Revelation of John 16

ထာဝရဘုရား၏ အငြိုဒေါသန ပြည့်စုံစာ ခွက်ခုနစ်ချပ်

1ယင်းနောက် ငါစာ ဂေါင်းခင်ဘုံမာဟိစာ ဝိပဿနာကျောင်းထဲက ထိုဂေါင်းခင်နတ်သား ခုနစ်ပါးကို အားန အော်ရို့ ပြောစာအသံကို ကြားလီရေ၊ “နင်ရို့ လားလီ၊ ထာဝရဘုရား၏ အငြိုဒေါသန ပြည့်စုံစာ ခွက်ခုနစ်ချပ်ကို ကမ္ဘာတို့ သွန်ချဘိုက်ခီ။”

2ယင်းခါ ပထမ ဂေါင်းခင်နတ်သားစာ လားရို့ ကိုယ့်ခွက်ကို ကမ္ဘာတို့ သွန်ချလိုက်လီရေ။ ယင်းအတွက်န ထိုတိရစ္ဆာန် အမှတ်တရကို ကပ်လီသူရို့န တိရစ္ဆာန် ရုပ်တုကို ကိုးကွယ်သူရို့ ခန္ဓာမာ ကောင်းကောင်း ဆိုးယုတ်စာ အနာစိမ်းတိ ပေါက်လီရေ။

3ယင်းနောက် ဒုတိယ ဂေါင်းခင်နတ်သားစာ ကိုယ့် ခွက်ကို ပင်လယ်တို့ သွန်ချလိုက်လီရေ။ ယင်းခါ ပင်လယ်မာ ရီတိစာ လူအသီသွီးပိုင် ဖြစ်လားခလီရေ အရာ ပင်လယ်မာ ဟိသမျ သတ္တဝါတိ သီလားခလီရေ။

4ယင်းနောက် တတိယ ဂေါင်းခင်နတ်သားစာ ကိုယ့် ခွက်ကို ချောင်းန ရီမျက်တွင်းတိတို့ သွန်ချလိုက်လီရေ။ ယင်းအတွက်န ချောင်းန ရီမျက်တွင်းတိမာ ရီတိစာ သွီးဖြစ်လားခလီရေ။ 5ယင်းခါ ရီကို ပိုင်ဆိုင်စာ ဂေါင်းခင်နတ်သား ဒေပိုင် စကားပြောစာကို ငါ ကြားလီရေ၊
“အိုး သန့်ရှင်းစာ အသျှင်၊
ကိုယ်တော် ဒေဂု ဟိစာပိုင် အယင်လည်း ဟိလီပါရေ။
ကိုယ်တော် ရိုးသားပါရေ၊
အကြောင်းကား ကိုယ်တော် ဒေ ဟိသမျ အပြစ်ဒါဏ်တိကို ပီးပါဗျာ။

6ဒေ လူရို့စာ ထာဝရဘုရား၏ လူရို့န ဘုရားသတင်းပို့သူရို့ကို အသီသတ်လီကတ်ပါရေ။
ယင်းအတွက်န ကိုယ်တော်စာ ဒေ သွီးကို သူရို့ကို သောက်စီလီပါရေ၊
သူရို့စာ ယင်းသျှင့်ကို ရဖို့ ထိုက်တန်ပါရေ။”

7အရာ ယဇ်ပလ္လင်ထဲက ဒေပိုင် စကားပြောစာကို ငါ ကြားလီရေ၊
“အိုး အနန္တတန်ခိုးနပြည့်စုံစာ အသျှင်ထာဝရဘုရား၊
ကိုယ်တော်၏ ဟိသမျ စစ်ဆေးခြင်းစာ မှန်ပါရေ၊
အရာ တရားမျှတခြင်းန ပြည့်စုံပါရေ။”

8ယင်းနောက် စတုတ္ထ ဂေါင်းခင်နတ်သားစာ ကိုယ့်ခွက်ကို နီအထက်က သွန်ချလိုက်လီရေ။ ယင်းအတွက်န နီစာ လူရို့ကို မီးပိုင် အပူအဟိန် ပီးဖို့အတွက် တန်ခိုးကို ရလီရေ။ 9ယင်းခါ နီပူအဟိန်န လူရို့ ခန္ဓာစာ လောင်လားခလီရေ။ အရာ သူရို့စာ ဟိသမျ ဘေးအန္တရာယ်ကို ပိုင်ဆိုင်စာ ထာဝရဘုရားကို ပုတ်ခတ်ရို့ စကား ပြောကတ်လီရေ။ သူရို့စာ စိတ်လှည့်ရို့ မလာကတ်လီ အရာ ထာဝရဘုရား၏ ဘုန်းတန်ခိုးကို မချီမွမ်းကတ်လီ။

10ယင်းနောက် ပဥ္စမ ဂေါင်းခင်နတ်သားစာ ကိုယ့်ခွက်ကို ထိုတိရစ္ဆာန်၏ ပလ္လင်ထက်က သွန်ချလိုက်လီရေ။ ယင်းအတွက်န ထိုတိရစ္ဆာန်၏ နိုင်ငံစာ မိုက်လားခလီရေ။ ယင်းခါ လူရို့စာ ဝေဒနာ ခံရရေအတွက်န ကိုယ်ရို့ လျှာကို ကိုက်ကတ်လီရေ။ 11အရာ သူရို့စာ ကိုယ်ရို့ ခံရစာ ဝေဒနာ အကြောင်းန အရာ အနာစိမ်း အကြောင်းန ဂေါင်းခင်ဘုံမာဟိစာ ထာဝရဘုရားကို ပုတ်ခတ်ရို့ စကား ပြောကတ်လီရေ၊ ယေကေလည်း သူရို့စာ ကိုယ်ရို့မာ ဆိုးယုတ်စာ အလုပ်တိကို စွန့်ရို့ စိတ်လှည့်ရို့ မလာကတ်လီ။

12ယင်းနောက် ဆဋ္ဌမ ဂေါင်းခင်နတ်သားစာ ကိုယ့် ခွက်ကို ယုဖရတ်တီးချောင်းမာ သွန်ချလိုက်လီရေ။ ယင်းအတွက်န ယုဖရတ်တီးချောင်းမာ ရီတိစာ ခန်းလားခလီရေ အရာ အရှိပြည်က မင်းရို့ လားဖို့အတွက် လမ်းတစ်လမ်း ဖြစ်လီရေ။ 13ယင်းခါ ငါစာ ဖားနတူစာ နတ်ဆိုး သုံးကောင်ကို မြင်ရလီရေ။ ထိုနတ်ဆိုးတိစာ နဂါးကြီးပစက၊ တိရစ္ဆာန်ပစက အရာ အယောင်ဆောင် ဘုရားသတင်းပို့သူပစက ထွက်လာလီစာ နတ်ဆိုးတိ ဖြစ်တေ။ 14ထိုနတ်ဆိုးတိစာ အံ့ဩဖွယ်အလုပ်တိကို လုပ်ပြကတ်လီရေ။ သူရို့စာ အနန္တတန်ခိုးနပြည့်စုံစာ ထာဝရဘုရား၏ မဟာတရားစစ်ဆေးရေနိမာ စစ်တိုက်ဖို့အတွက် ကမ္ဘာတစ်လုံးမာ ဟိစာ မင်းရို့ကို တစ်နေရာတည်းမာ စုကတ်လီရေ။

15(ယေရှု ပြောရေ၊ “ကြည့်၊ ငါ သူခိုးပိုင်ဆောင်ရို့ လာဖို့။ မအိပ်ဘိုင်းန ကိုယ့် အဝတ်ကို ဝတ်ရို့ စောင့်နီသူစာ မင်္ဂလာ ဟိရေ၊ အကြောင်းကား သူစာ အဝတ် မဟိဘိုင်းန လားနီဖို့ ကျလိမည် မဟုတ် အရာ လူရို့စာ သူ့အသရီကို မြင်ရကတ်လိမည် မဟုတ်)။”

16ထိုနတ်ဆိုးတိစာ ဟေဗြဲဘာသာစကားန အာမေဂေဒုန် ဟို့ ခေါ်စာ နေရာတစ်ခုမာ ထိုမင်းရို့ကို စုကတ်လီရေ။

17ယင်းနောက် သတ္တမ ဂေါင်းခင်နတ်သားစာ ကိုယ့်ခွက်ကို လီမာ သွန်ချလိုက်လီရေ။ ယင်းခါ ဝိပဿနာကျောင်းမာဟိစာ ပလ္လင်တော်က၊ “ပြီးဆုံးဗျာ” ဟို့ အားန အော်ရို့ ပြောလီရေ။ 18ယင်းခါ လျှပ်ပြက်လီရေ၊ ကြောက်လန့်စရာအသံ မြည်လီရေ၊ မိုးကြိုးလီရေ အရာ ငယင်ကြီး လုတ်လီရေ။ ဒေပိုင် ငယင်ကြီး လုတ်စာကို ကမ္ဘာမာ လူကို ဖန်ဆင်းပြီးရေလှောက်ကပင် တစ်ခါလည်း မမြင်ဖူးကတ်သိ။ 19ထိုနာမည်ကျော် မြို့စာ သုံးခြမ်း ကွဲလားခလီရေ အရာ ဟိသမျ လူမျိုးရို့မာ မြို့တိစာ ပြိုကျလားခလီရေ။ ယင်းနောက် ထာဝရဘုရားစာ ထိုမဟာဗာဗုလုန်မြို့ကို တွက်ရလီရေ အရာ သူစာ ကိုယ့်မာ ကြောက်လန့်စရာ အငြိုဒေါသန ပြည့်စုံစာ အရက်ခွက်ကို ဗာဗုလုန်မြို့ကို သောက်စီလီရေ။ 20ယင်းခါ ဟိသမျ ကျွန်းတိစာ ထွက်ဗြီးလားခလီရေ အရာ တောင်တိလည်း ကွယ်ပျောက်လားခလီရေ။ 21အရာ လူရို့ဘားမာ ဂေါင်းခင်က ကျောက်မိုးကြီး ရွာလီရေ။ ထိုကျောက်လုံးတိစာ တစ်လုံး တစ်လုံးစီ သုံးဆယ်နခြောက်သိုက်စီ ဟိလီရေ။ ယင်းခါ လူရို့စာ ကျောက်လုံးကြီး ကျရို့ အနာ ရကတ်တေအတွက်န ထာဝရဘုရားကို ပုတ်ခတ်ရို့ စကား ပြောကတ်လီရေ၊ အကြောင်းကား ထိုအနာဒါဏ်တိစာ ကောင်းကောင်း ကြောက်လန့်သဖွယ် ဟိလီရေ။
Copyright information for RmzSC