Hebrews 13

အဆုံး ဩဝါဒပီးခြင်း

1နင်ရို့စာ ခရစ်ယာန်အနေန တစ်ယောက်ကို တစ်ယောက် ကိုယ့် ညီအစ်ကိုပိုင် ချစ်ကတ်ရဖို့။ 2အသိအကျွမ်းမဟိစာ အာဂန္တုကို ကျွေးမွေးပြုဇုဖို့စာကို နင်ရို့ မမိကတ်ကေ့။ တစ်ချိုးလူရို့စာ မသိဘိုင်းန ဂေါင်းခင်နတ်သားရို့ကို ကျွေးမွေးပြုဇုလီကတ်တေ။ 3ထောင်အကျ ခံရသူရို့ကိုလည်း နင်ရို့ မမိကတ်ကေ့။ နင်ရို့လည်း သူရို့နအတူ ထောင်အကျ ခံရကတ်တေ ဟို့ မှတ်ကတ်။ အရာ ညှဉ်းဆဲခြင်းကို ခံရသူရို့ကို နင်ရို့ မမိကတ်ကေ့။ နင်ရို့လည်း သူရို့နအတူ ညှဉ်းဆဲခြင်းကို ခံရကတ်တေ ဟို့ မှတ်ကတ်။

4နင်ရို့ အားကုံးသူ လက်ထပ်မင်္ဂလာပြုခြင်းကို ရိုသေကတ်ရဖို့။ လင်န မယား တစ်ယေက်ကို တစ်ယောက် သစ္စာထားကတ်ရဖို့၊ အကြောင်းကား မတရားစာ ကာမဂုဏ်ကို လိုက်စားသူရို့န အခြားအိမ်ထောင်ကို ဖျက်သူရို့စာ အပြစ်ဒါဏ်ကို ခံရကတ်လိမည်။ 5နင်ရို့စာ တန်းကား-ဖွေသျှာ လောဖတတ်ခြင်းက အဝီးရှောင်ရို့ နီကတ်။ နင်ရို့မာ ဟိစာဆီလှောက်န နှစ်သက်ကတ်၊ အကြောင်းကား ထာဝရဘုရားစာ ပြောလီရေ၊
“ငါ တစ်ခါလည်း နင့်ကို ဘိုက်ရို့ မလား၊
အရာ တစ်ခါလည်း နင့်ကို ငါ မစွန့်။”

6ယင်းအတွက်န ငါရို့စာ ရဲဝံ့သတ္တိထားရို့ ပြောနိုင်ရေ၊
“အသျှင်စာ ငါ့ကို ကူညီမစားသူ ဖြစ်တေ၊
ယင်းအတွက်န ငါ့မာ ကြောက်ဖို့စာ တစ်ခုလည်း မဟိ။
လူရို့ ငါ့ကို ဇာ လုပ်နိုင်ဖို့လည်း?”

7နင်ရို့ဘားမာ ထာဝရဘုရား၏ စကားတော်ကို ဟောပြောလီကတ်စာ ဂေါင်းဆောင်ရို့ကို နင်ရို့ မှတ်ထားကတ်။ သူရို့စာ ဇာပိုင် နီထိုင်လီကတ်တေလည်းဆိုစာကို နင်ရို့ စဉ်းစားကြည့်ကတ်။ နင်ရို့လည်း သူရို့ ကျုံလီကတ်စာပိုင်တထန် ကျုံကတ်။ 8ယေရှုခရစ်တော်စာ တစ်ခုပိုင်လည်း ပြောင်းလှဲခြင်း မဟိ၊ သူစာ ညကခါ ဟိလီစာပိုင် ဒေနီခါလည်း ဟိရေ အရာ ထာဝရပတ်လုံးလည်း ယင်းပိုင် ဟိဖို့။

9နင်ရို့ အမျိုးမျိုး ထူးဆန်းစာ သွန်သင်ချက်အကြောင်းန မှားယွင်းစာလမ်းတို့ မလားကတ်ကေ့။ နင်ရို့ ဇာ စားရဖို့လည်း အရာ ဇာ မစားရလည်းဆိုစာ စည်းကမ်းကို ဂရုမစိုက်ကတ်ကေ့၊ အကြောင်းကား ထိုစည်းကမ်းတိကို လိုက်နာသူရို့မာ တစ်ခုလည်း အကျိုး မရကတ်။ ယင်းထက်ပင် နင်ရို့မာ စိတ်နှလုံးကို ထာဝရဘုရား၏ သနားကြင်နာခြင်းကနီရို့ အားခွန်န ပြည့်စုံအောင် လုပ်ကတ်။ 10ငါရို့မာ ယဇ်ပလ္လင်တစ်ခုန ယဇ်ကောင်တစ်ကောင် ဟိရေ။ ဒေသျှင့်စာ မောရှေ၏ ပညှတ်တရားမာဟိစာ ယဇ်ပလ္လင်န ယဇ်ကောင်ပိုင် မဟုတ်။ ဒေ ယဇ်ပလ္လင်ထက်မာ ပူဇော်စာ အစားအစာကို သန့်ရှင်းစာနေရာမာ ဝတ်ပြုကတ်စာ ယဇ်ပုရောဟိတ်ရို့မာ စားသောက်ဖို့စာ အခွင့်အာဏာ မဟိ။

11ဣသရေလလူမျိုးရို့မာ မဟာယဇ်ပုရောဟိတ်စာ အပြစ်အတွက် ယဇ်ပူဇော်စာ တိရစ္ဆာန် သွီးကို ယူရို့ မဟာသန့်ရှင်းစာနေရာတို့ ဝင်လီရေ၊ ယေကေလည်း ထိုယဇ်ကောင်တိကို ဣသရေလလူမျိုးရို့ နီထိုင်စာ စခန့်ပြင်တို့ ယူလားရို့ မီးတိုက်ဘိုက်ရရေ။ 12ယင်းပိုင်တထန် ယေရှုလည်းသောက် ယေရုရှလင်မြို့ပြင်က ဒုက္ခ-ဝေဒနာ ခံရို့ သီလီရေ၊ အကြောင်းကား သူစာ လူရို့ကို ကိုယ့်သွီးန သန့်ရှင်းအောင် လုပ်ဖို့အတွက် ဖြစ်တေ။ 13ယင်းအတွက်န လာကတ်၊ ငါရို့လည်း ထိုစခန့်ပြင်က ယေရှုတို့ လားကတ်မည် အရာ သူ ခံရလီစာ အသရေရှုတ်ချခြင်းကို ငါရို့ ခံယူကတ်မည်။ 14အကြောင်းကား ဒေ လောကမာ ငါရို့အတွက် ထာဝရတည်မြဲစာ မြို့တစ်မြို့လည်း မဟိ။ ယေကေလည်း နောက်အနာဂါတ်မာ ဖြစ်ပေါ်လာဖို့စာ မြို့အတွက် ငါရို့ စောင့်မျှော်ရို့ နီကတ်တေ။

15ယင်းအတွက်န လာကတ်၊ ငါရို့စာ ယေရှုကနီရို့ ထာဝရဘုရားကို ရွယ်မှတ်ပြီးကေ အမြဲတိုင်း ချီမွမ်းခြင်းယဇ်ကို ပူဇော်ကတ်မည်။ ထိုယဇ်ပူဇော်ခြင်းစာ ထာဝရဘုရားစာ ငါရို့မာ အသျှင် ဖြစ်တေ ဟို့ ကိုယ်ရို့ပစန ဝန်ခံခြင်း ဖြစ်တေ။ 16ကောင်းမြတ်စာ အလုပ်ကို လုပ်ဖို့စာန အခြားလူရို့ ဆင်းရဲဒုက္ခ ကျကတ်တေခါ ကူညီဖို့စာကို မမိကတ်ကေ့၊ အကြောင်းကား ထာဝရဘုရားစာ ယင်းပိုင် ယဇ်ပူဇော်ခြင်းတိကို နှစ်သက်တေ။

17နင်ရို့မာ ဂေါင်းဆောင်ရို့ ပြောစာစကားကို လိုက်နာကတ် အရာ သူရို့ အုပ်ချုပ်ခြင်းကို ခံယူကတ်၊ အကြောင်းကား သူရို့စာ နင်ရို့ အသက်ဝိညာဉ်ကို ကာကွယ်စောင့်သျှောက်ရို့ ထားကတ်တေ။ သူရို့စာ ကိုယ်ရို့ ထန်းဆောင်စာ တာဝန် အကြောင်းတိကို ထာဝရဘုရားဘားမာ စာရင်း ရှင်းပြကတ်ရဖို့။ ယင်းအတွက်န သူရို့စာ ကိုယ်ရို့ တာဝန်တိကို စိတ်ဒုက္ခန မဟုတ်ဘိုင်း စိတ်အပျော်န ထန်းဆောင်ဖို့ ရကတ်ပတ်စီအတွက် နင်ရို့စာ သူရို့ စကားကို လိုက်နာကတ်။ သူရို့စာ ကိုယ်ရို့ တာဝန်တိကို စိတ်ဒုက္ခန ထန်းဆောင်ရေဆိုကေ နင်ရို့အတွက် တစ်ခုလည်း အကျိုး ဟိလိမည် မဟုတ်။

18ငါရို့အတွက် ဆုတောင်းပီးကတ်။ ငါရို့ စိတ်ချရို့ ရကတ်စာကား၊ ငါရို့မာ စင်ကြယ်စာ အသိညာဏ် ဟိရေ အရာ ငါရို့စာ အမြဲတိုင်း ကောင်းမြတ်စာ အလုပ်တိကို လုပ်ရို့ နီထိုင်ချင်ရေ။ 19အရာ ငါ နင်ရို့တို့ မကြာခင် ပြန်ရောက်နိုင်လတ်အောင် ဆုတောင်းပီးဖို့အတွက် ငါ နင်ရို့ကို အရေးတကြီး တောင်းပန်ရေ။

ဆုတောင်းခြင်းန နှုတ်ဆက်ခြင်း


20 21ငါ ထာဝရဘုရားဘားမာ ဆုတောင်းရေ။
သူစာ ငါရို့ကို ငြိမ်းချမ်းခြင်း ပီးရေ၊
အရာ ငါရို့ အသျှင်ယေရှုကို သီရာက ပြန်ရှင်ထမြောင့်စီလီရေ။
ယေရှုစာ ငါရို့မာ ကောင်းမြတ်စာ သိုးဆိတ်ကျောင်းသား ဖြစ်တေ၊
အကြောင်းကား သူစာ ကိုယ့်အသက်ကို ယဇ်ပူဇော်လီရေ။
ယေရှုစာ ကိုယ့်သွီးန ထာဝရပတ်လုံးအတွက် စာချုပ်အသစ်တစ်ခု ထိုးလီရေ။
ထာဝရဘုရား၏ အလိုတော်အတိုင်း ဟိသမျ ကောင်းမြတ်စာ အလုပ်ကို လုပ်ဖို့အတွက်
နင်ရို့ အကူအညီ ရလတ်အောင် ငါ ထာဝရဘုရားဘားမာ ဆုတောင်းရေ။
ထာဝရဘုရားစာ ငါရို့အထဲမာ ကိုယ့်အလိုတော်အတိုင်း အလုပ် လုပ်လိမည်၊
အရာ သူစာ ယင်းအလုပ်ကို ယေရှုခရစ်တော်ကနီရို့ လုပ်လိမည်။
ထာဝရပတ်လုံး ယေရှုခရစ်တော်၏ ဘုန်းကြီးပါစီ။ အာမန်။

22ညီအစ်ကိုမောင်နမှရို့၊ ဒေ စာစောင်မာ ငါ အတိုဖက်က ရွီးလိုက်စာ အားပီးချက်စကားတိကို နင်ရို့ သည်းခံခြင်းန နားထောင်ကတ်ဖို့အတွက် ငါ အရေးတကြီး တောင်းပန်ရေ။ 23ငါရို့မာ ညီသျှေ တိမောသေ ထောင်က ရွတ်ပျာဆိုစာကို ငါ နင်ရို့ကို သတင်းပီးချင်ရေ။ ယင်းသူ ငါ့တို့ အယင် ရောက်တေဆိုကေ ငါ ယင်းသူနအတူ လာရို့ နင်ရို့န အတွိခံဖို့။

24နင်ရို့မာ ဟိသမျ ဂေါင်းဆောင်ရို့န အခြား ကျုံသူညီအစ်ကိုမောင်နမှရို့ကို ငါရို့ နှုတ်ဆက်လိုက်တေ ဟို့ ပြောလီ။ အရာ ဣတာလီပြည်က ကျုံသူရို့လည်း နင်ရို့ကို နှုတ်ဆက်ကတ်တေ။

25ထာဝရဘုရား၏ ကျေးဇူးတော် နင်ရို့ အားကုံးသူနအတူ ဟိပါစီ။ အာမန်။
Copyright information for RmzSC