Luke 23

ယေရှုကို အုပ်ချုပ်သူကြီးပိလတ် စစ်ဆေးခြင်း

(မဿဲ ၂၇:၁-၂၁၁-၂၆မာကု ၁၅:၁-၅ယောဟန် ၁၈:၂၈-၁၉:၁၆)

1ယင်းနောက် ယုဒလူမျိုး မဟာတိုင်ဘင်အဖွဲ့သား အားကုံးသူ ထရို့ ယေရှုကို ရောမအုပ်ချုပ်သူကြီးပိလတ်တို့ ယူလားခကတ်လီရေ။ 2အရာ သူရို့စာ ယေရှုကို အပြစ်တင်စစ်စွဲရို့ ပြောကတ်လီရေ၊ “အကျွန်ရို့ မြင်ရစာကား၊ ဒေသူ အကျွန်ရို့ လူမျိုးကို မှားယွင်းစာလမ်းတို့ ဆောင်ယူလားနီပါရေ။ သူစာ ရောမဧကရာဇ်မင်းကို ဖန်ဒါမပီးကေ့ ဟို့ ဟန့်ပါရေ အရာ သူစာ ကိုယ့်ကိုကိုယ် ခရစ်တော်ဆိုစာ မင်းတစ်ပါး ဖြစ်တေ ဟို့ ခံပါရေ။”

3ပိလတ်စာ ယေရှုကို မီးလီရေ၊ “နင် ယုဒလူမျိုးရို့မာ မင်းလော?”

ယေရှုစာ အဖြေပီးလီရေ၊ “ကိုယ်ဘင် ပြောစာစကား မှန်ရေ။”

4ယင်းခါ ပိလတ်စာ ယဇ်ပုရောဟိတ်အကြီးရို့န ဟိသမျ လူရို့ကို ပြောလီရေ၊ “ငါ ဒေသူမာ အပြစ် တစ်ခုလည်း မမြင်ရကား။”

5ယေကေလည်း သူရို့စာ အားတင်ရို့ ပြောကတ်လီရေ၊ “ဒေသူ ယုဒပြည်နယ်မာ ဟိသမျ နေရာတိမာ သွန်သင်ပီးရို့ လူရို့ကို မန်မြှောင့်ပီးနီပါရေ။ အရာ သူစာ ဂါလိလဲပြည်နယ်ကပင် စရို့ ဒေဂု ဒေ နေရာတို့ ရောက်လာပါဗျာ။”

ယေရှုကို ရယ်သွန်းပြုခြင်း

6သူရို့ စကားကို ကြားရို့ ပိလတ်စာ မီးကြည့်လီရေ၊ “ဒေသူ ဂါလိလဲပြည်နယ်သားလော?” 7ယင်းခါ သူစာ ယေရှုကို ဟေရုဒ်မင်း အုပ်ချုပ်စာ ပြည်နယ်သား ဖြစ်တေ ဟို့ သိလီရေ။ ယင်းအတွက်န သူစာ ယေရှုကို ဟေရုဒ်မင်းတို့ ပို့လိုက်လီရေ။ ယင်းအချိန်ခါ ဟေရုဒ်မင်းလည်း ယေရုရှလင်မြို့မာ ရောက်ရို့ ဟိလီရေ။ 8ဟေရုဒ်စာ ယေရှုကို မြင်ရို့ ကောင်းကောင်း ပျော်လီရေ၊ အကြောင်းကား သူစာ ရက်ပေါင်းများစွာ အယင်ကပင် ယေရှုကို မြင်ချင်ရို့ ဟိလီရေ။ ဟေရုဒ်စာ ယေရှု အကြောင်းနပတ်သပ်ရို့ အများကြီး ကြားဖူးလီရေ။ ယင်းအတွက်န သူစာ ယေရှု တစ်ခုတစ်ခု အံ့ဩဖွယ်အလုပ် လုပ်ပြမည် ဟို့ ထင်လီရေ။ 9သူစာ ယေရှုကို စကား အများကြီး မီးလီရေ၊ ယေကေလည်း ယေရှုစာ သူ့ကို စကားတစ်ခွန်းလည်း အဖြေမပီးလီ။

10ယဇ်ပုရောဟိတ်အကြီးရို့န ကျမ်းဆရာရို့စာ အားန အော်ရို့ ယေရှုကို အပြစ်တင်ကတ်လီရေ။ 11ယင်းခါ ဟေရုဒ်စာ ကိုယ့်စစ်သားရို့နအတူ ယေရှုကို ကဲရဲရို့ အသရေရှုတ်ချလီရေ။ ယင်းနောက် သူရို့စာ ယေရှု ခန္ဓာမာ မင်းအဝတ်တစ်ထည်ကို ဝတ်ရို့ အုပ်ချုပ်သူကြီးပိလတ်တို့ ပြန်ပို့လိုက်လီရေ။ 12ယင်းအယင်က ဟေရုဒ်န ပိလတ်စာ တစ်ယောက်န တစ်ယောက် ရန်သူ ဖြစ်ရို့ ဟိကတ်လီရေ၊ ယေကေလည်း ယင်းနိကပင်စရို့ သူရို့စာ ပြန်ရို့ မိတ်ဆွေ ဖြစ်ကတ်လီရေ။

ယေရှုကို သီဒါဏ်ပီးဖို့အတွက် တင်အပ်ခြင်း

(မာကု ၁၅:၆-၁၅)

13ယင်းခါ ပိလတ်စာ ယဇ်ပုရောဟိတ်အကြီးရို့၊ ယုဒဂေါင်းဆောင်ရို့ အရာ လူပရိတ်သတ်ရို့ကို ခေါ်ရို့ ပြောလီရေ၊ 14“ဒေသူ ကိုယ်ဘင်ရို့ လူမျိုးကို မှားယွင်းစာလမ်းတို့ ဆောင်ယူလားနီရေ ဆိုပြီးကေ ကိုယ်ဘင်ရို့ ဒေသူကို ငါ့တို့ ယူခကတ်လီရေ။ အရာ ငါ သူ့ကို ကိုယ်ဘင်ရို့ ရှိက စစ်ဆေးရို့ ကြည့်ပြီးဗျာ။ ယေကေလည်း ကိုယ်ဘင်ရို့ ဒေသူကို အပြစ်တင်စစ်စွဲစာတိ အမှန် သက်သီ တစ်ခုလည်း မရလီ။ 15ဟေရုဒ်လည်းသောက် အပြစ်တစ်ခုလည်း မရလီ၊ အကြောင်းကား သူစာ ဒေသူကို ငါ့တို့ ပြန်ပို့လိုက်လီရေ။ အရာ ဒေသူ သီဒါဏ် ခံလတ်အောင် အပြစ်တစ်ခုလည်း လုပ်စာ မဟိဆိုစာကို ကိုယ်ဘင်ရို့ မြင်ရကတ်တေ။ 16ယင်းအတွက်န ငါ သူ့ကို ကြိမ်ဒါဏ် ပီးရို့ ရွှတ်လိုက်ဖို့ဗျာ။”

17
ပထမဆုံး ရွီးလီစာ ဂရိဘာသာ ကျမ်းစာအဟောင်းတိမာ ဒေ အခန့်ငယ် ၁၇-မာ စကားတိ ရွီးရို့ မဟိပါ။
ပိလတ်မာ နှစ်တိုင်း လွတ်မြောင့်ခြင်းပွဲနိမာ ထောင်ကျသား တစ်ယောက်စီကို ရွှတ်ပီးဖို့စာ အလည့် ဟိလီရေ။
18ယေကေလည်း လူရို့စာ တစ်ညီတည်း အော်ရို့ ပြောကတ်လီရေ၊ “သူ့ကို သီဒါဏ် ပီးလိုက်ပါ အရာ ဗာရဗ္ဗကို အကျွန်ရို့တို့ ရွှတ်ပီးလိုက်ပါ။” 19ထို ဗာရဗ္ဗစာ မြို့ထဲမာ တော်လန်မှု အကြောင်းန လူသတ်မှု အကြောင်း ထောင်ကျခံလီရေ။ 20ယေကေလည်း ပိလတ်စာ ယေရှုကို ရွှတ်ပီးချင်လီရေအတွက်န လူရို့ကို အရာတစ်ပြန် တစ်ခွန်းတည်း စကားကို ပြောလီရေ။ 21ယေကေလည်း လူရို့စာ၊ “ယင်းသူကို ကားတိုင်မာ တင်ရို့ သတ်ဘိုက်လိုက်ပါ၊ ကားတိုင်မာ တင်ရို့ သတ်ဘိုက်လိုက်ပါ” ဟို့ အားန အော်ရို့ ပြောနီကတ်လီရေ။

22ပိလတ်စာ တတိယခေါက် လူရို့ကို မီးလီရေ၊ “ဇာဖို့လည်း၊ ဒေသူ ဇာ အပြစ် လုပ်လီရေလည်း? ဒေသူ သီဒါဏ် ခံလတ်အောင် ငါ ဒေသူမာ အပြစ်တစ်ခုလည်း မမြင်ရကား။ ယင်းအတွက်န ငါ ဒေသူကို ကြိမ်ဒါဏ် ပီးရို့ ရွှတ်လိုက်ဖို့ဗျာ။”

23ယေကေလည်း လူရို့စာ ယေရှုကို ကားတိုင်မာ တင်ရို့ သတ်ဖို့အတွက် အားန အော်ရို့ နီကတ်လီရေ အရာ နောက်ဆုံးပြီးမာ သူရို့ အော်ခြင်းစာ အောင်မြင်လီရေ။ 24ပိလတ်စာ လူရို့ တောင်းဆိုချက်အတိုင်း တရားစစ်ဆေးလိုက်ဖို့ဗျာ ဟို့ ဆုံးဖြတ်လီရေ။ 25တော်လန်မှု အကြောင်းန လူသတ်မှု အကြောင်း ထောင်ကျခံလီသူကို ရွှတ်ပီးဖို့အတွက် လူရို့စာ တောင်းဆိုရို့ ဟိကတ်လီရေ။ ယင်းအတွက်န သူစာ ဗာရဗ္ဗကို ထောင်က ရွှတ်လိုက်လီရေ အရာ လူရို့ အလိုအတိုင်း ယေရှုကို သီဒါဏ်ပီးဖို့အတွက် သူရို့အလက်မာ တင်အပ်လိုက်လီရေ။

ယေရှုကို ကားတိုင်မာ တင်ခြင်း

(မဿဲ ၂၇:၃၂-၃၄မာကု ၁၅:၂၁-၃၂ယောဟန် ၁၉:၁၇-၂၇)

26ရှိမုန်နာမည်န ကုရေနေမြို့သားတစ်ယောက် ဟိလီရေ။ သူစာ ရွာဖက်က လာလီရေ။ စစ်သားရို့စာ သူ့ကို ယေရှု၏ ကားတိုင်ကို ရွက်ရို့ သူ့နောက်က လိုက်ဖို့အတွက် အားဒမ ဖမ်းရို့ ကားတိုင်ကို သူ့ပက်ခုံးမာ တင်ပီးကတ်လီရေ။ 27ယင်းခါ လူအများကြီး ယေရှု နောက်က လိုက်ကတ်လီရေ။ သူရို့အထဲမာ မိန်းမလည်းသောက် အများကြီး ပါကတ်လီရေ။ သူရို့စာ ယေရှုအတွက် ဝမ်းနည်းရို့ ငိုကတ်လီရေ။ 28ယေရှုစာ သူရို့တို့ လှည့်ကြည့်ရို့ ပြောလီရေ၊ “ယေရုရှလင်မြို့သမရို့၊ ငါ့အတွက် မငိုကတ်ကေ့။ ယင်းထက်ပင် ကိုယ်ရို့န ကိုယ်ရို့မာ သားသမီးရို့အတွက် ငိုကတ်၊ 29အကြောင်းကား လူရို့ ဒေပိုင် ပြောဖို့စာအချိန် ရောက်လာလိမည်၊ ‘တစ်ခါလည်း သားသမီး မမွီးဖူးကတ်စာ အရာ အသျှေကို နို့မတိုက်ဖူးကတ်စာ အမြုံမရို့ မင်္ဂလာ ဟိကတ်တေ။’ 30ယင်းအချိန်ခါ လူရို့စာ တောင်ကြီးတိကို ပြောကတ်လိမည်၊ ‘ငါရို့ဘားမာ ပြိုကျခလိုက်၊’ အရာ တောင်သျှေတိကို ပြောကတ်လိမည်၊ ‘ငါရို့ကို ကွယ်ထားခလိုက်!’ 31အကြောင်းကား လူရို့စာ အပင်အစိမ်းကို
အပင်အစိမ်းန အပင်အခြောက်ယေရှုစာ ကိုယ့်ကို အပင်အစိမ်းန နှိုင်းယှဉ်လီပါရေ အရာ ရိုးရိုး ယုလူရို့ကို အပင်အခြောက်န နှိုင်းယှဉ်လီပါရေ။ လူရို့စာ ယေရှုကို ညှဉ်းဆဲရေဆိုကေ ရိုးရိုး ယုးလူရို့ကို ပိုရို့ ညှဉ်းဆဲကတ်ဖို့ဆိုစာ စကားကို ယေရှု ပြောလီစာ ဖြစ်ပါရေ။
တိုင်အောင် ဒေပိုင် လုပ်ကတ်တေဆိုကေ အပင်အခြောက်ကို အရာလည်း ပိုရို့ လုပ်ကတ်လိမည်!”

32စစ်သားရို့စာ ရာဇဝတ်သင့်သူနှစ်ယောက်ကိုလည်း အသီသတ်ဖို့အတွက် ယေရှုနအတူ ယူလားကတ်လီရေ၊ 33အဂေါင်းခွန် ဟို့ ခေါ်စာ နေရာတစ်ခုမာ ရောက်ကတ်တေခါ သူရို့စာ ယေရှုန ရာဇဝတ်သင့်သူနှစ်ယောက်ကို ကားတိုင်မာ တင်ကတ်လီရေ။ သူရို့နှစ်ယောက်မာ တစ်ယောက်ကို ယေရှု ညာဖက်က အခြားတစ်ယောက်ကို ဘယ်ဖက်က ချကတ်လီရေ။ 34ယင်းခါ ယေရှုစာ ပြောလီရေ၊ “အိုး အဖ၊ သူရို့ကို ခွင့်ရွှတ်လိုက်ပါ၊ အကြောင်းကား သူရို့စာ ကိုယ်ရို့ ဇာ လုပ်ကတ်တေလည်းဆိုစာကို မသိကတ်ပါ။” စစ်သားရို့စာ ယေရှု အဝတ်အစားတိကို မဲဖေါက်ရို့ ကိုယ်ရို့အထဲမာ ဝီကတ်လီရေ။

35လူရို့စာ ယင်းနေရာမာ ရပ်ရို့ ကြည့်နီကတ်လီရေ။ ဘာသာရေး ဂေါင်းဆောင်ရို့စာ ယေရှုကို သရော်ရို့ ပြောကတ်လီရေ၊ “ယင်းသူကား အခြားလူရို့ကို ကယ်ဆယ်နိုင်ရေ။ ယင်းသူ ထာဝရဘုရား၏ ရွီးကောက်ခြင်းကို ခံရစာ ခရစ်တော် ဖြစ်တေဆိုကေ ကိုယ့်ကိုကိုယ် ကယ်ဆယ်ပတ်စီ‍!”

36စစ်သားရို့လည်း သူ့ကို ရယ်သွန်းပြုကတ်လီရေ။ သူရို့စာ ယေရှုကို သောက်စီဖို့အတွက် ပုံးရည် ယူခရို့ သူ့ကို ပြောလီရေ၊ 37“နင် ယုဒလူမျိုးရို့မာ မင်း ဖြစ်တေဆိုကေ ကိုယ့်ကိုကိုယ် ကယ်ဆယ်။” 38ကားတိုင်မာ သူ့အဂေါင်းထက်က ကမ္ဗည်းစာတစ်ခု ကပ်ရို့ ဟိလီရေ။ ထိုကမ္ဗည်းစာမာ၊ “ဒေသူ ယုဒလူမျိုးရို့မာ မင်း” ဟို့ ရွီးရို့ ဟိလီရေ။

39ကားတိုင်မာ အတင်ခံလီစာ ရာဇဝတ်သင့်သူနှစ်ယောက်မာ တစ်ယောက်စာ ယေရှုကို ကဲရဲရို့ ပြောလီရေ၊ “အဝေး၊ နင် ခရစ်တော် ဆိုကား? ယင်းပိုင်ဆိုကေ နင် ကိုယ့်ကိုကိုယ် ကယ်ဆယ် အရာ ငါရို့ကိုလည်း ကယ်ဆယ်။”

40ယင်းခါ အခြားတစ်ယောက်စာ သူ့ကို ဟောက်ရို့ ပြောလီရေ၊ “အဝေး၊ နင် ထာဝရဘုရားကို မကြောက်လော? နင်လည်းသောက် သူ့ပိုင်တထန် အပြစ်ဒါဏ်ကို ခံနီရရေ။ 41ငါရို့ကား ထိုက်တန်စာ အပြစ်ဒါဏ်ကို ခံရနီကတ်တေ၊ ယေကေလည်း ဒေသူကား အပြစ်တစ်ခုလည်း မလုပ်လီ။” 42ယင်းနောက် သူစာ ပြောလီရေ၊ “ယေရှု၊ ကိုယ်တော် ကိုယ့်နိုင်ငံတော်ကို အုပ်ချုပ်ဖို့ ပြန်ရို့ ကြွလာရေခါ အကျွန့်ကို အောက်မိပါ။” 43ယေရှုစာ သူ့ကို ပြောလီရေ၊ “ငါ နင့်ကို အမှန် ပြောရေ၊ ဒေနိခါ နင် ငါနအတူ ပရဒိသုဖုံမာ
ပရဒိသုဖုံဆိုစာ ဂရိဘာသာစကား အဓိပ္ပါယ်ကား အနားယူစာ နေရာကို ခေါ်ပါရေ။ ယေကေလည်း ယေရှုစာ ဂေါင်းခင်ဘုံ အကြောင်းကို ပြောလီစာ ဖြစ်ပါရေ။
ရောက်ရမည်။”

ယေရှု ကားတိုင်ထက်မာ အသက်စွန့်ခြင်း

(မဿဲ ၂၇:၄၅-၅၆မာကု ၁၅:၃၃-၄၁ယောဟန် ၁၉:၂၈-၃၇)

44 45ယင်းချိန်စာ မွန်းတည့် တစ်ဆယ့်နှစ်နာရီလှောက် ဟိလီရေ။ ယင်းအချိန်ကပင်စရို့ နီကျသုံးနာရီတိုင်အောင် တစ်ပြည်လုံး မှိုင်းလားခလီရေ။ အရာ ယေရုရှလင်မြို့မာဟိစာ ဝိပဿနာကျောင်းမာ ကာထားစာ ရန်ကာစာ အထက်ကပင် အောက်တို့တိုင်အောင် စုတ်လားခလီရေ။ 46အရာ ယေရှုစာ၊ “အိုး အဖ၊ အကျွန့် ဝိညာဉ်ကို ကိုယ်တော်၏ အလက်မာ တင်အပ်လိုက်ပါရေ” ဟို့ အားန အော်ရို့ ပြောပြီးကေ အသက် စွန့်လီရေ။

47ထိုဖြစ်ပျက်ခြင်းတိကို မြင်ရို့ ရောမ စစ်သရွဲတစ်ရာကိုပိုင်စာ စစ်ဗိုလ်တစ်ယောက်စာ ထာဝရဘုရားကို ချီမွမ်းရို့ ပြောလီရေ၊ “ဒေလူ အမှန် သူတော်ကောင်း တစ်ယောက် ဟိလီရေ။”

48ထိုနေရာမာ ဟိလီကတ်စာ လူပရိတ်သတ်ရို့စာ ထို ဟိသမျ ဖြစ်ပျက်ခြင်းကို မြင်ရို့ ဝမ်းနည်းပြီးကေ အိမ်တို့ ပြန်လားခကတ်လီရေ။ 49ယေရှုနအတူ ဂါလိလဲပြည်နယ်က လိုက်လာကတ်စာ မိန်းမရို့န သူန သိကျွမ်းသူရို့ အားကုံးသူ အဝီးက ရပ်ရို့ ဟိသမျ ဖြစ်ပျက်ခြင်းကို ကြည့်နီကတ်လီရေ။

ယေရှုကို သင်္ဂြိုဟ်ခြင်း

(မဿဲ ၂၇:၅၇-၆၁မာကု ၁၅:၄၂-၄၇ယောဟန် ၁၉:၃၈-၄၂)

50ယောသပ်နာမည်န ယုဒလူမျိုး မဟာတိုင်ဘင်အဖွဲ့သား တစ်ယောက် ဟိလီရေ။ သူစာ ရိုးသားသူန သူတော်ကောင်း တစ်ယောက် ဖြစ်တေ။ သူစာ ယုဒပြည်နယ်မာ အရိမဿဲမြို့သား ဖြစ်တေ။ 51ယေရှု အကြောင်းနပတ်သပ်ရို့ မဟာတိုင်ဘင်အဖွဲ့သားရို့ ဆုံးဖြတ်ချက်ကို သူစာ သဖေါမတူလီ။ သူစာ ထာဝရဘုရား၏ နိုင်ငံတော် တည်ထောင်ဖို့စာအချိန်ကို စောင့်မျှော်ရို့ နီလီရေ။ 52သူစာ အုပ်ချုပ်သူကြီးပိလတ်တို့ လားရို့ ယေရှု၏ အကောင်တော်ကို တောင်းလီရေ။ 53ယင်းနောက် သူစာ ထိုအကောင်တော်ကို ကားတိုင်က ချရို့ ခြေသားအဝတ်န ရိုက်လီရေ အရာ ကျောက်ထရန်ကို ထွင်းထားစာ သင်္ချိုင်းဂူအသစ်မာ ထားလီရေ။ ထိုသင်္ချိုင်းဂူအသစ်မာ တစ်ခါပင် တစ်ယောက်ကိုလည်း မထားသိ။

54လူရို့စာ ဟိသမျ အားကုံးကို သောက်ကြာနိ ညစာဖက်မာ အဆင်သင့် လုပ်ကတ်လီရေ၊ အကြောင်းကား ယင်းနိ ဆိုင်းဆာရီရောမာ သတင်းနိ
သတင်းနိ ယုဒလူမျိုးရို့မာ သတင်းနိစာ သောက်ကြာနိ ဆိုင်းဆာရီရောကပင် စရို့ စနေနိ ဆိုင်းဆာရီရောမာ ဆုံးပါရေ။
စလီရေ။
55ယေရှုနအတူ ဂါလိလဲပြည်နယ်က လိုက်လာကတ်စာ မိန်းမရို့စာ ယောသပ် နောက်က လိုက်ရို့ သင်္ချိုင်းဂူကို ကြည့်ကတ်လီရေ အရာ ယေရှု၏ အကောင်တော်ကို ဇာပိုင် ထားရေလည်းဆိုစာကိုလည်း ကြည့်ကတ်လီရေ။ 56ယင်းနောက် သူရို့စာ ပြန်လားခရို့ ယေရှု၏ အကောင်တော်မာ လူးဖို့အတွက် ရီမွှီးဆီန နံသာပေါင်းကို အဆင်သင့် လုပ်ကတ်လီရေ။ အရာ မောရှေ၏ ပညှတ်ချက်အတိုင်း သူရို့စာ သတင်းနိမာ အနားယူကတ်လီရေ။
Copyright information for RmzSC