Mark 3

အလက်သောင်သူတစ်ယောက် အကောင်းဖြစ်ခြင်း

(မဿဲ ၁၂:၁-၈လုကာ ၆:၁-၅)

1ယင်းနောက် ယေရှုစာ တရားဇရပ်တို့ ပြန်ရို့ ကြွလီရေ။ ယင်းနေရာမာ အလက်တစ်ဖက် သောင်သူတစ်ယောက် ဟိလီရေ။ 2ယင်းခါ ဖာရိရှဲအဖွဲ့သားရို့အထဲက လိုင်းကေယောက် ယေရှုကို အပြစ်တင်ဖို့ အခွင့်ကို ရှာနီကတ်လီရေ။ ယင်းအတွက်န သတင်းနိမာ ယေရှု ရောဂါသေကို အကောင်း လုပ်လော မလုပ်လောဆိုစာကို သူရို့ အရေးစိုက်ရို့ မျက်စိချထားကတ်လီရေ။ 3ယေရှုစာ အလက်သောင်သူကို ပြောလီရေ၊ “အားကုံးသူ ရှိက လာရို့ ရပ်ခလိုက်။” 4ယင်းနောက် ယေရှုစာ ဖာရိရှဲအဖွဲ့သားရို့ကို မီးလီရေ၊ “သတင်းနိမာ ကောင်းစာ အလုပ်ကို လုပ်ဖို့ သင့်ရေလော၊ မဟုတ်ကေ မကောင်းစာ အလုပ်ကို လုပ်ဖို့ သင့်ရေလော? အသက်ကို ကယ်ဆယ်ဖို့ သင့်ရေလော၊ မဟုတ်ကေ အသီသတ်ဖို့ သင့်ရေလော?” ယေကေလည်း ဖာရိရှဲအဖွဲ့သားရို့စာ တစ်ခုလည်း အဖြေမပီးဘိုင်းန တိန်းရို့ နီကတ်လီရေ။ 5ယင်းခါ ယေရှုစာ မန်ပါရို့ သူရို့ဖက်တို့ လှည့်ကြည့်လီရေ အရာ သူရို့မာ စိတ်နှလုံး ကျန်းရေအတွက်န ကောင်းကောင်း စိတ်ဆိုးပြီးကေ ရောဂါသေကို ပြောလီရေ၊ “နင့်အလက်ကို ဆန့်။” ယင်းခါ သူစာ အလက် ဆန့်ရေချက်ချင်း သူ့မာ အလက်စာ ပကတိအကောင်း ဖြစ်လားခလီရေ။ 6ယင်းခါ ဖာရိရှဲအဖွဲ့သားရို့စာ ပြင်တို့ ထွက်လားခကတ်လီရေ အရာ ယေရှုကို ဇာပိုင် နည်းန အသီသတ်ရဖို့လည်း ဆိုပြီးကေ ဟေရုဒ်မင်း အဖွဲ့သားရို့န တိုင်ဘင်ကတ်လီရေ။

လူအများကြီး ယေရှု နောက်က လိုက်ခြင်း

7 8ယင်းနောက် ယေရှုစာ ကိုယ့်တပည့်ရို့နအတူ ဂါလိလဲမြစ်ကမ်းနားတို့ ကြွလီရေ။ ယင်းခါ ဂါလိလဲပြည်နယ်သား အများကြီး သူ့နောက်က လိုက်ကတ်လီရေ။ အရာ ယုဒပြည်နယ်၊ ယေရုရှလင်မြို့၊ ဣဒုမဲပြည်နယ်၊ ယော်ဒန်ချောင်း အရှိကမ်းတစ်ဖက်က အရာ တုရုမြို့န ဇိဒုန်မြို့ အပါးနီးဝန်းကျင်က လူရို့လည်း ယေရှုတို့ လာကတ်လီရေ။ ထိုလူရို့စာ ယေရှု၏ အံ့ဩဖွယ်အလုပ် အကြောင်းကို ကြားရို့ လာလီကတ်စာ ဖြစ်တေ။ 9လူပရိတ်သတ်ရို့ တိုးရို့တွန်းရို့ ကိုယ့်ဘားမာ အက်ရို့မကျလတ်အောင် ယေရှုစာ ကိုယ့်အတွက် လောင်းသျှေတစ်စင်း အဆင်သင့် လုပ်ဖို့အတွက် ကိုယ့်တပည့်ရို့ကို အာဏာချလီရေ။ 10ယင်းအယင်က သူစာ ရောဂါသေ အများကြီးကို ကောင်းအောင် လုပ်လီရေ။ ယင်းအတွက်န ရောဂါသေရို့စာ ယေရှုကို ကိုင်ဖို့အတွက် ကိုယ်ရို့ချင်းချင်း တိုးနီကတ်လီရေ။ 11နတ်ဆိုးတိ ယေရှုကို မြင်ရေခါ သူ့ရှိက ဒူးထောက်ပြီးကေ အော်ရို့ ပြောကတ်လီရေ၊ “ကိုယ်ဘင် ထာဝရဘုရား၏ သားတော် ဖြစ်ပါရေ။” 12ယေကေလည်း ကိုယ်အသူလည်းဆိုစာကို တစ်ယောက်ဘားမာလည်း မပြောရအောင် ယေရှုစာ နတ်ဆိုးတိကို တတင်းရရင်း ဟန့်လိုက်လီရေ။

တပည့်တစ်ဆယ့်နှစ်ယောက်ကို တမန်တော်အရာ ပီးခြင်း

(မဿဲ ၁၀:၁-၄လုကာ ၉:၁-၆)

13 14 15ယင်းနောက် ယေရှုစာ တောင်တို့ တက်ရို့ တစ်ချိုးလူရို့ကို ကိုယ့်စိတ်သဖေါအတိုင်း ကိုယ့်တို့ ခေါ်လီရေ။ သူရို့စာ ကိုယ့်တို့ လာကတ်တေခါ သူစာ တစ်ဆယ့်နှစ်ယောက်ကို တမန်တော်အရာ ပီးလီရေ၊ အကြောင်းကား သူစာ ထိုသူရို့ကို ကိုယ်နအတူ နီစီချင်လီရေ အရာ နတ်ဆိုးတိကို နှင်ထုတ်ဖို့အတွက် တန်ခိုး ပီးရို့ သူရို့ကို တရားဟောပြောဖို့ ရွှတ်ချင်လီရေ။ 16ယေရှု တမန်တော်အရာမာ ခန့်ထားလီစာ တစ်ဆယ့်နှစ်ယောက်စာ ရှိမုန် (ယေရှုစာ သူ့ကို ပေတရု ဟို့ နာမည်အသစ် မှည့်လီရေ)၊ 17ဇေဗေဒဲသားနှစ်ယောက် ယာကုပ်န ယောဟန် (ယေရှုစာ သူရို့ကို ဗောနေရဂက် ဟို့ နာမည်အသစ် မှည့်လီရေ၊ ဗောနေရဂက် အဓိပ္ပါယ်ကား မိုးကြိုးဘိုက်သံသားရို့ ဖြစ်ကတ်တေ)၊ 18အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲသား ယာကုပ်၊ သဒ္ဒဲ၊ ကိုယ့်လူမျိုးကို ချစ်သူ ရှိမုန်၊ 19အရာ ယေရှုကို ရန်သူရို့အလက်မာ ဖမ်းပီးဖို့သူ ယုဒရှကာရုတ် ဖြစ်တေ။

သန့်ရှင်းသောဝိညာဉ်တော်ကို တရိုက်ခြင်း

(မဿဲ ၁၂:၂၂-၃၂လုကာ ၁၁:၁၄-၂၃၁၂:၁၀)

20ယင်းနောက် ယေရှုစာ အိမ်တို့ ပြန်ရို့ ရောက်လာရေခါ အရာတစ်ခေါက် လူအများကြီး စုကတ်လီရေ။ ယင်းအတွက်န ယေရှုန သူ့တပည့်ရို့စာ တစ်ခုလည်း စားသောက်ဖို့ မရကတ်လီ။ 21ယေရှုမာ အိမ်သားရို့စာ ထိုသတင်းကို ကြားရို့ သူ့ကို ခေါ်ဖို့ လာကတ်လီရေ အရာ သူရို့စာ ပြောကတ်လီရေ၊ “ယင်းသူ ရူးလားခဗျာ။”

22ယေရုရှလင်မြို့က လာကတ်စာ ကျမ်းဆရာရို့စာ ပြောကတ်လီရေ၊ “ယင်းသူကို နတ်ဆိုးရို့မာ မင်း ဗေလဇေဗုလ ကိုင်ထားဗျာ။ ယင်းအတွက်န သူစာ နတ်ဆိုးရို့မာ မင်း တန်ခိုးကို အသုံးပြုရို့ နတ်ဆိုးတိကို နှင်ထုတ်တေ!” 23ယင်းခါ ယေရှုစာ ကျမ်းဆရာရို့ကို ခေါ်ရို့ ပုံဥပမာတစ်ခု တင်ပြလီရေ၊ “မာရ်နတ် ကိုယ့်ကိုကိုယ် ဇာပိုင်ပျင်ရို့ နှင်ထုတ်နိုင်ဖို့လည်း? 24နိုင်ငံတစ်ခုမာ လူရို့စာ ကိုယ်ရို့အချင်းချင်း မသင့်မတင် ဖြစ်ရို့ ကွဲလားခရေဆိုကေ ယင်းနိုင်ငံစာ မတည်မြဲနိုင်။ 25အရာ အိမ်တစ်အိမ်မာ ကိုယ်ရို့အချင်းချင်း မသင့်မတင် ဖြစ်ရို့ ကွဲလားခရေဆိုကေ ယင်းအိမ်သားလည်း မတည်မြဲနိုင်။ 26ယင်းပိုင်တထန် မာရ်နတ်လည်း ကိုယ့်ကိုကိုယ် ဆန့်ကျင်ရို့ ကွဲလားခရေဆိုကေ မတည်မြဲဘိုင်းန ပျက်စီးခြင်းကို ခံရရေ။ 27အားသျှင်တစ်ယောက်ကို အယင်ဆုံး ချိုင်ရို့ မထားဘိုင်းန တစ်ယောက်လည်း သူ့အိမ်တို့ ဝင်ရို့ ပစ္စည်း-ဥစ္စာတိကို ထုတ်ယူလားဖို့ မနိုင်။ သူ့ကို ချိုင်ရို့ ထားပြီးခါရာ သူ့အိမ်က ပစ္စည်း-ဥစ္စာတိကို ထုတ်ယူလားဖို့ နိုင်ရေ။ 28ငါ ကိုယ်ဘင်ရို့ကို အမှန် ပြောရေ၊ လူရို့မာ ဟိသမျ အပြစ်န ထာဝရဘုရားကို တရိုက်ရို့ ပြောစာစကားတိ ခွင့်ရွှတ်ခြင်းကို ရလိမည်၊ 29ယေကေလည်း သန့်ရှင်းသောဝိညာဉ်တော်ကို တရိုက်ရို့ ပြောစာစကားတိ တစ်ခါလည်း ခွင့်ရွှတ်ခြင်းကို ရလိမည် မဟုတ်။ သူ့မာ အပြစ် ထာဝရပတ်လုံး ဟိလိမည်။” 30ကျမ်းဆရာရို့စာ ကိုယ့်ကို နတ်ဆိုး ကိုင်ရေ ဟို့ ပြောလီရေအတွက်န ယေရှု သူရို့ကို ဒေပိုင် စကားတိကို ပြောလီစာ ဖြစ်တေ။

ကျုံသူရို့ရာ ယေရှု၏ မိသားစု အစစ်

(မဿဲ ၁၂:၄၆-၅၀လုကာ ၈:၁၉-၂၁)

31ယင်းနောက် ယေရှု အမိန ညီရို့စာ ယင်းနေရာတို့ ရောက်လာကတ်လီရေ အရာ သူရို့စာ ပြင်က ရပ်ရို့ ယေရှုကို ခေါ်ဖို့ ခိုင်းလိုက်လီရေ။ 32ယင်းခါ ယေရှု လေးဖက်လက်စိမာ လူအများကြီး ထိုင်ရို့ ဟိကတ်လီရေ။ သူရို့စာ ယေရှုကို ပြောကတ်လီရေ၊ “ကိုယ်ဘင်မာ အမိန ညီရို့ ပြင်က ရပ်ရို့ ကိုယ်ဘင်ကို ရှာနီကတ်ပါရေ။” 33ယေကေလည်း ယေရှုစာ သူရို့ကို ပြောလီရေ၊ “ငါ့အမိန ငါ့ညီရို့ အသူလည်း?” 34ယေရှုစာ ကိုယ့်လေးဖက်လက်စိမာ ထိုင်ရို့ ဟိသူရို့ကို ကြည့်ရို့ ပြောလီရေ၊ “ဒေ လူရို့ရာ ငါ့အမိန ငါ့ညီရို့ ဖြစ်ကတ်တေ! 35ထာဝရဘုရား၏ အလိုတော်ကို လိုက်နာသူရို့ရာ ငါ့အမိ၊ ငါ့ညီရို့ အရာ ငါ့နမှရို့ ဖြစ်ကတ်တေ။”
Copyright information for RmzSC