John 9

ဝမ်းတွင်းပါ မျက်ကန်း တစ်ယောက်

1အသျှင်ယေရှု လမ်းမာ ကြွရေခါ ဝမ်းထဲပါ မျက်ကန်း တစ်ယောက်ကို တွိလီရေ။ 2ယင်းခါ တပည့်ရို့စာ ယေရှုကို မီးကတ်လီရေ၊ “အသျှင်၊ ဒေလူ အသူ့ အပြစ်အကြောင်းန မျက်စိ ကန်းပါစာလည်း? ကိုယ့်အပြစ် အကြောင်းနလော မဟုတ်ကေ သူ့မာ အမိအဖအပြစ် အကြောင်းနလော?” 3ယေရှုစာ တပည့်ရို့ကို အဖြေပီးလီရေ၊ “ယင်းသူ အပြစ်အကြောင်းနလည်း မဟုတ်၊ ယင်းသူ အမိအဖ အပြစ် အကြောင်းနလည်း မဟုတ်။ ထာဝရဘုရား သူ့ကနီရို့ ရိုသေခြင်းကို ရဖို့အတွက် ယင်းသူ မျက်စိကန်းလီစာ ဖြစ်တေ။ 4နီမဝင်ခင် ငါ့ကို ရွှတ်လိုက်သူ၏ အလုပ်ကို ငါရို့ ကျီအောင် လုပ်ရဖို့။ နီဝင်လာရေခါ တစ်ယောက်လည်း အလုပ် လုပ်နိုင်ကတ်ဖို့ မဟုတ်။ 5ငါ ဒေ လောကမာ ဟိသရိကာလပတ်လုံး ငါ ဒေ လောက၏ အလင်း ဖြစ်တေ။”

6ယင်းနောက် ယေရှုစာ မြေပြင်မာ တန်းဆီးဖြန်းရို့ ကျုပ်ဖြစ်အောင် နည်လီရေ။ သူစာ ထိုကျုပ်ကို ယူရို့ မျက်ကန်း မျက်စိမာ ကျန်လီရေ။ 7အရာ ယေရှုစာ သူ့ကို ပြောလီရေ၊ “နင့် မျက်စိကို ရှိလောင်ကန်မာ လားရို့ ဆီးဘိုက်ခီ။” ရှိလောင် အဓိပ္ပါယ်ကား ရွှတ်လိုက်စာကို ခေါ်ရေ။

ယင်းခါ သူစာ ရှိလောင်ကန်တို့ လားပြီးကေ မျက်စိကို ဆီးဘိုက်လိုက်လီရေ အရာ သူစာ မျက်စိ မြင်ရရို့ ပြန်လာလီရေ။
8ယင်းသူကို အယင်ခါ အလှူခံရို့ မြင်ဖူးသူရို့န သူ့အိမ်နားပါးသားရို့စာ ပြောကတ်လီရေ၊ “ဒေသူ လမ်းနားမာ ထိုင်ရို့ အလှူခံနီသူ မဟုတ်လော?”

9တစ်ချိုးလူရို့စာ ပြောကတ်လီရေ၊ “ဟုတ်တေ၊ ယင်းသူရာ။” ယေကေလည်း တစ်ချိုးလူရို့စာ ပြောကတ်လီရေ၊ “မဟုတ်၊ ယင်းသူန အရုပ်တူစာရာ။” ယေကေလည်း သူကိုယ်တိုင် ပြောလီရေ၊ “ဟုတ်ပါရေ၊ အကျွန် အလှူခံစာ မျက်ကန်း ဖြစ်ပါရေ။” 10ထိုလူရို့စာ ယင်းသူကို မီးကတ်လီရေ၊ “ယင်းပိုင်ဆိုကေ နင့် မျက်စိ ဇာပိုင်ပျင်ရို့ မြင်ရလီစာလည်း?” 11သူစာ အဖြေပီးလီရေ၊ “ယေရှုနာမည်န လူတစ်ယောက် မြေမုန့်ကို ကျုပ်ဖြစ်အောင် နည်ရို့ အကျွန့် မျက်စိမာ ကျန်လီပါရေ။ ယင်းနောက် သူစာ အကျွန့် မျက်စိကို ရှိလောင်ကန်မာ လားရို့ ဆီးဖို့ ခိုင်းလီပါရေ။ ယင်းခါ အကျွန် လားရို့ မျက်စိကို ဆီးရေ ချက်ချင်း အကျွန် မြင်ရလီပါရေ။” 12ထိုလူရို့စာ ယင်းသူကို မီးကတ်လီရေ၊ “ယင်းလူ ဇာမာလည်း?” ယင်းခါ သူစာ ပြောလီရေ၊ “အကျွန် မသိပါ။”

မျက်စိပွင့်သူကို ဖာရိရှဲအဖွဲ့သားရို့ စစ်ဆေးခြင်း

13ထိုလူရို့စာ မျက်စိ အကောင်းဖြစ်သူကို ဖာရိရှဲအဖွဲ့သားရို့တို့ ယူလားခကတ်လီရေ။ 14ယေရှု မြေမုန့်ကို ကျုပ်ဖြစ်အောင် နည်ရို့ မျက်ကန်း မျက်စိမာ ကျန်ရို့ အကောင်း လုပ်လီစာနိစာ သတင်းနိ ဖြစ်တေ။ 15ယင်းအတွက်န ဖာရိရှဲအဖွဲ့သားရို့စာ မျက်စိ အကောင်းဖြစ်သူကို အရာတစ်ပြန် မီးကတ်လီရေ၊ “နင့် မျက်စိ ဇာပိုင်ပျင်ရို့ မြင်ရလီစာလည်း?” သူစာ ဖာရိရှဲအဖွဲ့သားရို့ကို အဖြေပီးလီရေ၊ “ထိုလူ အကျွန့် မျက်စိမာ ကျုပ်ကျန်လီပါရေ။ ယင်းခါ အကျွန့် မျက်စိကို ဆီးရေ ချက်ချင်း အကျွန် မြင်ရလီပါရေ။” 16ဖာရိရှဲအဖွဲ့သားရို့အထဲက တစ်ချိုးလူရို့စာ ပြောကတ်လီရေ၊ “ထိုလူ ထာဝရဘုရားက ကြွလာသူ မဟုတ်၊ အကြောင်းကား သူစာ သတင်းနိ ထုံးစဉ်ကို မလိုက်နာ။”

ယေကေလည်း အရာတစ်ချိုးလူရို့စာ ပြောကတ်လီရေ၊ “အပြစ်သေတစ်ယောက် ဇာပိုင်ပျင်ရို့ အံ့ဩဖွယ်အလုပ်ကို လုပ်နိုင်ဖို့လည်း?” ယင်းပိုင် ပြောပြီးကေ သူရို့အထဲမာ တစ်ယောက်န တစ်ယောက် စကားများရို့ စိတ်သဖေါကွဲကတ်လီရေ။

17ယင်းခါ ဖာရိရှဲအဖွဲ့သားရို့စာ သူ့ကို အရာတစ်ပြန် မီးကတ်လီရေ၊ “နင့် မျက်စိကို အကောင်းလုပ်သူကို နင် ဇာပိုင်ဇတ်လူ ထင်ရေလည်း?” သူစာ အဖြေပီးလီရေ၊ “ထိုလူ ဘုရားသတင်းပို့သူတစ်ပါး ဖြစ်ပါရေ။”

18သူစာ အယင်ခါ မျက်စိအကန်းန ဟိလီရေ အရာ ဒေဂု မျက်စိ မြင်ရရေဆိုစာကို ယုဒဂေါင်းဆောင်ရို့စာ သူ့အမိအဖကို မီးကြည့်ဖို့ မရသကြား မကျုံကတ်လီ။ 19ယင်းအတွက်န ဂေါင်းဆောင်ရို့စာ သူ့အမိအဖကို မီးကတ်လီရေ၊ “ဒေသူ နင်ရို့မာ သားလော? နင်ရို့ ဒေသူကို မျက်စိအကန်းန မွီးဖွားရေ ဟို့ ပြောလီရေ မဟုတ်လော? ယင်းပိုင်ဆိုကေ ဒေသူ ဇာပိုင်ပျင်ရို့ ဒေဂု မြင်ရစာလည်း?” 20သူ့မာ အမိအဖရို့စာ အဖြေပီးကတ်လီရေ၊ “ဒေသူ အကျွန်ရို့မာ သားဖြစ်တေဆိုစာကို အကျွန်ရို့ သိပါရေ။ အရာ ဒေသူ မွီးဖွားရေလှောက်ကပင် မျက်စိအကန်း ဟိလီရေဆိုစာကိုလည်း အကျွန်ရို့ သိပါရေ။ 21ယေကေလည်း ဒေသူ ဇာပိုင်ပျင်ရို့ မျက်စိ မြင်ရလီရေဆိုစာကို အကျွန်ရို့ မသိပါ။ အရာ ဒေသူ မျက်စိကို အသူတစ်ယောက် လာရို့ အကောင်း လုပ်လီရေလည်းဆိုစာကိုလည်း အကျွန်ရို့ မသိပါ။ ယင်းသူ အသက်အရွှယ် ကြီးပါဗျာ၊ ကိုယ်ဘင်ရို့ သူ့ကို မီးကြည့်လိုက်ပါ။ ယင်းသူ ကိုယ့်အကြောင်းကိုကိုယ် ပြောနိုင်ပါလိမည်။”

22 23အသူမဆို ယေရှုကို ခရစ်တော် ဖြစ်တေ ဟို့ ဝန်ခံရေဆိုကေ ယင်းသူကို ဘာသာရေး တရားဇရပ်က ပယ်ဘိုက်လိုက်ဖို့ ဆိုပြီးကေ အယင်ကပင် ယုဒဂေါင်းဆောင်ရို့ ဆုံးဖြတ်ရို့ ထားကတ်လီရေ။ ယင်းအတွက်န သူ့မာ အမိအဖရို့စာ ဂေါင်းဆောင်ရို့ကို ကြောက်ပြီးကေ၊ “ယင်းသူ အသက်အရွှယ် ကြီးပါဗျာ၊ ကိုယ်ဘင်ရို့ သူ့ကို မီးကြည့်လိုက်ပါ” ဟို့ ပြောလီကတ်စာ ဖြစ်တေ။

24ယင်းအတွက်န ယုဒဂေါင်းဆောင်ရို့စာ မျက်စိ အကောင်းဖြစ်သူကို ဒုတိယခေါက် ခေါ်ရို့ ပြောလီရေ၊ “နင် အမှန် စကားကို ပြောရို့ ထာဝရဘုရားကို ချီမွမ်း။ နင့်ကို အကောင်းလုပ်သူစာ အပြစ်သေတစ်ယောက် ဖြစ်တေဆိုစာကို ငါရို့ သိရေ။” 25ယင်းခါ မျက်စိ အကောင်းဖြစ်သူစာ ဂေါင်းဆောင်ရို့ကို ပြောလီရေ၊ “ထိုလူ အပြစ်သေလော ဇာလည်းဆိုစာကို အကျွန် မသိပါ။ ယေကေလည်း အကျွန် အယင်ခါ မျက်ကန်း ဟိလီရေ အရာ ဒေဂု အကျွန် မြင်ရဗျာဆိုစာ တစ်ခုကိုရာ အကျွန် သိပါရေ။”

26ဂေါင်းဆောင်ရို့စာ သူ့ကို မီးကတ်လီရေ၊ “ထိုလူ နင့်ကို ဇာ လုပ်လီစာလည်း? နင့် မျက်စိကို ဇာပိုင်ပျင်ရို့ အကောင်း လုပ်လီစာလည်း?” 27ယင်းခါ မျက်စိ အကောင်းဖြစ်သူစာ သူရို့ကို ပြောလီရေ၊ “ဇာပိုင် လုပ်လီရေလည်းဆိုစာကို အကျွန် ပထမ တစ်ခေါက် ကိုယ်ဘင်ရို့ကို ပြောလီရေ မဟုတ်လော? ယင်းခါ ကိုယ်ဘင်ရို့ အကျွန့်စကားကို နားမထောင်လီကတ်ကား! ယင်းပိုင်ဆိုကေ ဒေဂု ကိုယ်ဘင်ရို့ ဇာဖို့ အရာတစ်ပြန် နားထောင်ချင်ကတ်စာလည်း? ကိုယ်ဘင်ရို့လည်း သူ့တပည့် ဖြစ်ချင်ကတ်စာလော?”

28ယင်းခါ ဂေါင်းဆောင်ရို့စာ သူ့ကို ကောင်းကောင်း ဟောက်ရို့ ပြောကတ်လီရေ၊ “နင်ရာ ထိုလူ တပည့် ဖြစ်တေ၊ ယေကေလည်း ငါရို့စာ မောရှေ တပည့် ဖြစ်ကတ်တေ။ 29ထာဝရဘုရား မောရှေန စကား ပြောလီရေဆိုစာကို ငါရို့ သိရေ။ ယေကေလည်း ထိုလူ ဇာက လာလီရေလည်းဆိုစာကို ငါရို့ မသိ။” 30ယင်းခါ မျက်စိ အကောင်းဖြစ်သူစာ သူရို့ကို ပြောလီရေ၊ “ကြည့်န၊ ဇာပိုင် အံ့ဩဖို့ကောင်းစာ စကားလည်း! ထိုလူ အကျွန့် မျက်စိကို အကောင်း လုပ်လီရေ၊ ယေကေလည်း ထိုလူ ဇာက လာလီရေလည်းဆိုစာကိုပင် ကိုယ်ဘင်ရို့ မသိကတ်။ 31ထာဝရဘုရား အပြစ်သေရို့ ဆုတောင်းစာကို နားမထောင်ပါ၊ ယေကေလည်း ထာဝရဘုရားကို ရိုသေသူရို့န သူ့အလိုတော်ကို လိုက်နာသူရို့ ဆုတောင်းစာကို နားထောင်ရေဆိုစာကို အကျွန်ရို့ သိပါရေ။ 32အသူမဆိုတစ်ယောက် ဝမ်းထဲပါ မျက်ကန်း တစ်ယောက်ကို မျက်စိ ဖွင့်ပီးရေဆိုစာကို ကမ္ဘာတည်စကပင် တစ်ခါလည်း မကြားဖူးပါ။ ဒေဂုရာ ကြားဖူးပါရေ! 33ထိုလူ အမှန် ထာဝရဘုရားက ရွှတ်လိုက်စာ လူတစ်ယောက် ဖြစ်တေ။ ယင်းပိုင် မဟုတ်ဆိုကေ သူစာ တစ်ခုလည်း လုပ်နိုင်ဖို့ မဟုတ်။”

34ဂေါင်းဆောင်ရို့စာ မျက်စိ အကောင်းဖြစ်သူကို၊ “အဝေး! နင်ကား မွီးဖွားရေလှောက်ကပင် ဆိုးယုတ်စာ အပြစ်သေတစ်ယောက် ဖြစ်တေ။ အရာ နင် ငါရို့ကို အပြန် သွန်သင်ပီးဖို့ ကြည့်စာလော” ဟို့ ပြောရို့ ယင်းသူကို ဘာသာရေး တရားဇရပ်က အားဒမ နှင်ထုတ်လိုက်ကတ်လီရေ။

ဝိညာဉ်၏ မျက်စိ ကန်းခြင်း

35ဂေါင်းဆောင်ရို့စာ မျက်စိ အကောင်းဖြစ်သူကို ဘာသာရေး တရားဇရပ်က နှင်ထုတ်လိုက်ကတ်တေဆိုစာကို ယေရှု ကြားရလီရေ။ ယင်းခါ ယေရှုစာ ယင်းသူန တွိရို့ မီးလီရေ၊ “နင် မနုသသားတော်ကို ကျုံရေလော?” 36သူစာ ယေရှုကို ပြောလီရေ၊ “ဆရာ၊ မနုသသားတော်ဆိုစာလူ အသူပါလည်း? အကျွန် သူ့ကို ကျုံဖို့ရလတ်အောင် ကိုယ်ဘင် အကျွန့်ကို တစ်ခေါက် ပြပီးပါ။” 37ယေရှုစာ ယင်းသူကို ပြောလီရေ၊ “နင် သူ့ကို မြင်ရဗျာ၊ အရာ ဒေဂု နင်နအတူ စကားပြောနီသူစာ မနုသသားတော် ဖြစ်တေ။” 38ယင်းခါ သူစာ၊ “အသျှင်၊ အကျွန် အသျှင်ကို ကျုံပါရေ” ဟို့ ပြောရို့ ယေရှုကို ရှိခိုးလီရေ။

39ယေရှုစာ ပြောလီရေ၊ “မျက်ကန်းရို့ မျက်စိ မြင်ရကတ်ပတ်စီအတွက်၊ အရာ မျက်စိမြင်ရသူရို့စာ မျက်စိကန်းပတ်စီအတွက် ငါ ဒေ လောကတို့ တရားစစ်ဖို့ ကြွလာစာ ဖြစ်တေ။”

40ယင်းခါ ယေရှုနအတူ ဖာရိရှဲအဖွဲ့သား လိုင်းကေယောက် ဟိကတ်လီရေ။ သူရို့စာ ယေရှု ပြောစာစကားကို ကြားရို့ ပြောကတ်လီရေ၊ “ကိုယ်ဘင် ငါရို့ကို မျက်ကန်း ဟို့ ပြောချင်စာလော?” 41ယေရှုစာ သူရို့ကို ပြောလီရေ၊ “ကိုယ်ဘင်ရို့ မျက်ကန်း ဖြစ်ဖို့ဆိုကေ ကိုယ်ဘင်ရို့ ကိုယ့်အပြစ်အတွက် တရားစစ်ဆေးခြင်းကို ခံရလီကတ်ဖို့ မဟုတ်၊ ယေကေလည်း ကိုယ်ဘင်ရို့ကား ငါရို့ မျက်စိမြင်ရရေ ဟို့ ပြောကတ်တေ။ ယင်းအတွက်န ကိုယ်ဘင်ရို့မာ ဒေဂုလည်း အပြစ် ဟိရေ။
Copyright information for RmzSC