Matthew 24:23-28

23“ယင်းအချိန်ခါ အသူမဆို၊ ‘ကြည့်၊ ခရစ်တော် ဒေမာ ဟိရေ၊’ မဟုတ်ကေ ‘ထိုမာ ဟိရေ’ ဟို့ နင်ရို့ကို ပြောရေဆိုကေ နင်ရို့ မကျုံလီကတ်ကေ့။ 24အကြောင်းကား အယောင်ဆောင် ခရစ်တော်န အယောင်ဆောင် ဘုရားသတင်းပို့သူ အများကြီး ရောက်လာကတ်လိမည်။ အရာ သူရို့စာ ဖြစ်နိုင်ရေဆိုကေ ထာဝရဘုရား၏ ရွီးကောက်ခြင်းကို ခံရသူရို့ကိုလည်း လိမ်ဖို့ ရလတ်အောင်အတွက် အကြီးအကျယ် အံ့ဩဖွယ်အလုပ်န နိမိတ်လက္ခဏာအလုပ်တိကို လုပ်ရို့ ပြကတ်လိမည်။ 25သတိထားကတ်! ထို ဟိသမျ အားကုံး မဖြစ်ပျက်ခင်အယင်ကပင် ငါ နင်ရို့ကို ပြောထားလိုက်ယ။

26“ယင်းအတွက်န အသူမဆို၊ ‘ခရစ်တော် သဲကန္တာရတောပြင်မာ ဟိရေ’ ဟို့ နင်ရို့ကို ပြောရေဆိုကေ နင်ရို့ ပြင်တို့ ထွက်ရို့ မလိုက်လီကတ်ကေ့။ အရာ အသူမဆို၊ ‘ခရစ်တော် အိမ်ထဲမာ ဟိရေ’ ဟို့ ပြောရေဆိုကေ နင်ရို့ မကျုံလီကတ်ကေ့။ 27အရှိဖက်ကနီရို့ အနောက်ဖက်တိုင်အောင် လျှပ်ပြက်တေခါ ဂေါင်းခင်မာ အရောင်ချင်းရေ။ ယင်းပိုင်တထန် မနုသသားတော် ကြွလာရေခါလည်း အရောင်ချင်းလိမည်။ 28အသီကောင် ဟိစာနေရာမာ င်းတတိ လာရို့ စုကတ်လိမည်။
Copyright information for RmzSC