Revelation of John 12

မိန်းမန နဂါးကြီး

1ယင်းနောက် ငါစာ နိမိတ်လက္ခဏာကြီးတစ်ခုကို မြင်လီရေ။ ထိုနိမိတ်လက္ခဏာစာ ဒေပိုင်၊ မိန်းမ တစ်ယောက်မာ နီကို ဝတ်ရို့ ဟိလီရေ၊ သူစာ လအထက်က ရပ်ရို့ ဟိလီရေ အရာ သူ့အဂေါင်းမာ ကြယ်တစ်ဆယ့်နှစ်လုံးန စီထားစာ သရဖူကို ဆောင်းရို့ ဟိလီရေ။ 2ထိုမိန်းမစာ ကိုယ်ဝန်န ဟိလီရေ အရာ သူစာ သားမွီးဖွားဖို့ အဝမ်းနာရေအတွက်န အားန အော်လီရေ။ 3ယင်းခါ ငါစာ ဂေါင်းခင်ဘုံမာ အရာလည်း နိမိတ်လက္ခဏာတစ်ခုကို မြင်လီရေ။ ထိုနိမိတ်လက္ခဏာစာ ဒေပိုင်၊ အနီပျင်ရို့ နဂါးကြီးတစ်ကောင် ဟိလီရေ။ ထိုနဂါးကြီးမာ အဂေါင်းခုနစ်လုံး၊ အဂြိုဆယ်ချောင်း အရာ ထိုအဂေါင်းခုနစ်လုံးမာ သရဖူခုနစ်ခု ဆောင်းရို့ ဟိလီရေ။ 4ယင်း နဂါးကြီးစာ ဂေါင်းခင်မာ ကြယ်သုံးပုံတစ်ပုံကို ကိုယ့်မတုံးန ဆွဲငင်ရို့ ကမ္ဘာတို့ ဘိုက်ချလိုက်လီရေ။ ထိုကိုယ်ဝန်သေမ သားမွီးဖွားရေချက်ချင်း အသျှေကို စားဖို့အတွက် သူစာ ကိုယ်ဝန်သေမ ရှိက ရပ်ရို့ စောင့်နီလီရေ။ 5ယင်းခါ ထိုကိုယ်ဝန်သေမမာ သားယောက်ျားတစ်ယောက် မွီးဖွားလီရေ။ ထိုသားယောက်ျားစာ ဟိသမျ လူမျိုးကို သံဒုတ်န ကကြမ်းတတမ်း အုပ်ချုပ်ဖို့။ အရာ ထိုသားယောက်ျားကို နဂါးကြီးအလက်က လုရို့ ထာဝရဘုရား၏ ပလ္လင်တော် ရှိတို့ တင်ယူလားခလီရေ။ 6အရာ ထိုမိန်းမစာ သဲကန္တာရတောမာ ထာဝရဘုရား အဆင်သင့်လုပ်ထားစာ နေရာတစ်ခုတို့ ထွက်ဗြီးလားခလီရေ။ အရာ သူစာ ယင်းနေရာမာ ရက်ပေါင်းတစ်ထောင့်နှစ်ရာန ခြောက်ဆယ်ပတ်လုံး ကျွေးမွေးသုတ်သင်ခြင်းကို ခံရဖို့။

မာရ်နတ် ဂေါင်းခင်ဘုံက ဘိုက်ချခံခြင်း

7ယင်းနောက် ဂေါင်းခင်ဘုံမာ စစ်ကြီးတစ်ခု ဖြစ်လီရေ။ အရာ မိက္ခေလန
မိက္ခေလဆိုစာ အကြီးဆုံး ဂေါင်းခင်နတ်သားတစ်ပါးနာမည် ဖြစ်ပါရေ။
သူ့လက်အောက် ဂေါင်းခင်နတ်သားရို့စာ နဂါးကြီးန သူ့လက်အောင် နတ်သားရို့ကို ဆန့်ကျင်ရို့ စစ်တိုက်ကတ်လီရေ။
8ယင်းခါ ထိုနဂါးကြီးန သူ့အဖက်သားရို့စာ စစ်ရှုံးကတ်လီရေ။ ယင်းအတွက်န သူရို့စာ ဂေါင်းခင်ဘုံမာ နီဖို့ မရကတ်လီဗျာ။ 9ယင်းခါ ထိုနဂါးကြီးန သူ့အဖက်သားရို့စာ ကမ္ဘာတို့ ဘိုက်ချခြင်းကို ခံရကတ်လီရေ။ ထိုနဂါးကြီးစာ ခိုက်ဟောင်းက မြိန် ဖြစ်တေ။ ထိုမြိန်ကို၊ “စာတန်န မာရ်နတ်” ဟို့ ခေါ်ရေ။ သူစာ ကမ္ဘာမာ ဟိသမျ လူရို့ကို လိမ်းလှည့်ရေ။ 10ယင်းနောက် ငါစာ ဂေါင်းခင်ဘုံက အသံအကြီးန စကားပြောစာကို ကြားလီရေ၊ “ဒေဂု ကယ်တင်ခြင်း၊ တန်ခိုး၊ ငါရို့မာ ထာဝရဘုရား၏ နိုင်ငံတော်၊ သူ၏ ခရစ်တော် အုပ်ချုပ်ဖို့စာအချိန် ရောက်လာဗျာ၊ အကြောင်းကား ငါရို့ ညီအစ်ကိုမောင်နမှရို့ကို အပြစ်တင်သူစာ ဂေါင်းခင်ဘုံက ဘိုက်ချခြင်းကို ခံရဗျာ။ သူရာ ညဉ့်ပါ-ရက်ပါ ငါရို့မာ ထာဝရဘုရား၏ ရှိက ငါရို့ ညီအစ်ကိုမောင်နမှရို့ကို အပြစ်တင်ရို့ နီလီရေ။ 11ငါရို့ ညီအစ်ကိုမောင်နမှရို့စာ သိုးဆိတ်သျှေသွီးန ကိုယ်ရို့ သက်သီပီးခြင်းကနီရို့ ထိုနဂါးကြီးကို အနိုင်ယူလီရေ။ သူရို့စာ ကိုယ်ရို့ အသက်ကို မချစ်လီကတ်။ ယင်းအတွက်န သူရို့စာ အသီခံဖို့စာကို မကြောက်ကတ်လီ။

12“ယင်းအတွက်န အိုး ဂေါင်းခင်ဘုံန ဂေါင်းခင်ဘုံမာ နီထိုင်သူရို့၊ နင်ရို့ အားကုံးသူ ပျော်ကတ်! ယေကေလည်း ကမ္ဘာန ပင်လယ်အတွက် အမင်္ဂလာဟိရေ၊ အကြောင်းကား မာရ်နတ်စာ နင်ရို့တို့ ဆင်းလာဗျာ။ အရာ သူစာ ကိုယ် ဒါဏ်ခံရဖို့စာအချိန် ပါးနီဗျာဆိုစာကို သိရေအတွက်န ဒေါသထွက်နီဗျာ။”

13ယေကေလည်း နဂါးကြီးစာ ကိုယ့်ကို ကမ္ဘာတို့ ဘိုက်ချလိုက်ဖို့ဗျာဆိုစာကို သိရေခါ ထိုသားယောက်ျား မွီးဖွားလီစာ မိန်းမကို ဖမ်းဖို့အတွက် သူ့နောက်က လိုက်နီလီရေ။ 14ယင်းခါ သဲကန္တာရတောပြင်မာ ကိုယ် နီစာနေရာတို့ ပျံလားဖို့ နိုင်လတ်အောင်အတွက် ထိုမိန်းမစာ စွန်ပုတ်ကြီး အတောင်နှစ်ဖက်ကို ရလီရေ။ ထိုမိန်းမစာ နဂါးကြီး မမြင်ရစာနေရာမာ သုံးနှစ်ခွဲတိုင်အောင် ကျွေးမွေးသုတ်သင်ခြင်းကို ခံရဖို့။ 15ယင်းနောက် နဂါးကြီးစာ ထိုမိန်းမကို ရီအဟုန်န မျှိုးရို့ ယူလားဖို့ ကြည့်လီရေ။ ယင်းအတွက်န သူစာ မိန်းမ နောက်က လိုက်ပြီးကေ ကိုယ့်ပစက ရီထုတ်ရို့ ချောင်းတစ်ချောင်း လုပ်လီရေ။ 16ယေကေလည်း ကမ္ဘာစာ ထိုမိန်းမကို ကယ်ဆယ်လီရေ အရာ နဂါးကြီးပစက ထွက်လာစာ ရီကို ပစဟရို့ သောက်ဘိုက်လီရေ။ 17ယင်းခါ နဂါးကြီးစာ ယင်းမိန်းမကို ကောင်းကောင်း မန်ပါလီရေ။ ယင်းအတွက်န သူစာ ထိုမိန်းမမာ အခြား ကျန်ဟိလိုက်စာ သားသမီးရို့န စစ်တိုက်ဖို့အတွက် လားခလီရေ။ ယင်းအဓိပ္ပါယ်ကား နဂါးကြီးစာ ထာဝရဘုရား၏ ပညှတ်ချက်ကို လိုက်နာရို့ ယေရှု၏ သွန်သင်ချက်ကို နနောင်းတည်းရို့ ထားသူရို့န စစ်တိုက်ဖို့အတွက် လားခလီရေ။ 18အရာ သူစာ ပင်လယ်ကမ်းနားမာ ရပ်ရို့ နီလီရေ။
Copyright information for RmzSC