Hebrews 11

ကျုံခြင်းတရား၏ ပုံဥပမာ

1ကျုံခြင်းတရား အဓိပ္ပါယ်ကား၊ ငါရို့ မျှော်လင်းနီစာ အကြောင်းအရာတိကို အမှန် ရဖို့ ဟို့ စိတ်ချနီခြင်း ဖြစ်တေ အရာ ငါရို့ မမြင်ရစာ အကြောင်းအရာတိ အမှန် ဟိရေ ဟို့ စိတ်ချနီခြင်း ဖြစ်တေ။ 2အယင်ခါ လူရို့စာ ထာဝရဘုရားကို ကျုံလီကတ်တေအတွက်န ထာဝရဘုရား၏ ချီမွမ်းခြင်းကို ခံရလီကတ်တေ။ 3ထာဝရဘုရား၏ စကားတော်န ဒေ လောက ဖြစ်ပေါ်လာလီရေဆိုစာကို ငါရို့ ကျုံရေအတွက်န သိရရေ အရာ ဒေဂု ငါရို့ မြင်ရစာ အကြောင်းအရာတိစာ မမြင်ရစာ အကြောင်းအရာတိက ဖြစ်ပေါ်လာလီရေဆိုစာကိုလည်း ငါရို့ သိရရေ။

4အာဗေလစာ ထာဝရဘုရားကို ကျုံလီရေအတွက်န ကာဣနထက် အကောင်းဆုံး ယဇ်ကိုပူဇော်လီရေ။ ယင်းအတွက်န ထာဝရဘုရားစာ အာဗေလ၏ ယဇ်ပူဇော်ခြင်းကို လက်ခံလီရေ အရာ သူ့ကို သူတော်ကောင်းအဖြစ် လက်ခံလီရေ။ အာဗေလစာ သီလားခလီရေ၊ ယေကေလည်း သူ့ကျုံခြင်းတရား၏ ပုံဥပမာစာ ဒေဂုလည်း ငါရို့ကို သွန်သင်ပီးနီရေ။

5ဧနောက်စာ ထာဝရဘုရားကို ကျုံလီရေအတွက်န ထာဝရဘုရားစာ သူ့ကို အရှင်အတိုင်း ဂေါင်းခင်ဘုံတို့ တင်ယူလီရေ။ ယင်းအတွက်န လူရို့စာ သူ့ကို ရှာရို့ မရကတ်လီဗျာ။ ဧနောက်ကို ဂေါင်းခင်ဘုံတို့ တင်ရို့ မယူခင်အယင်က ထာဝရဘုရားစာ၊ “ဒေသူကို ငါ နှစ်သက်တေ” ဟို့ သက်သီ ပီးလီရေ။ 6ကျုံခြင်းတရား မဟိဘိုင်းန ထာဝရဘုရားကို နှစ်သက်အောင် မလုပ်နိုင်၊ အကြောင်းကား ထာဝရဘုရားတို့ လာသူရို့စာ ထာဝရဘုရား အမှန် ဟိရေဆိုစာကို ကျုံကတ်ရဖို့ အရာ ထာဝရဘုရားကို လိုက်ရို့ ရှာသူရို့ကို ထာဝရဘုရားစာ ပဿိပီးရေဆိုစာကိုလည်း ကျုံကတ်ရဖို့။

7နောဧစာ ထာဝရဘုရားကို ကျုံလီရေအတွက်န တစ်ခါလည်း မမြင်ဖူးစာ ရီမင်းကြီးဖို့စာ အကြောင်းကို ယူရို့ ထာဝရဘုရား သတိပီးလီရေခါ သူစာ လက်ခံလီရေ အရာ သူစာ ကိုယ်န ကိုယ့်မိသားစုကို ကယ်ဆယ်ဖို့အတွက် သင်္ဘောကြီးတစ်စင်း ဆင်လီရေ။ ယင်းပိုင် သူစာ ကိုယ့်ကျုံခြင်းတရား၏ အလုပ်ကနီရို့ လောကသားရို့စာ ထာဝရဘုရား၏ ရှိက အပြစ်သေ ဖြစ်ကတ်တေဆိုစာကို ပြလီရေ။ အရာ ထာဝရဘုရားစာ သူ၏ ကျုံခြင်းတရား အကြောင်းန သူ့ကို သူတော်ကောင်းအဖြစ် လက်ခံလီရေ။

8ထာဝရဘုရားစာ အာဗြဟံကို ခေါ်ရို့ ဂတိခံထားစာပြည်တို့ လားဖို့ ခိုင်းလီရေ။ ယင်းခါ အာဗြဟံစာ ထာဝရဘုရားကို ကျုံလီရေအတွက်န သူ၏ စကားတော်အတိုင်း ကိုယ့်ပြည်က ထွက်လားလီရေ။ ယေကေလည်း သူစာ ထာဝရဘုရား ဂတိခံထားစာပြည် ဇာမာလည်းဆိုစာကို မသိလီ။ 9အာဗြဟံစာ ထာဝရဘုရားကို ကျုံလီရေအတွက်န ထိုဂတိခံထားစာ ပြည်မာ လားရို့ အခြားပြည်သားအဖြစ် နီထိုင်လီရေ။ ဣဇာက်န ယာကုပ်စာ ထိုပြည်မာ အာဗြဟံပိုင် တဲခုတ်မာ နီထိုင်လီရေ။ ထို ဣဇာက်န ယာကုပ်စာ အာဗြဟံ ခံရလီစာ ဂတိတော်ကို ခံရလီကတ်တေ၊ 10အကြောင်းကား အာဗြဟံစာ ထာဝရ တည်မြဲစာမြို့အတွက် စောင့်မျှော်ရို့ နီလီရေ။ ထိုမြို့ကို တည်ဆောက်ဖို့အတွက် ထာဝရဘုရား ကိုယ်တိုင် ပုံဆွဲလီရေ အရာ သူကိုယ်တိုင် တည်ဆောက်လီရေ။

11အာဗြဟံစာ အသက်အရွှယ် ကောင်းကောင်း ကြီးလားခလီရေ အရာ သူ့မယား စာရာမာ ကိုယ်ဝန်တည်ဖို့စာ အားခွန် မဟိလီ။ ယေကေလည်း အာဗြဟံစာ ထာဝရဘုရားကို ကျုံလီရေအတွက်န ထာဝရဘုရားစာ သူ့မယားကို ကိုယ်ဝန်တည်ဖို့စာ အားခွန် ပီးလီရေ၊ အကြောင်းကား ထာဝရဘုရားစာ ကိုယ်ခံထားစာ ဂတိတော်ကို အမှန် ဖြည့်ပီးဖို့ဆိုစာကို သူစာ ကျုံလီရေ။ 12အာဗြဟံစာ အသက်အရွှယ် ကြီးလားခရို့ သူ့မာ ခန္ဓာစာ အသုံးမဝင်လီဗျာ၊ ယေကေလည်း သူ့ကနီရို့ သူ့မာ သားသမီးရို့န မြိန်းမြိုက်ရို့ မွီးဖွားလာလီရေ။ သူ့မာ ထိုသားသမီးရို့န မြိန်းမြိုက်ရို့စာ ဂေါင်းခင်မာ ကြယ်တိန ပင်လယ်ကမ်းနားမာ သဲတိပိုင် အများကြီး ပွါးလာလီရေ။

13ထိုလူရို့ အားကုံးသူ ကျုံခြင်းတရားန နီထိုင်ရို့ သီလားခကတ်လီရေ။ အရာ သူရို့စာ ထာဝရဘုရား ခံထားစာ ဂတိတော်ကို မရခကတ်လီ၊ ယေကေလည်း သူရို့စာ နောက်အနာဂါတ်မာ ဖြစ်လာဖို့စာတိကို အဝီးက မြင်ရို့ ပျော်လီကတ်တေ။ သူရို့စာ ဒေ ကမ္ဘာမာ အခြားပြည်သားန အာဂန္တု ဖြစ်ကတ်တေဆိုစာကို ဝန်ခံကတ်လီရေ။ 14ထိုလူရို့စာ ကိုယ်ရို့အတွက် ပြည်တစ်ပြည်ကို ရှာကတ်တေဆိုစာကို ပပွင့်လလင်း ဖေါ်ပြလီရေ။ 15သူရို့စာ ကိုယ်ရို့ ထွက်လာလီစာ ပြည်ကို အောက်မိလီဖို့ဆိုကေ အရာတစ်ပြန် ထိုပြည်တို့ ပြန်လားဖို့ အခွင့်ရေး ရကတ်လီဖို့။ 16ယေကေလည်း သူရို့စာ ထိုပြည်ထက် အရာလည်း ကောင်းမြတ်စာ ဂေါင်းခင်ပြည်တို့ လားဖို့အတွက် မျှော်လင်းရို့ နီကတ်လီရေ။ ယင်းအတွက်န ထာဝရဘုရားစာ ကိုယ့်ကို သူရို့မာ ထာဝရဘုရား ဟို့ ဝန်ခံဖို့စာကို မရှက်၊ အကြောင်းကား ထာဝရဘုရားစာ သူရို့ နီထိုင်ကတ်ဖို့အတွက် မြို့တစ်မြို့ တည်ဆောက်လီရေ။

17 18ထာဝရဘုရားစာ အာဗြဟံ စိတ်ကို စမ်းလီရေ။ ယင်းခါ အာဗြဟံစာ ကျုံလီရေအတွက်န သူစာ ကိုယ့်သား ဣဇာက်ကို ထာဝရဘုရားဘားမာ ယဇ်ပူဇော်လီရေ။ သူ့မာ ထိုသားကို ထာဝရဘုရား၏ ဂတိတော်အတိုင်း ယင်းအယင်က မွီးဖွားလီရေ။ အရာ ထာဝရဘုရားစာ အာဗြဟံကို ပြောလီရေ၊ “ဣဇာက်၏ အမျိုးအနွယ်ကိုရာ နင့်အမျိုးအနွယ် ဟို့ ကိုင်လိမည်။” 19ထာဝရဘုရားစာ သီသူရို့ကို ပြန်ရှင်ထမြောင့်စီနိုင်ရေ ဟို့ အာဗြဟံစာ မှတ်လီရေ။ ယင်းအတွက်န သူစာ ကိုယ့်မာ သား ဣဇာက်ကို ယဇ်ပူဇော်ဖို့အတွက် အဆင်သင့် လုပ်လီရေ။ ယင်းအတွက်န အာဗြဟံမာ ကိုယ့်သား ဣဇာက်ကို သီရာက ပြန်ယူခစာနတူလီရေ။

20ဣဇာက်စာ ထာဝရဘုရားကို ကျုံလီရေအတွက်န နောက်အနာဂါတ်အတွက် ကိုယ့်မာသား ယာကုပ်န ဧသောကို ပဿိ ပီးလီရေ။

21ယာကုပ်စာ ထာဝရဘုရားကို ကျုံလီရေအတွက်န သီဖို့ခါ ယောသပ်မာ သားနှစ်ယောက်ကို ပဿိ ပီးခလီရေ။ ယင်းအဓိပ္ပါယ်ကား ကိုယ့်မာ မြိန်းနှစ်ယောက်ကို ပဿိ ပီးခလီရေ။ သူစာ တောင်မိထောက်ရို့ ထာဝရဘုရားကို ကိုးကွယ်ခလီရေ။

22ယောသပ်စာ ထာဝရဘုရားကို ကျုံလီရေအတွက်န သီဖို့ခါ ဣသရေလလူမျိုးရို့ကို အီဂျစ်ပြည်က ထွက်လားဖို့စာ အကြောင်းကို ပြောခလီရေ အရာ ကိုယ့် အရိုးတိကို ဇာလုပ်ရဖို့လည်းဆိုစာ အကြောင်းကိုလည်း မှာခလီရေ။

23 မောရှေ အမိအဖရို့စာ ထာဝရဘုရားကို ကျုံကတ်လီရေ။ ယင်းအတွက်န သူရို့စာ မောရှေကို မွီးဖွားပြီးရေခါ ကောင်းကောင်း လှစာကို မြင်ရို့ မင်း၏ အာဏာကို မကြောက်ဘိုင်းန သုံးလတိုင်အောင် ရွှက်ထားလီရေ။

24မောရှေစာ ထာဝရဘုရားကို ကျုံလီရေအတွက်န အသက်အရွှယ် ကြီးလာရေခါ ကိုယ့်ကိုကိုယ် ဖာရောမင်း သမီးမာ သားဖြစ်တေ ဟို့ အသိပီးဖို့စာကို ငြင်းလီရေ၊ 25ယေကေလည်း သူစာ ကိုယ့်လူရို့နအတူ ညှဉ်းဆဲခြင်းကို ခံယူလီရေ။ အရာ သူစာ အပြစ်မာ ပျော်ပါးရို့ မနီလီ၊ အကြောင်းကား ထိုပျော်ပါးခြင်းစာ တည်မြဲခြင်း မဟိဆိုစာကို သူစာ သိလီရေ။ 26မောရှေစာ အီဂျစ်ပြည်မာ ဟိသမျ ပစ္စည်း-ဥစ္စာထက်ပင် ခရစ်တော်အတွက် ညှဉ်းဆဲခြင်းကို ခံရစာ အများ ကောင်းရေ ဟို့ မှတ်လီရေ၊ အကြောင်းကား သူစာ ထာဝရဘုရားက ဆုရဖို့စာကို မျှော်လင်းရို့ နီလီရေ။ 27မောရှေစာ ထာဝရဘုရားကို ကျုံလီရေအတွက်န မင်း မန်တက်စာကို မကြောက်ဘိုင်းန အီဂျစ်ပြည်ကို စွန့်ရို့ လားခလီရေ။ အရာ သူစာ တစ်ခါလည်း မမြင်ဖူးစာ ထာဝရဘုရားကို ကိုယ်နအတူ ဟိရေ ဟို့ တတိုင်းမမြိုင်း ကျုံလီရေ။ ယင်းအတွက်န သူစာ ထိုပြည်တို့ ပြန်ရို့ မလားလီဗျာ။ 28မောရှေစာ ထာဝရဘုရားကို ကျုံလီရေအတွက်န လွတ်မြောင့်ခြင်းပွဲန သွီးဖြန်းစာ ထုံးစဉ်ကို လိုက်နာလီရေ၊ အကြောင်းကား ပထမ မွီးဖွားစာ သားဦးရို့ကို ဖျက်စီးစာ ဂေါင်းခင်နတ်သားစာ ဣသရေလလူမျိုးရို့မာ ပထမ သားဦးရို့ကို မဖျက်စီးရအောင်အတွက် ဖြစ်တေ။

29ဣသရေလလူမျိုးရို့စာ ထာဝရဘုရားကို ကျုံလီရေအတွက်န မြေပြင်အသွိမာ ဧဒုံပင်လယ်ကို ကူးလားကတ်လီရေ။ ယင်းပိုင်တထန် အီဂျစ်ပြည်သားရို့လည်း ဧဒုံပင်လယ်ကို ကူးကတ်လီရေ၊ ယေကေလည်း ရီစာ လာရို့ သူရို့ကို နှစ်ဘိုက်လီရေ။

30ဣသရေလလူမျိုးရို့စာ ကျုံလီရေအတွက်န ယေရိခေါမြို့ကို ရန်ထားစာ အုပ်ထရန်ကို ခုနစ်ရက်တိုင်အောင် ပတ်ရို့ နီကတ်လီရေ။ ယင်းနောက် ထိုမြို့အုပ်ထရန်စာ ပြိုကျလားခလီရေ။

31ပြည်တန်းဆာမ ရာခပ်စာ ထာဝရဘုရားကို ကျုံလီရေအတွက်န ဣသရေလလူမျိုးရို့က ရွှတ်လိုက်စာ လူသျှိုရို့ကို ကိုယ့်မိတ်ဆွေရို့ကိုပိုင် ကြိုဆိုလက်ခံရို့ သူရို့ကို ကူညီလီရေ။ ယင်းအတွက်န သူစာ ထာဝရဘုရား၏ စကားတော်ကို နာခံမှု မဟိသူရို့နအတူ ပျက်စီးခြင်းတို့ မရောက်လီ။

32ငါ နင်ရို့ကို အရာလည်း ပုံဥပမာ အများကြီး တင်ပြဖို့သိလော? ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ အရာ ဘုရားသတင်းပို့သူရို့ အကြောင်းတိကို ပြောပြဖို့စာ ငါ့မာ အချိန် မဟိဗျာ။ 33ထိုလူရို့စာ ထာဝရဘုရားကို ကျုံလီရေအတွက်န အခြားပြည်တိကို အနိုင်ယူကတ်လီရေ၊ တရားသဖြင့် စစ်ဆေးကတ်လီရေ၊ ထာဝရဘုရား၏ ဂတိတော် ပဿိကို ခံရကတ်လီရေ။ အရာ ထိုလူရို့စာ ခြင်္သေ့ပစတိကို ပိတ်ထားကတ်လီရေ၊ 34တောက်နီစာ မီးအဟိန်ကို အားနည်းအောင် လုပ်ကတ်လီရေ၊ ဒါးသျှေန အထိုးခံဖို့စာက ရွတ်ကတ်လီရေ။ သူရို့စာ အားနည်းခြင်း ဟိကေလည်း အားခွန်န ပြည့်စုံကတ်လီရေ အရာ သူရို့စာ စစ်တိုက်ကတ်တေခါ အားခွန်န ပြည့်စုံပြီးကေ ကိုယ်ရို့ ရန်သူရို့ကို နှင်ဘိုက်ကတ်လီရေ။ အကြောင်းကား သူရို့စာ ထာဝရဘုရားကို ကျုံလီရေအတွက်န ထို ဟိသမျ အလုပ်ကို လုပ်ဖို့နိုင်လီကတ်တေ။ 35တစ်ချိုးမိန်းမရို့စာ ကိုယ်ရို့မာ သီရာက ပြန်ရှင်ထမြောင့်ကတ်စာ အမျိုးအဆွီရို့ကို ပြန်ရို့ ရကတ်လီရေ။ အရာ တစ်ချိုးလူရို့စာ ထောင်ထဲမာ ကောင်းကောင်း ကြောက်ဖို့ကောင်းစာ ညှဉ်းဆဲခြင်းကို ခံရကတ်လီရေ၊ ယေကေလည်း သူရို့စာ သီရာက ပြန်ရှင်ထမြောင့်ပြီးရေနောက် ကောင်းမြတ်စာ အသက်ကို ရဖို့အတွက် ထောင်က လွတ်မြောင့်ခြင်းကို ခံယူဖို့ မလိုလီကတ်။ 36အရာ တစ်ချိုးလူရို့စာ အသရေရှုတ်ချခြင်း၊ ကြိမ်ဒုတ်န အဘုတ်ခံခြင်း၊ အချိုင်ခံခြင်းန ထောင်ကျခြင်းကို ခံရကတ်လီရေ။ 37သူရို့စာ ကျောက်ခဲ ဘိုက်ရို့ အသီအသတ်ခံကတ်လီရေ၊ ရွှန နှစ်ပိုင်း အပိုင်းခံကတ်လီရေ အရာ ဒါးသျှေန ထိုးရို့ အသီအသတ်ခံကတ်လီရေ။ ယင်းသျှင့်ကိုအပယ် သူရို့စာ ညှဉ်းဆဲခြင်းန မကောင်း ဆက်ဆံခြင်းကို ခံကတ်လီရေ အရာ သူရို့စာ ဆင်းရဲရေအတွက်န သိုးဆိတ်အရီန ဆိတ်အရီကို ဝတ်ရို့ ပတ်နီကတ်လီရေ။ 38သူရို့စာ သဲကန္တာရတောပြင်တိမာ၊ တောင်တိမာ၊ တောင်ခေါင်းတိမာ အရာ တွင်းတိမာ ထွက်ဗြီးရို့ နီကတ်လီရေ။ ဒေ ဆိုးယုတ်စာ လောကစာ ထိုလူရို့အတွက် မထိုက်တန်လီ။

39သူရို့စာ ထာဝရဘုရားကို ကျုံလီရေအတွက်န ထာဝရဘုရား၏ ချီမွမ်းခြင်းကို ခံရကတ်လီရေ၊ ယေကေလည်း သူရို့စာ ထာဝရဘုရား ခံထားလီစာ ဂတိတော်ကို မရကတ်လီ။ 40အကြောင်းကား ထာဝရဘုရားစာ ငါရို့အတွက် အရာလည်း ပိုရို့ ကောင်းမြတ်စာ ရွယ်မှတ်ချက် တစ်ခုကို လုပ်ထားလီရေ။ ထို ရွယ်မှတ်ချက်စာ ဒေပိုင်၊ ထိုလူရို့စာ ငါရို့နအတူ အပြည့်အစုံ စင်ကြယ်ကတ်ဖို့။
Copyright information for RmzSC