Mark 14:32-42

ဂေသရှေမန် ဥယျာဉ်မာ ယေရှု ဆုတောင်းခြင်း

(မဿဲ ၂၆:၃၆-၄၆လုကာ ၂၂:၃၉-၄၆)

32ယင်းနောက် ယေရှုန သူ့တပည့်ရို့စာ ဂေသရှေမန်ဆိုစာ ဥယျာဉ်တစ်ခုတို့ ကြွလီရေ။ ယင်းနေရာမာ သူစာ တပည့်ရို့ကို ပြောလီရေ၊ “ငါ ဆုတောင်းနီသရိကို နင်ရို့ ဒေမာ ထိုင်ရို့ စောင့်နီကတ်။” 33ယင်းနောက် သူစာ ပေတရု၊ ယာကုပ် အရာ ယောဟန်ကို ကိုယ်နအတူ ခေါ်ယူလားခလီရေ။ ယင်းခါ သူ့မာ ကောင်းကောင်း စိတ်ဆိုးရို့ ဝမ်းနည်းလီရေ။ 34သူစာ တပည့်ရို့ကို ပြောလီရေ၊ “ငါ့မာ စိတ်ဒုက္ခ ရောက်ရို့ ငါ သီဖို့စာပိုင် တွိနီဗျာ။ နင်ရို့ ဒေ နေရာမာ မအိပ်ဘိုင်းန စောင့်နီကတ်။”

35ယင်းနောက် သူစာ တစ်ဖဲ့အဝီးတို့ ကြွပြီးကေ မြေပြင်မာ အပြားဝပ်ရို့ ဆုတောင်းလီရေ၊ အကြောင်းကား ဖြစ်နိုင်ရေဆိုကေ သူဒုက္ခ-ဝေဒနာ ခံရဖို့စာအချိန် ပျောက်ကင်းစီချင်လီရေ။ 36သူစာ ဒေပိုင် ဆုတောင်းလီရေ၊ “အိုး အာဗ္ဗာ၊ အကျွန့် အဖ၊ ကိုယ်တော်ကား ဟိသမျ အားကုံးကို လုပ်နိုင်ပါရေ။ အကျွန် ခံရဖို့စာ ဒုက္ခ-ဝေဒနာကို ပျောက်ကင်းစီပါ။ ယေကေလည်း အကျွန့် အလိုအတိုင်း မဟုတ်ပါ၊ ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်ပါစီ။” 37ယင်းနောက် သူစာ တပည့်ရို့တို့ ပြန်လာရေခါ သူရို့ အိပ်မောကျရို့ ဟိကတ်စာကို မြင်လီရေ။ သူစာ ပေတရုကို ပြောလီရေ၊ “ရှိမုန်၊ နင် အိပ်စာလော? တစ်နာရီပင် အနိုးမနီနိုင်လော? 38အပြစ်သွေးဆောင်ခြင်းမာ မကျရအောင် မအိပ်ဘိုင်းန ဆုတောင်းနီကတ်။ စိတ်က ချင်ကေလည်း ကိုယ်ခန္ဓာစာ အားနည်းရေ။”

39ယင်းနောက် သူစာ အရာတစ်ပြန် ကြွရို့ အယင်ပိုင်တထန် ဆုတောင်းလီရေ။ 40ယေရှု ပြန်လာရေခါ သူရို့ အရာတစ်ပြန် အိပ်မောကျရို့ ဟိကတ်စာကို မြင်လီရေ၊ အကြောင်းကား သူရို့စာ ကောင်းကောင်း အိပ်ချင်ရို့ ဟိကတ်လီရေ။ 41သူစာ တတိယခေါက် တပည့်ရို့တို့ ပြန်လာရို့ ပြောလီရေ၊ “နင်ရို့ ဒေဂုလည်း အိပ်ရို့ နားနီကတ်သိယလော? ဟုတ်ပျာ။ ကြည့်၊ မနုသသားတော်ကို လူဆိုးရို့အလက်မာ ဖမ်းပီးဖို့စာအချိန် ရောက်နီဗျာ။ 42ထ၊ ငါရို့ လားကတ်မည်။ ငါ့ကို ရန်သူရို့အလက်မာ ဖမ်းပီးဖို့သူ ရောက်နီဗျာ။”
Copyright information for RmzSC