Matthew 6:25-34

အစားအစာထက် အသက် အရေးကြီးခြင်း

(လုကာ ၁၂:၂၂-၃၁)

25“ယင်းအတွက်န ငါ နင်ရို့ကို ပြောရေ၊ နင်ရို့ ဇာ စားသောက်ဖို့လည်း ဆိုပြီးကေ အသက်ရှင်ဖို့စာ အကြောင်း၊ မဟုတ်ကေ ဇာ ဝတ်ဖို့လည်း ဆိုပြီးကေ ခန္ဓာ အကြောင်းကို ယူရို့ မစဉ်းစားကတ်ကေ့။ အကြောင်းကား အသက်စာ အစားအစာထက် အရေးကြီးရေ အရာ ခန္ဓာစာ အဝတ်ထက် အရေးကြီးရေ။ 26ဂေါင်းခင်မာ ပျံနီစာ ငှက်တိကို ကြည့်လိုက်။ သူရို့စာ စိုက်လည်း မစိုက်ကတ်၊ ရိတ်လည်း မရိတ်ကတ် အရာ ရိုင်မာလည်း မထည့်ထားကတ်။ ယေကေလည်း နင်ရို့မာ ဂေါင်းခင်ဘုံသျှင် အဖစာ သူရို့ကို ကျွေးမွေးရို့ ထားရေ။ နင်ရို့စာ ထိုငှက်တိထက် ပိုရို့ တန်ဖိုး ဟိကတ်တေ မဟုတ်လော? 27နင်ရို့အထဲမာ အသူတစ်ယောက် စဉ်းစား-ဆင်ခြင်ရို့ ကိုယ့်အသက်ကို တစ်တောင်လှောက် ရှည်အောင် လုပ်နိုင်ရေလည်း?

28“အဝတ်အတွက် နင်ရို့ ဇာဖို့ ဒေလှောက် စဉ်းစားကတ်စာလည်း? ထိုတောပန်းတိ ဇာပိုင်ပျင်ရို့ ပွင့်ကတ်တေလည်းဆိုစာကို နင်ရို့ စဉ်းစားကြည့်ကတ်။ ယင်းသျှင့်တိစာ အလုပ်လည်း မလုပ်ကတ်၊ ဗိုင်းလည်း မဝင့်ကတ်။ 29ယေကေလည်း ငါ နင်ရို့ကို ပြောရေ၊ ရှောလမုန်မင်းကြီး ဒေလှောက် ချမ်းသာကြွယ်ဝရို့လည်း ထိုတောပန်းတိအထဲက တစ်ပွင့်လှောက်ပင် ကိုယ့်ကို ဆင်ဖို့မနိုင်ခလီ။ 30အဝေး ကျုံခြင်းတရား အားနည်းသူရို့! ထိုမြက်တိကိုတိုင်အောင် ထာဝရဘုရား ဆင်ရေဆိုကေ နင်ရို့ကို အရာလည်း ပိုရို့ လှပအောင် ဆင်ဖို့ မဟုတ်လော? ယေကေလည်း ထိုမြက်တိစာ ဒေနိခါ အသက်ရှင်ရို့ ဟိကေလည်းသောက် နှက်ဖြန်ခါ မီးဖေါ်ထဲတို့ ဘိုက်ချခြင်းကို ခံရကတ်ဖို့။

31 32“ယင်းအတွက်န ‘ဇာ စားသောက်ဖို့လည်း’ အရာ ‘ဇာ ဝတ်ဖို့လည်း’ ဆိုပြီးကေ နင်ရို့ မစဉ်းစားကတ်ကေ့၊ အကြောင်းကား လောကမာ ထာဝရဘုရားကို မသိကတ်စာ ဟိသမျ လူမျိုးရို့ရာ ထို ဟိသမျ အကြောင်းအရာကို ယူရို့ အလုပ်ရှုတ်နီကတ်တေ။ ယေကေလည်း ထို ဟိသမျ ဝန်တိကို နင်ရို့ လိုအပ်တေဆိုစာကို နင်ရို့မာ ဂေါင်းခင်ဘုံသျှင် အဖစာ သိထားရေ။ 33ယေကေလည်း နင်ရို့စာ ပထမဆုံး ထာဝရဘုရား၏ နိုင်ငံတော်ကို ရှာကတ် အရာ သူ၏ အလိုတော်ကို လိုက်နာကတ်။ ယင်းပိုင်ဆိုကေ ထို ဟိသမျ ဝန်တိကို နင်ရို့ ရကတ်လိမည်။ 34ယင်းအတွက်န နင်ရို့ နှက်ဖြန်ခါ အကြောင်းကို ယူရို့ မစဉ်းစားကတ်ကေ့။ နှက်ဖြန်ခါ အကြောင်းကို နှက်ဖြန်ခါ စဉ်းစားကတ်။ ဒေနိခါ တွိကြုံရစာ ဒုက္ခတိ ဒေနိအတွက်မာ လုံလောက်ပျာ။”
Copyright information for RmzSC