Revelation of John 10

တန်ခိုးကြီးစာ ဂေါင်းခင်နတ်သားန စာအုပ်သျှေ

1ယင်းနောက် တန်ခိုးကြီးစာ ဂေါင်းခင်နတ်သား အရာတစ်ပါး ဂေါင်းခင်ဘုံက ဆင်းလာစာကို ငါ မြင်လီရေ။ သူစာ မိုးရိပ်ကို ရုံရို့ ဟိလီရေ၊ သူ့အဂေါင်းထက်က သတင်းရည်သောက် ပေါ်ရို့ ဟိလီရေ၊ သူ့မျက်နှာစာ နီနတူလီရေ အရာ သူ့အခြီစာ မီးတောက်နီစာတိုင်နတူလီရေ။ 2 3ထိုဂေါင်းခင်နတ်သားအလက်မာ ဖွင့်ထားစာ စာအုပ်သျှေတစ်အုပ် ကိုင်ရို့ ဟိလီရေ။ သူစာ ညာဖက်အခြီကို ပင်လယ်မာ အရာ ဘယ်ဖက်အခြီကို မြေပြင်မာ ချရို့ ခြင်္သေ့ဟောက်စာပိုင် အားန အော်လီရေ။ ယင်းခါ ချက်ချင်း မိုးကြိုးသံ ခုနှစ်ခေါက် မြည်လီရေ။ 4ထိုမိုးကြိုးသံ ခုနှစ်ခေါက် မြည်ရေခါ ငါစာ ရွီးဖို့ အားယူလီရေ၊ ယေကေလည်း ဂေါင်းခင်ဘုံက ငါ့ကို ဒေပိုင် ပြောစာကို ကြားလီရေ၊ “မိုးကြိုးသံထဲက ပြောစာစကားကို မရွီးဘိုင်းန ဖုံးရို့ထား။”

5 6 7ယင်းနောက် ပင်လယ်န မြေပြင်မာ ရပ်နီလီစာ ဂေါင်းခင်နတ်သားစာ ညာဖက်အလက်ကို ဂေါင်းခင်ဘုံတို့ ထောင်ရို့ အသျှင်ထာဝရဘုရားနာမည်န အကျိန်ကိုင်ရို့ ပြောလီရေ၊ “အများ မကြာဗျာ၊ ယေကေလည်း သတ္တမ ဂေါင်းခင်နတ်သား ကိုယ့်ဘောကို မှုတ်တေနိမာ ထာဝရဘုရား၏ ဖုံးရွှက်စာ ရွယ်မှတ်ချက် ပြည့်စုံလိမည်။ ထာဝရဘုရားစာ ထို ရွယ်မှတ်ချက် အကြောင်းကို ကိုယ့်ကျွန် ဘုရားသတင်းပို့သူရို့ဘားမာ ဖေါ်ပြလီရေ။” ထိုအသျှင်ထာဝရဘုရားစာ ကမ္ဘာအဆက်ဆက် အသက်အရှင်ဟိရေ။ သူစာ ဂေါင်းခင်၊ ကမ္ဘာ၊ ပင်လယ် အရာ ယင်းသျှင့်တိအထဲမာ ဟိသမျ အားကုံးကို ဖန်ဆင်းလီရေ။

8ယင်းနောက် ငါ အရာတစ်ပြန် ဂေါင်းခင်ဘုံက စကားပြောသံကို ကြားလီရေ။ ထိုအသံစာ ငါ့ကို ပြောလီရေ၊ “ပင်လယ်န မြေပြင်မာ ရပ်နီစာ ဂေါင်းခင်နတ်သားတို့ လားရို့ သူ့အလက်က ဖွင့်ထားစာ စာအုပ်သျှေကို ယူခီ။”

9ယင်းခါ ငါစာ ထိုဂေါင်းခင်နတ်သားတို့ လားရို့ ထိုစာအုပ်သျှေကို တောင်းလီရေ။ အရာ သူစာ ငါ့ကို ပြောလီရေ၊ “ယော၊ ဒေ စာအုပ်သျှေကို စားဘိုက်လိုက်။ ဒေ စာအုပ်သျှေစာ နင့် အဝမ်းကို ခါးအောင် လုပ်လိမည်၊ ယေကေလည်း နင့် ပစလုံးပြတ် ပျားရည်ပိုင် ချိုလိမည်။”

10ယင်းခါ ငါစာ ထိုဂေါင်းခင်နတ်သားအလက်က စာအုပ်သျှေကို ယူရို့ စားလီရေ။ အရာ ငါ့ ပစလုံးပြတ် ပျားရည်ပိုင် ချိုလီရေ၊ ယေကေလည်း စားရို့ ပြီးရေခါ ငါ့ အဝမ်းထဲမာ ခါးလီရေ။ 11ယင်းနောက် သူစာ ငါ့ကို ပြောလီရေ၊ “နင် အရာတစ်ပြန် အများကြီး တိုင်းပြည်၊ လူမျိုး၊ ဘာသာစကား အရာ မင်းရို့ အကြောင်းနပတ်သပ်ရို့ ထာဝရဘုရား၏ စကားတော်ကို ဟောပြောရဖို့။”
Copyright information for RmzSC