Galatians 2

ပေါလုကို တမန်တော်ရို့ လက်ခံခြင်း

1ယင်းနောက် တစ်ဆယ့်လေးနှစ်ရွန်ရေခါ ငါစာ တိတုကို ခေါ်ရို့ ဗာနဗနအတူ ယေရုရှလင်မြို့တို့ အရာတစ်ပြန် လားလီရေ။ 2အကြောင်းကား ငါ ယေရုရှလင်မြို့တို့ လားဖို့ သင့်ရေ ဟို့ ထာဝရဘုရားစာ ကိုယ့်အလိုတော်ကို ငါ့ဘားမာ ဖေါ်ပြလီရေ။ ငါ အသင်းတော် ဂေါင်းဆောင်အကြီးရို့န အတွိခံလီရေခါ ငါ ယုဒမဟုတ်သူရို့ဘားမာ ဟောပြောနီစာ သတင်းကောင်း အကြောင်းကို ပြောပြလီရေ၊ အကြောင်းကား ငါ အယင် လုပ်လီစာ အလုပ်တိန ဒေဂု လုပ်နီစာ အလုပ်တိ ပျက်ဆုံးလားဖို့စာကို ငါ ကြောင်းကြလီရေ။ 3 4တစ်ချိုးအယောင်ဆောင် ကျုံသူညီအစ်ကိုရို့စာ ငါရို့အထဲတို့ အဆိတ်အခိုး ဝင်လာကတ်လီရေ အရာ သူရို့စာ ငါနအတူ ပါလတ်စာ တိတုကို အရီဖျားလှီးမင်္ဂလာ လုပ်စီချင်ကတ်လီရေ။ အကြောင်းကား ယေရှုခရစ်တော်န တစ်ကိုယ်တည်း ဖြစ်ခြင်းကနီရို့ ငါရို့ ရလီကတ်စာ လွတ်မြောင့်ခြင်း အကြောင်းကို ယူရို့ ငါရို့ကို အပြစ်တင်ဖို့အတွက် သူရို့ ဝင်လာလီကတ်စာ ဖြစ်တေ။ သူရို့စာ ငါရို့ကို ကျွန် ဖြစ်အောင် လုပ်ဖို့ ကြည့်ကတ်လီရေ။ ယေကေလည်း တိတုစာ ယုဒမဟုတ်သူဖြစ်ကေလည်း ငါ သူ့ကို အားဒမ အရီဖျားလှီးမင်္ဂလာ လုပ်ဖို့ မခိုင်းလီ။ 5ယေကေလည်း သတင်းကောင်း၏ မှန်ကန်ခြင်းစာ နင်ရို့ဘားမာ တည်မြဲလတ်အောင် သူရို့ စကားကို ငါရို့ တစ်နားသျှေအတွက်လည်း လက်မခံလီကတ်။

6အသင်းတော် ဂေါင်းဆောင်အကြီးရို့စာ ငါ ဟောပြောစာန သွန်သင်ပီးစာ အကြောင်းအရာကို ယူရို့ အသစ် တစ်ခုလည်း အကြံ မပီးလီကတ်။ (သူရို့ လူကြီး ဖြစ်စီ မဖြစ်စီ၊ ငါ့မာ တစ်ခုလည်း အရေးမကြီး၊ အကြောင်းကား ထာဝရဘုရားစာ လူမျက်နှာကို ကြည့်ရို့ တရားမစစ်)။ 7ယင်းထက်ပင် ထာဝရဘုရားစာ ပေတရုကို ယုဒလူမျိုးရို့ဘားမာ သတင်းကောင်းကို ဟောပြောဖို့စာ တာဝန် ပီးလီရေပိုင် ငါ့ကိုလည်း ယုဒမဟုတ်သူရို့ဘားမာ သတင်းကောင်းကို ဟောပြောဖို့စာ တာဝန် ပီးလီရေဆိုစာကို သူရို့စာ မြင်ကတ်လီရေ၊ 8အကြောင်းကား ထာဝရဘုရားစာ ယုဒလူမျိုးရို့ဘားမာ တမန်တော်အဖြစ် အလုပ်လုပ်ဖို့အတွက် ပေတရုကို တန်ခိုး ပီးလီရေပိုင် ငါ့ကိုလည်း ယုဒမဟုတ်သူရို့ဘားမာ တမန်တော်အဖြစ် အလုပ်လုပ်ဖို့အတွက် တန်ခိုး ပီးလီရေဆိုစာကိုလည်း သူရို့ မြင်ကတ်လီရေ။ 9ငါ ထာဝရဘုရားက ကြီးမြတ်စာ ကျေးဇူးတော်ကို ခံရလီရေဆိုစာကို ထိုအသင်းတော် ဂေါင်းဆောင်အကြီး ဖြစ်ကတ်စာ ယာကုပ်၊ ပေတရု အရာ ယောဟန်စာ သိရကတ်လီရေ။ အရာ သူရို့န ငါရို့အထဲမာ ပေါင်းဖေါ်ဆက်ဆံခြင်း ဟိရေဆိုစာကို ပြဖို့အတွက် သူရို့စာ ဗာနဗန ငါ့ကို အလက်ဆက်ကတ်လီရေ။ ငါရို့စာ ယုဒမဟုတ်သူရို့ဘားမာ တရားဟောပြောဖို့ လားဖို့ အရာ သူရို့စာ ယုဒလူမျိုးရို့ဘားမာ တရားဟောပြောဖို့ လားဖို့ဆိုစာကို သူရို့ သဖေါတူကတ်လီရေ။ 10ဆင်းရဲသားရို့ကို ကူညီဖို့စာ အကြောင်းနပတ်သပ်ရို့ သူရို့စာ ငါရို့ကို တောင်းပန်ကတ်လီရေ။ ယင်းအကြောင်းနပတ်သပ်ရို့ ငါရို့လည်း ကောင်းကောင်း အားပါကတ်လီရေ။

ပေတရုကို ပေါလု ဆန့်ကျင်ခြင်း

11ရှုရိပြည်နယ်မာဟိစာ အန္တိအုတ်မြို့တို့ ပေတရု ရောက်လာလီရေခါ ငါ သူ့အပြစ်ကို ဖေါ်ပြလီရေ၊ အကြောင်းကား သူ့မာ မှားယွင်းစာ အလုပ်တစ်ခု လုပ်ရို့ ဟိလီရေ။ 12ပေတရု အန္တိအုတ်မြို့တို့ ပထမ ရောက်လာလီရေခါ ယုဒမဟုတ်စာ ကျုံသူရို့နအတူ ထိုင်ရို့ စားသောက်လီရေ။ ယေကေလည်း သူစာ ယာကုပ်က ရွှတ်လိုက်စာ ယုဒကျုံသူရို့ ရောက်လာရေခါ ယုဒမဟုတ်စာ ကျုံသူရို့န မပေါင်းဖေါ်ဘိုင်း နီလီရေ၊ အကြောင်းကား ယုဒမဟုတ်စာ ကျုံသူရို့ကို အရီဖျားလှီးမင်္ဂလာ ခံယူဖို့ သင့်ရေ ဟို့ မှတ်ကတ်စာ ယုဒကျုံသူရို့ဘားမာ အပြစ်အတင်ခံဖို့စာကို သူစာ ကြောက်လီရေ။ 13အန္တိအုတ်မြို့မာ အခြားယုဒကျုံသူရို့လည်း ပေတရုနအတူ အယောင်ဆောင်ကတ်လီရေ။ ယင်းထက်မက ဗာနဗလည်း ထိုအယောင်ဆောင်ခြင်း အကြောင်းန မှားယွင်းလီရေ။ 14ယေကေလည်း သူရို့မာ လုပ်ကိုင်ခြင်းစာ သတင်းကောင်း၏ မှန်ကန်ခြင်းန မကိုက်ညီဆိုစာကို ငါ မြင်လီရေ။ ယင်းအတွက်န ငါ အားကုံးသူ ရှိက ပေတရုကို ပြောလီရေ၊ “ကိုယ်ဘင် ကိုယ်တိုင် ယုဒလူမျိုး ဖြစ်ရို့အတိုင်းလည်း ယုဒလူမျိုး ထုံးစဉ်တိကို မလိုက်နာ။ ယင်းပိုင်ဆိုကေ ယုဒမဟုတ်သူရို့ကို ဇာဖို့ ယုဒလူမျိုး ထုံးစဉ်တိကို လိုက်နာဖို့ ခိုင်းစာလည်း?

15“ငါရို့စာ ယုဒလူမျိုးအဖြစ် မွီးဖွားလီကတ်တေ၊ ယေကေလည်း ‘အပြစ်သေ ယုဒမဟုတ်သူအဖြစ်’ မွီးဖွားလီကတ်စာ မဟုတ်။ 16ယေကေလည်း ငါရို့ သိကတ်စာကား၊ ပညှတ်တရားကို လိုက်နာရေအတွက်န ထာဝရဘုရား လူကို သူတော်ကောင်းအဖြစ် လက်မခံ။ ယင်းထက်ပင် ယေရှုခရစ်တော်ကို ကျုံရေအတွက်န ထာဝရဘုရား လူကို သူတော်ကောင်းအဖြစ် လက်ခံရေ။ ယင်းအတွက်န ငါရို့စာ သူတော်ကောင်းအဖြစ် လက်ခံခြင်းကို ရဖို့အတွက် ခရစ်တော်ယေရှုကို ကျုံကတ်ပျာ။ ပညှတ်တရားကို လိုက်နာရို့ ငါရို့ သူတော်ကောင်းအဖြစ် လက်ခံခြင်းကို မရကတ်။

17“ငါရို့စာ ခရစ်တော်န တစ်ကိုယ်တည်း ဖြစ်ခြင်းကနီရို့ သူတော်ကောင်းအဖြစ် ထာဝရဘုရား၏ လက်ခံခြင်းကို ရဖို့အတွက် ကြိုးစားကတ်တေ။ ယေကေလည်း အခြားလူရို့စာ ငါရို့ကို အပြစ်သေ ဟို့ ပြောကတ်တေ၊ အကြောင်းကား သူရို့စာ ငါရို့ကို ပညှတ်တရားကို စွန့်ဘိုက်လိုက်ကတ်ပျာ ဟို့ ထင်ကတ်တေ။ ယင်းပိုင်ဆိုကေ ထိုစကား အဓိပ္ပါယ် ဇာလည်း? ခရစ်တော် ငါရို့ကို အပြစ်တို့ ဆောင်ယူလားရေလော? တစ်ခါလည်း မယူလား! 18အကြောင်းကား ငါစာ ပညှတ်တရားအဟောင်း၏ နည်းစနစ်ကို အရာပြန်ရို့ လုပ်တေဆိုကေ ငါ ကိုယ့်ကိုကိုယ် အပြစ်သေ ဖြစ်တေ ဟို့ သက်သီပြရေ။ 19ငါစာ ပညှတ်တရားဘားမာ အသီခံလီရေ။ ယင်းအဓိပ္ပါယ်ကား ငါစာ ပညှတ်တရားအောက်က ထွက်လာလီရေ၊ အကြောင်းကား ထာဝရဘုရားစာ ငါ့ကို ကိုယ့်အတွက် အသက်ရှင်စီချင်ရေ။ 20ငါစာ ခရစ်တော်နအတူ ကားတိုင်မာ အသီခံလီရေ။ ယင်းအတွက်န ငါ ကိုယ်တိုင် အရာ အရှင် မဟုတ်ပျာ၊ ခရစ်တော်ရာ ငါ့အထဲမာ အသက်ရှင်နီရေ။ ငါ ဒေဂု ထာဝရဘုရား၏ သားတော်ကို ကျုံရို့ နီထိုင်ရေ၊ အကြောင်းကား ထိုသားတော်စာ ငါ့ကို ချစ်ရို့ ငါ့အတွက် ကိုယ့်အသက်ကို စွန့်လီရေ။ 21ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါ မစွန့်၊ အကြောင်းကား လူရို့စာ ပညှတ်တရားကို လိုက်နာရို့ ထာဝရဘုရား၏ နှစ်သက်ခြင်းကို ခံရကတ်တေဆိုကေ ခရစ်တော်၏ အသီခံခြင်းစာ တစ်ခုလည်း အဓိပ္ပါယ် မဟိဗျာ။”
Copyright information for RmzSC