Mark 13:3-13

ကမ္ဘာကုန်ဆုံးရေနိမာ ဖြစ်ပျက်လာဖို့စာ အကြောင်း

(မဿဲ ၁၀:၁၆-၂၃၂၄:၃-၁၄လုကာ ၂၁:၇-၁၉)

3ယင်းနောက် ယေရှုစာ သံလွင်တောင်ထက်မာ ဝိပဿနာကျောင်းဖက်တို့ ရှိပြုရို့ ထိုင်နီလီရေ။ ယင်းခါ သက်သက် ပေတရု၊ ယာကုပ်၊ ယောဟန် အရာ အန္ဒြေ သူ့တို့ လာရို့ မီးကတ်လီရေ၊ 4“ဆရာ၊ ဒေ ဟိသမျ အားကုံး ဇာခါ ဖြစ်ပျက်လာပါဖို့စာလည်း? အရာ ဒေ ဟိသမျ အားကုံး ပြည့်စုံဖို့စာအချိန် ရောက်လာဗျာဆိုစာကို ဇာ နိမိတ်လက္ခဏာကို မြင်ရို့ အကျွန်ရို့ သိရပါဖို့စာလည်း?” 5ယေရှုစာ သူရို့ကို ပြောလီရေ၊ “နင်ရို့ကို တစ်ယောက်လည်း လိမ်ဖို့ မရလတ်အောင် နင်ရို့ သတိထားကတ်။ 6လူအများကြီး ငါ့နာမည်န လာရို့၊ ‘ငါ ထိုအသျှင် ဖြစ်တေ’ ဟို့ ပြောပြီးကေ လူအများကြီးကို လိမ်ကတ်လိမည်။ 7နင်ရို့ စစ်တိုက်စာအသံန စစ်တိုက်စာသတင်းကို ကြားရကတ်လိမည်၊ ယေကေလည်း နင်ရို့ မကြောက်လီကတ်ကေ့! အကြောင်းကား အမှန် ထို ဟိသမျ အားကုံး ဖြစ်ပျက်လာဖို့၊ ယေကေလည်း ကမ္ဘာကုန်ဆုံးဖို့စာအချိန် ရောက်ဖို့ မဟုတ်သိ။ 8လူမျိုးတစ်မျိုးန တစ်မျိုး အရာ တစ်ပြည်န တစ်ပြည် စစ်တိုက်ကတ်လိမည်။ အရပ်အရပ်မာ ငယင်ကြီးလုတ်လိမည် အရာ ငတ်မွတ်ခေါင်းပါးခြင်း ကျရောက်လိမည်။ ယေကေလည်း ထိုဒုက္ခ-ဝေဒနာတိစာ စရေသိ။

9“နင်ရို့ သတိထားကတ်။ လူရို့စာ နင်ရို့ကို ဖမ်းရို့ တရားယုံးမာ အပ်ကတ်လိမည်၊ အရာ သူရို့စာ ကိုယ်ရို့ တရားဇရပ်တို့ ယူလားရို့ နင်ရို့ကို ကြိမ်ဒါဏ် ပီးကတ်လိမည်။ နင်ရို့ ငါ့အကြောင်းန အုပ်ချုပ်သူရို့န မင်းရို့ ရှိက ရပ်ဖို့ ကျကတ်လိမည်။ ယင်းခါ နင်ရို့စာ သူရို့ ရှိက ငါ့အကြောင်းကို သက်သီပီးဖို့ ကျကတ်လိမည်။ 10ပထမဆုံး ဟိသမျ လူမျိုးရို့ဘားမာ သတင်းကောင်းကို ဟောပြောရလိမည်။ 11ယေကေလည်း လူရို့စာ နင်ရို့ကို တရားစစ်ဆေးဖို့အတွက် ဖမ်းယူလားရေခါ နင်ရို့ ဇာ ပြောရဖို့လည်းဆိုစာကို မစဉ်းစားလီကတ်ကေ့။ ယင်းချိန်မာ နင်ရို့ စိတ်မာ တွက်ရစာ စကားတိကို နင်ရို့ ပြောလီကတ်၊ အကြောင်းကား နင်ရို့ ပြောဖို့စာ စကားတိစာ နင်ရို့ အလိုအတိုင်း ပြောဖို့စာ မဟုတ်၊ ယေကေလည်း သန့်ရှင်းသောဝိညာဉ်တော် ကိုယ်တိုင် ပြောဖို့စာ ဖြစ်တေ။

12“ယင်းခါ ညီအစ်ကိုချင်း တစ်ယောက်ကို တစ်ယောက် သတ်ဖို့အတွက် ဖမ်းပီးကတ်လိမည်၊ အရာ အဖလည်း ကိုယ့်သားကို သတ်ဖို့အတွက် ဖမ်းပီးလိမည်။ သားသမီးရို့စာ အမိအဖကို ရန်ဖက်ပြုရို့ အသီသတ်စီကတ်လိမည်။ 13အရာ နင်ရို့ ငါ့တပည့် ဖြစ်ကတ်တေအတွက်န ဟိသမျ လူမျိုးရို့စာ နင်ရို့ကို မုန်းကတ်လိမည်၊ ယေကေလည်း အဆုံးတိုင်အောင် တတိုင်းမမြိုင်းနီသူစာ ကယ်တင်ခြင်းကို ရလိမည်။
Copyright information for RmzSC