Mark 15:42-47

ယေရှုကို သင်္ဂြိုဟ်ခြင်း

(မဿဲ ၂၇:၅၇-၆၁လုကာ ၂၃:၅၀-၅၆ယောဟန် ၁၉:၃၈-၄၂)

42ယင်းနိစာ ယုဒလူမျိုးရို့မာ လွတ်မြောင့်ခြင်းပွဲအတွက် အစီစဉ်ချစာနိ ဖြစ်တေ။ ယင်းအဓိပ္ပါယ်ကား သတင်းနိ မကျခင်အယင်က တစ်ရက် ဖြစ်တေ။ 43ယင်းနိ နီမဝင်ခင်အယင်က ယောသပ်နာမည်န အရိမဿဲမြို့သား တစ်ယောက်စာ ရဲဝံ့ဖြည့်ရို့ အုပ်ချုပ်သူကြီးပိလတ်တို့ လားပြီးကေ ယေရှု၏ အကောင်တော်ကို တောင်းလီရေ။ သူစာ ယုဒလူမျိုးရို့မာ မဟာတိုင်ဘင်အဖွဲ့သား လူကြီးတစ်ယောက် ဟိလီရေ။ သူလည်းသောက် ထာဝရဘုရား၏ နိုင်ငံတော် တည်ဖို့စာအချိန်ကို စောင့်မျှော်ရို့ နီလီရေ။ 44ပိလတ်စာ ယေရှု ဒေလှောက် အယင် သီလားခရေဆိုစာကို ကြားရို့ ကောင်းကောင်း အံ့ဩလီရေ။ ယင်းခါ ပိလတ်စာ ယေရှု အမှန် သီလားခဗျာလောဆိုစာကို အတိကျ သိချင်ရို့ စစ်သရွဲတစ်ရာကိုပိုင်စာ စစ်ဗိုလ်ကို ခေါ်ရို့ မီးလီရေ။ 45ပိလတ်စာ ယေရှု အမှန် သီလားခဗျာဆိုစာကို ထိုစစ်သရွဲတစ်ရာကိုပိုင်စာ စစ်ဗိုလ်က သတင်း ကြားရေခါ ယေရှု၏ အကောင်တော်ကို ယူလားဖို့အတွက် ယောသပ်ကို အခွင့်ပီးလီရေ။ 46ယင်းခါ ယောသပ်စာ အဝတ်အဖြူသား ဝယ်ယူခလီရေ အရာ သူစာ ယေရှု၏ အကောင်တော်ကို ကားတိုင်က ချရို့ အဝတ်အဖြူသားန ရိုက်လီရေ။ ယင်းနောက် သူစာ ထိုအကောင်တော်ကို တောင်ကို ထွင်းထားစာ သင်္ချိုင်းဂူမာ ထားလီရေ အရာ သင်္ချိုင်းဂူဝမာ ကျောက်ကြီးတစ်လုံး ပိတ်ထားလီရေ။ 47မာဂဒလမြို့သမ မာရိန ယောသေအမိ မာရိစာ ယေရှု၏ အကောင်တော် ဇာမာ ထားရေလည်းဆိုစာကို ကြည့်ကတ်လီရေ။
Copyright information for RmzSC