Colossians 3

ခရစ်တော်အထဲမာ ဘဝအသစ် ဟိခြင်း

1နင်ရို့စာ ခရစ်တော်နအတူ သီရာက ပြန်ရှင်ထမြောင့်ကတ်ပျာ အရာ ခရစ်တော်စာ ဂေါင်းခင်ဘုံမာ ထာဝရဘုရား၏ ညာဖက်က ထိုင်ရို့ ဟိရေ။ ယင်းအတွက်န ထိုဂေါင်းခင်ဘုံနဆိုင်စာ အကြောင်းအရာတိကို စိတ်ဝင်စားကတ်။ 2နင်ရို့စာ လောကနဆိုင်စာ အကြောင်းအရာတိကို စိတ်မဝင်စားဘိုင်းန ဂေါင်းခင်ဘုံနဆိုင်စာ အကြောင်းအရာတိကိုရာ စိတ်ဝင်စားကတ်၊ 3အကြောင်းကား နင်ရို့မာ ဘဝအဟောင်းကား သီလားခဗျာ အရာ ဒေဂု နင်ရို့မာ ဘဝအသစ်စာ ခရစ်တော်နအတူ ထာဝရဘုရားအထဲမာ ရွှက်ထားရို့ ဟိရေ။ 4ယေကေလည်း နင်ရို့မာ အသက်ဖြစ်သူ ခရစ်တော် ပေါ်ထွန်းရေခါ နင်ရို့လည်း သူနအတူ ဘုန်းတန်ခိုးနတကွ ပေါ်ထွန်းလိမည်။

5ယင်းအတွက်န နင်ရို့ ဇာတိပကတိအထဲမာဟိစာန လောက၏ အလိုဆန္ဒ အားကုံးကို အသီသတ်ဘိုက်လိုက်ကတ်။ ထိုသျှင့်တိအထဲမာ ဟိသမျ ကာမဂုဏ်ကို လိုက်စားခြင်း၊ ညစ်ညူးခြင်း၊ ဆိုးယုတ်စာ တောင်းတခြင်း၊ မကောင်းစာ စိတ်သဖေါထားခြင်း အရာ လောဖတတ်ခြင်းလည်း ဟိရေ။ (ဒေ လောဖတတ်ခြင်းစာ ရုပ်တုကို ကိုးကွယ်စာနတူရေ၊ အကြောင်းကား ဒေ လောဖတတ်ခြင်းစာ ထာဝရဘုရားကိုထက် လောကမာဟိစာ ဝန်တိကို အများ ဂရုစိုက်တေ)။ 6ထို ဟိသမျ ဆိုးယုတ်စာ အကျင့်သီလအကြောင်းန ထာဝရဘုရား၏ အငြိုဒေါသ ကျရောက်လိမည်။ 7တစ်ချိန်ခါ နင်ရို့လည်း ထိုအကျင့်တိကို ကျင့်ရို့ နီလီကတ်တေ၊ 8ယေကေလည်း ဒေဂု နင်ရို့အထဲက မန်တက်ခြင်း၊ ဒေါသထွက်ခြင်း၊ မနာလိုခြင်း၊ အသရေရှုတ်ချခြင်း အရာ ရှက်ကောင်းဖွယ်ရာ စကားပြောခြင်းတိကို နင်ရို့ စွန့်ဘိုက်လိုက်ကတ်ဖိ။ 9 10ကိုယ်ရို့အချင်းချင်း မုတ်သားစကား မပြောကတ်ကေ့၊ အကြောင်းကား နင်ရို့စာ ကိုယ်ရို့မာ အကျင့်အဟောင်းတိန လုပ်ခစာ အလုပ်တိကို စွန့်ဘိုက်လိုက်ကတ်ပျာ။ အရာ ယင်းတက်စား နင်ရို့စာ အကျင့်အသစ်ကို အဝတ်ဝတ်စာပိုင် ဝတ်ကတ်ပျာ။ ယင်းပိုင်ဆိုကေ နင်ရို့စာ ကိုယ်ရို့ကို ဖန်ဆင်းလီစာ အသျှင်ကို အလှပ သိခြင်းကနီရို့ သူနတူကတ်လိမည်။ 11ထိုအကျင့်အသစ်ကို ရခြင်းအကြောင်းန ယုဒလူမျိုး ဖြစ်စီ၊ ယုဒမဟုတ်သူ ဖြစ်စီ၊ အရီဖျားလှီးခြင်းကို ခံရသူ ဖြစ်စီ၊ မခံရသူ ဖြစ်စီ၊ လူယဉ် ဖြစ်စီ၊ လူရိုင်း ဖြစ်စီ၊ ကျွန် ဖြစ်စီ၊ လူလွတ် ဖြစ်စီ၊ တစ်ခုလည်း ခွဲခြားမှု မဟိ။ ခရစ်တော်ရာ ဟိသမျ အားကုံးထက် အရေးကြီးဆုံး ဖြစ်တေ အရာ သူစာ ငါရို့ အားကုံးသူအထဲမာ ကျိန်းဝပ်နီရေ။

12ထာဝရဘုရားစာ သန့်ရှင်းသူ ဖြစ်ဖို့အတွက် နင်ရို့ကို ရွီးကောက်ယူဗျာ။ ယင်းအတွက်န နင်ရို့စာ ထာဝရဘုရား၏ ချစ်ခင်စာ သားသမီးအနေန သနားကြင်နာခြင်း၊ မေတ္တာထားခြင်း၊ နုညံ့ခြင်း၊ ယဉ်ကျေးခြင်း အရာ သည်းခံခြင်းန ကိုယ်ရို့ကို ဆင်ကတ်။ 13နင်ရို့ တစ်ယောက်ကို တစ်ယောက် သည်းခံကတ် အရာ အခြားတစ်ယောက် နင်ရို့ကို မတရားလုပ်တေဆိုကေ နင်ရို့ သူ့ကို ခွင့်ရွှတ်ကတ်။ အသျှင် နင်ရို့ကို ခွင့်ရွှတ်စာပိုင် နင်ရို့လည်း တစ်ယောက်ကို တစ်ယောက် ခွင့်ရွှတ်ကတ်ရဖို့။ 14ထို ဟိသမျ အားကုံးကို ချစ်ခြင်းမေတ္တာန လုပ်ကတ်။ ချစ်ခြင်းမေတ္တာစာ ငါရို့ အားကုံးသူကို အပြည့်အစုံ တစ်ညီတစ်ညွန့်တည်း ဖြစ်အောင် လုပ်တေ။ 15ခရစ်တော်စာ နင်ရို့ကို ငြိမ်းချမ်းခြင်း ပီးလီရေ။ ထိုငြိမ်းချမ်းခြင်းစာ နင်ရို့ စိတ်နှလုံးထဲကနီရို့ နင်ရို့ကို အုပ်ချုပ်ပါစီ။ ထိုငြိမ်းချမ်းခြင်းမာ တစ်စုတည်း နီထိုင်ဖို့အတွက်နရာ ထာဝရဘုရား နင်ရို့ကို ခေါ်လီရေ။ ယင်းအတွက်န နင်ရို့စာ ထာဝရဘုရားကို ကျေးဇူးတင်နီကတ်။ 16ခရစ်တော်၏ စကားတော်ကို နင်ရို့ စိတ်နှလုံးမာ အပြည့်အစုံ ကျိန်းဝပ်စီကတ်။ ဟိသမျ ညာဏ်ပညာန နင်ရို့ တစ်ယောက်ကို တစ်ယောက် ဆုံးမသွန်သင်ကတ်၊ အရာ အကြံညာဏ် ပီးကတ်။ အရာ ထာဝရဘုရားကို ရွယ်မှတ်ရို့ ကျေးဇူးတင်စာ စိတ်နှလုံးန ဆာလံတေးခြင်း၊ ဓမ္မတေးခြင်း အရာ ချီမွမ်းစာ တေးခြင်း ဆိုကတ်။ 17နင်ရို့ စကားပြောဖို့စာ ဖြစ်စီ၊ အလုပ်လုပ်ဖို့စာ ဖြစ်စီ၊ ဟိသမျ အားကုံးကို အသျှင်ယေရှုနာမည်ကို ထောက်ရို့ လုပ်ကတ် အရာ အသျှင်ယေရှုကနီရို့ အဖထာဝရဘုရားကို ကျေးဇူးတင်ကတ်။

ခရစ်ယာန် မိသားစုကို ဩဝါဒပီးခြင်း

18မိန်းမရို့၊ နင်ရို့ ကိုယ်ရို့မာ လင်ရို့ အုပ်ချုပ်ခြင်းကို ခံယူကတ်။ ဒေပိုင် ခံယူခြင်းစာ အသျှင်၏ ကျုံသူအနေန လှပတင့်တယ်စာ အလုပ် ဖြစ်တေ။ 19ယောက်ျားရို့၊ နင်ရို့ ကိုယ်ရို့မာ မယားရို့ကို ချစ်ကတ် အရာ သူရို့ကို ကြမ်းတမ်းစာ စကားန မဆက်ဆံကတ်ကေ့။

20သားသမီးရို့၊ နင်ရို့ ကိုယ်ရို့မာ အမိအဖ စကားကို နာခံကတ်။ ယင်းပိုင်ဆိုကေ အသျှင် နှစ်သက်တေ။ 21အမိအဖရို့၊ နင်ရို့ ကိုယ်ရို့မာ သားသမီးရို့ကို မန်မမြှောင့်ကတ်ကေ့။ ယင်းပိုင် လုပ်တေဆိုကေ သူရို့စာ စိတ်ပျက်ကတ်လိမည်။

22ကျွန်ရို့၊ နင်ရို့ ဟိသမျ အကြောင်းအရာမာ ဒေ လောကမာ နင်ရို့ အပိုင်သျှင်ရို့ စကားကို နာခံကတ်။ နင်ရို့စာ သူရို့ကို နှစ်သက်အောင် လုပ်ဖို့အတွက် သက်သက် သူရို့ ရှိထက်က နာခံရို့ မပြကတ်ကေ့။ ယင်းထက်ပင် စင်ကြယ်စာ စိတ်နှလုံးန သူရို့ စကားကို နာခံကတ်၊ အကြောင်းကား နင်ရို့စာ အသျှင်ကို ရိုသေကြောက်လန့်ကတ်တေ။ 23နင်ရို့ ဇာမဆို လုပ်လုပ် လူအတွက် လုပ်တေ ဟို့ မမှတ်ဘိုင်းန အသျှင်အတွက် လုပ်တေ ဟို့ မှတ်ရို့ စိတ်ပါ-ကိုယ်ပါ လုပ်ကတ်။ 24နင်ရို့ မှတ်ထားကတ်၊ နင်ရို့စာ အသျှင်က ဆုကို ရကတ်လိမည်။ အသျှင်စာ ကိုယ့်လူရို့ကို ဆုပီးဖို့အတွက် ဂတိခံထားလီရေ။ မှတ်ထားကတ်၊ နင်ရို့စာ အသျှင်ခရစ်တော်ကိုရာ ပြုဇုနီကတ်တေ။ 25မတရားလုပ်သူစာ ကိုယ်လုပ်စာ မတရားအလုပ်အတွက် အပြစ်ဒါဏ်ကို ခံရလိမည်၊ အကြောင်းကား အသျှင်စာ အားကုံးသူကို တစ်ညီတည်း မျက်စိန ကြည့်ရေ။
Copyright information for RmzSC