Revelation of John 19

အောင်မြင်စာ တေးခြင်းကို ဆိုခြင်း

1ယင်းနောက် ငါစာ ဂေါင်းခင်ဘုံမာ လူပရိတ်သတ် အများကြီး အသံကို ကြားလီရေ။ သူရို့စာ ပြောကတ်လီရေ၊
“ဟာလေလုယ! ကယ်တင်ခြင်း၊ ဘုန်းတန်ခိုး အရာ တန်ခိုး
အားကုံးစာကို ငါရို့မာ ထာဝရဘုရား ပိုင်ဆိုင်ပါရေ။

2အကြောင်းကား ထာဝရဘုရား၏ စစ်ဆေးခြင်းစာ မှန်ကန်ခြင်းန တရားမျှတခြင်း ဟိရေ။
ကမ္ဘာတစ်လုံးကို ကိုယ့်ကာမဂုဏ်န မစင်ကြယ်အောင် လုပ်လီစာ
ပြည်တန်းဆာမကြီးကို ထာဝရဘုရား အပြစ်ဒါဏ် ပီးဗျာ၊
အရာ ထာဝရဘုရားစာ ကိုယ့်ကျွန်ရို့ သွီးအတွက် သူ့ကို လက်စားဆပ်ပျာ။”

3သူရို့စာ ဒုတိယခေါက် ပြောကတ်လီရေ၊ “ဟာလေလုယ! ထိုမဟာမြို့အထဲက ထာဝရပတ်လုံး မီးခိုး ထွက်နီလိမည်။”

4 ဂေါင်းဆောင်အကြီး နှစ်ဆယ်လေးပါးန အသက်ရှင် သတ္တဝါလေးပါးစာ ပလ္လင်တော်မာ ထိုင်နီစာ ထာဝရဘုရားကို ဒူးထောက်ရို့ ရှိခိုးကတ်လီရေ။ သူရို့စာ ပြောကတ်လီရေ၊ “အာမန်၊ ဟာလေလုယ!”

သိုးဆိတ်သျှေ၏ လက်ထတ်မင်္ဂလာဆောင်ပွဲ

5ယင်းခါ ထိုပလ္လင်တော်က တစ်ပါး ပြောလီရေ၊
“ထာဝရဘုရား၏ ကျွန်ရို့န ထာဝရဘုရားကို ရိုသေကြောက်လန့်သူရို့၊
နင်ရို့ အကြီး-အသျှေ အားကုံးသူ ငါရို့မာ ထာဝရဘုရားကို ချီမွမ်းကတ်!”

6ယင်းနောက် ငါစာ လူပရိတ်သတ် အများကြီးအသံပိုင်၊ အားန တိုက်ရို့ လားစာ ရီလှိုင်းလုံးအသံပိုင် အရာ အားန မိုးကြိုးစာအသံပိုင် စကားပြောစာကို ကြားလီရေ။ ထိုအသံတိစာ ဒေပိုင်၊
“ဟာလေလုယ!
ငါရို့မာ အနန္တတန်ခိုးနပြည့်စုံစာ အသျှင်ထာဝရဘုရားစာ အုပ်ချုပ်နီရေ။

7ယင်းအတွက်န လာကတ်၊ ငါရို့ ပျော်ကတ်မည်၊
အရာ သူ၏ ဘုန်းတန်ခိုးကို ချီမွမ်းကတ်မည်၊
အကြောင်းကား သိုးဆိတ်သျှေမာ လက်ထတ်မင်္ဂလာပွဲ ကျဖို့စာအချိန် ရောက်နီဗျာ၊
သူ့မာ မယားသျှာလည်း ကိုယ့်ကို အဆင်သင့် လုပ်ထားဗျာ။

8သန့်ရှင်းတောက်ပြောင်စာ ပိတ်ချောအဝတ်ကို ဝတ်ဖို့အတွက် မယားသျှာကို ပီးထားဗျာ၊
ထိုအဝတ်စာ ထာဝရဘုရား၏ လူရို့မာ ကောင်းမှုကုသိုလ် ဖြစ်တေ။”

9ယင်းနောက် ထိုဂေါင်းခင်နတ်သားစာ ငါ့ကို ဒေပိုင် ရွီးဖို့ ခိုင်းလီရေ၊ “သိုးဆိတ်သျှေ လက်ဆောင်ပွဲမာ ဖိတ်ခေါ်ခြင်းကို ခံရသူရို့စာ မင်္ဂလာ ဟိကတ်တေ။” သူစာ အရာလည်း ပြောလီရေ၊ “ဒေ စကားတိစာ ထာဝရဘုရား၏ မှန်ကန်စာ စကား ဖြစ်တေ။”

10ယင်းခါ ငါစာ ယင်းဂေါင်းခင်နတ်သား အခြီရင်းမာ ဒူးထောက်ရို့ ရှိခိုးလီရေ။ ယေကေလည်း သူစာ ငါ့ကို ပြောလီရေ၊ “ငါ့ကို ရှိမခိုးကေ့! ငါလည်းသောက် နင့်ပိုင် အရာ ယေရှု သွန်သင်ချက်ကို နနောင်းတည်းထားကတ်စာ နင့်မာ ကျုံသူညီအစ်ကိုမောင်နမှရို့ပိုင် ကျွန်တစ်ယောက် ဖြစ်တေ။ ထာဝရဘုရားကိုရာ ရှိခိုး!” အကြောင်းကား ယေရှု ပီးခစာ သွန်သင်ချက်ကို ဘုရားသတင်းပို့သူရို့လည်း အယင်ကပင် ဟောပြောခကတ်လီရေ။

မြင်းဖြူစီးစာ အသျှင်

11ယင်းနောက် ငါစာ ဂေါင်းခင်ဘုံ ပွင့်ရို့ဟိစာန ဂေါင်းခင်ဘုံမာ မြင်းအဖြူတစ်ကောင်ကို မြင်လီရေ။ ထိုမြင်းဖြူကို စီးသူနာမည်စာ သစ္စာတရားန မှန်ကန်ခြင်း ဖြစ်တေ။ သူစာ တရားသဖြင့် စစ်ဆေးရေ အရာ စစ်တိုက်တေ။ 12သူ့မာ မျက်စိစာ တောက်နီစာ မီးနတူလီရေ အရာ သူ့အဂေါင်းမာ သရဖူ အများကြီး ဆောင်းရို့ ဟိလီရေ။ သူ့ခန္ဓာမာ နာမည်တစ်ခု ရွီးရို့ ဟိလီရေ။ ထိုနာမည် အဓိပ္ပါယ်ကို သူတစ်ပါးတည်းရာ သိရေ၊ အရာတစ်ယောက်လည်း မသိ။ 13သူစာ သွီးမာ နှစ်စာ အဝတ်ကို ဝတ်ရို့ ဟိလီရေ အရာ သူ့နာမည်စာ ထာဝရဘုရား၏ စကားတော် ဖြစ်တေ။ 14အရာ ဂေါင်းခင်ဘုံ၏ စစ်သားရို့စာ မြင်းဖြူကို စီးရို့ သူ့နောက်က နောက်က လိုက်ကတ်လီရေ။ ထိုစစ်သားရို့မာ သန့်ရှင်းစာ ပိတ်ချောအဝတ်အဖြူကို ဝတ်ရို့ ဟိလီရေ။ 15သူစာ လူမျိုးရို့ကို ဘေးအန္တရာယ်ပီးဖို့ ရလတ်အောင် သူ့ပစက ပြတ်စာ ဒါးရှည်တစ်စင်း ထွက်လာလီရေ။ သူစာ လူမျိုးရို့ကို သံဒုတ်န ကကြမ်းတတမ်း အုပ်ချုပ်လိမည် အရာ သူစာ စပျစ်သီးတိကို စပျစ်သီး နယ်စာတွင်းမာ ထည့်ရို့ အခြီန နယ်လိမည်။ ယင်းစပျစ်သီး နယ်စာတွင်းစာ ထာဝရဘုရား၏ ကြောက်လန့်စရာ အငြိုဒေါသ ဖြစ်တေ။ 16သူ့အဝတ်န ပေါင်သားမာ၊ “မင်းရို့မာ မင်း၊ အသျှင်ရို့မာ အသျှင်” ဟို့ နာမည် ရွီးရို့ ဟိလီရေ။

ငှက်တိကို ဖိတ်ခေါ်ခြင်း

17 18ယင်းနောက် ငါစာ ဂေါင်းခင်နတ်သားတစ်ပါး နီအထဲမာ ရပ်ရို့ ဟိစာကို မြင်လီရေ။ သူစာ ဂေါင်းခင်မာ ပျံနီစာ ဟိသမျ ငှက်တိကို အားန အော်ရို့ ပြောလီရေ၊ “လာလတ်၊ မင်းရို့ အသား၊ စစ်ဗိုလ်ရို့ အသား၊ မြင်းအသား၊ မြင်းကို စီးသူရို့ အသား၊ လွတ်လပ်သူရို့ အသား၊ ကျွန်ရို့ အသား အရာ အကြီး-အသျှေ အားကုံးသူ အသားကို စားဖို့အတွက် ထာဝရဘုရား၏ မဟာစားပွဲမာ လာရို့ စုခလိုက်ကတ်။”

19ယင်းနောက် ငါစာ ထိုတိရစ္ဆာန်န ကမ္ဘာမာဟိစာ မင်းရို့ကို မြင်လီရေ။ အရာ ထိုမြင်းဖြူကို စီးသူန သူ့စစ်သားရို့ကို စစ်တိုက်ဖို့အတွက် ထိုတိရစ္ဆာန်န မင်းရို့စာ ကိုယ်ရို့မာ စစ်သားရို့ကို ယူရို့ တစ်စုတည်း စုကတ်လီရေ။ 20ယေကေလည်း ထိုတိရစ္ဆာန်စာ အဖမ်းခံလီရေ အရာ ထိုတိရစ္ဆာန် တန်ခိုးကို အသုံးပြုရို့ အံ့ဩဖွယ် အလုပ်တိကို လုပ်ပြလီစာ အယောင်ဆောင် ဘုရားသတင်းပို့သူလည်း အဖမ်းခံလီရေ။ ထိုအယောင်ဆောင် ဘုရားသတင်းပို့သူစာ အံ့ဩဖွယ် အလုပ်တိကို လုပ်ပြရို့ ထိုတိရစ္ဆာန်၏ အမှတ်တရကို လက်ခံသူရို့န တိရစ္ဆာန် ရုပ်တုကို ကိုးကွယ်သူရို့ကို လိမ်လှည့်ရို့ ထားလီရေ။ ထိုတိရစ္ဆာန်န အယောင်ဆောင် ဘုရားသတင်းပို့သူစာ အရှင်အတိုင်း မီးတောက်နီစာ ကန့်ကျောက်အိုင်တို့ ဘိုက်ချခြင်းကို ခံရလီရေ။ 21ထိုမြင်းဖြူကို စီးသူပစက ထွက်လာလီစာ ဒါးရှည်န သူရို့မာ အခြား ကျန်ဟိလိုက်စာ ဟိသမျ စစ်သားရို့ကို အသီသတ်ဘိုက်လီရေ။ ယင်းအတွက်န ငှက်တိ လာရို့ သူရို့ အသားတိကို ဝအောင် စားကတ်လီရေ။
Copyright information for RmzSC