Hebrews 4

ထာဝရဘုရား၏ ဂတိခံထားစာ အနားယူစာနေရာ

1ထာဝရဘုရားစာ ငါရို့မာ အဖိုးအဖီးအစိုင်လာရို့ကို အနားယူစာနေရာတို့ ဝင်ရဖို့စာ ဂတိတော်ကို ပီးလီရေ။ ထိုဂတိတော်စာ ဒေဂု ငါရို့အတွက်လည်း ဖြစ်တေ။ ယင်းအတွက်န ထိုဂတိတော်အတိုင်း နင်ရို့အထဲက တစ်ယောက်လည်း မဝင်ရဘိုင်းန မကျန်ဖို့စာကို ငါရို့ သတိထားကတ်ဖို့ သင့်ရေ။ 2အယင်ကခါ ငါရို့ အဖိုးအဖီးအစိုင်လာရို့ဘားမာ သတင်းကောင်းကို ဟောပြောလီစာပိုင် ငါရို့ဘားမာလည်း ဟောပြောပြီးဗျာ။ ယေကေလည်း ထိုသတင်းကောင်းစာ သူရို့အတွက် တစ်ခုလည်း အကျိုး မဟိလီ၊ အကြောင်းကား သူရို့စာ ထိုသတင်းကောင်းကို ကြားရို့ မကျုံလီကတ်။ 3ယေကေလည်း သက်သက် ငါရို့ ကျုံသူရို့ရာ ထိုဂတိတော်အတိုင်း အနားယူစာနေရာတို့ ဝင်ရကတ်ဖို့၊ အကြောင်းကား ထာဝရဘုရားစာ အခြားလူရို့ အကြောင်းကို ပြောလီရေ၊
“ယင်းအတွက်န ငါ ဒေါသထွက်ပြီးကေ အကျိန်ကိုင်ရို့ ပြောလီရေ၊
‘သူရို့ တစ်ခါလည်း ငါ့အနားယူစာနေရာတို့ ဝင်ရကတ်လိမည် မဟုတ်။’”

ထာဝရဘုရားစာ ထိုစကားကို ပြောလီကေလည်း သူ့မာ ဟိသမျ အလုပ်တိစာ ကမ္ဘာကို ဖန်ဆင်းပြီးရေနောက် အဆုံးသတ်လီရေ။
4ယင်းသျှင့်ကို ငါရို့ သိရေ၊ အကြောင်းကား ကျမ်းစာမာ အခြားတစ်ခု ပုဒ်မမာ ခုနစ်ရက်စိရေနိ အကြောင်းကို ရွီးရို့ ဟိရေ၊
“ထာဝရဘုရားစာ ဟိသမျ အလုပ် ပြီးဆုံးရေနောက်
ခုနစ်ရက်စိရေနိမာ အနားယူလီရေ။”

5ထာဝရဘုရားစာ အရာတစ်ပြန် ပြောလီရေ၊
“သူရို့ တစ်ခါလည်း ငါ့အနားယူစာနေရာတို့ ဝင်ရကတ်လိမည် မဟုတ်။”

6ဒေဂုလည်း အနားယူစာနေရာတို့ ဝင်ရဖို့စာ ဂတိတော်ကို ထာဝရဘုရား ထားသိရေ။ ယင်းအတွက်န တစ်ချိုးလူရို့ ထိုဂတိတော်အတိုင်း အနားယူစာနေရာတို့ ဝင်ရကတ်ဖို့၊ ယေကေလည်း သတင်းကောင်းကို ပထမဆုံး ကြားရလီသူရို့စာ ထာဝရဘုရား၏ စကားတော်ကို မလိုက်နာရေအတွက်န အနားယူစာနေရာတို့ မဝင်ရကတ်လီ။ 7“ဒေနိ” ဟို့ ခေါ်စာ နိရက်စာ ထာဝရဘုရား၏ အနားယူစာနေရာတို့ ဝင်ဖို့စာနိရက် ဖြစ်တေ။ ထာဝရဘုရားစာ ထိုနိရက်ကို အတည်ချလီရေ။ ထိုနိရက် အကြောင်းကို ထာဝရဘုရားစာ ဒါဝိဒ်မင်းကနီရို့ ပြောလီရေ၊
“ဒေနိ နင်ရို့ ထာဝရဘုရား၏ စကားတော်ကို နားထောင်ကတ်တေဆိုကေ
နင်ရို့မာ အဖိုးအဖီးအစိုင်လာရို့ပိုင် နင်ရို့ စိတ်နှလုံးကို မကျန်းစီကေ့!”

8ယောရှုစာ ထာဝရဘုရား၏ ဂတိတော်အတိုင်း ငါရို့ အဖိုးအဖီးအစိုင်လာရို့ကို အနားယူစာနေရာတို့ ယူလားဖို့ မနိုင်လီဆိုစာကို ငါရို့ သိရေ။ ယင်းအတွက်န ထာဝရဘုရားစာ အနားယူစာနေရာတို့ ယူလားဖို့အတွက် အခြားနိရက်တစ်ရက် အကြောင်းကို အရာတစ်ပြန် ပြောလီရေ။ 9ယင်းအတွက်န ခုနစ်ရက်နိမာ ထာဝရဘုရား အနားယူလီစာပိုင်တထန် ထာဝရဘုရား၏ လူရို့လည်း အနား ရကတ်ဖို့ဆိုစာကို ငါရို့ သိရေ၊ 10အကြောင်းကား ထာဝရဘုရားစာ ဟိသမျ အားကုံးကို ဖန်ဆင်းရို့ ပြီးဆုံးရေခါ အနားယူလီရေ။ ယင်းပိုင်တထန် ထာဝရဘုရားက အနား ရသူလည်း ကိုယ်လုပ်စာ အလုပ်တိက အနားရရေ။ 11ယင်းအတွက်န လာကတ်၊ ငါရို့ အနားယူစာနေရာတို့ ဝင်ဖို့အတွက် ကြိုးစားအားထုတ်ကတ်မည်။ ယင်းပိုင်ဆိုကေ ငါရို့စာ ငါရို့မာ အဖိုးအဖီးအစိုင်လာရို့ပိုင် ထာဝရဘုရား၏ စကားတော်ကို မလိုက်နာသူ ဖြစ်ကတ်ဖို့ မဟုတ်။ သူရို့စာ ထာဝရဘုရား၏ စကားတော်ကို မလိုက်နာလီရေအတွက်န အနားယူစာနေရာတို့ မဝင်ရကတ်လီ။

12ထာဝရဘုရား၏ စကားတော်စာ အသက်အရှင် ဖြစ်တေ အရာ တန်ခိုးနပြည့်စုံရေ။ ထိုစကားတော်စာ နှစ်ဖက်စုံက အသွားဟိစာ ဒါးသျှေထက်လည်း ပြတ်တေ။ ထိုစကားတော်စာ လူရို့ အသက်န ဝိညာဉ်ထဲတို့ ထိုးဖေါက်ရို့ ဝင်ပြီးကေ ခွဲခြမ်းနိုင်ရေ အရာ အရိုးအဆစ်န အခြင်ဆီထဲတို့ ထိုးဖေါက်ရို့ ဝင်ပြီးကေ ခွဲခြမ်းနိုင်ရေ။ အရာ ထာဝရဘုရား၏ စကားတော်စာ လူရို့ စိတ်နှလုံးမာ ဟိသမျ ရွယ်မှတ်ချက်န စဉ်းစားချက်ကို စစ်ဆေးရို့ ကြည့်ရေ။ 13ထာဝရဘုရား၏ ရှိမာ တစ်ခုကိုလည်း ဖုံးရွှက်ရို့ မရ။ သူစာ ဟိသမျ အားကုံးကို ပပွင့်လလင်း မြင်ရေ။ အရာ သူ့ရှိမာ ဟိသမျ အားကုံး ကကြင်းလလင်း ဖွင့်ရို့ ဟိရေ။ ငါရို့ တစ်ရက်နိ ကိုယ်ရို့ လုပ်စာ အလုပ်တိကို သူ့ဘားမာ စာရင်းရှင်းပြကတ်ရဖို့။

ယေရှု မဟာယဇ်ပုရောဟိတ် ဖြစ်ခြင်း

14ငါရို့မာ မဟာယဇ်ပုရောဟိတ်တစ်ပါး ဟိရေ။ သူစာ ဂေါင်းခင်ဘုံတို့ ကြွလားခရို့ ဒေဂု ထာဝရဘုရားနအတူ ဟိရေ။ သူစာ ထာဝရဘုရား၏ သားတော် ယေရှု ဖြစ်တေ။ ယင်းအတွက်န လာကတ်၊ ငါရို့မာ ကျုံခြင်းတရားကို နနောင်းတည်းရို့ ထားကတ်မည်။ 15ငါရို့မာ မဟာယဇ်ပုရောဟိတ် ယေရှုစာ ငါရို့ အားနည်းချက်ကို နားလည်ရေ၊ အကြောင်းကား သူလည်း ဒေ လောကမာ ဟိလီရေခါ ငါရို့ပိုင်တထန် အားကုံးစာဖက်က အပြစ်သွေးဆောင်ခြင်းကို ခံဖူးလီရေ၊ ယေကေလည်း သူစာ တစ်ခါလည်း အပြစ် မလုပ်ခလီ။ 16ယင်းအတွက်န ငါရို့ လိုအပ်တေအချိန်မာ ကျေးဇူးတော်န ကရုဏာတော်ကို ခံရဖို့အတွက် ငါရို့ ရဲဝံ့သတ္တိ အပြည့်န ထာဝရဘုရား၏ ကျေးဇူးတော် ပလ္လင်ရှိတို့ လားကတ်မည်။
Copyright information for RmzSC