Revelation of John 13

ပင်လယ်ထဲက တက်လာစာ တိရစ္ဆာန်

1ယင်းနောက် ငါစာ ပင်လယ်ထဲက တက်လာစာ တိရစ္ဆာန်တစ်ကောင်ကို မြင်လီရေ။ ထိုတိရစ္ဆာန်မာ အဂေါင်းခုနစ်လုံးန အဂြိုဆယ်ချောင်း ဟိလီရေ။ ထိုအဂြိုဆယ်ချောင်းမာ သရဖူဆယ်ခု ဆောင်းရို့ ဟိလီရေ အရာ ထိုအဂေါင်းတိမာ ထာဝရဘုရားကို တရိုက်ရို့ စကားပြောဖို့အတွက် အမျိုးမျိုး နာမည် ရွီးရို့ ဟိလီရေ။ 2ထိုတိရစ္ဆာန်စာ ကျားကုပ်သျှေနတူလီရေ၊ သူ့အခြီတိစာ ဝံအခြီနတူလီရေ အရာ သူ့မျက်နှာစာ ခြင်္သေ့မျက်နှာနတူလီရေ။ ထိုနဂါးကြီးစာ ကိုယ့် အားခွန်၊ ပလ္လင် အရာ မဟာတန်ခိုးကို ယင်းတိရစ္ဆာန်ဘားမာ အပ်ပီးလီရေ။ 3ထိုတိရစ္ဆာန်မာ အဂေါင်းတစ်လုံးစာ သီလတ်အောင် အနာကြီးတစ်ခု ရရို့ ဟိလီရေ၊ ယေကေလည်း အနာကြီးစာ ကောင်းလားခလီရေ။ ယင်းအတွက်န ကမ္ဘာမာ ဟိသမျ လူရို့စာ အံ့ဩကတ်လီရေ အရာ ထိုတိရစ္ဆာန် နောက်က လိုက်ကတ်လီရေ။ 4ထိုနဂါးကြီးစာ တိရစ္ဆာန်ကို တန်ခိုး ပီးလီရေအတွက်န လူရို့စာ နဂါးကြီးကို ကိုးကွယ်ကတ်လီရေ။ အရာ လူရို့စာ ယင်းပိုင်တထန် ထိုတိရစ္ဆာန်ကိုလည်းသောက် ရှိခိုးရို့ ပြောကတ်လီရေ၊ “ဒေ တိရစ္ဆာန်ပိုင် တစ်ယောက်လည်း မဟိဗျာ! အရာ ဒေ တိရစ္ဆာန်ကို တစ်ယောက်လည်း စစ်တိုက်ရို့ နိုင်မည် မဟုတ်‍!”

5ထိုတိရစ္ဆာန်စာ လေးဆယ်နနှစ်လပတ်လုံး ဘော်ကြော့ကြင်းဖို့အတွက် အရာ ထာဝရဘုရားကို တရိုက်ရို့ စကားပြောဖို့အတွက် အားခွန်န အခွင့်အာဏာကို ရလီရေ။ 6ယင်းခါ ထိုတိရစ္ဆာန်စာ ထာဝရဘုရားကို၊ ထာဝရဘုရား၏ နာမည်ကို၊ ထာဝရဘုရား ကျိန်းဝပ်စာနေရာကို ပုတ်ခတ်ရို့ စကား ပြောလီရေ။ ယင်းအဓိပ္ပါယ်ကား ဂေါင်းခင်ဘုံမာ ဟိသူရို့ကို ပုတ်ခတ်ရို့ စကား ပြောလီရေ။ 7အရာ ထိုတိရစ္ဆာန်စာ ထာဝရဘုရား၏ လူရို့ကို စစ်တိုက်ရို့ အနိုင်ယူဖို့စာ အခွင့်အာဏာကို ရလီရေ။ အရာ သူစာ လောကမာ ဟိသမျ အမျိုးအနွယ်၊ ဟိသမျ တိုင်းပြည်၊ ဟိသမျ ဘာသာစကား အရာ ဟိသမျ လူမျိုးရို့ကို အုပ်ချုပ်ဖို့စာ အခွင့်အာဏာကိုလည်း ရလီရေ။

8ဒေ လောကသားရို့ အားကုံးသူ ထိုတိရစ္ဆာန်ကို ကိုးကွယ်ကတ်လိမည်။ သူရို့စာ ကမ္ဘာကို မဖန်ဆင်းခါကပင် အသီအသတ် ခံရလီစာ သိုးဆိတ်သျှေ၏ အသက်-စာအုပ်မာ နာမည်စာရင်း မပါဝင်လီကတ်။

9ကျမ်းစာမာ ရွီးရို့ဟိစာ စကားတိကို နားထောင်ချင်သူရို့ နားထောင်ကတ်။ ကျမ်းစာမာ ဒေပိုင် ရွီးရို့ ဟိရေ၊
10အချုပ်ခံဖို့ စကားဟိသူစာ အချုပ်ခံရလိမည်။
ဒါးသျှေထိုးရို့ အသီခံဖို့ စကားဟိသူစာ ဒါးသျှေထိုးရို့ အသီခံရလိမည်။

ယင်းအတွက်န ထာဝရဘုရား၏ လူရို့မာ သည်းခံခြင်းန ကျုံခြင်းတရားကို အလိုဟိရေ။

ကမ္ဘာမြေထဲက ထွက်လာစာ တိရစ္ဆာန်

11ယင်းနောက် ငါစာ ကမ္ဘာမြေထဲက တိရစ္ဆာန် အရာတစ်ကောင် ထွက်လာစာကို မြင်လီရေ။ ယင်းတိရစ္ဆာန်မာ အဂြိုနှစ်ချောင်းစာ သိုးဆိတ် အဂြိုနတူလီရေ၊ ယေကေလည်း သူစာ နဂါးကြီး အသံန စကား ပြောလီရေ။ 12ယင်းတိရစ္ဆာန်စာ ပထမ တိရစ္ဆာန်က ဟိသမျ တန်ခိုးကို ရရို့ အလုပ် လုပ်လီရေ။ သူစာ လောကမာ ဟိသမျ လူရို့ကို ပထမ တိရစ္ဆာန်ကို အားဒမ ကိုးကွယ်ဖို့ ခိုင်းလီရေ။ (ပထမ တိရစ္ဆာန် အဂေါင်းမာ အနာကြီး ရရို့ ကောင်းလားခလီရေ)။ 13ဒုတိယ တိရစ္ဆာန်စာ အကြီးအကျယ် အံ့ဩဖွယ် အလုပ်တိကို လုပ်ပြလီရေ၊ ယင်းထက်မက သူစာ အားကုံးသူ ရှိထက်က ဂေါင်းခင်က မီးချရို့ ပြလီရေ။ 14ဒုတိယ တိရစ္ဆာန်စာ သူရလီစာ တန်ခိုးတိကို အသုံးပြုရို့ အံ့ဩဖွယ်အလုပ်တိကို လုပ်ပြပြီးကေ လောကသားရို့ကို မှားယွင်းစာလမ်းတို့ ဆောင်ယူလားဖို့ စလီရေ။ အရာ သူစာ ပထမ တိရစ္ဆာန်ကို ကိုးကွယ်ဖို့အတွက် လူရို့ကို အားဒမ ရုပ်တုတစ်ခု လုပ်ဖို့ ခိုင်းလီရေ။ ထိုပထမ တိရစ္ဆာန်စာ ဒါးသျှေန အထိုးခံရို့ အနာကြီး ရလီကေလည်းသောက် ကောင်းလီရေ။ 15ထိုရုပ်တု စကားပြောဖို့ နိုင်လတ်အောင် အရာ ရုပ်တုကို မကိုးကွယ်သူရို့ကို အသီသတ်ဖို့ နိုင်လတ်အောင် ဒုတိယ တိရစ္ဆာန်စာ ထိုရုပ်တုကို အသက်သွင်းဖို့စာ တန်ခိုးကိုလည်း ရလီရေ။ 16ဒုတိယ တိရစ္ဆာန်စာ အကြီး-အသျှေ၊ သူဌေး-ဆင်းရဲသား အရာ လွတ်လပ်သူ-ကျွန် အားကုံးသူကို ညာဖက်အလက်မာ၊ မဟုတ်ကေ နဖူးဇာမာ အမှတ်တရ တစ်ခုစီ ကပ်ဖို့ ခိုင်းလီရေ။ 17ယင်းအတွက်န ထိုအမှတ်တရ မပါဘိုင်းန တစ်ခုလည်း အရောင်းအဝယ် လုပ်ဖို့ မရလီ။ ထိုအမှတ်တရစာ ပထမ တိရစ္ဆာန်နာမည်န သူ့နာမည် ဂဏန်း ဖြစ်တေ။

18ညာဏ်ပညာဟိသူစာ ထိုတိရစ္ဆာန် ဂဏန်းကို ရွီကြည့်။ ထိုဂဏန်းကို နားလည်ဖို့အတွက် ညာဏ်ပညာ အလိုဟိရေ၊ အကြောင်းကား ထိုဂဏန်းစာ လူတစ်ယောက်နာမည် ဂဏန်း ဖြစ်တေ။ အရာ ထိုဂဏန်းစာ ခြောက်ရာခြောက်ဆယ်နခြောက် (၆၆၆) ဂဏန်း ဖြစ်တေ။
Copyright information for RmzSC