Matthew 12:1-8

သတင်းနိကို ပိုင်ဆိုင်စာအသျှင်

(မာကု ၂:၂၃-၂၈လုကာ ၆:၁-၅)

1လိုင်းကေရက် ရွန်ရေခါ သတင်းနိမာ ယေရှုန သူ့တပည့်ရို့စာ ဂျုံခင်းအထဲက ဝင်ရို့ ကြွကတ်လီရေ။ ယင်းခါ ယေရှု တပည့်ရို့စာ အဝမ်းဆာရေအတွက်န ဂျုံအနှံတိကို ဆွတ်ရို့ စားကတ်လီရေ။ 2ယင်းသျှင့်ကို မြင်ရို့ ဖာရိရှဲအဖွဲ့သားရို့စာ ယေရှုကို ပြောကတ်လီရေ၊ “ကြည့်ပါ၊ ဘာသာရေး ထုံးစဉ်အတိုင်း သတင်းနိမာ မလုပ်သင့်စာတိကို ကိုယ်ဘင်မာ တပည့်ရို့ လုပ်နီကတ်ပါရေ။” 3ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ဒါဝိဒ်မင်းန သူ့အဖက်သားရို့ အဝမ်းဆာလီရေခါ ဇာ လုပ်လီကတ်တေလည်းဆိုစာကို ကိုယ်ဘင်ရို့ မဖတ်ဖူးကတ်လော? 4သူရို့စာ ထာဝရဘုရား၏ ကျောင်းထဲမာ ဝင်ရို့ ကိုယ်ရို့ မစားအပ်စာ သန့်ရှင်းစာ ပေါင်မုန့်ကို စားကတ်လီရေ၊ ယေကေလည်း ထိုသန့်ရှင်းစာ ပေါင်မုန့်ကို သက်သက် ယဇ်ပုရောဟိတ်ရို့ရာ စားနိုင်ကတ်တေ။ 5ယင်းသျှင့်ကိုအပယ် ဝိပဿနာကျောင်းထဲမာဟိစာ ယဇ်ပုရောဟိတ်ရို့စာ သတင်းနိထုံးစဉ်ကို ဖျက်ကေလည်းသောက် အပြစ်မကျဆိုစာကို ကိုယ်ဘင်ရို့ မောရှေ၏ ပညှတ်တရားမာ မဖတ်ဖူးကတ်လော? 6ငါ ကိုယ်ဘင်ရို့ကို အမှန် ပြောရေ၊ ဝိပဿနာကျောင်းထက်လည်း ကြီးမြတ်သူတစ်ပါး ဒေမာ ဟိရေ။ 7‘ယဇ်ပူဇော်ခြင်းကိုထက် သနားကြင်နာခြင်းကို ငါ နှစ်သက်တေ’ ဟို့ ကျမ်းစာမာ ရွီးရို့ဟိစာ စကား အဓိပ္ပါယ်ကို ကိုယ်ဘင်ရို့ အလှပ နားလည်ကတ်ဖို့ဆိုကေ အပြစ်မဟိသူရို့ကို တရားစစ်ဆေးကတ်ဖို့ မဟုတ်။ 8ကိုယ်ဘင်ရို့ မှတ်ထားကတ်၊ မနုသသားတော်စာ သတင်းနိကို ပိုင်ဆိုင်စာ အသျှင် ဖြစ်တေ။”
Copyright information for RmzSC