Luke 18:31-34

ကိုယ်သီဖို့စာ အကြောင်းကို တတိယခေါက် ပြောပြခြင်း

(မဿဲ ၂၀:၁၇-၁၉မာကု ၁၀:၃၂-၃၄)

31ယေရှုစာ ကိုယ့်တပည့် တစ်ဆယ့်နှစ်ယောက်ကို တစ်ဖက်တို့ ခေါ်ယူရို့ ပြောလီရေ၊ “နားထောင်ကတ်၊ ငါရို့ ယေရုရှလင်မြို့တို့ လားကတ်စာ ဖြစ်တေ။ မနုသသားတော် အကြောင်းနပတ်သပ်ရို့ ဘုရားသတင်းပို့သူရို့ ရွီးထားခစာ အားကုံး ပြည့်စုံလာလိမည်။ 32လူရို့စာ သူ့ကို ယုဒမဟုတ်သူရို့အလက်မာ တင်အပ်ကတ်လိမည်၊ သရော်ကတ်လိမည်၊ အသရေရှုတ်ချကတ်လိမည် အရာ သူ့ခန္ဓာမာ တန်းဆီးဘိုက်ကတ်လိမည်။ 33လူရို့စာ သူ့ကို ရရိပေါ်အောင် စက်ကျာကြိုးန ဘုတ်ရို့ ပြီးရေခါ အသီသတ်ကတ်လိမည် အရာ သူစာ သုံးရက်နိမာ သီရာက ပြန်ရှင်ထမြောင့်လိမည်။” 34ယေကေလည်း တပည့်ရို့စာ ထိုစကားတိကို နားမလည်လီကတ်။ ထိုစကားအဓိပ္ပါယ်ကို သူရို့က ဖုံးရွှက်ရို့ ထားလီရေအတွက်န ယေရှု ဇာ ပြောလီရေလည်းဆိုစာကို သူရို့ နားမလည်လီကတ်စာ ဖြစ်တေ။
Copyright information for RmzSC