Matthew 9

တစ်စိတ်နာရောဂါသေတစ်ယောက် အကောင်းဖြစ်ခြင်း

(မာကု ၂:၁-၁၂လုကာ ၅:၁၇-၂၆)

1ယင်းနောက် ယေရှုစာ လောင်းတစ်စင်းမာ တက်ရို့ မြစ်ကမ်းတစ်ဖက်က ကိုယ့်မြို့တို့ ပြန်ရို့ ကြွလာလီရေ။ 2ယင်းခါ လူလိုင်းကေယောက်စာ တစ်စိတ်နာရောဂါသေတစ်ယောက်ကို ရွက်ရို့ ယေရှုတို့ လာကတ်လီရေ။ ယင်းရောဂါသေစာ အိပ်ရာမာ လဲရို့ ဟိလီရေ။ အရာ ယေရှုစာ သူရို့မာ ကျုံခြင်းတရားကို မြင်ရို့ ရောဂါသေကို ပြောလီရေ၊ “နင် မကြောက်ကေ့။ နင့် အပြစ်ကို ခွင့်ရွှတ်လိုက်ပျာ။” 3ယင်းခါ ကျမ်းဆရာ လိုင်းကေယောက်စာ စိတ်မာ စိတ်မာ ပြောကတ်လီရေ၊ “ဒေလူ ထာဝရဘုရားကို တရိုက်တေကား!” 4ယေကေလည်း ယေရှုစာ သူရို့ စိတ်မာ စဉ်းစားချက်ကို သိရို့ ပြောလီရေ၊ “ကိုယ်ဘင်ရို့ စိတ်ထဲမာ ဇာဖို့ မကောင်းစာကို စဉ်းစားနီကတ်စာလည်း? 5ဇာပိုင် ပြောကေ ရွယ်ဖို့လည်း၊ ‘နင့် အပြစ်ကို ခွင့်ရွှတ်လိုက်ပျာ’ ဟို့ ပြောကေ ရွယ်ဖို့လော၊ မဟုတ်ကေ ‘နင် ထရို့ လားနီ’ ဟို့ ပြောကေ ရွယ်ဖို့လော? 6ယေကေလည်း ဒေ ကမ္ဘာမာ လူအပြစ်ကို ခွင့်ရွှတ်ဖို့စာ တန်ခိုး မနုသသားတော်မာ ဟိရေဆိုစာကို ကိုယ်ဘင်ရို့ သိလတ်အောင် ငါ ကိုယ်ဘင်ရို့ကို ပြမည်။” ယင်းပိုင် ပြောရေအတိုင်း သူစာ ရောဂါသေကို ပြောလီရေ၊ “ထ၊ နင့် အိပ်ရာကို ယူရို့ အိမ်တို့ လားလီ။”

7ယင်းခါ သူစာ ထရို့ ကိုယ့်အိမ်တို့ လားခလီရေ။ 8ထိုဖြစ်ပျက်ခြင်းကို မြင်ရို့ လူရို့စာ ကောင်းကောင်း ကြောက်ကတ်လီရေ၊ အရာ ထာဝရဘုရားစာ လူ့သားကို အကြီးအကျယ် တန်ခိုး ပီးရေအတွက်န လူရို့စာ ထာဝရဘုရားကို ချီမွမ်းကတ်လီရေ။

ဖန်ဒါကောက်သမား မဿဲကို ခေါ်ခြင်း

(မာကု ၂:၁၃-၁၇လုကာ ၅:၂၇-၃၂)

9ယေရှု ယင်းနေရာက ထွက်ရို့ ကြွရေခါ မဿဲနာမည်န ဖန်ဒါကောက်သမား တစ်ယောက်ကို တွိလီရေ။ ယင်းခါ သူစာ ဖန်ဒါကောက်စာ ယုံးမာ ထိုင်ရို့ ဟိလီရေ။ အရာ ယေရှုစာ သူ့ကို၊ “လာ၊ ငါ့နောက်က လိုက်” ဟို့ ခေါ်လီရေ။ ယင်းခါ ချက်ချင်း မဿဲစာ ထရို့ ယေရှုနောက်က လိုက်လီရေ။

10ယင်းနောက် ယေရှုစာ မဿဲအိမ်မာ စားသောက်ဖို့ ထိုင်လီရေ။ ယင်းခါ အများကြီး ဖန်ဒါကောက်သမားရို့န လူဆိုးရို့ လာရို့ ယေရှုနအတူ စားသောက်ဖို့ ထိုင်ကတ်လီရေ။ ယင်းနေရာမာ ယေရှု တပည့်ရို့လည်း ယေရှုနအတူ ဟိကတ်လီရေ။ 11ယင်းခါ ဖာရိရှဲအဖွဲ့သားရို့စာ ယင်းသျှင့်ကို မြင်ရို့ ယေရှု တပည့်ရို့ကို မီးကတ်လီရေ၊ “နင်ရို့မာ ဆရာ ဖန်ဒါကောက်သမားရို့န အရာ လူဆိုးရို့နအတူ ထိုင်ရို့ ဇာဖို့ စားသောက်စာလည်း?” 12သူရို့ စကားကို ကြားရို့ ယေရှုစာ ပြောလီရေ၊ “ကျန်းမာသူရို့အတွက် ဆီးဆရာကို အလိုမဟိ၊ ယေကေလည်း မကျန်းမာသူရို့အတွက်ရာ ဆီးဆရာကို အလိုဟိရေ။ 13ငါ ကိုယ်ဘင်ရို့ကို စကားတစ်ခွန်း ပြောမည်၊ ‘ယဇ်ပူဇော်ခြင်းကိုထက် သနားကြင်နာခြင်းကို ငါ နှစ်သက်တေ’ ဟို့ ကျမ်းစာမာ ရွီးရို့ဟိစာ စကား အဓိပ္ပါယ် ဇာလည်းဆိုစာကို လားရို့ ရှာကြည့်ခီကတ်။ ငါ သူတော်ကောင်းရို့ကို ခေါ်ဖို့ လာစာ မဟုတ်၊ ယေကေလည်း ငါ လူဆိုးရို့ကို ခေါ်ဖို့ လာစာ ဖြစ်တေ။”

အစားရှောင်ဖို့စာ အကြောင်းကို သွန်သင်ခြင်း

(မာကု ၂:၁၈-၂၂လုကာ ၅:၃၃-၃၉)

14ယင်းနောက် ရီနှစ်မင်္ဂလာပီးသူ ယောဟန် တပည့်ရို့စာ ယေရှုတို့ လာရို့ မီးကတ်လီရေ၊ “ဆရာ၊ အကျွန်ရို့န ဖာရိရှဲအဖွဲ့သားရို့စာ မကြာမကြာ အစားရှောင်နီကတ်ပါရေ၊ ယေကေလည်း ကိုယ်ဘင်မာ တပည့်ရို့ ဇာဖို့ အစားမရှောင်ကတ်ပါစာလည်း?” 15ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “သမက်သျှာနအတူ ဟိရို့အတိုင်းလည်း သမက်သျှာမာ အဖက်သားရို့ ဝမ်းနည်းခြင်း ပြန်ဖို့ လိုရေလော? ယေကေလည်း သမက်သျှာကို သူရို့က တင်ယူလားဖို့စာအချိန် ရောက်လာလိမည်။ ယင်းအချိန်ခါရာ သူရို့ အစားရှောင်ကတ်လိမည်။

16“တစ်ယောက်လည်း အင်္ကျီအဟောင်းမာ အဝတ်သျှာအသစ်ကို မဖာ။ ဖာရေဆိုကေ အင်္ကျီအဟောင်းက အဝတ်သျှာအသစ်စာ စုတ်ထွက်လားခရေ အရာ အပေါက် အများကြီး ကျယ်လားခရေ။ 17အရာ တစ်ယောက်လည်း သရီအိပ်အဟောင်းမာ စပျစ်ရည်အသစ်ကို ထည့်ရို့ မထား။ ထားရေဆိုကေ သရီအိပ်အဟောင်းစာ စုတ်ရို့ စပျစ်ရည် ယိုဆင်းလားခရေ အရာ အိပ်တိလည်း ပျက်လားခရေ။ ယေကေလည်း လူရို့စာ သရီအိပ်အသစ်မာ စပျစ်ရည်အသစ်ကို ထည့်ရို့ ထားကတ်တေ အရာ နှစ်ခုစုံလုံး မပျက်ဘိုင်းန ခံရေ။”

မိန်းမနှစ်ယောက် အကောင်းဖြစ်ခြင်း

(မာကု ၅:၂၁-၄၃လုကာ ၈:၄၀-၅၆)

18ယေရှု ထိုစကားတိကို ပြောနီရေခါ ယုဒဂေါင်းဆောင် တစ်ယောက်စာ သူ့တို့ လာပြီးကေ ရှိခိုးရို့ ပြောလီရေ၊ “ဆရာ၊ အကျွန့်မာ သမီးသျှေတစ်ယောက် ဒေဂု သီလားခပါသိရေ၊ ယေကေလည်း ကိုယ်ဘင် လာရို့ သူ့ခန္ဓာမာ အလက်တင်ရေဆိုကေ ပြန်ရှင်ပါဖို့။” 19ယင်းခါ ယေရှုန သူ့တပည့်ရို့စာ ထရို့ ထိုလူနအတူ လိုက်ကတ်လီရေ။

20ယင်းခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွီးကျရောဂါ ဖြစ်နီစာ မိန်းမတစ်ယောက်စာ ယေရှုနောက်က လိုက်ရို့ ယေရှု ကိုယ်ရုံစွမ်ကို ကိုင်လီရေ။ 21အကြောင်းကား သူစာ စိတ်မာ မှတ်လီရေ၊ “ငါ သက်သက် သူ့ကိုယ်ရုံစွမ်ကို ကိုင်ဖို့ ရရေဆိုကေ ငါ့ ရောဂါကောင်းဖို့။” 22ယေရှုစာ နောက်တို့ လှည့်ကြည့်ရေခါ ယင်းမိန်းမကို မြင်ရို့ ပြောလီရေ၊ “အယွေ၊ မကြောက်ကေ့။ အယွေ ကျုံရေအတွက်န အယွေမာ ရောဂါ ကောင်းလားခဗျာ။” ယင်းခါကပင် ယင်းမိန်းမမာ ရောဂါကောင်းလားခလီရေ။

23ယင်းနောက် ယေရှုစာ ထိုယုဒဂေါင်းဆောင် အိမ်တို့ ကြွလီရေ။ သူစာ ယင်းအိမ်မာ ရောက်တေခါ တီးမှုတ်သူရို့န ဝမ်းနည်းခြင်း ပြန်ရို့ ငိုသူရို့ကို မြင်လီရေ။ 24ယင်းခါ ယေရှုစာ ယင်းလူရို့ကို ပြောလီရေ၊ “နင်ရို့ ပြင်တို့ ထွက်လီကတ်။ ဒေ မိန်းမသျှေ မသီသိ၊ အိပ်နီစာရာ။” ယေရှု စကားကို ကြားရို့ လူရို့စာ ရယ်သွန်းပြုကတ်လီရေ။ 25လူရို့ကို ပြင်တို့ ထုတ်လိုက်ပြီးရေနောက် သူစာ အထဲအခန့်တို့ ဝင်ရို့ မိန်းမသျှေအလက်ကို ကိုင်လီရေ အရာ ယင်းမိန်းမသျှေစာ ချက်ချင်း ထရို့ ထိုင်လီရေ။ 26ထိုဖြစ်ပျက်ခြင်း အကြောင်းကို တစ်ပြည်နယ်လုံးသား ကြားရကတ်လီရေ။

မျက်ကန်းန ပပွါး အကောင်းဖြစ်ခြင်း

27ယေရှု ယင်းနေရာက ထွက်ရို့ ကြွရေခါ မျက်ကန်းနှစ်ယောက် သူ့နောက်က လိုက်ကတ်လီရေ။ အရာ သူရို့စာ အားန အော်ရို့ ပြောကတ်လီရေ၊ “အိုး ဒါဝိဒ်မင်း၏ သားတော်၊
ဒါဝိဒ်မင်း၏ သားတော်ဆိုစာ ခရစ်တော်မာ အခြားတစ်ခုနာမည် ဖြစ်ပါရေ။
အကျွန်ရို့ကို သနားပါ!”
28ယေရှု အိမ်ထဲတို့ ဝင်ရေခါ ယင်းမျက်ကန်းနှစ်ယောက်စာ သူ့တို့ လာကတ်လီရေ။ ယင်းခါ သူစာ သူရို့ကို မီးလီရေ၊ “ငါ နင်ရို့ မျက်စိကို မြင်အောင် လုပ်နိုင်ရေဆိုစာကို နင်ရို့ ကျုံကတ်တေလော?” သူရို့စာ အဖြေပီးကတ်လီရေ၊ “ဟုတ်ပါရေ အသျှင်၊ အကျွန်ရို့ ကျုံပါရေ။” 29ယင်းခါ ယေရှုစာ သူရို့ မျက်စိမာ အလက်တို့ရို့ ပြောလီရေ၊ “နင်ရို့ ကျုံရေအတိုင်း နင်ရို့မာ မျက်စိ မြင်ရစီ။” 30ယင်းခါ ချက်ချင်း သူရို့မာ မျက်စိ မြင်ရလီရေ။ အရာ ယေရှုစာ သူရို့ကို တတင်းရရင်း မှာလိုက်လီရေ၊ “သတိထားကတ်၊ နင်ရို့ ဒေ အကြောင်းကို တစ်ယောက်ဘားမာလည်း မပြောပြလီကတ်ကေ့။” 31ယေကေလည်း သူရို့စာ ယင်းနေရာက ထွက်လားရို့ ယင်းအကြောင်းကို တစ်ပြည်နယ်လုံးမာ လည်ရို့ ပြောပြကတ်လီရေ။

32သူရို့ နှစ်ယောက် ထွက်လားကတ်တေခါ လူလိုင်းကေယောက် ပပွါးနတ်ကိုင်စာ လူတစ်ယောက်ကို ယူရို့ ယေရှုတို့ လာကတ်လီရေ။ 33ယေရှု ထိုပပွါးနတ်ကို နှင်ထုတ်ပြီးရေခါ ယင်းလူစာ စကားပြောဖို့ နိုင်လီရေ။ ယင်းခါ အားကုံးသူ အံ့ဩရို့ ပြောကတ်လီရေ၊ “ဣသရေလပြည်မာ ငါရို့ ဒေပိုင် တစ်ခါလည်း မမြင်ဖူးသိ။” 34ယေကေလည်း ဖာရိရှဲအဖွဲ့သားရို့စာ ပြောကတ်လီရေ၊ “နတ်ဆိုးရို့မာ မင်း တန်ခိုးကို အသုံးပြုရို့ ယင်းသူ နတ်ဆိုးတိကို နှင်ထုတ်နိုင်စာရာ!”

လူရို့ကို ယေရှု သနားခြင်း

35အရာ ယေရှုစာ မြို့ရွာတိမာ လည်ရို့ ယုဒလူမျိုးရို့ တရားဇရပ်တိမာ သွန်သင်ပီးလီရေ၊ အရာ ဂေါင်းခင်နိုင်ငံတော်၏ သတင်းကောင်းကို ဟောပြောလီရေ။ ယင်းသျှင့်ကိုအပယ် သူစာ လူရို့မာ ဟိသမျ ရောဂါပေါင်းမျိုးစုံကိုလည်း ကောင်းအောင် လုပ်လီရေ။ 36အရာ သူစာ လူပရိတ်သတ်ရို့ကို မြင်ရို့ သနားလီရေ၊ အကြောင်းကား သူရို့စာ အကျောင်းသားမဟိစာ သိုးဆိတ်တိပိုင် ပင်ပန်း-နွမ်းပါးရို့ ဟိကတ်လီရေ။ 37ယင်းခါ သူစာ ကိုယ့်တပည့်ရို့ကို ပြောလီရေ၊ “အသီးအနှံ အများကြီး ဟိရေ၊ ယေကေလည်း ရိတ်သိမ်းဖို့သူ နည်းရေ။ 38ယင်းအတွက်န အသီးအနှံတိကို ရိတ်သိမ်းဖို့အတွက် အလုပ်သမားရို့ကို ရွှတ်ပီးလတ်အောင် အသီးအနှံ အပိုင်သျှင်ဘားမာ ဆုတောင်းကတ်။”
Copyright information for RmzSC