Matthew 3:13-17

ယေရှု ရီနှစ်မင်္ဂလာ ခံယူခြင်း

(မာကု ၁:၉-၁၁လုကာ ၃:၂၁-၂၂)

13ယင်းအချိန်ခါ ယေရှုစာ ယောဟန်ဘားမာ ရီနှစ်မင်္ဂလာ ခံယူဖို့အတွက် ဂါလိလဲပြည်နယ်ကနီရို့ ယော်ဒန်ချောင်းကမ်းနားတို့ ကြွလာလီရေ။ 14ယေကေလည်း ယောဟန်စာ သူ့ကို ရီနှစ်မင်္ဂလာ ပီးဖို့မထိုက်တန် ဟို့ မှတ်ရို့ ပြောလီရေ၊ “ကိုယ်တော် ရီနှစ်မင်္ဂလာ ခံယူဖို့အတွက် အကျွန့်တို့ ကြွလာပါစာလော? မဖြစ်နိုင်ပါ၊ အကျွန်ရာ အပြန် ကိုယ်တော်ဘားမာ ရီနှစ်မင်္ဂလာ ခံယူဖို့ သင့်ပါရေ။” 15ယေကေလည်း ယေရှုစာ သူ့ကို ပြောလီရေ၊ “ဒေဂု ဒေပိုင် ဖြစ်ပတ်စီ၊ အကြောင်းကား ထာဝရဘုရား၏ အလိုတော်ကို ငါရို့မာ ဒေပိုင် ပြည့်စုံအောင် လုပ်ပီးဖို့ သင့်ရေ။” ယင်းခါရာ ယောဟန်စာ ယေရှုကို ရီနှစ်မင်္ဂလာ ပီးဖို့ သဖေါတူလီရေ။ 16ယေရှု ရီနှစ်မင်္ဂလာ ခံယူရို့ ရီက ထရေချက်ချင်း ဂေါင်းခင် ပွင့်လားခလီရေ။ အရာ သူစာ ထာဝရဘုရား၏ ဝိညာဉ်တော်ကို ခေါ်အရုပ်ပိုင် ကိုယ့်တို့ ဆင်းလာစာကို မြင်လီရေ။ 17ယင်းခါ ဂေါင်းခင်ဘုံက ဒေပိုင် စကားပြောသံကို ကြားရလီရေ၊ “ဒေသူ ငါ့အချစ်သား ဖြစ်တေ၊ ငါ သူ့ကို ကောင်းကောင်း နှစ်သက်တေ။”
Copyright information for RmzSC