John 15

စပျစ်နွယ်န အခက်အလက် ပုံဥပမာ

1“ငါစာ စပျစ်နွယ် အစစ် ဖြစ်တေ။ ငါ့အဖစာ စပျစ်ခင်းကို သုတ်သင်သူ ဖြစ်တေ။ 2အဖစာ ငါ့မာ အသီးမသီးစာ အခက်အလက်တိကို ခွတ်ရို့ ဘိုက်လိုက်တေ။ အသီးသီးစာ အခက်အလက်တိကို အရာလည်း အသီး အများကြီး သီးလတ်အောင် သူစာ သသန့်ရှရှင်း လုပ်ထားရေ။ 3ငါ နင်ရို့ကို သွန်သင်ပီးလီရေ။ ထိုသွန်သင်ချက်စာ နင်ရို့ စိတ်နှလုံးကို စင်ကြယ်အောင် လုပ်ပျာ။ 4နင်ရို့ ငါန တစ်ကိုယ်တည်း ဖြစ်ရို့ နီကတ်၊ ငါလည်း နင်ရို့န တစ်ကိုယ်တည်း ဖြစ်ရို့ နီမည်။ စပျစ်နွယ်မာ အခက်အလက်တိစာ စပျစ်နွယ်န ဆက်ရို့ မဟိဆိုကေ အသီးမသီးနိုင်။ ယင်းပိုင်တထန် နင်ရို့လည်း ငါန တစ်ကိုယ်တည်း ဖြစ်ရို့ မနီကတ်ဆိုကေ အသီးသီးနိုင်ကတ်လိမည် မဟုတ်။

5“ငါစာ စပျစ်နွယ် ဖြစ်တေ အရာ နင်ရို့စာ အခက်အလက် ဖြစ်ကတ်တေ။ အသူမဆို ငါန တစ်ကိုယ်တည်း ဖြစ်ရို့ နီရေဆိုကေ ငါလည်း သူန တစ်ကိုယ်တည်း ဖြစ်ရို့ နီဖို့။ ယင်းအတွက်န သူ့မာ အသီးအများကြီး သီးလိမည်၊ အကြောင်းကား ငါ့က အဝီးခွါရို့ နီသူစာ တစ်ခုလည်း မလုပ်နိုင်။ 6ငါန တစ်ကိုယ်တည်း ဖြစ်ရို့ မနီသူစာ ပြင်တို့ ဘိုက်ချလိုက်စာ အခက်အခြောက်နတူရေ။ အရာ ယင်းအခက်အခြောက်တိကို လူရို့စာ ကောက်ရို့ မီးဖေါ်မာ ထည့်ဘိုက်လိုက်ကတ်တေ။ 7နင်ရို့ ငါန တစ်ကိုယ်တည်း ဖြစ်ရို့ နီကတ်တေဆိုကေ အရာ ငါ့ စကားတိစာ နင်ရို့ စိတ်နှလုံးမာ ဟိရေဆိုကေ နင်ရို့ လိုအပ်စာ အားကုံးကို တောင်းကတ်။ တောင်းရေဆိုကေ နင်ရို့ ရကတ်လိမည်။ 8နင်ရို့ ငါ့တပည့် အစစ် ဖြစ်ကတ်တေဆိုကေ နင်ရို့မာ အသီးအများကြီး သီးရို့ ပြရဖို့။ ယင်းပိုင်ဆိုကေ ငါ့အဖစာ ရိုသေခြင်းကို ရလိမည်။ 9အဖ ငါ့ကို ချစ်လီစာပိုင် ငါလည်း နင်ရို့ကို ချစ်ရို့ လာဗျာ။ နင်ရို့ ငါ့ ချစ်ခြင်းမေတ္တာမာ နီကတ်။ 10ငါစာ ငါ့အဖပီးစာ ပညှတ်ချက်တိကို လိုက်နာရို့ အဖ၏ ချစ်ခြင်းမေတ္တာမာ နီရို့လာဗျာ။ ယင်းပိုင်တထန် နင်ရို့လည်း ငါပီးစာ ပညှတ်ချက်တိကို လိုက်နာရေဆိုကေ ငါ့ ချစ်ခြင်းမေတ္တာမာ နီကတ်လိမည်။

11“ငါ့ ပျော်ပါးခြင်းကို နင်ရို့ ရကတ်ပတ်စီအတွက် ငါ နင်ရို့ဘားမာ ဒေ စကားတိကို ပြောပြလီစာ ဖြစ်တေ။ ငါ နင်ရို့မာ ပျော်ပါးခြင်းန ပြည့်စုံစီချင်ရေ။ 12နင်ရို့အတွက် ငါ့ပညှတ်ချက် ဖြစ်တေကား၊ ငါ နင်ရို့ကို ချစ်ရို့လာစာပိုင် နင်ရို့လည်း တစ်ယောက်ကို တစ်ယောက် ချစ်ကတ်။ 13လူတစ်ယောက်မာ ကိုယ့်မိတ်ဆွေအတွက် ကိုယ့်အသက်ကို ပီးစာထက် အရာတစ်ခုလည်း ကြီးမြတ်စာ ချစ်ခြင်းမေတ္တာ မဟိဗျာ။ 14ငါပီးစာ ပညှတ်ချက်တိကို နင်ရို့ လိုက်နာကတ်တေဆိုကေ နင်ရို့ ငါ့မိတ်ဆွေ ဖြစ်ကတ်တေ။ 15ဒေဂုကပင် ငါ နင်ရို့ကို ကျွန် မခေါ်ဗျာ၊ အကြောင်းကား ကျွန်စာ ကိုယ့်အပိုင်သျှင် ဇာလုပ်တေလည်းဆိုစာကို မသိ။ ယေကေလည်း ငါ့အဖက ကြားစာ စကားတိကို ငါ နင်ရို့ကို ပြောပြဗျာ။ ယင်းအတွက်န ငါ နင်ရို့ကို မိတ်ဆွေ ဟို့ ခေါ်ဖို့ဗျာ။ 16နင်ရို့ ငါ့ကို ရွီးကောက်ယူလီစာ မဟုတ်။ ငါ နင်ရို့ကို ရွီးကောက်ယူလီစာ ဖြစ်တေ။ နင်ရို့မာ အသီး အများကြီး သီးကတ်ပတ်စီအတွက် အရာ ယင်းအသီးတိ တည်မြဲပတ်စီအတွက် ငါ နင်ရို့ကို ခန့်ထားလီရေ။ ယင်းပိုင်ဆိုကေ နင်ရို့ ငါ့နာမည်န တောင်းစာ အားကုံးကို အဖ နင်ရို့ကို ပီးလိမည်။ 17နင်ရို့ တစ်ယောက်ကို တစ်ယောက် ချစ်ကတ် ဟို့ ငါ နင်ရို့ကို ပညှတ်ချက် ပီးရေ။

လောကသားရို့ မုန်းဖို့စာ အကြောင်း

18“လောကသားရို့စာ နင်ရို့ကို မုန်းကတ်တေ၊ ယေကေလည်း နင်ရို့ကို မမုန်းခင်အယင်ကပင် သူရို့စာ ငါ့ကို မုန်းလီကတ်တေ။ ယင်းစကားကို နင်ရို့ မှတ်ထားကတ်။ 19နင်ရို့ ဒေ လောကသား ဖြစ်ကတ်ဖို့ဆိုကေ လောကသားရို့ ကိုယ့်လူကို ချစ်စာပိုင် နင်ရို့ကိုလည်း ချစ်လီကတ်ဖို့၊ ယေကေလည်း နင်ရို့စာ ဒေ လောကသား မဟုတ်။ ငါ နင်ရို့ကို ဒေ လောကအထဲက ရွီးကောက်ယူဗျာ။ ယင်းအတွက်န လောကသားရို့ နင်ရို့ကို မုန်းကတ်တေ။ 20‘အပိုင်သျှင်ထက် ကျွန် မကြီး’ ဟို့ ငါ အယင်တစ်ခေါက် နင်ရို့ကို ပြောပြလီရေ။ ယင်းစကားကို နင်ရို့ မှတ်ထားကတ်။ လူရို့ ငါ့ကို ညှဉ်းဆဲလီရေဆိုကေ နင်ရို့ကိုလည်း ညှဉ်းဆဲလိမည်။ သူရို့ ငါ့စကားကို လိုက်နာရေဆိုကေ နင်ရို့ စကားကိုလည်း လိုက်နာကတ်လိမည်။ 21နင်ရို့ ငါ့လူ ဖြစ်ကကတ်တေအတွက်န သူရို့စာ နင်ရို့ကို ညှဉ်းဆဲကတ်လိမည်၊ အကြောင်းကား သူရို့စာ ငါ့ကို ရွှတ်လိုက်စာ အဖကို မသိကတ်။

22“ငါ ဒေ လောကတို့ လာရို့ သူရို့ဘားမာ မဟောပြောဘိုင်းန နီလီဖို့ဆိုကေ သူရို့စာ ကိုယ်ရို့အပြစ်အတွက် တရားစစ်ဆေးခြင်းကို ခံရလီကတ်ဖို့ မဟုတ်။ ယေကေလည်း ငါ လာရို့ သူရို့ဘားမာ ဟောပြောလီရေ။ ယင်းအတွက်န ဒေဂု သူရို့စာ ကိုယ်ရို့အပြစ်အတွက် တစ်ခုလည်း အကြောင်းပြဖို့ မရဗျာ။ 23ငါ့ကို မုန်းသူစာ ငါ့အဖကိုလည်း မုန်းရေ။ 24တစ်ခါပင် တစ်ယောက်လည်း မမြင်ဖူးစာ အံ့ဩဖွယ်အလုပ်တိကို ငါ သူရို့ဘားမာ လုပ်ရို့ မပြဘိုင်းန နီလီဖို့ဆိုကေ သူရို့မာ အပြစ်ဟိလီဖို့ မဟုတ်။ ယေကေလည်း ဒေဂု သူရို့ ငါလုပ်စာ အံ့ဩဖွယ်အလုပ်တိကို မြင်ရို့လည်း ငါန ငါ့အဖကို မုန်းကတ်တေ။ 25‘သူရို့ တစ်ခုမဟုတ်ဘိုင်းန ငါ့ကို မုန်းကတ်လီရေ’ ဟို့ ကျမ်းစာမာ ရွီးရို့ဟိစာ စကား ပြည့်စုံဖို့အတွက် ဒေပိုင် ဖြစ်ပျက်လာလီရေ။

26“အဖက ကူညီသူတစ်ပါးကို ငါ နင်ရို့တို့ ရွှတ်လိုက်ဖို့။ သူစာ ဝိညာဉ်တော်တစ်ပါး ဖြစ်တေ။ ထိုဝိညာဉ်တော်စာ ထာဝရဘုရား၏ အကြောင်းကို မှန်ကန်စာနည်းန သက်သီပီးရေ။ ထိုဝိညာဉ်တော် ရောက်လာရေခါ ငါ့အကြောင်းကို သက်သီပီးလိမည်။ 27နင်ရို့ ပထမကပင် ငါနအတူ ဟိလီကတ်တေ။ ယင်းအတွက်န နင်ရို့လည်း ငါ့အကြောင်းကို သက်သီပီးလီကတ်။”
Copyright information for RmzSC