Galatians 3

ကျုံခြင်းတရားကနီရို့ ထာဝရဘုရား၏ ပဿိကို ခံရခြင်း

1အိုး ပညာတုံး ဂါလာတိပြည်နယ်သားရို့! နင်ရို့ကို အသူ မှိုင်းချရေလည်း? ခရစ်တော်ယေရှု ကားတိုင်မာ အသီခံလီရေဆိုစာကို နင်ရို့ဘားမာ ပပွင့်လလင်း ဟောပြောပြီးဗျာ။ 2ငါ နင်ရို့က သိချင်စာကား၊ နင်ရို့ ပညှတ်တရားကို လိုက်နာရို့ သန့်ရှင်းသောဝိညာဉ်တော်ကို ရလီကတ်စာလော၊ မဟုတ်ကေ သတင်းကောင်းကို ကျုံရို့ ရလီကတ်စာလော? 3နင်ရို့ ကောင်းကောင်း ပညာတုံးကတ်တေ! သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကနီရို့ နင်ရို့ ဘဝအသစ်တစ်ခု စလီကတ်တေ၊ ယေကေလည်း နင်ရို့ ဒေဂု ကိုယ့်ကြိုးစားခြင်းန အဆုံးသတ်ဖို့ ကြည့်ကတ်တေ။ 4ယင်းပိုင်ဆိုကေ နင်ရို့ ခံရလီကတ်စာ ဒုက္ခ-ဝေဒနာတိ အခမဲ့ဆိုစာကို နင်ရို့ မသိကတ်လော? ယေကေလည်း အခမဲ့ မဟုတ် ဟို့ ငါ ထင်ရေ။ 5ထာဝရဘုရား နင်ရို့ကို ဇာဖို့ သန့်ရှင်းသောဝိညာဉ်တော် ပီးလီစာလည်း? အရာ နင်ရို့အထဲမာ ဇာလှောက် အံ့ဩဖွယ်အလုပ် လုပ်လီရေလည်းဆိုစာကို နင်ရို့ စဉ်းစားကြည့်ကတ်။ နင်ရို့ ပညှတ်တရားကို လိုက်နာလီကတ်တေအတွက်န ထာဝရဘုရား ထိုအလုပ်တိကို လုပ်လီစာလော? မဟုတ်ကေ သတင်းကောင်းကို ကျုံလီကတ်တေအတွက်န လုပ်လီစာလော?

6 အာဗြဟံ၏ အကြောင်းကို နင်ရို့ စဉ်းစားကြည့်ကတ်။ ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “အာဗြဟံစာ ထာဝရဘုရား၏ စကားတော်ကို ကျုံလီရေ။ ယင်းအတွက်န ထာဝရဘုရားစာ သူ့ကို သူတော်ကောင်းအဖြစ် လက်ခံလီရေ။” 7ယင်းအတွက်န နင်ရို့ မှတ်ထားကတ်၊ ထာဝရဘုရားကို ကျုံသူရို့ရာ အာဗြဟံ၏ အမျိုးအနွယ်သား ဖြစ်ကတ်တေ။ 8ကျုံခြင်းတရား အကြောင်းနရာ ထာဝရဘုရား ယုဒမဟုတ်သူရို့ကို သူတော်ကောင်းအဖြစ် လက်ခံဖို့ဆိုစာကို ကျမ်းစာမာ အယင်ကပင် ရွီးရို့ ဟိရေ။ အရာ ထာဝရဘုရား အယင်ကပင် အာဗြဟံဘားမာ ဒေ သတင်းကောင်းကို ဟောပြောလီရေ၊ “အာဗြဟံ၊ နင့်ကနီရို့ ဟိသမျ လူမျိုးရို့စာ ပဿိကို ရကတ်လိမည်။” 9အာဗြဟံစာ ထာဝရဘုရားကို ကျုံရို့ ပဿိကို ရလီရေ။ ယင်းပိုင်တထန် ဒေဂု ထာဝရဘုရားကို ကျုံသူရို့လည်း ထိုပဿိကို ရနီကတ်တေ။

သူတော်ကောင်းရို့ ကျုံခြင်းကနီရို့ အသက်ကို ရခြင်း

10ယေကေလည်း ပညှတ်တရားကို လိုက်နာခြင်းကနီရို့ သူတော်ကောင်းအဖြစ် လက်ခံခြင်းကို ရဖို့အတွက် ကြိုးစားသူရို့စာ ကျိန်ဆဲခြင်းကို ခံရသူရို့ ဖြစ်ကတ်တေ။ အကြောင်းကား ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “ပညှတ်တရားအထဲက ဟိသမျ စကားကို မလိုက်နာသူစာ ကျိန်ဆဲခြင်းကို ခံရသူ ဖြစ်တေ။” 11ဒေဂု ပပွင့်လလင်း မြင်ရစာကား၊ ပညှတ်တရားကနီရို့ ထာဝရဘုရား တစ်ယောက်ကိုလည်း သူတော်ကောင်းအဖြစ် လက်မခံ၊ အကြောင်းကား ကျမ်းစာမာ ရွီးရို့ ဟိရေအတိုင်း၊ “သူတော်ကောင်းစာ ကျုံခြင်းတရားကနီရို့ အသက်ကို ရလိမည်။” 12ယေကေလည်း ပညှတ်တရားစာ ကျုံခြင်းတရားန တစ်ခုလည်း မဆိုင်။ ယင်းထက်ပင် ပညှတ်တရားမာ ပြောထားရေ၊ “ပညှတ်တရားကို အပြည့်အစုံ လိုက်နာသူစာ ပညှတ်တရားကနီရို့ အသက်ကို ရလိမည်။” 13ပညှတ်တရားကို ဖျက်တေအတွက်န ငါရို့စာ ကျိန်ဆဲခြင်းအောက်မာ ဟိကတ်လီရေ၊ ယေကေလည်း ခရစ်တော်စာ ထိုကျိန်ဆဲခြင်းကို ကိုယ်ခံယူရို့ ငါရို့ကို ရွှတ်ပီးလီရေ။ ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “အပင်မာ ဆွဲရို့ အသတ်ခံရသူစာ ကျိန်ဆဲခြင်းကို ခံရသူ ဖြစ်တေ။” 14အာဗြဟံကို ထာဝရဘုရား ပီးလီစာ ပဿိကို ခရစ်တော်ယေရှုကနီရို့ ယုဒမဟုတ်သူရို့လည်း ရကတ်ပတ်စီအတွက် အရာ ကျုံခြင်းတရားကနီရို့ ဂတိခံထားစာ သန့်ရှင်းသောဝိညာဉ်တော်ကို ငါရို့ ရကတ်ပတ်စီအတွက် ခရစ်တော်စာ ထိုကျိန်ဆဲခြင်းကို ခံယူလီရေ။

ပညှတ်တရားန ဂတိတော် အကြောင်း

15ညီအစ်ကိုမောင်နမှရို့၊ ငါ ရိုးရိုး ပုံဥပမာတစ်ခု တင်ပြမည်။ လူရို့မာ တစ်ခေါက် စာချုပ်ထိုးဗျာဆိုကေ အရာတစ်ခါ ပယ်ဖျက်ဖို့ မရဗျာ အရာ ထိုစာချုပ်မာ အသစ်တစ်ခုလည်း ပေါင်းဖို့ မရဗျာ။ 16ထာဝရဘုရားစာ အာဗြဟံန သူ့အမျိုးအနွယ်သား တစ်ယောက်တည်းဘားမာ ဂတိခံလီရေ။ ထာဝရဘုရားစာ၊ “နင့် အမျိုးအနွယ်သား အများကြီးဘားမာ” ဟို့ မပြောလီ။ ယေကေလည်း ထာဝရဘုရားစာ၊ “နင့် အမျိုးအနွယ်သား တစ်ယောက်တည်းဘားမာ” ဟို့ ပြောလီရေ။ ယေရှုခရစ်တော်စာ ထိုအမျိုးအနွယ်သား တစ်ယောက် ဖြစ်တေ။ 17ငါ့စကား အဓိပ္ပါယ်ကား၊ ထာဝရဘုရားစာ အာဗြဟံန ဂတိတော် စာချုပ်တစ်ခု ထိုးလီရေ။ စာချုပ် ထိုးရို့ နှစ်ပေါင်းလေးရာနသုံးဆယ် ရွန်ရေခါ ပညှတ်တရား ရောက်လာလီရေ၊ ယေကေလည်း ထိုပညှတ်တရားစာ စာချုပ်ကို မဖျက်လီ။ 18အကြောင်းကား ထာဝရဘုရား၏ ပဿိစာ ပညှတ်တရားထက်မာ တည်ရေဆိုကေ ထိုပဿိစာ ဂတိတော်ထက်မာ မတည်။ ယေကေလည်း ထာဝရဘုရားစာ သနားကြင်နာပြီးကေ ဂတိတော်ကို ခံခြင်းကနီရို့ အာဗြဟံကို ပဿိပီးလီရေ။

19ယင်းပိုင်ဆိုကေ ဇာဖို့ ပညှတ်တရား ပီးလီစာလည်း? လူရို့ လုပ်နီကတ်စာ အပြစ်တိကို ဖေါ်ပြဖို့အတွက် ထာဝရဘုရား ပညှတ်တရားကို ပီးလီစာ ဖြစ်တေ။ အရာ သက်သက် ခရစ်တော် ကြွလာဖို့စာ အချိန်တိုင်အောင် အာဏာထက်ဖို့အတွက် ထိုပညှတ်တရားကို ပီးလီစာ ဖြစ်တေ။ ပညှတ်တရားစာ ဂေါင်းခင်နတ်သားရို့ကနီရို့ လာလီရေ၊ အရာ ဂေါင်းခင်နတ်သားရို့စာ ထိုပညှတ်တရားကို လူရို့ကို ပီးဖို့အတွက် မောရှေကို အာမခံသူတစ်ယောက်အဖြစ် အသုံးပြုလီရေ။ မောရှေစာ ထာဝရဘုရားန လူရို့ကြားမာ အာမခံသူအဖြစ် အလုပ်လုပ်လီရေ။ 20ယေကေလည်း တစ်ယောက်တည်းဆိုကေ အာမခံသူကို အလိုမဟိ အရာ ထာဝရဘုရားစာ တစ်ပါးတည်း ဖြစ်တေ။ ယင်းအတွက်န အာဗြဟံဘားမာ ထာဝရဘုရား ဂတိခံလီရေခါ အာမခံသူကို အလိုမဟိလီ။

21ယင်းပိုင်ဆိုကေ ပညှတ်တရားစာ ထာဝရဘုရား၏ ဂတိတော်တိကို ဆန့်ကျင်ရေလော? တစ်ခါလည်း မဆန့်ကျင်! ထာဝရဘုရား ငါရို့ကို အသက်ပီးနိုင်စာ ပညှတ်တရားကို ပီးလီဖို့ဆိုကေ ငါရို့စာ ပညှတ်တရားကို လိုက်နာရို့ အမှန် ထာဝရဘုရား၏ နှစ်သက်ခြင်းကို ခံရလီကတ်ဖို့။ 22ယေကေလည်း ကျမ်းစာစာ ဟိသမျ လူရို့ကို အပြစ်အောက်မာ လှောင်ထားလီရေ၊ အကြောင်းကား ယေရှုခရစ်တော်ကို ကျုံသူရို့စာ ကိုယ်ရို့မာ ကျုံခြင်းတရားကနီရို့ ဂတိတော် ပဿိကို ခံရကတ်ပတ်စီအတွက် ဖြစ်တေ။

23ကျုံခြင်းတရား မရောက်ခင်အယင်က ပညှတ်တရား ငါရို့ကို စောင့်ထားလီရေ အရာ ကျုံခြင်းတရား မပေါ်ထွန်းသကြား ငါရို့ကို လှောင်ထားလီရေ။ 24ခရစ်တော် ကြွမလာသကြား ပညှတ်တရားစာ ငါရို့ကို အုပ်ချုပ်ရို့ ထားလီရေ၊ အကြောင်းကား ငါရို့စာ ကျုံခြင်းတရားကနီရို့ သူတော်ကောင်းအဖြစ် လက်ခံခြင်းကို ရကတ်ပတ်စီအတွက် ဖြစ်တေ။ 25ယေကေလည်း ဒေဂု ကျုံခြင်းတရား ရောက်လာရေအတွက်န ငါရို့ ပညှတ်တရား၏ အုပ်ချုပ်ခြင်းက ရွတ်ကတ်ပျာ။

ထာဝရဘုရား၏ သားသမီးရို့

26ခရစ်တော်ယေရှုကို ကျုံခြင်းကနီရို့ နင်ရို့ အားကုံးသူ ထာဝရဘုရား၏ သားသမီး ဖြစ်ကတ်ပျာ၊ 27အကြောင်းကား ခရစ်တော်န တစ်ကိုယ်တည်း ဖြစ်ရို့ နင်ရို့ ရီနှစ်မင်္ဂလာ ခံယူလီကတ်ပျာ။ ယင်းပိုင် ရီနှစ်မင်္ဂလာ ခံယူခြင်းကနီရို့ နင်ရို့ အဝတ်ကိုဝတ်စာပိုင် ခရစ်တော်၏ ဘဝကို ခံယူကတ်ပျာ။ 28ယင်းအတွက်န ဒေဂု ယုဒလူမျိုးန ယုဒမဟုတ်သူ၊ ကျွန်န လွတ်လပ်သူ အရာ မိန်းမန ယောက်ျားအထဲမာ တစ်ခုလည်း ခွဲခြားမှု မဟိဗျာ၊ အကြောင်းကား ခရစ်တော်ယေရှု အကြောင်းန နင်ရို့ အားကုံးသူ တစ်ကိုယ်တည်း ဖြစ်ကတ်ပျာ။

29နင်ရို့စာ ခရစ်တော်၏ လူဖြစ်ကတ်တေဆိုကေ အာဗြဟံ၏ အမျိုးအနွယ်သားလည်း ဖြစ်ကတ်ပျာ။ အရာ အာဗြဟံဘားမာ ခံထားလီစာ ထာဝရဘုရား၏ ဂတိတော်တိကို နင်ရို့လည်း ပိုင်ဆိုင်ကတ်ပျာ။
Copyright information for RmzSC