Mark 3:13-19

တပည့်တစ်ဆယ့်နှစ်ယောက်ကို တမန်တော်အရာ ပီးခြင်း

(မဿဲ ၁၀:၁-၄လုကာ ၉:၁-၆)

13 14 15ယင်းနောက် ယေရှုစာ တောင်တို့ တက်ရို့ တစ်ချိုးလူရို့ကို ကိုယ့်စိတ်သဖေါအတိုင်း ကိုယ့်တို့ ခေါ်လီရေ။ သူရို့စာ ကိုယ့်တို့ လာကတ်တေခါ သူစာ တစ်ဆယ့်နှစ်ယောက်ကို တမန်တော်အရာ ပီးလီရေ၊ အကြောင်းကား သူစာ ထိုသူရို့ကို ကိုယ်နအတူ နီစီချင်လီရေ အရာ နတ်ဆိုးတိကို နှင်ထုတ်ဖို့အတွက် တန်ခိုး ပီးရို့ သူရို့ကို တရားဟောပြောဖို့ ရွှတ်ချင်လီရေ။ 16ယေရှု တမန်တော်အရာမာ ခန့်ထားလီစာ တစ်ဆယ့်နှစ်ယောက်စာ ရှိမုန် (ယေရှုစာ သူ့ကို ပေတရု ဟို့ နာမည်အသစ် မှည့်လီရေ)၊ 17ဇေဗေဒဲသားနှစ်ယောက် ယာကုပ်န ယောဟန် (ယေရှုစာ သူရို့ကို ဗောနေရဂက် ဟို့ နာမည်အသစ် မှည့်လီရေ၊ ဗောနေရဂက် အဓိပ္ပါယ်ကား မိုးကြိုးဘိုက်သံသားရို့ ဖြစ်ကတ်တေ)၊ 18အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲသား ယာကုပ်၊ သဒ္ဒဲ၊ ကိုယ့်လူမျိုးကို ချစ်သူ ရှိမုန်၊ 19အရာ ယေရှုကို ရန်သူရို့အလက်မာ ဖမ်းပီးဖို့သူ ယုဒရှကာရုတ် ဖြစ်တေ။
Copyright information for RmzSC