ ဂေါင်းခင်ဘုံတို့ မော်ကြည့်လိုက်တေခါ ထာဝရဘုရား၏ ဘုန်းတန်ခိုးကို မြင်လီရေ။ အရာ သူစာ ထာဝရဘုရား၏ ညာဖက်က အသျှင်ယေရှု ရပ်ရို့ဟိစာကို မြင်ရို့ ပြောလီရေ၊ 56“ကြည့်ကတ်ပါ၊ ဂေါင်းခင်ဘုံ ပွင့်ရို့ဟိစာန ထာဝရဘုရား၏ ညာဖက်က မနုသသားတော် ရပ်ရို့ဟိစာကို အကျွန် မြင်ပါရေ။”

57ယင်းခါ ထိုလူရို့ အားကုံးသူ အားန အော်ရို့ ကိုယ်ရို့နားမာ လက်ညှိုးထိုးပြီးကေ တစ်ပြိုင်တည်း သတေဖန်အနားမာ စုကတ်လီရေ။ 58ယင်းနောက် သူရို့စာ သတေဖန်ကို ကျောက်လုံးဘိုက်ဖို့အတွက် မြို့ပြင်တို့ ငင်ထုတ်ယူလားခလီရေ။ အရာ ထိုမုတ်သားသက်သီပီးသူရို့စာ ကိုယ်ရို့ ကိုယ်ရုံကို ချွတ်ရို့ ရှောလုနာမည်န လူပျိုတစ်ယောက် အခြီရင်းမာ ချထားကတ်လီရေ။

59ထိုမုတ်သားသက်သီပီးသူရို့စာ သတေဖန်ကို ကျောက်လုံး ဘိုက်ကတ်တေခါ သူစာ ဆုတောင်းလီရေ၊ “အိုး အသျှင်ယေရှု၊ အကျွန့် ဝိညာဉ်ကို လက်ခံပါ။” 60ယင်းနောက် သူစာ ဒူးထောက်ပြီးကေ အားန အော်ရို့ ပြောလီရေ၊ “အိုး အသျှင်၊ ဒေလူရို့ လုပ်စာ အပြစ်ကို ခွင့်ရွှတ်ပါ။” ယင်းပိုင် ပြောရို့ သူစာ အသက် ထွက်လားခလီရေ။
Copyright information for RmzSC