Mark 15:16-20

စစ်သားရို့ ယေရှုကို ရယ်သွန်းပြုခြင်း

(မဿဲ ၂၇:၂၇-၃၁ယောဟန် ၁၉:၁-၃)

16ယင်းနောက် စစ်သားရို့စာ ယေရှုကို အုပ်ချုပ်သူကြီး နန်းထဲတို့ ယူလားခကတ်လီရေ။ သူရို့စာ ယင်းနေရာမာ အခြား ဟိသမျ စစ်သားရို့ကို တစုတည်း စုကတ်လီရေ။ 17သူရို့စာ ယေရှုခန္ဓာမာ ခရန်းရောင်အဝတ် ဝတ်ပီးကတ်လီရေ၊ အရာ စူးခက်ကို သရဖူတစ်ခု လုပ်ရို့ ယေရှုအဂေါင်းမာ ဆောင်းကတ်လီရေ။ 18ယင်းနောက် သူရို့စာ ယေရှုကို ပြောကတ်လီရေ၊ “ယုဒလူမျိုးရို့မာ မင်း၊ မင်္ဂလာ ဟိပါစီ!”

19သူရို့စာ ဒုတ်တစ်ချောင်းန ယေရှုအဂေါင်းမာ အပြန်ပြန် ခေါက်ကတ်လီရေ၊ သူ့ခန္ဓာမာ တန်းဆီးဘိုက်ကတ်လီရေ အရာ သူရို့စာ ဒူးထောက်ရို့ ယေရှုကို ဟန်ဆောင်မှုန ရှိခိုးကတ်လီရေ။ 20ယင်းပိုင် စစ်သားရို့စာ ယေရှုကို ရယ်သွန်းပြုရို့ ပြီးရေခါ ခရန်းရောင်အဝတ်ကို ချွတ်ရို့ ယေရှုခန္ဓာမာ အယင်ဝတ်ရို့ ဟိလီစာ အဝတ်တိကို အရာတစ်ပြန် ဝတ်ပီးကတ်လီရေ။ ယင်းနောက် သူရို့စာ ယေရှုကို ကားတိုင်မာ တင်ရို့ သတ်ဖို့အတွက် ယူလားကတ်လီရေ။
Copyright information for RmzSC