Matthew 8:14-17

ရောဂါသေ အများကြီး အကောင်းဖြစ်ခြင်း

(မာကု ၁:၂၉-၃၄လုကာ ၄:၃၈-၄၁)

14ယင်းနောက် ယေရှုစာ ပေတရု အိမ်တို့ ကြွလီရေခါ ပေတရုမာ ယောက္ခမအမသူစာ အဖျားကြီးတက်ရို့ အိပ်ရာမာ လဲရို့ ဟိစာကို မြင်လီရေ။ 15ယေရှုစာ သူ့ဘားမာ အလက်တင်ရေချက်ချင်း အဖျားကောင်းလားခလီရေ။ အရာ သူစာ အိပ်ရာက ထရို့ ယေရှု စားသောက်ဖို့အတွက် စီစဉ်လီရေ။

16ယင်းနိ နီဝင်လာရေခါ လူရို့စာ နတ်ဆိုးကိုင်စာ လူအများကြီးကို ယေရှုတို့ ယူလာကတ်လီရေ။ ယင်းခါ ယေရှုစာ နှုတ်ထွက်စကားန ထိုနတ်ဆိုးတိကို နှင်ထုတ်လီရေ အရာ ဟိသမျ မကျန်းမာသူရို့ကိုလည်း ကျန်းမာအောင် လုပ်လီရေ။ 17အကြောင်းကား ဘုရားသတင်းပို့သူ ဟေရှာယ ဟောပြောခစာ စကားတိ ပြည့်စုံလာဖို့အတွက် ဒေပိုင် ဖြစ်ပျက်လာစာ ဖြစ်တေ။ ဘုရားသတင်းပို့သူ ဟေရှာယစာ ဒေပိုင် ဟောပြောခလီရေ၊
“သူစာ ငါရို့မာ ဟိသမျ ဝေဒနာကို တင်ယူလားခဗျာ၊
အရာ ဟိသမျ အနာရောဂါကို ပျောက်ကင်းအောင် လုပ်ဘိုက်လိုက်ပျာ။”
Copyright information for RmzSC