Matthew 10:16-23

ညှဉ်းဆဲခံရဖို့စာ အကြောင်းကို သတိပီးခြင်း

(မာကု ၁၃:၉-၁၃လုကာ ၂၁:၁၂-၁၇)

16“နားထောင်ကတ်! တောခွီးအရွီမာ သိုးဆိတ်တိကို ရွှတ်စာပိုင် ငါ နင်ရို့ကို ရွှတ်တေ။ ယင်းအတွက်န နင်ရို့ မြိန်ပိုင် လိမ္မာကတ်ရဖို့ အရာ ခေါ်ပိုင် ယဉ်ကျေးကတ်ရဖို့။ 17ယေကေလည်း နင်ရို့ သတိထားကတ်၊ အကြောင်းကား လူရို့စာ နင်ရို့ကို ဖမ်းရို့ တရားယုံးမာ အပ်ကတ်လိမည်၊ အရာ သူရို့စာ ကိုယ်ရို့ တရားဇရပ်တို့ ယူလားရို့ နင်ရို့ကို ကြိမ်ဒါဏ် ပီးကတ်လိမည်။ 18ငါ့ အကြောင်းန နင်ရို့ကို အုပ်ချုပ်သူရို့န မင်းရို့ ရှိက ရပ်စီလိမည်။ ယင်းခါ နင်ရို့စာ သူရို့န ယုဒမဟုတ်သူရို့ဘားမာ ငါ့ အကြောင်းကို သက်သီပီးဖို့ ရကတ်လိမည်။ 19လူရို့စာ နင်ရို့ကို ဖမ်းယူလားရေခါ နင်ရို့ ဇာပိုင် ပြောဖို့လည်း အရာ ဇာ ပြောဖို့လည်းဆိုစာကို နင်ရို့ မစဉ်းစားလီကတ်ကေ့၊ အကြောင်းကား ယင်းချိန်မာ နင်ရို့ ပြောဖို့စာ စကားတိကို ဖေါ်ပီးလိမည်။ 20မှတ်ထားကတ်၊ သက်သက် နင်ရို့ ပြောဖို့စာ မဟုတ်၊ ယေကေလည်း နင်ရို့မာ အဖထာဝရဘုရား၏ ဝိညာဉ်တော် နင်ရို့ကနီရို့ ပြောဖို့စာ ဖြစ်တေ။

21“ယင်းခါ ညီအစ်ကိုချင်း တစ်ယေက်ကို တစ်ယောက် သတ်ဖို့အတွက် ဖမ်းပီးကတ်လိမည် အရာ အဖလည်း ကိုယ့်သားကို သတ်ဖို့အတွက် ဖမ်းပီးလိမည်။ သားသမီးရို့စာ အမိအဖကို ရန်ဖက်ပြုရို့ အသီသတ်စီကတ်လိမည်။ 22အရာ နင်ရို့ ငါ့တပည့် ဖြစ်ကတ်တေအတွက်န ဟိသမျ လူမျိုးရို့စာ နင်ရို့ကို မုန်းကတ်လိမည်၊ ယေကေလည်း အဆုံးတိုင်အောင် တတိုင်းမမြိုင်းနီသူစာ ကယ်တင်ခြင်းကို ရလိမည်။ 23ဇာမြို့မာမဆို နင်ရို့ကို ညှဉ်းဆဲရေဆိုကေ အခြားတစ်မြို့တို့ လားရို့ ရှောင်နီလီကတ်။ ငါ နင်ရို့ကို အမှန် ပြောရေ၊ ဣသရေလပြည်မာ ဟိသမျ မြို့ရွာတိမာ နင်ရို့ လုပ်နီကတ်စာ အလုပ်တိ မပြီးဆုံးခင်အယင်က မနုသသားတော် ကြွလာလိမည်။
Copyright information for RmzSC