Mark 10:46-52

မျက်ကန်းတစ်ယောက် အကောင်းဖြစ်ခြင်း

(မဿဲ ၂၀:၂၉-၃၄လုကာ ၁၈:၃၅-၄၃)

46ယင်းနောက် ယေရှုန သူ့တပည့်ရို့စာ ယေရိခေါမြို့တို့ ကြွကတ်လီရေ။ အရာ သူရို့စာ လူအများကြီးနအတူ ယေရိခေါမြို့က ထွက်ရို့ ကြွကတ်တေခါ တိမဲသား ဗာတိမဲနာမည်န မျက်ကန်းတစ်ယောက်စာ လမ်းနားမာ ထိုင်ပြီးကေ အလှူခံရို့ ဟိလီရေ။ 47နာဇရက်မြို့သျှေသား ယေရှု ကြွလာရေဆိုစာကို ကြားရို့ ထိုမျက်ကန်းစာ အော်ရို့ ပြောလီရေ၊ “အိုး ဒါဝိဒ်မင်း၏ သားတော် ယေရှု၊ အကျွန့်ကို သနားပါ!” 48ယင်းခါ လူအများကြီး သူ့ကို ဟောက်ရို့ တိန်းရို့ နီဖို့ ခိုင်းကတ်လီရေ။ ယေကေလည်း သူစာ အရာလည်း အားန အော်ရို့ ခေါ်လီရေ၊ “အိုး ဒါဝိဒ်မင်း၏ သားတော်၊ အကျွန့်ကို သနားပါ!”

49ယေရှုစာ တန့်ရို့ ပြောလီရေ၊ “ယင်းသူကို ခေါ်လိုက်။” လူရို့စာ ထိုမျက်ကန်းကို ခေါ်ရို့ ပြောကတ်လီရေ၊ “မကြောက်ကေ့၊ ထ။ ယေရှု နင့်ကို ခေါ်ရေ။” 50ယင်းခါ သူစာ ကိုယ့်ကိုယ်ရုံကို ချွတ်ဘိုက်ခရို့ ခုန်ရို့ ထပြီးကေ ယေရှုတို့ လားလီရေ။ 51ယေရှုစာ သူ့ကို မီးလီရေ၊ “နင် ဇာ လိုစာလည်း? နင့်အတွက် ငါ ဇာလုပ်ရဖို့လည်း?” သူစာ အဖြေပီးလီရေ၊ “ဆရာ၊ အကျွန့်မာ မျက်စိ ပြန်ရို့ မြင်ချင်ပါရေ။” 52ယင်းခါ ယေရှုစာ ပြောလီရေ၊ “လားလီ၊ နင် ကျုံရေအတွက်န နင့်မာ မျက်စိ မြင်ရဗျာ။” ယေရှု ပြောရေချက်ချင်း ထိုလူမာ မျက်စိ မြင်ရလီရေ အရာ သူစာ ယင်းလမ်းအနှူး ယေရှုနောက်က လိုက်လီရေ။
Copyright information for RmzSC