Ephesians 2

သီခြင်းကနီရို့ အသက်ရှင်ခြင်း

1တစ်ချိန်ခါ နင်ရို့စာ ကိုယ်ရို့မာ မနာခံမှု အရာ အပြစ်အကြောင်းန ဝိညာဉ်ရေးဖက်က သီရို့ ဟိကတ်လီရေ။ 2နင်ရို့စာ လောကသားရို့ပိုင် အမျိုးမျိုး ဒလည့်ထုံးစဉ်အတိုင်း အပြစ်လုပ်ရို့ နီလီကတ်တေ အရာ ဆိုးယုတ်စာ ဝိညာဉ်၏ နောက်က လိုက်ရို့ နီလီကတ်တေ။ ထိုဝိညာဉ်စာ ထာဝရဘုရား၏ စကားတော်ကို မလိုက်နာသူရို့အထဲမာ အလုပ်လုပ်နီရေ။ သူစာ ဂေါင်းခင်မာဟိစာ အာဏာပိုင်သျှင်ရို့မာ မင်းဖြစ်တေ။ 3တစ်ချိန်ခါ ငါရို့ အားကုံးသူ ကိုယ်ရို့မာ ဇာတိပကတိအလိုဆန္ဒတိကို ဖြည့်ရို့ ထိုလူရို့အထဲမာ နီထိုင်လီကတ်တေ။ ငါရို့စာ ဇာတိပကတိအထဲက လာစာ ဟိသမျ အလိုဆန္ဒန စဉ်းစားချက်အတိုင်း နီထိုင်လီကတ်တေ။ အရာ ထိုဇာတိပကတိ အကြောင်းန ငါရို့လည်း အခြား ဟိသမျ လူရို့ပိုင် ထာဝရဘုရား၏ အပြစ်ဒါဏ်ကို ခံဖို့ ထိုက်တန်လီကတ်တေ။ 4ယေကေလည်း ထာဝရဘုရားစာ ဂရုဏာတော်နပြည့်စုံရေ။ သူစာ ငါရို့ကို ကောင်းကောင်း ချစ်လီရေ။ 5ယင်းအတွက်န ငါရို့စာ အပြစ်အကြောင်းန ဝိညာဉ်ရေးဖက်က သီရို့ ဟိလီကတ်တေခါ ထာဝရဘုရားစာ ငါရို့ကို ခရစ်တော်နအတူ ဘဝအသစ်ကို ပီးလီရေ။ ငါရို့စာ ထာဝရဘုရား၏ ကျေးဇူးတော်အကြောင်းန ကယ်တင်ခြင်းကို ရကတ်လီရေ။ 6အရာ သူစာ ငါရို့ကို အသက်အရှင်လုပ်ရို့ ခရစ်တော်ယေရှုနအတူ ဂေါင်းခင်ဘုံမာ ထိုင်ဖို့ ပီးလီရေ၊ 7အကြောင်းကား ထာဝရဘုရားစာ ကိုယ့်မာ နှိုင်းယှဉ်စရာ မဟိစာ သနားကြင်နာခြင်းကို ကမ္ဘာအဆက်ဆက် ငါရို့ကနီရို့ ဖေါ်ပြချင်လီရေ။ 8နင်ရို့စာ ထာဝရဘုရား၏ သနားကြင်နာခြင်း အကြောင်းန ကျုံခြင်းတရားကနီရို့ ကယ်တင်ခြင်းကို ရကတ်လီရေ။ ယေကေလည်း နင်ရို့ ကောင်းမှုကုသိုလ် အကြောင်းန ရလီကတ်စာ မဟုတ်။ ယင်းထက်ပင် ထာဝရဘုရား၏ အခမဲ့ လက်ဆောင်အဖြစ် ရလီကတ်စာ ဖြစ်တေ။ 9နင်ရို့ ကောင်းမှုကုသိုလ် အကျိုးအဖြစ် ကယ်တင်ခြင်းကို ရလီကတ်စာ မဟုတ်။ ယင်းအတွက်န ကိုယ်ရို့ ကောင်းမှုကုသိုလ် အကြောင်းန ကယ်တင်ခြင်းကို ရရေ ဟို့ တစ်ယောက်လည်း ဘော်ကြော့ကြင်းဖို့ ရကတ်လိမည် မဟုတ်။ 10အကြောင်းကား ထာဝရဘုရားစာ ငါရို့ကို ဖန်ဆင်းလီရေ။ သူစာ ခရစ်တော်ယေရှုန တစ်ကိုယ်တည်း ပေါင်းပီးရို့ ငါရို့ကို အသစ်ပျင်ရို့ ဖန်ဆင်းလီရေ၊ အကြောင်းကား သူစာ ငါရို့ကို ကောင်းမှုကုသိုလ် လုပ်ရို့ နီစီချင်ရေ။ ငါရို့စာ ကောင်းမှုကုသိုလ် လုပ်ရို့ နီထိုင်ကတ်ပတ်စီအတွက် သူစာ အယင်ကပင် ထိုအလုပ်ကို စီစဉ်ရို့ ထားလီရေ။

ခရစ်တော်အထဲမာ တစ်ကိုယ်တည်း ဖြစ်ခြင်း

11မှတ်ထားကတ်၊ နင်ရို့စာ ယုဒမဟုတ်သူအဖြစ် မွီးဖွားလီကတ်တေ။ ယုဒလူမျိုးရို့စာ နင်ရို့ကို၊ “အရီဖျားလှီးမင်္ဂလာ မခံရသူ” ဟို့ ခေါ်ကတ်တေ။ အရာ သူရို့စာ ကိုယ်ရို့ကို၊ “အရီဖျားလှီးမင်္ဂလာ ခံရသူ” ဟို့ ပြောနီကတ်တေ။ ယင်းအဓိပ္ပါယ်ကား သူရို့စာ ကိုယ်ခန္ဓာမာ အလက်န အရီဖျားလှီးမင်္ဂလာ လုပ်ခြင်းကို ခံရလီကတ်တေ။ 12နင်ရို့ မှတ်ထားကတ်၊ အယင်ကခါ နင်ရို့စာ ခရစ်တော်န အဝီး ဟိကတ်လီရေ။ နင်ရို့စာ ဣသရေလလူမျိုးရို့ အဖွဲ့အသင်းမာ အပါဝင် မဟိလီကတ်။ ဣသရေလလူမျိုးရို့အတွက် ထာဝရဘုရား၏ ခံထားစာ ဂတိတော် စာချုပ်တိန နင်ရို့မာ တစ်ခုလည်း ဆက်ဆံခြင်း မဟိလီကတ်။ နင်ရို့မာ မျှော်လင်းစရာ တစ်ခုလည်း မဟိလီကတ် အရာ နင်ရို့ ဘဝမာ ထာဝရဘုရား မဟိလီ။ 13တစ်ချိန်ခါ နင်ရို့စာ ထာဝရဘုရားန အဝီး ဟိကတ်လီရေ၊ ယေကေလည်း ခရစ်တော်ယေရှုန တစ်ကိုယ်တည်း ဖြစ်ရို့ နင်ရို့ ဒေဂု ခရစ်တော်၏ သွီးအကြောင်းန ထာဝရဘုရား၏ အနားတို့ ရောက်လာကတ်ပျာ။

14 15အကြောင်းကား ယေရှုခရစ်တော်စာ ငါရို့အထဲမာ ငြိမ်းချမ်းအောင် လုပ်ပီးလီရေ။ သူစာ ယုဒလူမျိုးန ယုဒမဟုတ်သူရို့ကို လူမျိုးတစ်မျိုးတည်း ဖြစ်အောင် ပေါင်းပီးလီရေ။ ယေရှုခရစ်တော်စာ ကားတိုင်မာ အသီခံရစာ ကိုယ့်ခန္ဓာကနီရို့ ဟိသမျ ပညှတ်ချက်၊ စည်းကမ်း အရာ မောရှေ၏ ပညှတ်တရား တန်ခိုးကို ပယ်ဘိုက်လီရေ။ ယင်းပိုင် ထိုလူမျိုးနှစ်မျိုးအထဲမာ ရန်သူဖြစ်ရို့ အုပ်ထရန်ပိုင် ဆိရို့ဟိလီစာကို သူစာ ဖြိုချဘိုက်လိုက်လီရေ၊ အကြောင်းကား သူကိုယ်တိုင် ထိုလူမျိုးနှစ်မျိုးကနီရို့ လူအသစ်တစ်ယောက် ဖန်ဆင်းချင်လီရေ အရာ ထိုလူမျိုးနှစ်မျိုးအထဲမာ ငြိမ်းချမ်းအောင် လုပ်ချင်လီရေ။ 16အရာ ခရစ်တော်စာ ကားတိုင်မာ ကိုယ်အသီခံခြင်းကနီရို့ ထိုလူမျိုးနှစ်မျိုးကို တစ်ကိုယ်တည်း လုပ်ရို့ အရာတစ်ပြန် ထာဝရဘုရားန ပေါင်းပီးချင်လီရေ။ ယင်းအတွက်န သူစာ ကားတိုင်မာ ကိုယ်အသီခံခြင်းကနီရို့ ထိုလူမျိုးနှစ်မျိုးအထဲမာ ရန်ဖက်ပြုခြင်းကို ဖျက်စီးလီရေ။ 17ယင်းအတွက်န ခရစ်တော် ကြွလာရို့ ထာဝရဘုရားန အဝီးဟိလီကတ်စာ နင်ရို့ ယုဒမဟုတ်သူရို့ဘားမာ ငြိမ်းချမ်းခြင်း၏ သတင်းကောင်းကို ဟောပြောလီရေ။ အရာ ထာဝရဘုရား၏ အနားမာ ဟိလီကတ်စာ ယုဒလူမျိုးရို့ဘားမာလည်း ခရစ်တော်စာ ငြိမ်းချမ်းခြင်း၏ သတင်းကောင်းကို ဟောပြောလီရေ။ 18ငါရို့ အားကုံးသူ ခရစ်တော်န တစ်ကိုယ်တည်း ဖြစ်ခြင်းကနီရို့ တစ်ချက်တည်း သန့်ရှင်းသောဝိညာဉ်တော်၏ ကူညီခြင်းန အဖတို့ လားဖို့စာ အခွင့်အာဏာကို ရကတ်ပျာ။

19ယင်းအတွက်န နင်ရို့ ဒေဂု အာဂန္တုလည်း မဟုတ်ပျာ အရာ အခြားပြည်သားလည်း မဟုတ်ပျာ။ ယင်းထက်ပင် ထာဝရဘုရား၏ လူရို့နအတူ နင်ရို့လည်း ထာဝရဘုရား၏ နိုင်ငံတော်န သူ၏ မိသားစုအထဲမာ ပါဝင်သူရို့ ဖြစ်ကတ်ပျာ။ 20ယင်းအတွက်န ငါရို့ အားကုံးသူ ထာဝရဘုရား၏ ကျောင်း ဖြစ်ကတ်တေ။ တမန်တော်ရို့န ဘုရားသတင်းပို့သူရို့စာ ထိုကျောင်းမာ အုပ်မြစ် ဖြစ်ကတ်တေ အရာ ခရစ်တော်ယေရှု ကိုယ်တိုင် ဒေါင့်ကတည်စာ ထိုအုပ်မြစ်၏ အရေးကြီးဆုံး ကျောက်လုံး ဖြစ်တေ။ နင်ရို့စာ ထိုအုပ်မြစ်ထက်မာ ဆင့်ထားခြင်းကို ခံရကတ်ပျာ။ 21ထိုအရေးကြီးဆုံး ဒေါင့်ကတည်စာ ကျောက်လုံးစာ ကျောက်ကူတစ်ဆောင်လုံးကို ထိန်းထားရေ။ ခရစ်တော်စာ ထိုကျောက်ကူကို ဆောက်လုပ်နီရေ။ အရာ ထိုကျောက်ကူစာ အသျှင်၏ ကျိန်းဝပ်ရာ သန့်ရှင်းစာ ကျောင်း ဖြစ်လာရေ။ 22နင်ရို့ ခရစ်တော်န တစ်ကိုယ်တည်း ဖြစ်ကတ်ပျာ။ ယင်းအတွက်န ခရစ်တော်စာ နင်ရို့ကိုလည်း အခြားလူရို့နအတူ တစ်ခါတည်းမာ ဆင့်လုပ်နီရေ၊ အကြောင်းကား ခရစ်တော်စာ နင်ရို့ကို ထာဝရဘုရား၏ ဝိညာဉ်တော် ကျိန်းဝပ်စာနေရာ ဖြစ်စီချင်ရေ။
Copyright information for RmzSC