Luke 24:1-12

ယေရှု သီရာက ပြန်ရှင်ထမြောင့်ခြင်း

(မဿဲ ၂၈:၁-၁၁မာကု ၁၆:၁-၈ယောဟန် ၂၀:၁-၉)

1တလင်္ဂနွီနိ မိုးသောက်စောစောက ထိုမိန်းမရို့စာ အမွှီးနံသာတိကို ယူရို့ သင်္ချိုင်းဂူတို့ လားကတ်လီရေ။ 2သူရို့ ယင်းမာ ရောက်ကတ်တေခါ သင်္ချိုင်းဂူဝမာ ပိတ်ထားစာ ကျောက်လုံး ရွိရို့ ဟိစာကို မြင်ရကတ်လီရေ၊ 3ယေကေလည်း သင်္ချိုင်းဂူအထဲတို့ ဝင်လားခရေခါ သူရို့စာ အသျှင်ယေရှု၏ အကောင်တော်ကို မမြင်ရကတ်လီဗျာ။ 4သူရို့စာ အံ့ဩရို့ ထိုအကြောင်းကို စဉ်းစားနီကတ်တေခါ လျှပ်ပြက်စာပိုင် ဖဖွီးဆဆွ အဝတ်ဝတ်ရို့ လူနှစ်ယောက် သူရို့အနားမာ ပေါ်လာရို့ ရပ်ကတ်လီရေ။ 5ယင်းခါ မိန်းမရို့စာ ကြောက်ပြီးကေ အပြားဝပ်ရို့ နီကတ်လီရေ။ ထိုလူနှစ်ယောက်စာ သူရို့ကို ပြောကတ်လီရေ၊ “အသက်အရှင်ဟိသူကို အသီကောင် ထားစာနေရာမာ ဇာဖို့ ရှာနီကတ်စာလည်း? 6သူကား ဒေမာ မဟိဗျာ၊ ပြန်ရှင်ထမြောင့်လားခဗျာ။ သူစာ ဂါလိလဲပြည်နယ်မာ ဟိလီရေခါ နင်ရို့ဘားမာ ပြောခလီစာ စကားတိကို နင်ရို့ အတွက်ချရို့ ကြည့်ကတ်။ 7သူစာ ပြောခလီရေ၊ ‘မနုသသားတော်စာ လူဆိုးရို့အလက်မာ ဖမ်းရို့ အပ်ခံဖို့။ ယင်းနောက် သူစာ ကားတိုင်မာ တင်ရို့ အသီအသတ်ခံရဖို့ အရာ သူစာ သုံးရက်နိမာ သီရာက ပြန်ရှင်ထမြောင့်ရဖို့။’”

8ယင်းခါ သူရို့စာ ယေရှု ပြောခစာစကားကို တွက်ရကတ်လီရေ။ 9သူရို့စာ သင်္ချိုင်းဂူအနားက ပြန်လားခပြီးကေ ထိုတပည့်တစ်ဆယ့်တစ်ယောက်န အခြား အားကုံးသူဘားမာ ဟိသမျ ဖြစ်ပျက်ခြင်းကို ပြောပြကတ်လီရေ။ 10ထိုမိန်းမရို့အထဲမာ မာဂဒလမြို့သမ မာရိ၊ ယောဟန္န၊ ယာကုပ်၏ အမိ မာရိ အရာ အခြားမိန်းမရို့လည်း ဟိကတ်လီရေ။ သူရို့စာ ထို ဟိသမျ စကားတိကို တမန်တော်ရို့ဘားမာ ပြောပြကတ်လီရေ၊ 11ယေကေလည်း သူရို့စာ ထိုစကား အားကုံးကို မုတ်သားစကားပိုင် မှတ်ကတ်လီရေ။ ယင်းအတွက်န သူရို့စာ ထိုမိန်းမရို့ ပြောစာစကားတိကို မကျုံကတ်လီ။ 12ယေကေလည်း ပေတရုစာ သင်္ချိုင်းဂူအနားတို့ ဗြီးလားခလီရေ အရာ သူစာ ငုံ့ရို့ ကြည့်ရေခါ သက်သက် ခြေသားအဝတ်တိကိုရာ မြင်ရလီရေ။ ယင်းခါ သူစာ ဖြစ်ပျက်ခြင်းတိကို မြင်ခရို့ အံ့ဩပြီးကေ အိမ်တို့ ပြန်လာလီရေ။
Copyright information for RmzSC