Matthew 14:3-12

ရီနှစ်မင်္ဂလာပီးသူ ယောဟန် အသီခံရခြင်း

(မာကု ၆:၁၇-၂၉)

3ရီနှစ်မင်္ဂလာပီးသူ ယောဟန် အသီခံရခြင်းစာ ဒေပိုင်၊ ဒေ ဟေရုဒ်မင်းစာ ကိုယ့်ညီ ဖိလိပ္ပုမယား ဟေရောဒိမ အကြောင်းန ယင်းအယင်က ယောဟန်ကို ဖမ်းရို့ ထောင်မာ လှောင်ထားလီရေ၊ 4အကြောင်းကား ယောဟန်စာ ဟေရုဒ်မင်းကို အပြန်ပြန် ပြောလီရေ၊ “ကိုယ်ဘင် ကိုယ့်ညီမာ မယား ဟေရောဒိမကို နစပ်ဖို့ မသင့်ပါ။” 5ယင်းအတွက်န သူစာ ယောဟန်ကို အသီသတ်ဖို့ ကြည့်လီရေ၊ ယေကေလည်း သူစာ လူရို့ကို ကြောက်လီရေ။ ယင်းပိုင် ကြောက်စာ အကြောင်းကား လူရို့စာ ယောဟန်ကို ဘုရားသတင်းပို့သူတစ်ပါး ဖြစ်တေ ဟို့ သတ်မှတ်လီကတ်တေ။

6တစ်ရက်နိ နှစ်တိုင်းကျင့်ပစာ ဟေရုဒ်မင်း မွီးရက်နိပွဲမာ ဟေရောဒိမ သမီးစာ အာဂန္တုရို့ ရှိက ကပြရို့ ဟေရုဒ်မင်းကို စိတ်ပျော်အောင် လုပ်လီရေ။ 7ယင်းအတွက်န ဟေရုဒ်မင်းစာ ဟေရောဒိမ သမီး တောင်းစာကို ပီးဖို့ ဆိုပြီးကေ အကျိန်သစ္စာ ကိုင်ရို့ ပြောလီရေ။ 8ယင်းခါ ထိုမိန်းမသျှေစာ ကိုယ့်အမိက အကြံရရေအတိုင်း ပြောလီရေ၊ “ရီနှစ်မင်္ဂလာပီးသူ ယောဟန် အဂေါင်းကို လောင်ပန်းမာ ထည့်ရို့ အကျွန့်တို့ ယူခပါ။” 9ယင်းခါ ဟေရုဒ်မင်းစာ ကောင်းကောင်း စိတ်ဒုက္ခ ရလီရေ၊ ယေကေလည်း စားပွဲမာ လာကတ်စာ အာဂန္တုရို့ ရှိက အကျိန်သစ္စာ ကိုင်ရို့ ပြောလီရေအတွက်န သူစာ ထိုမိန်းမသျှေ တောင်းစာကို ပီးဖို့အတွက် အာဏာချလိုက်လီရေ။ 10သူစာ လူရွှတ်လိုက်ရို့ ထောင်ထဲမာ ယောဟန် အဂေါင်းကို ဖြတ်ဖို့ ခိုင်းလီရေ။ 11ယင်းနောက် ယောဟန် အဂေါင်းကို လောင်ပန်းမာ ထည့်ရို့ ထိုမိန်းမသျှေတို့ ယူခလီရေ အရာ သူစာ ယင်းအဂေါင်းကို ကိုယ့်အမိတို့ ယူလားခလီရေ။ 12ယင်းနောက် ယောဟန် တပည့်ရို့စာ လာပြီးကေ သူ့အကောင်တော်ကို ယူလားရို့ သင်္ဂြိုဟ်ကတ်လီရေ။ အရာ သူရို့စာ ယင်းအကြောင်းကို ယေရှုဘားမာ လားရို့ ပြောပြကတ်လီရေ။
Copyright information for RmzSC