Matthew 26:17-30

အဆုံးခေါက် လွတ်မြောင့်ခြင်းပွဲ စားခြင်း

(မာကု ၁၄:၁၂-၂၁လုကာ ၂၂:၇-၁၃၂၁-၂၃ယောဟန် ၁၃:၂၁-၃၀)

17တဆီးမထည့်စာမုန့်ပွဲ ပထမနိမာ တပည့်ရို့စာ ယေရှုတို့ လာရို့ ပြောကတ်လီရေ၊ “ကိုယ်တော်အတွက် အကျွန်ရို့ ဇာမာ လွတ်မြောင့်ခြင်းပွဲကို အဆင်သင့် လုပ်ပါဖို့စာလည်း?” 18ယင်းခါ ယေရှုစာ ပြောလီရေ၊ “မြို့ထဲတို့ ဝင်ရို့ ငါနသိစာ လူတစ်ယောက်န အတွိခံခီကတ်။ အရာ နင်ရို့ သူ့ကို ပြောလီဖို့စာကား၊ ဆရာ ပြောလိုက်ပါရေ၊ ‘ငါ့မာ အချိန် ကျဗျာ။ ငါ ကိုယ့်တပည့်ရို့နအတူ နင့်အိမ်မာ လွတ်မြောင့်ခြင်းပွဲကို ကျင့်ပဖို့။’” 19ယေရှု အာဏာချရေအတိုင်း တပည့်ရို့စာ လွတ်မြောင့်ခြင်းပွဲကို အဆင်သင့် လုပ်ကတ်လီရေ။

20ယင်းနောက် နီဝင်လာရေခါ ယေရှုစာ ကိုယ့်တပည့် တစ်ဆယ့်နှစ်ယောက်နအတူ စားသောက်ဖို့ ထိုင်လီရေ။ 21သူရို့ စားသောက်ကတ်တေခါ ယေရှုစာ ပြောလီရေ၊ “ငါ နင်ရို့ကို အမှန် ပြောရေ၊ နင်ရို့အထဲက တစ်ယောက် ငါ့ကို ရန်သူရို့အလက်မာ ဖမ်းပီးလိမည်။” 22ယင်းခါ တပည့်ရို့စာ ကောင်းကောင်း စိတ်ဒုက္ခ ရကတ်လီရေ အရာ တစ်ယောက်ပြီးကေ တစ်ယောက် ယေရှုကို မီးကတ်လီရေ၊ “အသျှင်၊ ထိုသူစာ အကျွန်ပါလော?” 23ယေရှုစာ သူရို့ကို အဖြေပီးလီရေ၊ “ငါနအတူ ခွက်မာ အလက်နှစ်ရို့ စားသူစာ ငါ့ကို ရန်သူရို့အလက်မာ ဖမ်းပီးလိမည်။ 24မနုသသားတော် အကြောင်းကို ကျမ်းစာမာ ရွီးရို့ ဟိရေအတိုင်း သူစာ သီရဖို့၊ ယေကေလည်း မနုသသားတော်ကို ရန်သူရို့အလက်မာ ဖမ်းပီးဖို့သူစာ အမင်္ဂလာဟိရေ။ သူစာ လူ့ဇာတိအဖြစ် မွီးဖွားခြင်းကို မခံယူလီကေပင် သူ့အတွက် ပိုရို့ ကောင်းလီဖို့သိ။” 25ယေရှုကို ရန်သူရို့အလက်မာ ဖမ်းပီးဖို့သူ ယုဒရှကာရုတ်စာ မီးလီရေ၊ “ဆရာ၊ ထိုသူစာ အကျွန်ပါလော?” ယင်းခါ ယေရှုစာ သူ့ကို ပြောလီရေ၊ “နင့်စကား မှန်ရေ။”

အသျှင်၏ ပွဲတော်မင်္ဂလာ

(မာကု ၁၄:၂၂-၂၆လုကာ ၂၂:၁၄-၂၀၁ကောရိန္သု ၁၁:၂၃-၂၅)

26သူရို့ စားသောက်ကတ်တေခါ ယေရှုစာ ပေါင်မုန့်ကို ယူရို့ ထာဝရဘုရားကို ကျေးဇူးတင်လီရေ။ ယင်းနောက် သူစာ ထိုပေါင်မုန့်ကို ဖဲ့ပြီးကေ တပည့်ရို့ကို ပီးရို့ ပြောလီရေ၊ “ယော၊ စားကတ်၊ ဒေ ပေါင်မုန့်စာ ငါ့အသား ဖြစ်တေ။” 27ယင်းနောက် သူစာ စပျစ်ရည် ခွက်ကို ယူရို့ ထာဝရဘုရားကို ကျေးဇူးတင်လီရေ အရာ ယင်းစပျစ်ရည် ခွက်ကို တပည့်ရို့ကို ပီးရို့ ပြောလီရေ၊ “ဒေ စပျစ်ရည်ကို နင်ရို့ အားကုံးသူ သောက်ကတ်၊ 28အကြောင်းကား ဒေ စပျစ်ရည်စာ ငါ့သွီး ဖြစ်တေ။ လူအများကြီး အပြစ် ခွင့်ရွှတ်ခြင်းကို ရပတ်စီအတွက် ငါ့မာ ဒေ သွီးကို သွန်းလောင်းပီးဖို့။ လူရို့အတွက် ငါ့မာ ဒေ သွီးန ထာဝရဘုရား၏ စာချုပ်အသစ်ကို ထိုးရေ။ 29ငါ နင်ရို့ကို ပြောရေ၊ ဒေဂုကပင်စရို့ ငါ့အဖ၏ နိုင်ငံတော်မာ ငါ နင်ရို့နအတူ ထိုင်ရို့ စပျစ်ရည်အသစ်ကို မသောက်သကြား ငါ အရာ တစ်ခါလည်း စပျစ်ရည် မသောက်ပျာ။” 30ယင်းနောက် သူရို့စာ တေခြင်းတစ်ပုဒ် ဆိုပြီးကေ မြို့က ထွက်ရို့ သံလွင်တောင်တို့ တက်ကတ်လီရေ။
Copyright information for RmzSC