John 17

တပည့်ရို့အတွက် ယေရှု ဆုတောင်းခြင်း

1အသျှင်ယေရှု ထိုစကားတိကို ပြောပြီးရေနောက် ဂေါင်းခင်တို့ မော်ကြည့်ရို့ ပြောလီရေ၊ “အိုး အဖ၊ ဒေဂု အကျွန့်မာ အချိန်ကျပါဗျာ။ အကျွန် ကိုယ်တော်၏ ဘုန်းတန်ခိုးကို ဖေါ်ပြဖို့ရလတ်အောင် ကိုယ်တော် အကျွန့်ကို ဘုန်းတန်ခိုး ပီးပါ။ 2အကြောင်းကား ကိုယ်တော်စာ တစ်ချိုးလူရို့ကို အကျွန့်အလက်မာ အပ်ပီးလီပါရေ။ အကျွန် သူရို့ကို ထာဝရအသက် ပီးဖို့နိုင်လတ်အောင် ကိုယ်တော် ဟိသမျ လူရို့ကို အုပ်ချုပ်ဖို့အတွက် အကျွန့်ကို အခွင့်အာဏာ ပီးလီပါရေ။ 3ကိုယ်တော် တစ်ပါးတည်းရာ မှန်ကန်ခြင်းနပြည့်စုံစာ ထာဝရဘုရား ဖြစ်ပါရေ။ လူတစ်ယောက်မာ ထာဝရအသက်ကို ရဖို့စာနည်းလမ်း ဖြစ်တေကား၊ ကိုယ်တော်ကို သိရဖို့စာန ကိုယ်တော် ရွှတ်လိုက်စာ ယေရှုခရစ်တော်ကို သိရဖို့စာ ဖြစ်ပါရေ။ 4ကိုယ်တော်စာ အကျွန့်ကို အလုပ်လုပ်ဖို့အတွက် တာဝန် ပီးလီပါရေ။ အကျွန် ယင်းအလုပ်တိကို ကျီအောင် လုပ်စာကနီရို့ လောကသားရို့ ရှိမာ ကိုယ်တော်၏ ဘုန်းတန်ခိုးကို ဖေါ်ပြပါဗျာ။ 5အိုး အဖ၊ ဒေ လောကကို မဖန်ဆင်းခင်အယင်က ကိုယ်တော်နအတူ အကျွန့် ဘုန်းတန်ခိုး ဟိလီပါရေ။ ထိုဘုန်းတန်ခိုးကို ဒေဂု ပြန်ရို့ အကျွန့်ကို ပီးပါ။

6“ဒေ လောကထဲက တစ်ချိုးလူရို့ကို ရွီးကောက်ရို့ ကိုယ်တော် အကျွန့်အလက်မာ အပ်ပီးလီပါရေ။ သူရို့ဘားမာ အကျွန် ကိုယ်တော်၏ အကြောင်းကို ပြောပြပါဗျာ။ သူရို့စာ အယင်းကပင် ကိုယ်တော်၏ လူ ဟိလီကတ်ပါရေ။ ယင်းအတွက်န ကိုယ်တော်စာ သူရို့ကို အကျွန့်အလက်မာ အပ်ပီးလီပါရေ။ အရာ သူရို့စာ ကိုယ်တော်၏ စကားတော်ကို လိုက်နာကတ်ပါဗျာ။ 7အကျွန့်မာဟိစာ အားကုံး ကိုယ်တော်က ရလီရေဆိုစာကို ဒေဂု သူရို့ သိရကတ်ပါဗျာ။ 8အကြောင်းကား ကိုယ်တော် အကျွန့်ကို ပြောဖို့ခိုင်းလီစာ စကားအားကုံးကို အကျွန် ဒေသူရို့ဘားမာ ပြောပြရို့ ပြီးပါဗျာ။ သူရို့စာ အကျွန် ပြောစာစကားတိကို လက်ခံကတ်ပါဗျာ။ ကိုယ်တော် အကျွန့်ကို ရွှတ်လိုက်လီပါရေ အရာ အကျွန် ကိုယ်တော်က လာလီရေဆိုစာကို သူရို့ အမှန် သိရို့ ကျုံကတ်ပါဗျာ။

9“ယင်းအတွက်န အကျွန် ဒေဂု သူရို့အတွက် ဆုတောင်းပါရေ၊ ယေကေလည်း ဒေ လောကမာ ဟိသမျ လူရို့အတွက် အကျွန် ဆုတောင်းစာ မဟုတ်ပါ။ သက်သက် ကိုယ်တော် အကျွန့်အလက်မာ အပ်ပီးသူရို့အတွက် ဆုတောင်းစာ ဖြစ်ပါရေ၊ အကြောင်းကား သူရို့စာ ကိုယ်တော်၏ လူရို့ ဖြစ်ကတ်ပါရေ။ 10အကျွန့် လူရို့လည်း ကိုယ်တော်၏ လူဖြစ်ပါရေ အရာ ကိုယ်တော်၏ လူရို့လည်း အကျွန့် လူဖြစ်ပါရေ။ သူရို့ကနီရို့ အကျွန့် ဘုန်းတန်ခိုး ပေါ်ထွန်းပါဗျာ။ 11အကျွန် ဒေဂု ကိုယ်တော်တို့ လာပါဖို့ဗျာ။ အကျွန် အရာ ဒေ လောကမာ မနီပါဗျာ၊ ယေကေလည်း ဒေသူရို့ကား ဒေ လောကမာ ဟိကတ်ပါဖို့သိ။ အိုး သန့်ရှင်းစာ အဖ၊ ကိုယ်တော်န အကျွန် တစ်ကိုယ်တည်း ဖြစ်စာပိုင် သူရို့ကိုလည်း တစ်ကိုယ်တည်း ဖြစ်စီချင်ပါရေ။ ယင်းအတွက်န ကိုယ်တော် အကျွန့်ကို ပီးစာနာမည်တန်ခိုးန သူရို့ကို ကယ်ဆယ်ပါ။ 12အကျွန် သူရို့နအတူ ဟိသရိ ကာလပတ်လုံး ကိုယ်တော် အကျွန့်ကို ပီးစာနာမည်တန်ခိုးန အကျွန် သူရို့ကို ကယ်ဆယ်ရို့ လာပါဗျာ။ အကျွန် သူရို့ကို ကာကွယ်ရို့ လာပါဗျာ။ ယင်းအတွက်န သူရို့အထဲက တစ်ယောက်လည်း မပျောက်လီပါ။ ကျမ်းစာမာ ရွီးရို့ဟိစာ စကား ပြည့်စုံဖို့အတွက် ပျက်စီးဖို့ စကားဟိသူ တစ်ယောက်တည်းရာ ပျက်စီးလားခပါရေ။

13“အကျွန် ဒေဂု ကိုယ်တော်တို့ လာပါဖို့ဗျာ၊ ယေကေလည်း အကျွန့် ပျော်ပါးခြင်းစာ သူရို့ စိတ်နှလုံးမာ ပြည့်စုံလတ်အောင် အကျွန် ဒေ လောကမာ ဟိရေခါ ဒေ စကားတိကို ပြောပြစာ ဖြစ်ပါရေ။ 14ကိုယ်တော်၏ စကားတော်ကို အကျွန် သူရို့ဘားမာ ပြောပြရို့ ပြီးပါဗျာ။ ယေကေလည်း ဒေ လောကသားရို့စာ သူရို့ကို မုန်းကတ်ပါရေ၊ အကြောင်းကား အကျွန် ဒေ လောကသား မဟုတ်စာပိုင် သူရို့လည်း ဒေ လောကသား မဟုတ်ပါ။ 15သူရို့ကို ဒေ လောကက တင်ယူလားဖို့အတွက် အကျွန် ကိုယ်တော်ဘားမာ ဆုတောင်းစာ မဟုတ်ပါ၊ ယေကေလည်း သူရို့ကို မာရ်နတ်အလက်က ကယ်ဆယ်ဖို့အတွက် အကျွန် ဆုတောင်းစာ ဖြစ်ပါရေ။ 16အကျွန် ဒေ လောကသား မဟုတ်စာပိုင် သူရို့လည်း ဒေ လောကသား မဟုတ်ပါ။

17“ကိုယ်တော်၏ မှန်ကန်ခြင်းတရားကို သွန်သင်ပီးရို့ သူရို့ကို ကိုယ်တော်အတွက် သသန့်ရှရှင်း လုပ်ထားပါ။ ကိုယ်တော်၏ စကားတော်စာ ယင်းမှန်ကန်ခြင်းတရား ဖြစ်ပါရေ။ 18ကိုယ်တော် အကျွန့်ကို ဒေ လောကတို့ ရွှတ်လိုက်စာပိုင် အကျွန်လည်း သူရို့ကို ဒေ လောကတို့ ရွှတ်လိုက်လီပါရေ။ 19အကျွန် သူရို့အတွက် ကိုယ့်ကို သန့်ရှင်းအောင် လုပ်ပါဗျာ၊ အကြောင်းကား သူရို့လည်း မှန်ကန်ခြင်းတရားကနီရို့ ကိုယ်တော်ကို ပြုဇုဖို့အတွက် သူရို့ကို သန့်ရှင်းသူအဖြစ် အခြားခွဲထားစီချင်ပါရေ။

20“အကျွန် သက်သက် သူရို့အတွက် ဆုတောင်းစာ မဟုတ်ပါ။ နောက်အနာဂါတ်မာ သူရို့ ဟောပြောစာ စကားကို ကြားရို့ အကျွန့်ကို ကျုံဖို့သူရို့အတွက်လည်း အကျွန် ဆုတောင်းစာ ဖြစ်ပါရေ။ 21အိုး အဖ၊ အကျွန့်ကို ကျုံသူရို့ အားကုံးသူ တစ်ကိုယ်တည်း ဖြစ်ဖို့အတွက် အကျွန် ဆုတောင်းပါရေ။ အကျွန်စာ ကိုယ်တော်န တစ်ကိုယ်တည်း ဖြစ်ရို့ နီပါရေ၊ ကိုယ်တော်လည်း အကျွန်န တစ်ကိုယ်တည်း ဖြစ်ရို့ နီပါရေ။ ယင်းပိုင်တထန် သူရို့လည်း အကျွန်ရို့န တစ်ကိုယ်တည်း ဖြစ်နိုင်ဖို့အတွက် အကျွန် ဆုတောင်းပါရေ။ ယင်းပိုင်ဆိုကေ ကိုယ်တော် အကျွန့်ကို ရွှတ်လိုက်တေဆိုစာကို ဒေ လောကသားရို့ ကျုံကတ်ပါဖို့။ 22ကိုယ်တော် အကျွန့်ကို ဘုန်းတန်ခိုး ပီးလီပါရေ။ ထိုဘုန်းတန်ခိုးကို အကျွန် သူရို့ကို ပီးပါဗျာ၊ အကြောင်းကား အကျွန် ကိုယ်တော်န တစ်ကိုယ်တည်း ဖြစ်ရို့ နီရေပိုင် သူရို့လည်း ကိုယ်ရို့ အချင်းချင်း တစ်ကိုယ်တည်း ဖြစ်နိုင်ကတ်ပတ်စီအတွက် ဖြစ်ပါရေ။ 23ယင်းပိုင် သူရို့စာ အပြည့်အစုံ တစ်ကိုယ်တည်း ဖြစ်နိုင်ကတ်ပတ်စီအတွက် အကျွန် သူရို့န တစ်ကိုယ်တည်း ဖြစ်ရို့ နီပါရေ အရာ ကိုယ်တော်လည်း အကျွန်န တစ်ကိုယ်တည်း ဖြစ်ရို့ နီပါရေ၊ အကြောင်းကား ကိုယ်တော် အကျွန့်ကို ရွှတ်လိုက်တေဆိုစာကို လောကသားရို့ သိကတ်ပတ်စီအတွက် ဖြစ်ပါရေ။ အရာ ကိုယ်တော် အကျွန့်ကို ချစ်ရို့လာစာပိုင်တထန် သူရို့ကိုလည်း ချစ်ရို့လာဗျာဆိုစာကိုလည်း လောကသားရို့ သိကတ်ပတ်စီအတွက် ဖြစ်ပါရေ။

24“အိုး အဖ၊ ကိုယ်တော် ဒေ လောကကို မဖန်ဆင်းခင်အယင်ကပင် အကျွန့်ကို ချစ်လီရေအတွက်န အကျွန့်ကို ဘုန်းတန်ခိုး ပီးလီပါရေ။ ကိုယ်တော် အကျွန့်အလက်မာ အပ်ပီးသူရို့စာ အကျွန့် ဘုန်းတန်ခိုးကို မြင်ရကတ်ပတ်စီအတွက် အကျွန် နီစာနေရာမာ သူရို့ကိုလည်း နီစီချင်ပါရေ။ 25အိုး အဖ၊ ကိုယ်တော်ကား ရိုးသားပါရေ။ ဒေ လောကသားရို့စာ ကိုယ်တော်ကို မသိကတ်ပါ၊ ယေကေလည်း အကျွန် ကိုယ်တော်ကို သိပါရေ။ ကိုယ်တော် အကျွန့်ကို ရွှတ်လိုက်တေဆိုစာကို ဒေသူရို့ သိကတ်ပါရေ။ 26အကျွန် ကိုယ်တော် အကြောင်းကို သူရို့ဘားမာ ပြောပြပါဗျာ။ အကျွန် အရာလည်း ပြောပြပါဖို့သိ၊ အကြောင်းကား ကိုယ်တော် အကျွန့်ကို ချစ်ရို့လာစာပိုင် သူရို့ စိတ်နှလုံးမာလည်း တစ်ချက်တည်း ချစ်ခြင်းမေတ္တာကို ဟိစီချင်ပါရေ။ အကျွန် သူရို့န တစ်ကိုယ်တည်း ဖြစ်ရို့ နီချင်ပါရေ။”
Copyright information for RmzSC