Matthew 18:15-20

မတရားလုပ်စာ ကျုံသူညီအစ်ကိုန ဖြေရှင်းခြင်း

(လုကာ ၁၇:၃-၄)

15“နင့်မာ ညီအစ်ကိုစာ နင့်ကို ဆန့်ကျင်ရို့ မတရားလုပ်တေဆိုကေ ယင်းသူ နူးချင်းတည်း နီရေခါ နင် လားရို့ သူ့အပြစ်ကို ဖေါ်ပြခီ။ သူစာ နင့်စကားကို နားထောင်ရေဆိုကေ နင်စာ ကိုယ့်ညီအစ်ကိုကို ပြန်ရဗျာ။ 16ယေကေလည်း သူစာ နင့်စကားကို နားမထောင်ဆိုကေ အခြားနှစ်ယောက်ကို ခေါ်ယူလားလီ။ ယင်းပိုင်ဆိုကေ သက်သီခံနှစ်ယောက် မဟုတ်ကေ သုံးယောက် ပြောစာစကားအတိုင်း ဖြစ်ပျက်ခြင်းအားကုံး မှန်ရေဆိုစာကို သိရရေ။ 17အရာ သူစာ ထိုလူရို့ စကားကို နားမထောင်ဆိုကေ အသင်းတော်မာ လားရို့ တိုင်လီ။ အရာ သူစာ အသင်းတော် စကားကိုလည်း နားမထောင်ဆိုကေ နင် ယင်းသူကို ထာဝရဘုရားကို မသိသူပိုင် မဟုတ်ကေ ဖန်ဒါကောက်သမားပိုင် ဖြစ်တေ ဟို့ သတ်မှတ်လိုက်ဖိ။

18“ငါ နင်ရို့ကို အမှန် ပြောရေ၊ နင်ရို့ ဇာ အကြောင်းအရာကိုမဆို ဒေ ကမ္ဘာမာ ဟန့်ရေဆိုကေ ဂေါင်းခင်ဘုံမာလည်း ဟန့်လိမည်၊ အရာ နင်ရို့ ဇာ အကြောင်းအရာကိုမဆို ဒေ ကမ္ဘာမာ အခွင့်ပီးရေဆိုကေ ဂေါင်းခင်ဘုံမာလည်း အခွင့်ပီးလိမည်။

19“ငါ နင်ရို့ကို အရာလည်း ပြောရေ၊ နင်ရို့အထဲမာ နှစ်ယောက် တစ်ညီတည်းစိတ်န တစ်ခုတစ်ခု အကြောင်းကို ယူရို့ ဆုတောင်းရေဆိုကေ ငါ့ ဂေါင်းခင်ဘုံသျှင် အဖစာ နင်ရို့အတွက် လုပ်ပီးလိမည်။ 20အကြောင်းကား တပည့်ရို့အထဲက နှစ်ယောက် မဟုတ်ကေ သုံးယောက် ငါ့နာမည်န တစ်စုတည်းစုရေဆိုကေ ငါစာ ယင်းနေရာမာ သူရို့နအတူ ရောက်ရို့ ဟိရေ။”
Copyright information for RmzSC